သစ္စာလေးပါး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
'''သစ္စာလေးပါး'''သည် [[ပါဠိ]]ဘာသာအားဖြင့် ''အရိယသစ္စာ''ဟု ခေါ်သည်။ [[ဗုဒ္ဓဘာသာ]]၏ အနှစ်သာရဖြစ်သော သဘောတရားတစ်ခု ဖြစ်သည်။ အကျဉ်းအားဖြင့် ဆိုလျှင် [[ဒုက္ခသစ္စာ]] - ဒုက္ခဟူသော ဆင်းရဲခြင်းတရား သည်အမှန်တကယ်ရှိသည်။ [[သမုဒယသစ္စာ]] - သမုဒယသည် ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။ [[နိရောဓသစ္စာ]] - ဒုက္ခ၏ ငြိမ်းအေးရာ [[နိဗ္ဗာန်]]သည် အမှန်တကယ်ရှိသည်။ [[မဂ္ဂသစ္စာ]] - နိဗ္ဗာန်ကို ရရှိရန်နည်းလမ်းသည် [[မဂ္ဂင်ရှစ်ပါး]] အမှန်ပင်ဖြစ်သည်။
၁။ '''ဒုက္ခသစ္စာ'''There is suffering suffering, anxiety, unsatisfactoriness (dukkha)


==ဒုက္ခသစ္စာ==
၂။ '''သမုဒ္ဓယသစ္စာ''' There is a cause of suffering (dukkha-samudaya)
ဤတွင် ညွှန်းဆိုသော ဒုက္ခ ဟူသော် စကားလုံးသည် လူအများနေ့စဉ်သုံးစွဲနေသည့် အဓိပ္ပါယ်နှင့် မတူပါ။ ဗုဒ္ဓဘာသာ ရဟန်းများ တရားဟောသည့်အခါတွင် 'မွေဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ချစ်ခင်သူနှင့် ကွဲကွာခြင်း၊ မနှစ်သက်သူနှင့် အတူနေရခြင်း တို့သည့် ဒုက္ခဖြစ်သည်'ဟု မကြာခဏဟောကြားလေ့ရှိသည်။ အမှန်တကယ်လည်း အဆိုပါ ဥပမာပေးချက်များသည် ဒုက္ခဖြစ်သော်လည်း ဒုက္ခ၏ သဘောမှာ ၎င်းဥပမာများထက် များစွာနက်နဲသည်။ အဖန်တလဲလဲ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော ရုပ်နာမ်ခန္ဓာ အားလုံးသည် ဒုက္ခ ဖြစ်သည်။ ပုထုဇဉ်တစ်ယောက်အနေဖြင့် မွေးဖွားစဉ်မှ သေဆုံးသည့် ကြားကာလ ဘဝတွင်ကြုံတွေ့ရသမျှအားလုံးသည် ဒုက္ခဖြစ်သည်။


==သမုဒယသစ္စာ==
၃။ '''နိရောဓသစ္စာ''' There is the cessation of suffering (dukkha-nirodha)
ဘဝကို အဖန်တလဲလဲ အသစ်ဖြစ်စေသော စွဲလမ်းခြင်း၊ တွယ်ငြိခြင်း([[တဏှာ]])သည် ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းဖြစ်သည်။ တဏှာ တွင် သုံးမျိုးရှိသည်။ [[ကာမတဏှာ]] (ကာမဘုံအာရုံများတွင် တပ်မက်ခြင်း)၊ [[ဘဝတဏှာ]] (ဘဝကို တပ်မက်ခြင်း)၊ [[ဝိဘဝတဏှာ]] (ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း)


===ကာမတဏှာ===
၄။ '''မဂ္ဂသစ္စာ''' There is a path leading to the cessation of suffering ,Noble Eightfold Path (dukkha-nirodha-marga)
ကာမဘုံအာရုံများတွင် တွယ်ငြိခြင်းသည် ကာမတဏှာဖြစ်သည်။ ကောင်းမွန်သော အရသာ၊ ကောင်းမွန်သော အာရုံများကို ခံစားလိုခြင်း ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်လိုခြင်း၊ လိင်တူ လိင်ကွဲများကို တပ်မက်ခြင်း စသည့် အမျိုမျိုသော စွဲလမ်းတွယ်ငြိမှုများသည် ကာမတဏှာ ဖြစ်သည်။ ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းတစ်မျိုးဖြစ်သည်။

===ဘဝတဏှာ===
ဘဝကို တွယ်ငြိခြင်းသည် ဘဝတဏှာ ဖြစ်သည်။ ရှင်သန်နေထိုင်ရသည့် ဘဝကို လိုလားတောင့်တပြီး ဘဝသည် မပြတ်မဆဲဘဲ အကြိမ်အကြိမ်အဖန်ဖန် ဖြစ်သည်ဟု မှတ်ယူခြင်းဖြစ်သည်။

===ဝိဘဝတဏှာ===
သေဆုလျှင် ဘဝပြီးပြတ်သည်ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိ နှင့်တကွဖြစ်သော တဏှာသည် ဝိဘဝတဏှာဖြစ်သည်။

==နိရောဓသစ္စာ==
ဒုက္ခမှလွတ်မြောက်ပြီး ငြိမ်းအေးခြင်းဖြစ်သော တရားသည် အမှန်တကယ်ရှိသည်။ ဒုက္ခဖြစ်သည့် ရှင်သန်ခြင်း ဇာတိဘဝကို အဖန်တလဲလဲဖြစ်စေသည့် စွဲလမ်းတပ်မတ်မှု ကိလေသာ တဏှာတို့ ချုပ်ငြိမ်းသည့် နိဗ္ဗာန်သည် ငြိမ်းအေးခြင်းအစစ်အမှန်ဖြစ်သည်။

==မဂ္ဂသစ္စာ==
ငြိမ်းအေးခြင်းဖြစ်သော နိဗ္ဗာန်သို့သွားရာ ကျင့်စဉ်နည်းလမ်းသည် အမှန်တကယ်ရှိသည်။ ၎င်းတို့မှာ မဂ္ဂင်ရှစ်ပါးဟု ခေါ်သည့် နည်းလမ်း ရှစ်ခုဖြစ်သည်။
* မှန်ကန်သော အမြင်(သမ္မာဒိဋ္ဌိ)
* မှန်ကန်သော ကြံစည်မှု(သမ္မာသင်္ကပ္ပ)
* မှန်ကန်သော စကား(သမ္မာဝါစာ)
* မှန်ကန်သော အလုပ်(သမ္မာကမ္မန္တ)
* မှန်ကန်သော အသက်မွေးမှု(သမ္မာအာဇီဝ)
* မှန်ကန်သော အားထုတ်မှု(သမ္မာဝါယာမ)
* မှန်ကန်သော အောက်မေ့မှု(သမ္မာသတိ)
* မှန်ကန်သော တည်ကြည်မှု(သမ္မာသမာဓိ) တို့ဖြစ်ကြသည်။

===သမ္မာဒိဋ္ဌိ===
ဒုက္ခကို သိမြင်ခြင်း၊ ဒုက္ခကိုဖြစ်စေသည့်အကြောင်းကို သိမြင်ခြင်း၊ ဒုက္ခချုပ်ငြိမ်းရာကို သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ငြိမ်းစေသည့် အကျင့်တို့ကို သိမြင်ခြင်း စသည်တို့ကို မှန်စွာသိမြင်ခြင်း(သမ္မာဒိဋ္ဌိ) ဟူ၍ဆိုနိုင်သည်။

===သမ္မာသင်္ကပ္ပ===
ကာမအာရုံမှ လွတ်ကင်းစွာ ကြံစည်ခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းစွာ ကြံစည်ခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းစွာ ကြံစည်ခြင်း စသည်တို့ကို မှန်စွာကြံခြင်း(သမ္မာသင်္ကပ္ပ) ဟူ၍ဆိုနိုင်သည်။

===သမ္မာဝါစာ===
မဟုတ်မမှန် ပြောခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကုန်းစကားမှ ကြဉ်ရှောင်ခြင်း၊ ရုန့်ကြမ်းတမ်းသော စကားမှကြဉ်ရှောင်ခြင်း၊ သိမ်ဖျင်းသော စကားမှ ကြဉ်ရှောင်ခြင်း စသည်တို့ကို မှန်ကန်သော စကား(သမ္မာဝါစာ) ဟူ၍ဆိုနိုင်သည်။

===သမ္မာကမ္မန္တ===
သူတပါး၏ အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကာမဂုဏ်တို့ကို မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ခြင်း စသည်တို့ကို မှန်စွာပြုလုပ်ခြင်း(သမ္မာကမ္မန္တ)ဟူ၍ဆိုနိုင်သည်။

===သမ္မာအာဇီဝ===

===သမ္မာဝါယာမ===

===သမ္မာသတိ===

===သမ္မာသမာဓိ===


[[Category:ဗုဒ္ဓဘာသာ]]
[[Category:ဗုဒ္ဓဘာသာ]]

၀၉:၄၈၊ ၂၃ ဧပြီ ၂၀၁၆ ရက်နေ့က မူ

သစ္စာလေးပါးသည် ပါဠိဘာသာအားဖြင့် အရိယသစ္စာဟု ခေါ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သဘောတရားတစ်ခု ဖြစ်သည်။ အကျဉ်းအားဖြင့် ဆိုလျှင် ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရား သည်အမှန်တကယ်ရှိသည်။ သမုဒယသစ္စာ - သမုဒယသည် ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကို ရရှိရန်နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။

ဒုက္ခသစ္စာ

ဤတွင် ညွှန်းဆိုသော ဒုက္ခ ဟူသော် စကားလုံးသည် လူအများနေ့စဉ်သုံးစွဲနေသည့် အဓိပ္ပါယ်နှင့် မတူပါ။ ဗုဒ္ဓဘာသာ ရဟန်းများ တရားဟောသည့်အခါတွင် 'မွေဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ချစ်ခင်သူနှင့် ကွဲကွာခြင်း၊ မနှစ်သက်သူနှင့် အတူနေရခြင်း တို့သည့် ဒုက္ခဖြစ်သည်'ဟု မကြာခဏဟောကြားလေ့ရှိသည်။ အမှန်တကယ်လည်း အဆိုပါ ဥပမာပေးချက်များသည် ဒုက္ခဖြစ်သော်လည်း ဒုက္ခ၏ သဘောမှာ ၎င်းဥပမာများထက် များစွာနက်နဲသည်။ အဖန်တလဲလဲ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော ရုပ်နာမ်ခန္ဓာ အားလုံးသည် ဒုက္ခ ဖြစ်သည်။ ပုထုဇဉ်တစ်ယောက်အနေဖြင့် မွေးဖွားစဉ်မှ သေဆုံးသည့် ကြားကာလ ဘဝတွင်ကြုံတွေ့ရသမျှအားလုံးသည် ဒုက္ခဖြစ်သည်။

သမုဒယသစ္စာ

ဘဝကို အဖန်တလဲလဲ အသစ်ဖြစ်စေသော စွဲလမ်းခြင်း၊ တွယ်ငြိခြင်း(တဏှာ)သည် ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းဖြစ်သည်။ တဏှာ တွင် သုံးမျိုးရှိသည်။ ကာမတဏှာ (ကာမဘုံအာရုံများတွင် တပ်မက်ခြင်း)၊ ဘဝတဏှာ (ဘဝကို တပ်မက်ခြင်း)၊ ဝိဘဝတဏှာ (ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း)

ကာမတဏှာ

ကာမဘုံအာရုံများတွင် တွယ်ငြိခြင်းသည် ကာမတဏှာဖြစ်သည်။ ကောင်းမွန်သော အရသာ၊ ကောင်းမွန်သော အာရုံများကို ခံစားလိုခြင်း ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်လိုခြင်း၊ လိင်တူ လိင်ကွဲများကို တပ်မက်ခြင်း စသည့် အမျိုမျိုသော စွဲလမ်းတွယ်ငြိမှုများသည် ကာမတဏှာ ဖြစ်သည်။ ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းတစ်မျိုးဖြစ်သည်။

ဘဝတဏှာ

ဘဝကို တွယ်ငြိခြင်းသည် ဘဝတဏှာ ဖြစ်သည်။ ရှင်သန်နေထိုင်ရသည့် ဘဝကို လိုလားတောင့်တပြီး ဘဝသည် မပြတ်မဆဲဘဲ အကြိမ်အကြိမ်အဖန်ဖန် ဖြစ်သည်ဟု မှတ်ယူခြင်းဖြစ်သည်။

ဝိဘဝတဏှာ

သေဆုလျှင် ဘဝပြီးပြတ်သည်ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိ နှင့်တကွဖြစ်သော တဏှာသည် ဝိဘဝတဏှာဖြစ်သည်။

နိရောဓသစ္စာ

ဒုက္ခမှလွတ်မြောက်ပြီး ငြိမ်းအေးခြင်းဖြစ်သော တရားသည် အမှန်တကယ်ရှိသည်။ ဒုက္ခဖြစ်သည့် ရှင်သန်ခြင်း ဇာတိဘဝကို အဖန်တလဲလဲဖြစ်စေသည့် စွဲလမ်းတပ်မတ်မှု ကိလေသာ တဏှာတို့ ချုပ်ငြိမ်းသည့် နိဗ္ဗာန်သည် ငြိမ်းအေးခြင်းအစစ်အမှန်ဖြစ်သည်။

မဂ္ဂသစ္စာ

ငြိမ်းအေးခြင်းဖြစ်သော နိဗ္ဗာန်သို့သွားရာ ကျင့်စဉ်နည်းလမ်းသည် အမှန်တကယ်ရှိသည်။ ၎င်းတို့မှာ မဂ္ဂင်ရှစ်ပါးဟု ခေါ်သည့် နည်းလမ်း ရှစ်ခုဖြစ်သည်။

  • မှန်ကန်သော အမြင်(သမ္မာဒိဋ္ဌိ)
  • မှန်ကန်သော ကြံစည်မှု(သမ္မာသင်္ကပ္ပ)
  • မှန်ကန်သော စကား(သမ္မာဝါစာ)
  • မှန်ကန်သော အလုပ်(သမ္မာကမ္မန္တ)
  • မှန်ကန်သော အသက်မွေးမှု(သမ္မာအာဇီဝ)
  • မှန်ကန်သော အားထုတ်မှု(သမ္မာဝါယာမ)
  • မှန်ကန်သော အောက်မေ့မှု(သမ္မာသတိ)
  • မှန်ကန်သော တည်ကြည်မှု(သမ္မာသမာဓိ) တို့ဖြစ်ကြသည်။

သမ္မာဒိဋ္ဌိ

ဒုက္ခကို သိမြင်ခြင်း၊ ဒုက္ခကိုဖြစ်စေသည့်အကြောင်းကို သိမြင်ခြင်း၊ ဒုက္ခချုပ်ငြိမ်းရာကို သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ငြိမ်းစေသည့် အကျင့်တို့ကို သိမြင်ခြင်း စသည်တို့ကို မှန်စွာသိမြင်ခြင်း(သမ္မာဒိဋ္ဌိ) ဟူ၍ဆိုနိုင်သည်။

သမ္မာသင်္ကပ္ပ

ကာမအာရုံမှ လွတ်ကင်းစွာ ကြံစည်ခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းစွာ ကြံစည်ခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းစွာ ကြံစည်ခြင်း စသည်တို့ကို မှန်စွာကြံခြင်း(သမ္မာသင်္ကပ္ပ) ဟူ၍ဆိုနိုင်သည်။

သမ္မာဝါစာ

မဟုတ်မမှန် ပြောခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကုန်းစကားမှ ကြဉ်ရှောင်ခြင်း၊ ရုန့်ကြမ်းတမ်းသော စကားမှကြဉ်ရှောင်ခြင်း၊ သိမ်ဖျင်းသော စကားမှ ကြဉ်ရှောင်ခြင်း စသည်တို့ကို မှန်ကန်သော စကား(သမ္မာဝါစာ) ဟူ၍ဆိုနိုင်သည်။

သမ္မာကမ္မန္တ

သူတပါး၏ အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကာမဂုဏ်တို့ကို မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ခြင်း စသည်တို့ကို မှန်စွာပြုလုပ်ခြင်း(သမ္မာကမ္မန္တ)ဟူ၍ဆိုနိုင်သည်။

သမ္မာအာဇီဝ

သမ္မာဝါယာမ

သမ္မာသတိ

သမ္မာသမာဓိ