ဓနုဖြူမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၆ - စာကြောင်း ၂၆ -
[[Category:မြန်မာပြည်]]
[[Category:မြန်မာပြည်]]
[[Category:ပြည်ထောင်စုသားလူမျိုးများ]]
[[Category:ပြည်ထောင်စုသားလူမျိုးများ]]

[[ca:Danu]]
[[en:Danu people]]
[[fr:Danu (ethnie)]]

၀၈:၄၂၊ ၁၃ စက်တင်ဘာ ၂၀၀၉ ရက်နေ့က မူ

ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေး အတွက် မိမိတို့၏ သံဓိဌာန်မိမိတို့သည် မြန်မာနိုင်ငံတွင်း နိုင်ငံရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်စေရေး လှုပ်ရှားမှုကြီး၌ မိမိတို့ရပ်ရွာ အသိုင်းအဝိုင်းကို ခြေပြုသည့် အရေးယူ ဆောင်ရွက်ချက်များ၊ စည်းရုံးလှုံ့ဆော်ရေးများကို လှုပ်ရှား ဆောင်ရွက် သွားမည်။


ဓနုအမျိုးသားကောင်စီ ဆိုသည်မှာ

ဓနုအမျိုးသားကောင်စီ ကို ထိုင်းနိုင်ငံအတွင်း နှင့် ရှမ်းပြည်အတွင်း လှုပ်ရှားဆောင်ရွက်နေသည့် တိုင်းရင်းသား အဖွဲ့အစည်း များ စုပေါင်းပြီး ဖွဲ့စည်းထား ပါသည်။ ဓနုအမျိုးသားကောင်စီ ကို ၁၉၈၉ ခုနှစ်၊ မေလ ၂၁ ရက်နေ့ တွင် စတင် ဖွဲ့စည်း ခဲ့သည်။


ဓနုအမျိုးသားကောင်စီ ၏ ဦးတည်ချက်များ

  • တိုင်းရင်းသားများ၏ အခွင့်အရေးကို မြှင့်တင်ပေးရန်။
  • တိုင်းရင်းသားလူမျိုးများ အပေါ် အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှု များကို ဆန့်ကျင်တားဆီးရန်။
  • တိုင်းရင်းသားများ၏ ဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စွမ်းရည်မြင့်တင်ပေးရန်။
  • ဓနုအမျိုးသားကောင်စီ တွင် ငြိမ်းချမ်းရေးနှင့် လွတ်လပ်ခွင့်များအတွက် အတူတကွ လှုပ်ရှားဆောင်ရွက်ရန်။

ဓနုအမျိုးသားကောင်စီ ၏ နောက်ခံ သမိုင်းကြောင်း

ဓနုအမျိုးသားကောင်စီ ကို ထိုင်းနိုင်ငံအတွင်း နှင့် ရှမ်းပြည်အတွင်း တွင်အခြေပြု လှုပ်ရှား ဆောင်ရွက် နေကြ သည့် တိုင်းရင်းသား အဖွဲ့အစည်း များက ၁၉၈၉ ခုနှစ်၊ မေလ ၂၁ရက်နေ့တွင် စတင်၍ တိုင်းရင်းသား လူမျိုးများ ၏ လိုအပ်ချက်များကို ကူညီ ဖြည့်ဆီး နိုင်ရန် ဖွဲ့စည်း ခဲ့ကြပါသည်။ဤ ဓနုအမျိုးသားကောင်စီ ၏ ဆက်စပ်မှုကွန်ယက်သည် မြန်မာနိုင်ငံမှ အခြားသော အဖွဲ့များနှင့် သော်လည်းကောင်း၊ တိုင်းရင်းသား လူမျိုးများ အရေးနှင့်ပတ်သက်၍ ဆောင်ရွက် နေကြသည့် ဒေသဆိုင်ရာ အဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့်ရှိ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်း (အဲန်ဂျီအို)များနှင့် သော်လည်းကောင်း၊ ပိုမို၍ဆက်စပ် ဆောင်ရွက် နေပါသည်။

ယေဘူယျ နောက်ခံ သမိုင်းကြောင်း

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ဖက်ခြမ်းတွင် တည်ရှိပြီး၊ ဧရိယာ စတုရန်း ကီလိုမီတာ ၆၄,၀၀၀ ကျော် ရှိပါသည်။ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့်လူထု များသည်လည်း မြန်မာနိုင်ငံ၏ အခြားသောဒေသများမှ ပြည်သူများနည်းတူ မြန်မာစစ်အစိုးရ၏ လူ့အခွင့် အရေးချိုးဖောက် ဖိနှိပ်မှုများကို ကြုံတွေ့ခံစား နေကြရပါသည်။ မြန်မာစစ်တပ်သည် ရှမ်းပြည်နယ်တွင် နေထိုင်သည့် လူထုများကို ဖိနှိပ်ညှဉ်းပမ်းသည့် အတွက်ကြောင့် လူများစွာသည် ထိုင်းနိုင်ငံအတွင်းသို့ ပြေးဝင်ခိုလှုံနေကြရပါသည်။သို့သော်လည်း ထိုင်းနိုင်ငံအစိုးရသည် ရှမ်းပြည်နယ်မှ ထွက်ပြေးခိုလှုံလာသူများကို ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်မှ လူထုများကဲ့သို့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်ခံခြင်းမရှိပါ။ ထိုင်း-မြန်မာ နယ်စပ်တွင်လည်း ဒုက္ခသည်စခန်းများ တည်ထောင်၍ ခိုလှုံခွင့်မပေးပါ။ သို့ အတွက်ကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးလာသူ ရှမ်းဒုက္ခသည် များမှာ မိမိတို့၏ မိသားစုဝင်များဖြစ်သော ကလေးငယ် များနှင့် အိုမင်းသောမိဘများအား ကြွေးမွေးရန်နှင့် မိမိဝမ်းစာရေးအတွက် ထိုင်းနိုင်ငံ၏ မကျွမ်းကျင် သော အလုပ်သမားဆိုင်ရာ ဈေးကွက်တွင်း ရွေ့ပြောင်း အလုပ်သမားများအဖြစ် သုံးဒီဟု အင်္ဂလိပ် အမည်ပေးထားသော- လူအများမလုပ်လိုကြသည့် ညစ်ပတ်၊ ခက်ခဲပင်ပန်း၍ အန္တရာယ်များ သည့် အလုပ်မျိုးကို လုပ်ကိုင် ကြရသည်။

သူတို့၏ တရားမဝင်သော အခြေအနေကြောင့် အလုပ် လုပ်ရာ တွင်လည်း အထူးထိခိုက် နစ်နာနေကြကာ မတရားခေါင်းပုံဖြတ်မှုများနှင့် လူ့အခွင့် အရေး ချိုးဖောက်မှု များကိုဆက်လက်တွေ့ ကြုံနေကြရပါသည်။ ဤသို့အတိ ဒုက္ခရောက် နေသော်လည်း စစ်အစိုးရ၏ ရှမ်းပြည်တွင်းရှိ ပြည်သူများအပေါ် အစီအစဉ်ချ လူ့အခွင့်ရေး ဖောက်ဖျက်မှုများနှင့် တကွ မတရား ဖိနှိပ်ချုပ်ချယ်သော ဤမူဝါဒများကြောင့် ရှမ်း ဒုက္ခသည်များ ထိုင်းနိုင်ငံတွင်းသို့ ဆက်လက်၍ ထွက်ပြေး ခိုလှုံနေကြဆဲ ဖြစ်ပါသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေကြသူ ရှမ်းဒုက္ခသည်အရေအတွက် ထောင်သောင်းချီ ရှိနေပြီး အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် နေထိုင်လုပ်ကိုင် နေကြသည်။

ဓနုအမျိုးသားကောင်စီ ၏ သမိုင်းကြောင်း [၁]