လားဟူလူမျိုး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာမျက်နှာအသစ်: thumb|လားဟူ(အနက်) thumb|လားဟူ(အနီ) == လားဟူ လူမျိုး == ...
 
အရေးမကြီး လားဟူ မှ​ လားဟူလူမျိုး သို့​
(ကွဲပြားမှု မရှိ)

၀၈:၂၉၊ ၁၃ စက်တင်ဘာ ၂၀၀၉ ရက်နေ့က မူ

ဖိုင်:Larhu.jpg
လားဟူ(အနက်)
ဖိုင်:Larhured.jpg
လားဟူ(အနီ)

လားဟူ လူမျိုး

လားဟူ လူမျိုးများသည် တိဘက်မြန်မာ " လိုလို" ဟူသော လူမျိုးမှ ဆင်းသက်လာသည်။ ခရစ်တော် မပေါ်မှီ ဘီစီ ၆၀၀ ခန့်အထိ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် နေထိုင်ခဲ့ကြသည်။ လူဦးရေ များပြားလာသည်နှင့် အမျှ ရေကြည်ရာ မျက်နုရာသို့ ပြောင်းရွှေ ့လာရာ မဲခေါင်မြစ် ၊ သံလွင်မြစ် ကြောင်းအတိုင်း စုန်ဆင်းလာရာ တရုတ်ပြည် တောင်ပိုင်း ရှမ်းပြည်နယ် ၊ယိုးဒယား နိုင်ငံ ၊လာအိုနိုင်ငံ နယ်စပ်ဒေသများသို့ ရောက်ရှိနေထိုင်ခဲံကြသည်။ တရုတ်နိုင်ငံ လန်ချန်း လားဟူပြည်နယ်တွင် ၅ သိန်း၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် ၂ သိန်း ၊ ယိုးဒယား ၊လာအို ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့တွင် ၁ သိန်း စုစုပေါင်း ၈ သိန်းခန့် ရှိပါသည်။

လားဟူအနွယ််ဝင် လားဟူ န နှင့် လားဟူ ရှိ ၂ မျိုးရှိသည်။ အမျိုးကွဲပေါင်း ၂၀ ကျော် ရှိပြီး ကျိုင်းတုံ မြို ့တွင် (၁၂) မျိုး နေထိုင်သည်ဟု သိရသည်။လားဟူ အမျိုးသားများသည် ပိတ်အနက် ဖြင့် ချုပ်ထားသော ဘောင်းဘီ အင်္ကျီ နှင့် ခေါင်းပေါင်းရှည်ကို ၀တ်ဆင်ကြသည်။အမျိုးသမီးများသည် ရှေ ့ ယခင်က အင်္ကျီ အရှည်နှင့် ခေါင်းပေါင်းအရှည် ၀တ်ဆင်ကြောင်း သိရသည်။ ယခုအခါ အင်္ကျီ ခါးတို ၊လုံချည် ၊ ထမီများပြောင်းလဲ ၀တ်ဆင်လာပါသည်။ရိုးရာဝတ်စုံများကို မင်္ဂလာဆောင်ပွဲ ၊ ကောက်သစ်စားပွဲ နှင့် နှစ်သစ်ကူးပွဲစသော အခါကြီးရက်ကြီးများတွင် ၀တ်ဆင်ကြပါသည်။ အမျိုးသမီးများ၏ လက်ဝတ်တန်ဆာမှာ ငွေလက်ကောက်၊ ငွေနားတောင်း ၊ ငွေလည်ဆွဲပြား တို့ ဖြစ်ပြီး ၊အမျိုးသားများမှာ လွယ်အိတ် ၊ဓား ၊ ဆေးတံ ၊တူမီးသေနပ် တို့ကို အမြဲ ကိုင်ဆောင်လေ့ရှိသည်။လားဟူ လူမျိုးများသည် နတ် ၊ဗုဒ္ဒ ဘာသာ ၊ခရစ်ယာန် ဘာသာ တို့ကို ကိုးကွယ်ကြသည်။လားဟူ လူမျိုး တို့၏ နှစ်သက်ဆုံး အလုပ်မှာ " အမဲလိုက်ခြင်း" ဖြစ်သည် ။

ကောက်သစ်စားပွဲ

ကောက်သစ်စားပွဲဟာ လားဟူအမျိုးသားတို့အတွက် အရေးပါသော ပွဲတော်တစ်ခုဖြစ်သည်။ လားဟူလူမျိုးမှာ အရေးကြီးသော ပွဲလမ်းနှစ်ခုရှိသည်။

  1. နှစ်သစ်ကူး ပွဲ (ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ ကျင်းပသည်။)
  2. ကောက်သစ်စားပွဲ (စက်တင်ဘာအကုန် အောက်တိုဘာအချိန်မှာ ကျင်းပလေ့ရှိသည်။)

ကောက်နှံများ ရင့်မှည့်လာသောအချိန်မှာ ရပ်ရွာလူကြီးတွေက ကောက်သစ်စားပွဲ ကျင်းပမဲ့ရက်ကို သတ်မှတ်ကြရ၏။ လားဟူလူမျိုးတို့၏ ပြက္ခဒိန်ရက် သတ်မှတ်မှုသည် တရုတ်လူမျိုးများနှင့် ဆင်တူသည်။ တစ်ပတ်တွင် နေ့ရက် ၁၂ ရက်ရှိပြီး ရက်တွေကို ခွေးတို့၊ နွားတို့၊ မြွေတို့ စတဲ့ တိရိစ္ဆာန်အမည်တွေနှင့် သတ်မှတ်ထားပါသည်။ ထိုရက်တွေထဲမှ ယုန်ရက်၊ ကျားရက်နဲ့ နဂါးရက်တွေက နေ့ထူးနေ့မြတ်တွေ ဖြစ်တာကြောင့် ရွေးချယ်ကြခြင်း ဖြစ်သည်။ ထိုသို့ ရက်သတ်မှတ်ပြီးလျင် ရပ်ရွာက လမ်းတွေကို သေချာပြင်ဆင်ပြီး တစ်ရွာလုံး သန့်ရှင်းရေး လုပ်ကြရသည်။ ရွာသူရွာသားတွေက ကောက်သစ်စားပွဲအတွက် စပါးကို သေချာရိတ်သိမ်းပြီး ဆန်အဖြင့် ထောင်းကြရသည်။ ကောက်သစ်နှင့်အတူ တောင်ယာမှာ စိုက်ထားသော ပြောင်းဖူး၊ ငရုတ်၊ သခွား စသည့် ဟင်းသီးဟင်းရွက်များနှင့် ဟင်းခပ် အမွေးအကြိုင်တွေကိုပါ ဆွတ်ခူး ယူလာကြရပါသည်။ ကောက်သစ်စားပွဲနေ့ မနက်မှာ ခရစ်ယာန် ဘာသာကိုးကွယ်သူက တောင်ယာထွက် ကောက်သစ်နှင့် သီးနှံတွေကို ဘုရားကို ဆက်ကပ်ကြပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး ၀ပ်ပြု ဆုတောင်းကြပါသည်။

နတ်ကိုးကွယ်သူတွေမှာ သူတို့ရဲ့ဘာသာရေးခေါင်းဆောင် ရှိပြီး ယောက်ျားဆိုရင် သိုဗို လို့ခေါ်ပြီး အမျိုးသမီးကို သာလာမာလို့ခေါ်သည်။ ထွက်လာသော ဦးဦးဖျားဖျား ဆန်ဖြစ်ဖြစ်၊ တစ်ခြား အသီးအနှံဖြစ်ဖြစ် ဘုရားကျောင်းလို သီးသန့်ပူဇော်သည့် နေရာမှာ သွားရောက် ပူဇော်ကြပါသည်။ ထိုကဲ့သို့ ပူဇော်ပြီးနောက် ကောက်သစ်စားပွဲကို ကျင်းပလေ့ရှိပါသည်။ ကောက်သစ်စားပွဲကို အများအားဖြင့် စုပေါင်းကျင်းပကြသည်။ အများကတော့ ရွာအလိုက် ကျင်းပကြတာ ရှိသည်။ လားဟူတွေက အချင်းချင်း နီးနီးနားနား နေကြတာ များသည်။ ဟိုရွာ ကောက်သစ်စားပွဲရှိရင် ဒီရွာကလည်းသွား အလည့်ကျ ခေါ်ဖိတ်ပြီးတော့ ပွဲကြီးကို စည်နေပေသည်။

ချက်ပြုတ်သည့် နေရာမှာတော့ ဒေသအလိုက် ကွဲပြားမှုလေးတွေ ရှိကြသည်။ တစ်ချို့က တစ်ရွာလုံး စုပေါင်းချက်ပြုတ်ကြတာ ရှိသလို တစ်ချို့ကတော့ မိမိတို့ နေအိမ်မှာ ချက်ပြုတ်ပြီး ရွာလည်တစ်နေရာမှာ စုပေါင်းစားသောက်ကြသည်။

ဖိတ်ကြားထားသော ဧည့်သည်တွေအတွက် ရွာမှာ စုပေါင်းပြီး ချက်ထားတာ ရှိပါသည်။ ချက်ပြုတ်ထားတာတွေ အားလုံး တစ်နေရာမှာ စုပေါင်းထားပြီး ဧည့်သည်တွေကော ရွာသူရွာသားတွေပါ အတူတူ စားကြသည်။

လားဟူရိုးရာအရ ကောက်သစ်စားပွဲ ပြင်ဆင်ရာမှာ ထမင်းနဲ့ဟင်းကို လားဟူကို အာဖရှလို့ခေါ်တဲ့ သစ်ရွက်ရှည် တစ်မျိုးနဲ့ ထုတ်ပြီး ပေါင်းရပါသည်။ ထိုသို့ ပေါင်းရာမှာလည်း အရွယ်တူ သစ်ရွက်နှစ်ရွက်ကို ကြက်ခြေခတ်ထုတ်ပြီး နှီးနဲ့ချည် ပေါင်းရပါသည်။ ဧည့်သည်တွေကို ထိုထမင်းပေါင်း ဟင်းပေါင်းတွေနှင့် ဧည့်ခံရသည်။ ကောက်သစ်စားပွဲမှာ ရိုးရာအရဆိုလျင် ပန်းကန်တွေ၊ ခွက်တွေ လုံးဝ မသုံးရပါ။ ကောက်သစ်စားပွဲမှာ မလုပ်မဖြစ်တဲ့ ရိုးရာတစ်ခုပါသည်။

မပါမဖြစ်တဲ့ ရိုးရာတစ်ခုက ဟွန်တောင်ထီးဟု ခေါ်သော ရိုးရာဟင်းဖြစ်သည်။ ထိုဟင်းသည် အသားကို ဟာကြား ဟုခေါ်သော ဆီးဖြူခေါက်၊ ဂျူးမြစ်၊ နံနံပင်၊ ကြက်သွန်မြိတ်စသည့် ဟင်းခတ် အမွေးအကြိုင်များနှင့် ရော၍ တောက်တောက်စင်း ဖက်နှင့်ထုတ်ပြီး ပေါင်းထားသော ဟင်းတစ်မျိုးဖြစ်သည်။ ထိုဟင်းသည် မပါမဖြစ် ရိုးရာဟင်းပင်ဖြစ်သည်။

ထိုရိုးရာဟင်းအတွက် တစ်ချို့က ကောက်သစ်စားပွဲ မတိုင်ခင်မှာ အမဲလိုက်ကြပြီး ရလာသော အသားများနှင့် ချက်ပြုတ်တတ်ကြပေသည်။ စားသောက်ပွဲ ပြီးသောအခါမှာ ရိုးရာ တူရိယာတွေဖြစ်သော ဗုံ့၊ မောင်း၊ ဗူးပုလွေတို့ကို တီးမှုတ်ပြီး ကပွဲ ကျင်းပကြပါသည်။

အယူအဆ

  • (လားဟူ အမျိုးသာများ) ရွာထိပ်သစ်ပင်များကို မခုတ်ရ။ ရွာထိပ်နတ်စင်နှင့် ရွာအနီးအနားရှိ သစ်တောကို မီးရှို့ခြင်း၊ ထင်းခုတ်ခြင်း မပြုရ။ ခုတ်လျှင် သေတတ်သည်၊ ကျားကိုက်တတ်သည်ဟု အယူရှိကြသည်။
  • (လားဟူ အမျိုးသာများ) ရွာတွင် သူတပါးသားမယားအား ပြစ်မှား ကျူးလွန်သူရှိပါက ကျွဲကို ကျားဆွဲတတ်သည်။