အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာမျက်နှာအသစ်: ကပစ (၁၂) သည်် မကွေးတိုင်း၊ သရက်မြို ့နယ်၊ စခန်းကြီးကျေးရွ...
(ကွဲပြားမှု မရှိ)

၂၃:၃၆၊ ၂၈ ဩဂုတ် ၂၀၀၉ ရက်နေ့က မူ

ကပစ (၁၂) သည်် မကွေးတိုင်း၊ သရက်မြို ့နယ်၊ စခန်းကြီးကျေးရွာ၊ ပိတောက်ပင်ကျေးရွာတို့၏ တောင်ဘက် ၃ မိုင်ကျော်တွင်တည် ရှိသည််။ ဒီစက်ရုံကို ၁၉၉၆ ခုနှစ် ဖွဲ ့စည်းပုံအမှတ် ကဖ-၂၆-က-၉၇ ဖြင့် ဖွဲ့စည်းပုံ အင်အား (၁၄၄၅) ဦး လျာထားရာ လက်ရှိအင်အား (၄၀၀) ကျော် ရှိသည််။ ထုတ်လုပ်မှု လုပ်ငန်းများမှာ 120mm, 60mm, 105mm, 81mm ကျည်များ ထုတ်လုပ်သည််။ မြေဧက (၁၆၀၀၀) ကျော်ရှိပြီး အပိုင်း ၂ ပိုင်းခွဲ၍ နိုင်ငံ ၂ နိုင်ငံရဲ ့အကူအညီဖြင့် တည်ဆောက် တပ်ဆင် ထုတ်လုပ်လျက်ရှိသည််။

ပထမပိုင်းကို တောင်ကိုရီးယားနိုင်ငံ ဒေဝူးကုမ္ပဏီမှ ကျည်ဆန်ကိုယ်ထည်၊ နောက်မြီး ဒလက်များကို တပ်ဆင် ထုတ်လုပ်ပြီး၊ ဒုတိယအပိုင်းကို ၄င်းကျည်ဆန်များ၏ အတွင်းပိုင်း အစပျိုးယမ်းနှင့် ခွင်းယမ်းများကို ချက်ကိုစလို ဗေးကီးယားနိုင်ငံမှ စက်များဝယ်ယူပြီး ၄င်းနိုင်ငံမှ ပညာရှင်များဖြင့် တည်ဆောက်ခဲ့သည််။

(မှတ်ချက်- ချက်ကိုစလိုဗေးကီးယားနိုင်ငံမှ လက်နက်၊ ကျည်ဆန်လုပ် ဆက်စပ်ပစ္စည်းများ တင်ပို့နေမှုမှာ နေတိုး အဖွဲ့ဝင်နိုင်ငံအဖြစ် မသတ်မှတ်မီကာလက ပေးပို့ထားခြင်း ဖြစ်ပါသည်။ နေတိုး အဖွဲ့ဝင် အဖြစ် သတ်မှတ်သည့် ကာလမှ ယနေ ့အထိ ၄င်းဆက်စပ်ပစ္စည်းများ ပေးပို့နိုင်ခြင်း မရှိတော့ပါ)။

၄င်းကျည်ထုတ်လုပ်သည့်စက်များမှာ ခေတ်မှီ အီလက်ထရွန်နစ်ထိန်း ကိရိယာများ တပ်ဆင် အသုံးပြုထားသဖြင့် ကပစ (၃) ထက်အဆပေါင်းများစွာ ထုတ်လုပ်နိုင်သည််။