ကချင်လွတ်လပ်ရေးအဖွဲ့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
(ကွဲပြားမှု မရှိ)

၂၃:၂၉၊ ၂၈ ဩဂုတ် ၂၀၀၉ ရက်နေ့က မူ

ဖိုင်:Mm-kachi.png
ကချင်လွတ်လပ်ရေး တပ်မတော်အမှတ်တံဆိပ်
ဖိုင်:Kachin soldiers.jpg
ကချင်လွတ်လပ်ရေး တပ်မတော်တပ်သားသစ်များ

သမိုင်းကြောင်း

KIOအဖွဲ့ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကချင် ကျောင်းသား ခေါင်းဆောင် ဇော်တူး နှင့် ဇော်ဆိုင်းတို့ နှစ်ဦးက စတင် ဖွဲ့စည်းကာ ကချင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၄ ခု၊ ဖေဖော်ဝါရီ (၂၄) ရက်တွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။လူမျိုးစု လက်နက်ကိုင် အဖွဲ့များ အတွင်းမှ အင်အားတောင့်တင်း ခိုင်မာသော ကေအိုင်အို အဖွဲ့အစည်းကြီးမှာ ၁၉၉၅ ခုနှစ်ကပင် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည်။ကေအိုင်အို အဖွဲ့၏လက်နက်ကိုင်တပ်ဖွဲ့မှာကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)ဖြစ်ပြီး စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ် ဂွမ်တန် ဂွမ်ရှောင်နှင့် ဒု-စစ်ဦးစီးချုပ် မှာ ဗိုလ်မှူးချုပ် ဂွမ်မော်အား ဖြစ်သည်။ကေအိုင်အို ဒု-ဥက္ကဋ္ဌ မှာဗိုလ်ချုပ် ဂေါ်ရီ ဇော်ဆိုင်း ဖြစ်ပြီး၊ ကေအိုင်အို ဗဟိုကော်မတီဝင် များမှာဒေါက်တာ လဂျာ တို့ဖြစ်သည်။KIA တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် တပ်မဟာ ၅ ခု ရှိပြီး စစ်သည် အင်အား ၄၀၀၀ ခန့် ရှိသည်ဟု သိရသည်။KIO အခြေစိုက်ရာ လိုင်ဇာမြို့သည် ဗန်းမော်နှင့် မြစ်ကြီးနားအကြား တည်ရှိကာ ဗန်းမော်၏ အရှေ့မြောက်ဘက် မိုင် ၄၀ ခန့်တွင် တည်ရှိသည်။ KIO ဌာနချုပ် ရှိရာ တရုတ် မြန်မာ နယ်စပ်မြို့ လိုင်ဇာတွင်လည်း စစ်သင်တန်းကျောင်း၊ အရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်း၊ ရွှေ့ပြောင်းတပ်တို့် ရှိကြောင်း သိရသည်။။စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော အကြီးဆုံးသော ကချင်အဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့( ကေအိုင်အို) ၏ တပ်မတော်မှ မဟာဗျူဟာ လေ့လာရေးနှင့် သုတေသန မှတ်တမ်းဌာနမှူး ဗိုလ်မှူးကြီးဂွမ်မော်ကို ဗိုလ်မှူးချုပ်အဆင့် တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။ ယခင် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဇော်နန်မှာ နယ်စပ်မြို့ လိုင်ဇာတွင်၂၀၀၉ ဧပြီလ ၆ ရက်နေ့က ကွယ်လွန်သွားခဲ့သည်။ဗိုလ်မှူးချုပ် ဂွမ်မော်သည် ၁၉ဂဂ ခုနှစ်အတွင်း ကေအိုင်အေသို့ စတင် ဝင်ရောက်ခဲ့ပြီး ကွန်မန်ဒိုတပ်ဖွဲ့ အရာရှိငယ်အဆင့်မှ ရာထူး တက်လှမ်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးလက်ရှိအခြေအနေ(၂ဝဝ၉)

မြန်မာစစ်တပ်နှင့် စစ်ဖြစ်လာတော့မည့် အရေးအတွက် ပြင်ဆင်သည့် အနေဖြင့် ကချင်လွတ်မြောက်ရေး အဖွဲ့သည် သူ၏ လက်နက်ကိုင်တပ်ဖွဲ့ကို ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်နေသည်။တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက်များ အဆိုအရ KIO သည် သူ၏ လက်နက်ကိုင်အဖွဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် - KIA ကို ပြန်လည်စုဖွဲ့မှုများ ပြုလုပ်နေပြီး တပ်သားသစ်များလည်း စုဆောင်းနေသည်ဟု သိရသည်။

ကေအိုင်အေ ကေဒါများ မိမိတို့၏ တောတွင်းစခန်းများသို့ ပြန်လည် ဆုတ်ခွာသွားနေကြပြီး၊ မိမိတို့ ထိန်းချုပ်ရာ နယ်မြေတဝိုက်တွင် လုံခြုံရေးများ တိုးမြှင့် ချထားနေသည်ကို တွေ့မြင်ခဲ့ရကြောင်းဖြင့် ကချင်ပြည်နယ်အတွင်း လုပ်ငန်းများ လုပ်ကိုင်နေသည့် ကချင်ဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ - KNDG ၏ ဥက္ကဋ္ဌ ဦးအောင်ဝါက ပြောသည်။ကေအိုင်အေသည် ယင်း၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည် ခေါ်ယူနေပြီး၊ တပ်သားသစ်များလည်း စုဆောင်းနေကာ သင်တန်းများ အပြင်းအထန် ပေးနေသည်ဟု သူက ဆက်ပြောသည်။

ဤသို့ ကေအိုင်အိုက ပြင်ဆင်မှုများ ပြုလုပ်နေသည်ဆိုသည့် သတင်းသည် မြန်မာစစ်အစိုးရက ဧပြီလကုန်ပိုင်းက အခြား အပစ်ရပ်အဖွဲ့များနှင့်အတူ မိမိတို့၏ တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် အဆိုပြုအပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့များကို စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ထားရှိရမည်ဖြစ်သည်။

ဧပြီလ နှောင်းပိုင်းတွင် စစ်အစိုးရက ငြိမ်းချမ်းရေးအဖွဲ့ အများအပြားကို သူတို့၏ တပ်ဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် အဆိုပြုခဲ့သည်။ ဤတပ်ရင်းတရင်းတွင် စစ်သည် အင်အား ၃၂၆ ဦး ရှိမည်ဖြစ်ပြီး၊ မြန်မာစစ်သား ၃၀ ပါဝင်ရမည်ဖြစ်ကာ စစ်အစိုးရက ထိန်းချုပ်ထားမည် ဖြစ်သည်။

မြန်မာစစ်အစိုးရနှင့် ၁၉၉၄ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး ရယူထားသော တရုတ်-မြန်မာနယ်စပ် အခြေစိုက် KIO သည် သူတို့၏တပ်ကို အသွင်ပြောင်းလဲရန် စစ်အစိုးရ၏ ဖိအားပေးခြင်းကို ခံနေရသည်။ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေး နအဖဘက်က ကမ်းလှမ်းထားမှုအပေါ် ကေအိုင်အိုအဖွဲ့က ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့ကို မိမိစစ်သားများဖြင့်သာ ဖွဲ့စည်းလိုပြီး အနာဂတ် ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် ကေအိုင်အိုက အာဏာရရှိရေး တောင်းဆိုခဲ့သည်။ထို့အပြင် ကေအိုင်အိုအဖွဲ့တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့နှင့်အဆင့်တူသည့် စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့ စသည့်ဌာနများလည်း ရှိနေ၍ အသွင်ကူးပြောင်းရေးတွင် အဆိုပါဌာနများအတွက်လည်း ထည့်စဉ်စားရန်လိုကြောင်း ဇူလိုင်လ (၈) ရက်တွင် ကေအိုင်အိုဘက်က တင်ပြထားသည်။

လက်အောက်ခံဌာနများ

  • စစ်ဆေးရုံ

ကေအိုင်အို စစ်ဆေးရုံသည် လိုင်ဇာမြို့မြောက်ဘက်၊ နှစ်မိုင်ခန့်အကွာ ဝယ်ကျိုင်ကျေးရွာတွင်တည်ရှိ သည်။

  • စိုက်ပျိုးရေးဌာန၊
  • ပညာရေးဌာန၊
  • ကျန်းမာရေးဌာန၊
  • ရဲတပ်ဖွဲ့