နိကာယ် ငါးရပ်: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး →စာညွှန်း |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁ - | စာကြောင်း ၁ - | ||
{{ဗုဒ္ဓဘာသာ}} |
{{ဗုဒ္ဓဘာသာ}} |
||
==နိကာယ် ငါးရပ်== |
|||
နိကာယ (နိကာယ်) ဆိုသည်မှာ အစုအဝေးကို ခေါ်သည်။ သုတ္တန်ပိဋကတ်တွင် နိကာယ် ငါးရပ်ရှိသည်။ ဓမ္မဒေသနာတို့အား သဘောတူရာ တူရာစု၍ အောက်ပါအတိုင်း “နိကာယ (အစုအပေါင်း)” ငါးစု (တနည်း နိကာယ် ငါးရပ်) ခွဲခြားခဲ့ကြပါသည်။ |

စာကြောင်း ၁၀ - | စာကြောင်း ၉ - | ||
== ဒီဃနိကာယ (Collection of Long Discourses) == |
|||
{{main|ဒီဃနိကာယ်}} |
{{main|ဒီဃနိကာယ်}} |
||
ဗုဒ္ဓဒေသနာတော်များအား အကျဉ်းခြုံးလိုက်ပါက သီလ၊ သမာဓိ၊ ပညာဟူသော အုပ်စုသုံးစုရသည်။ ဒီဃနိကာယ်တွင် ပါဝင်သော သုတ်များသည် သီလ, သမာဓိ, ပညာတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဟောကြားထားသော သုတ်များဖြစ်သည်။ မိစ္ဆာဒိဋ္ဌိ ၆၂-မျိုးအကြောင်း ဟောကြားသော ဗြဟ္မဇာလသုတ်၊ ရဟန်းပြုရခြင်း၏ သာမည အကျိုးကျေးဇူးကို အဇာတသတ်မင်းအား ဟောကြားသော သာမညဖလသုတ်၊ ဗုဒ္ဓ၏ နောက်ဆုံးကာလ ဖြစ်စဉ်များအား ဟောကြားထားသော မဟာပရိနိဗ္ဗာနသုတ်၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်သည့် သတိပဋ္ဌာန်လေးပါးကို ဟောကြားသော မဟာသတိပဋ္ဌာနသုတ်၊ မိဘဝတ်, သားသမီးဝတ် စသဖြင့် လူမှုကျင့်ဝတ်များကို ဟောကြားထားသော သိင်္ဂါလောဝါဒသုတ် တို့သည် ဒီဃနိကာယ်လာ သုတ္တန်များဖြစ်သည်။ ယေဘုယျအားဖြင့် ဒီဃနိကာယ်လာသုတ်များသည် ဘာသာခြားတို့အား ဗုဒ္ဓအဆုံးမ, ဗုဒ္ဓသာသနာကို လိုက်နာသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ဟောကြားထားသော သုတ်များဖြစ်သည်ဟု ဆိုနိုင်သည်။ အသောကမင်းလက်ထက်တွင် အရှင်သောဏနှင့် အရှင်ဥတ္တရတို့သည် ဒီဃနိကာယ်၏ ပထမဆုံးသုတ်ဖြစ်သော ဗြဟ္မဇာလသုတ်ကို ဟောကြား၍ သုဝဏ္ဏဘုမ္မိအရပ်တွင် သာသနာပြုခဲ့ ခြင်းဖြစ်သည်။ |

စာကြောင်း ၂၂ - | စာကြောင်း ၂၁ - | ||
ပါဠိစာပေတို့တွင် ကျမ်းစာ၏ အရွယ်ပမာဏတို့ကို မရပ်မနားပဲ တစ်ကြိမ်တည်း ရွတ်ဆိုနိုင်သော ပမာဏဖြင့် တိုင်းတာလေ့ရှိသည်။ ယင်းပမာဏအား “ဘာဏဝါရ” ဟုခေါ်သည်။ တစ်ဘာဏဝါရတွင် အက္ခရာအလုံးရည် ရှစ်ထောင်ရှိသည်။ ဒီဃနိကာယ်အား ဘာဏဝါရဟူသော unit ဖြင့်တိုင်းထွာက ၆၄-ဘာဏဝါရ ရှိသည်။ |

== မဇ္ဈိမနိကာယ (Collection of Middle Length Discourses) == |
|||
{{main|မဇ္ဈိမနိကာယ်}} |
{{main|မဇ္ဈိမနိကာယ်}} |
||
ဒီဃနိကာယ်လာ သုတ်များသည် ကျယ်ကျယ်ပြန့်ပြန့် ရှည်ရှည်လျားလျား ဟောကြားထားသော သုတ်များဟုဆိုပါက၊ မဇ္ဈိမနိကာယ်မှ သုတ်များသည် နက်နက်ရှိုင်းရှိုင်း ဟောကြားထားသော သုတ်များဟု ဆိုနိုင်သည်။ မဇ္ဈိမနိကာယ်လာ သုတ် အများစုသည် ဗုဒ္ဓဘာသာရဟန်းတော်များအား ရည်ရွယ်ဟောကြားထားသည်ဟု ဆိုနိုင်သည်။ မူလပရိယာယသုတ်၊ သဗ္ဗာသဝသုတ်၊ သမ္မာဒိဋ္ဌိသုတ်၊ ဓာတုဝိဘင်္ဂသုတ်၊ စူဠကမ္မဝိဘင်္ဂသုတ်၊ တဏှာသင်္ခယသုတ်၊ စူဠဝေဒလ္လသုတ်၊ အာနာပါနဿတိသုတ်၊ ဆဆက္ကသုတ် စသော အဓိပ္ပါယ်လေးနက်သည့် သုတ္တန်များသည် မဇ္ဈိမနိကာယ်လာ သုတ်များဖြစ်သည်။ |

စာကြောင်း ၃၄ - | စာကြောင်း ၃၃ - | ||
မှတ်ရ, ခေါ်ရလွယ်ရန် ပဏ္ဏာသ (ငါးဆယ်) ဟုဆိုရသော်လည်း နောက်ဆုံး ဥပရိပဏ္ဏာသတွင် သုတ်အရေတွက်အားဖြင့် ၅၂-သုတ်ရှိ၍ စုစုပေါင်း ၁၅၂-သုတ်ရှိသည်။ တဖန် ပဏ္ဏာသတစ်ခုစီတွင် သုတ် ၁၀-သုတ်စီအား “ဝဂ္ဂ”ခေါ် အခန်း တစ်ခန်းစီ ခွဲ၍ ထားသည်။ မဇ္ဈိမနိကာယ် တစ်ခုလုံးအနေဖြင့် ဘာဏဝါရ ၈၀ ရှိ၍ ဒီဃနိကာယ်ထက် ပို၍ အရွယ်ပမာဏကြီးမားသည်။ |

== သံယုတ္တနိကာယ (Collection of Connected Discourses) == |
|||
{{main|သံယုတ္တနိကာယ်}} |
{{main|သံယုတ္တနိကာယ်}} |
||
သံယုတ္တနိကာယ်တွင် အတွဲ ၅-တွဲ (တနည်း ကျမ်း ၅ကျမ်း) ရှိသည်။ |
သံယုတ္တနိကာယ်တွင် အတွဲ ၅-တွဲ (တနည်း ကျမ်း ၅ကျမ်း) ရှိသည်။ |
||
စာကြောင်း ၅၃ - | စာကြောင်း ၅၂ - | ||
ထို့ကြောင့် ပထမ လေးကျမ်းသည် ခန္ဓာ၊ အာယတန၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်တရားတို့ကို နားလည် သဘောပေါက်စေ၍ အယူမှားဒိဋ္ဌိတို့ ကင်းစင်စေရန် ရည်ရွယ်ပြီး၊ နောက်ဆုံး မဟာဝဂ္ဂသံယုတ်ကျမ်းသည် ဗောဓိဉာဏ်အတွက် ကျင့်ကြံအားထုတ်မှု ဘာဝနာရှုမှတ်ရန် လမ်းညွှန် တရားဒေသနာတော်များဖြစ်သည်ဟု ဆိုနိုင်သည်။ |

== အင်္ဂုတ္တရနိကာယ (Collections of Numerical Discourses) == |
|||
{{main|အင်္ဂုတ္တရနိကာယ်}} |
{{main|အင်္ဂုတ္တရနိကာယ်}} |
||
ဗုဒ္ဓလက်ထက် အိန္ဒိယနိုင်ငံ စာပေသင်ကြားပို့ချသော နည်းစနစ်သည် နှုတ်တိုက်သင်ယူပို့ချသော နည်းစနစ်ဖြစ်သည်။ ထို့ကြောင့် ကျက်မှတ်ရလွယ်ကူစေရန် အချက်အလက် တစ်ခုရှိသောတရားများ၊ အချက်အလက် နှစ်ခုရှိသော တရားများ စသဖြင့် အင်္ဂါ (အချက်အလက်) အရေအတွက်ကို မူတည်၍ သင်ယူပို့ချလေ့ရှိသည်။ အင်္ဂုတ္တရနိကာယ်သည် ဤသို့ အင်္ဂါအချက်လက်အရေအတွက် ပေါ်မူတည်၍ စုစည်းထာသော နိကာယ်ဖြစ်သည်။ |

စာကြောင်း ၆၁ - | စာကြောင်း ၆၀ - | ||
အကြောင်းအရာအားဖြင့်လည်း မဂ်ဖိုလ်နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ထို့ကြောင့် ဤနိကာယ်သည် ဗုဒ္ဓဘာသာ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။ |

== ခုဒ္ဒကနိကာယ (Collections of Minor Texts) == |
|||
{{main|ခုဒ္ဒကနိကာယ်}} |
{{main|ခုဒ္ဒကနိကာယ်}} |
||
ပထမ သံဂါယနာတင်ရာတွင် အရှင်ဥပါလိမထေရ်က ဝိနည်းဒေသနာတော်အား ဖြေဆို၍ စုပေါင်း ရွတ်ဆိုတော်မူခဲ့၏။ ထို့နောက် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်နှင့် အင်္ဂုတ္တရနိကာယ်တို့ကို ရှင်အာနန္ဒာမထေရ်က ဖြေဆို၍ သံဂါယနာတင်ခဲ့သည်။ ဤသို့ သုတ္တန်ဒေသနာ၏ နိကာယ်ကြီးလေးရပ်အားတင်ပြီးနောက် အဘိဓမ္မာဒေသနာတော်ကို ဆက်လက် တင်တော်မူကြသည်။ ထို့နောက်မှ ကြွင်းသောသုတ္တန်ဒေသနာ အတိုအထွာတို့အား ခုဒ္ဒကနိကာယ်အဖြစ် သံဂါယနာ တင်တော်မူခဲ့ကြသည်။ အချို့သောကျမ်းများ (ဥပမာ မိလိန္ဒပဉှာ)သည် ပထမသံဂါယနာတင်စဉ်တွင် မပါဝင်ပဲ နောက်မှ ထည့်သွင်းထားသော ကျမ်းများဖြစ်၍ အချို့က သံဂါယနာတင်ကျမ်းအဖြစ် အသိမှတ်မပြုကြပေ။ ခုဒ္ဒကနိကာယ်တွင်ပါဝင်သော သုတ္တန်ကျမ်း အရေအတွက်သည် မြန်မာနိုင်ငံမူအရ ၁၈-ကျမ်း၊ သီရိလင်္ကာမူအရ ၁၇-ကျမ်း၊ ထိုင်းနိုင်ငံမူ ၁၅-ကျမ်းပါဝင်သည်။ မြန်မာနိုင်ငံမူအရ ဤသုတ္တန်ကျမ်း ၁၈-ကျမ်းကိုသာမက၊ ဝိနည်းနှင့် အဘိဓမ္မာ ဒေသနာတို့ကိုလည်း ခုဒ္ဒနိကာယ်တွင် ထည့်သွင်း ဖော်ပြလေ့ရှိသည်။ |

၁၆:၅၆၊ ၁၅ မတ် ၂၀၁၆ ရက်နေ့က မူ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
နိကာယ (နိကာယ်) ဆိုသည်မှာ အစုအဝေးကို ခေါ်သည်။ သုတ္တန်ပိဋကတ်တွင် နိကာယ် ငါးရပ်ရှိသည်။ ဓမ္မဒေသနာတို့အား သဘောတူရာ တူရာစု၍ အောက်ပါအတိုင်း “နိကာယ (အစုအပေါင်း)” ငါးစု (တနည်း နိကာယ် ငါးရပ်) ခွဲခြားခဲ့ကြပါသည်။
- ဒီဃနိကာယ - သုတ္တန်အရှည်များ စုစည်းထားသော အုပ်စု
- မဇ္ဈိမနိကာယ - အလယ်အလတ်သုတ္တန်များ စုစည်းထားသော အုပ်စု
- သံယုတ္တနိကာယ - အချင်းချင်း ဆက်နွယ်နေသော သုတ္တန်များအား စုထားသော အုပ်စု
- အင်္ဂုတ္တရနိကာယ - အင်္ဂါအရည်အတွက်အလိုက်စုစည်းထားသော နိကာယ်
- ခုဒ္ဒကနိကာယ - အရွယ်အစား သေးငယ်သော သုတ္တန်များနှင့် အဘိဓမ္မာဒေသနာအုပ်စု
ဒီဃနိကာယ (Collection of Long Discourses)
ဗုဒ္ဓဒေသနာတော်များအား အကျဉ်းခြုံးလိုက်ပါက သီလ၊ သမာဓိ၊ ပညာဟူသော အုပ်စုသုံးစုရသည်။ ဒီဃနိကာယ်တွင် ပါဝင်သော သုတ်များသည် သီလ, သမာဓိ, ပညာတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဟောကြားထားသော သုတ်များဖြစ်သည်။ မိစ္ဆာဒိဋ္ဌိ ၆၂-မျိုးအကြောင်း ဟောကြားသော ဗြဟ္မဇာလသုတ်၊ ရဟန်းပြုရခြင်း၏ သာမည အကျိုးကျေးဇူးကို အဇာတသတ်မင်းအား ဟောကြားသော သာမညဖလသုတ်၊ ဗုဒ္ဓ၏ နောက်ဆုံးကာလ ဖြစ်စဉ်များအား ဟောကြားထားသော မဟာပရိနိဗ္ဗာနသုတ်၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်သည့် သတိပဋ္ဌာန်လေးပါးကို ဟောကြားသော မဟာသတိပဋ္ဌာနသုတ်၊ မိဘဝတ်, သားသမီးဝတ် စသဖြင့် လူမှုကျင့်ဝတ်များကို ဟောကြားထားသော သိင်္ဂါလောဝါဒသုတ် တို့သည် ဒီဃနိကာယ်လာ သုတ္တန်များဖြစ်သည်။ ယေဘုယျအားဖြင့် ဒီဃနိကာယ်လာသုတ်များသည် ဘာသာခြားတို့အား ဗုဒ္ဓအဆုံးမ, ဗုဒ္ဓသာသနာကို လိုက်နာသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ဟောကြားထားသော သုတ်များဖြစ်သည်ဟု ဆိုနိုင်သည်။ အသောကမင်းလက်ထက်တွင် အရှင်သောဏနှင့် အရှင်ဥတ္တရတို့သည် ဒီဃနိကာယ်၏ ပထမဆုံးသုတ်ဖြစ်သော ဗြဟ္မဇာလသုတ်ကို ဟောကြား၍ သုဝဏ္ဏဘုမ္မိအရပ်တွင် သာသနာပြုခဲ့ ခြင်းဖြစ်သည်။
စုစုပေါင်း သုတ္တန် ၃၄-ပုဒ်ပါဝင်သော ဤဒီဃနိကာယ်အား “ဝဂ္ဂ (=အစု)” ခေါ် အစုသုံးစု ကျမ်းသုံးကျမ်း ခွဲခြားထားသည်။
- သီလက္ခန္ဓဝဂ္ဂ (မြန်မာအခေါ် သုတ်သီလက္ခန်) - သုတ်ပေါင်း ၁၃-သုတ်
- မဟာဝဂ္ဂ (မြန်မာအခေါ် သုတ်မဟာဝါ) - သုတ်ပေါင်း ၁၁-သုတ်
- ပါထိကဝဂ္ဂ (မြန်မာအခေါ် သုတ်ပါထေယျ) - သုတ်ပေါင်း ၁၀-သုတ်
ပါဠိစာပေတို့တွင် ကျမ်းစာ၏ အရွယ်ပမာဏတို့ကို မရပ်မနားပဲ တစ်ကြိမ်တည်း ရွတ်ဆိုနိုင်သော ပမာဏဖြင့် တိုင်းတာလေ့ရှိသည်။ ယင်းပမာဏအား “ဘာဏဝါရ” ဟုခေါ်သည်။ တစ်ဘာဏဝါရတွင် အက္ခရာအလုံးရည် ရှစ်ထောင်ရှိသည်။ ဒီဃနိကာယ်အား ဘာဏဝါရဟူသော unit ဖြင့်တိုင်းထွာက ၆၄-ဘာဏဝါရ ရှိသည်။
မဇ္ဈိမနိကာယ (Collection of Middle Length Discourses)
ဒီဃနိကာယ်လာ သုတ်များသည် ကျယ်ကျယ်ပြန့်ပြန့် ရှည်ရှည်လျားလျား ဟောကြားထားသော သုတ်များဟုဆိုပါက၊ မဇ္ဈိမနိကာယ်မှ သုတ်များသည် နက်နက်ရှိုင်းရှိုင်း ဟောကြားထားသော သုတ်များဟု ဆိုနိုင်သည်။ မဇ္ဈိမနိကာယ်လာ သုတ် အများစုသည် ဗုဒ္ဓဘာသာရဟန်းတော်များအား ရည်ရွယ်ဟောကြားထားသည်ဟု ဆိုနိုင်သည်။ မူလပရိယာယသုတ်၊ သဗ္ဗာသဝသုတ်၊ သမ္မာဒိဋ္ဌိသုတ်၊ ဓာတုဝိဘင်္ဂသုတ်၊ စူဠကမ္မဝိဘင်္ဂသုတ်၊ တဏှာသင်္ခယသုတ်၊ စူဠဝေဒလ္လသုတ်၊ အာနာပါနဿတိသုတ်၊ ဆဆက္ကသုတ် စသော အဓိပ္ပါယ်လေးနက်သည့် သုတ္တန်များသည် မဇ္ဈိမနိကာယ်လာ သုတ်များဖြစ်သည်။
မဇ္ဈိမနိကာယ်မှသုတ်များသည် အရွယ်အစားအားဖြင့် ဒီဃနိကာယ်မှ သုတ်များလောက် မရှည်လျားသော်လည်း၊ အခြားနိကာယ်များမှ သုတ်များလောက် တိုတောင်းခြင်း မရှိပေ။ ထို့ကြောင့်ပင် မဇ္ဈိမ (အလယ်အလတ်) နိကာယ်ဟု ခေါ်ခြင်းဖြစ်သည်။ မဇ္ဈိမနိကာယ်တွင် သုတ်အရေအတွက်အားဖြင့် ၁၅၂ သုတ်ရှိကာ၊ ကျမ်းတစ်ကျမ်းလျှင် သုတ် ၅၀-ခန့်ဖြင့် ပဏ္ဏာသ ခေါ် ကျမ်း သုံးကျမ်း ခွဲထားသည်။ ပဏ္ဏာသဟူသည် ငါးဆယ်ဟု အဓိပ္ပါယ်ရသည်။
- မူလပဏ္ဏာသ (ရှေးဦးအစ သုတ်ငါးဆယ်)
- မဇ္ဈိမပဏ္ဏာသ (အလယ် သုတ်ငါးဆယ်)
- ဥပရိပဏ္ဏာသ (အဆုံးသုတ် ငါးဆယ်)
မှတ်ရ, ခေါ်ရလွယ်ရန် ပဏ္ဏာသ (ငါးဆယ်) ဟုဆိုရသော်လည်း နောက်ဆုံး ဥပရိပဏ္ဏာသတွင် သုတ်အရေတွက်အားဖြင့် ၅၂-သုတ်ရှိ၍ စုစုပေါင်း ၁၅၂-သုတ်ရှိသည်။ တဖန် ပဏ္ဏာသတစ်ခုစီတွင် သုတ် ၁၀-သုတ်စီအား “ဝဂ္ဂ”ခေါ် အခန်း တစ်ခန်းစီ ခွဲ၍ ထားသည်။ မဇ္ဈိမနိကာယ် တစ်ခုလုံးအနေဖြင့် ဘာဏဝါရ ၈၀ ရှိ၍ ဒီဃနိကာယ်ထက် ပို၍ အရွယ်ပမာဏကြီးမားသည်။
သံယုတ္တနိကာယ (Collection of Connected Discourses)
သံယုတ္တနိကာယ်တွင် အတွဲ ၅-တွဲ (တနည်း ကျမ်း ၅ကျမ်း) ရှိသည်။
- သဂါထာဝဂ္ဂသံယုတ်ကျမ်း
- နိဒါနဝဂ္ဂသံယုတ်ကျမ်း
- ခန္ဓဝဂ္ဂသံယုတ်ကျမ်း
- သဠယတနဝဂ္ဂသံယုတ်ကျမ်း
- မဟာဝဂ္ဂသံယုတ်ကျမ်း
သံယုတ္တနိကာယ်တွင် သုတ်အရေအတွက်အားဖြင့် ၇၇၆၂-သုတ် ပါဝင်၍ ဘာဏဝါရအားဖြင့် ၁၀၀ ရှိသည်။ (ဘိက္ခုဗောဓိအလိုအရ သုတ်ပေါင်း ၂၉၀၄-သုတ်သာတွေ့ရသည်ဟု ဆို၏။ ရေတွက်ပုံကွဲလွဲ၍ ဖြစ်ပေမည်။) ကျမ်းတစ်ကျမ်းစီအား အကြောင်းအရာ တူရာတူရာအလိုက် သံယုတ္တခေါ် အခန်းများထပ်မံခွဲထားရာ ကျမ်း ၅-ကျမ်းတွင် စုစုပေါင်း သံယုတ် ၅၆-ခန်းပါဝင်သည်။ တစ်ဖန် ထိုသံယုတ်တို့ကိုလည်း သုတ် ၁၀-သုတ်ခန့်လျှင် ဝဂ္ဂ တစ်ခုစု၍ ထပ်မံခွဲထားပြန်သည်။
“သံယုတ္တ” ဟူသည် “အတူတကွယှဉ်တွဲပေါင်းစပ်ထားခြင်း”ဟု အဓိပ္ပါယ်ရသည်။ သံယုတ္တနိကာယသည် အကြောင်းအရာ တူညီသော သုတ္တန်များအား စုပေါင်းထားသော နိကာယ်ဖြစ်သည်။ ဥပမာအားဖြင့် သံယုတ္တနိကာယ်၏ ပထမတွဲ (သဂါထာဝဂ္ဂသံယုတ်ကျမ်း)သည် ဂါထာဖြင့် ဟောကြားထားသည့် တရားတော်များအား စုစည်းထားသည်။ ဤကျမ်းအားလည်း ကောသလမင်းကြီးနှင့် ပတ်သက်သက်၍ ဟောကြားထားသော တရားတော်များအား ကောသလသံယုတ္တ၊ မာရ်နတ်နှင့် ပတ်သက်၍ ဟောကြာထားသော တရားတော်များအား မာရသံယုတ္တစသဖြင့် ထပ်မံ၍ ပိုင်းခြား စုစည်းထားသည်။
နိဒါနဝဂ္ဂသံယုတ်ကျမ်းသည် အကြောင်း(နိဒါန)နှင့် အကျိုးဆက်စပ်ပုံ ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် စပ်လျဉ်း၍ ဟောကြားထားသော တရားတော်များဖြစ်၍၊ ခန္ဓဝဂ္ဂသံယုတ်ကျမ်းသည် ခန္ဓာငါးပါးနှင့် ပတ်သက်၍ ဟောကြားထားသော တရားတော်များဖြစ်သည်။ သဠယတနဝဂ္ဂသံယုတ်ကျမ်းတွင် အာရုံသိမှုအတွေ့အကြုံ (experience)၏ အခြေခံဖြစ်သော ဗာဟိရာယတန (external bases) ခေါ် အာရုံခြောက်ပါးနှင့် အဇ္ဈတ္တိကာယတန (internal bases) ခေါ် ဒွါရခြောက်ပါးတို့နှင့် စပ်လျဉ်းသော တရားများဖြစ်သည်။
မဟာဝဂ္ဂသံယုတ်ကျမ်းတွင် သုတ်အရေတွက်အားဖြင့်ဖြစ်စေ၊ ပမာဏအားဖြင့်ဖြစ်စေ အကြီးဆုံးဖြစ်သောကြောင့် “မဟာဝဂ္ဂ”ဟု အမည်ရသည်။ မဂ္ဂင် ၈ပါး၊ ဗောဇ္ဈင် ရပါး၊ သတိပဋ္ဌာန် ၄ပါး၊ ဣန္ဒြေ ၅ပါး၊ သမ္ပပ္ပဓာန် ၄ပါး၊ ဗိုလ် ၅ပါးနှင့် ဣဒ္ဓိပါဒ် ၄ပါး ဟူသော ဗောဓိပက္ခိယ ၃ရပါးနှင့် ပတ်သက်သော တရားတော်များ၊ ဈာန်, သစ္စာလေးပါး, အာနာပါန, သောတာပတ္တိမဂ်နှင့် စပ်လျဉ်းသော တရားတော်များ ပါဝင်သည်။
ထို့ကြောင့် ပထမ လေးကျမ်းသည် ခန္ဓာ၊ အာယတန၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်တရားတို့ကို နားလည် သဘောပေါက်စေ၍ အယူမှားဒိဋ္ဌိတို့ ကင်းစင်စေရန် ရည်ရွယ်ပြီး၊ နောက်ဆုံး မဟာဝဂ္ဂသံယုတ်ကျမ်းသည် ဗောဓိဉာဏ်အတွက် ကျင့်ကြံအားထုတ်မှု ဘာဝနာရှုမှတ်ရန် လမ်းညွှန် တရားဒေသနာတော်များဖြစ်သည်ဟု ဆိုနိုင်သည်။
အင်္ဂုတ္တရနိကာယ (Collections of Numerical Discourses)
ဗုဒ္ဓလက်ထက် အိန္ဒိယနိုင်ငံ စာပေသင်ကြားပို့ချသော နည်းစနစ်သည် နှုတ်တိုက်သင်ယူပို့ချသော နည်းစနစ်ဖြစ်သည်။ ထို့ကြောင့် ကျက်မှတ်ရလွယ်ကူစေရန် အချက်အလက် တစ်ခုရှိသောတရားများ၊ အချက်အလက် နှစ်ခုရှိသော တရားများ စသဖြင့် အင်္ဂါ (အချက်အလက်) အရေအတွက်ကို မူတည်၍ သင်ယူပို့ချလေ့ရှိသည်။ အင်္ဂုတ္တရနိကာယ်သည် ဤသို့ အင်္ဂါအချက်လက်အရေအတွက် ပေါ်မူတည်၍ စုစည်းထာသော နိကာယ်ဖြစ်သည်။
နိပါတ (နိပါတ်) ခေါ် အခန်း ၁၁-ခန်းဖြင့် ဖွဲ့စည်းထားသည်။ ပထမအခန်း ဧကကနိပါတတွင် အင်္ဂါတစ်ပါးရှိသော သုတ်များ၊ ဒုတိယအခန်း ဒုကနိပါတ်တွင် အင်္ဂါနှစ်ပါးရှိသော သုတ်မျာ၊ တိကနိပါတ်တွင် အင်္ဂါသုံးပါးရှိသော သုတ်များ စသဖြင့် အခန်း ၁၁-ခန်းရှိသည်။ အင်္ဂုတ္တရနိကာယ်သည် ဘာဏဝါရအားဖြင့် ၁၂၀ ဘာဏဝါရရှိ၍ သုတ် အရေတွက်အားဖြင့် ၉၅၅၇-သုတ်ရှိသည်ဟု အဋ္ဌကထာများကဆိုသည်။ (ဘိက္ခုဗောဓိအလိုအရ သုတ်ပေါင်း ၂၃၄၄-သုတ်သာတွေ့ရသည်ဟု ဆို၏။ ရေတွက်ပုံကွဲလွဲ၍ ဖြစ်ပေမည်။) နိပါတ်တစ်ခုစီအား ဝဂ္ဂ ခေါ် အစုများထပ်မံ ခွဲခြားထားရာ စုစုပေါင်း ဝဂ် ၁၆၀ ပါဝင်သည်။ ဝဂ်တစ်ခုစီတွင် အကြမ်းအားဖြင့် သုတ် ၁၀-သုတ်မျှ ပါဝင်သည်။ သို့သော်လည်း အချို့ဝဂ်များတွင် ၇-သုတ်သာပါသည်ရှိသလို၊ အချို့တွင် ၂၆၂-သုတ်ထိပါဝင်သည်ကို တွေ့ရသည်။
အကြောင်းအရာအားဖြင့်လည်း မဂ်ဖိုလ်နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ထို့ကြောင့် ဤနိကာယ်သည် ဗုဒ္ဓဘာသာ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။
ခုဒ္ဒကနိကာယ (Collections of Minor Texts)
ပထမ သံဂါယနာတင်ရာတွင် အရှင်ဥပါလိမထေရ်က ဝိနည်းဒေသနာတော်အား ဖြေဆို၍ စုပေါင်း ရွတ်ဆိုတော်မူခဲ့၏။ ထို့နောက် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်နှင့် အင်္ဂုတ္တရနိကာယ်တို့ကို ရှင်အာနန္ဒာမထေရ်က ဖြေဆို၍ သံဂါယနာတင်ခဲ့သည်။ ဤသို့ သုတ္တန်ဒေသနာ၏ နိကာယ်ကြီးလေးရပ်အားတင်ပြီးနောက် အဘိဓမ္မာဒေသနာတော်ကို ဆက်လက် တင်တော်မူကြသည်။ ထို့နောက်မှ ကြွင်းသောသုတ္တန်ဒေသနာ အတိုအထွာတို့အား ခုဒ္ဒကနိကာယ်အဖြစ် သံဂါယနာ တင်တော်မူခဲ့ကြသည်။ အချို့သောကျမ်းများ (ဥပမာ မိလိန္ဒပဉှာ)သည် ပထမသံဂါယနာတင်စဉ်တွင် မပါဝင်ပဲ နောက်မှ ထည့်သွင်းထားသော ကျမ်းများဖြစ်၍ အချို့က သံဂါယနာတင်ကျမ်းအဖြစ် အသိမှတ်မပြုကြပေ။ ခုဒ္ဒကနိကာယ်တွင်ပါဝင်သော သုတ္တန်ကျမ်း အရေအတွက်သည် မြန်မာနိုင်ငံမူအရ ၁၈-ကျမ်း၊ သီရိလင်္ကာမူအရ ၁၇-ကျမ်း၊ ထိုင်းနိုင်ငံမူ ၁၅-ကျမ်းပါဝင်သည်။ မြန်မာနိုင်ငံမူအရ ဤသုတ္တန်ကျမ်း ၁၈-ကျမ်းကိုသာမက၊ ဝိနည်းနှင့် အဘိဓမ္မာ ဒေသနာတို့ကိုလည်း ခုဒ္ဒနိကာယ်တွင် ထည့်သွင်း ဖော်ပြလေ့ရှိသည်။
- ခုဒ္ဒကပါဌ (ခုဒ္ဒကပါဌ်)
- ဓမ္မပဒ
- ဥဒါန (ဥဒါန်း)
- ဣတ္တိဝုတ္တက (ဣတ္တိဝုတ်)
- သုတ္တနိပါတ (သုတ္တနိပါတ်)
- ဝိမာနဝတ္ထု
- ပေတဝတ္ထု
- ထေရဂါထာ
- ထေရီဂါထာ
- အပဒါန (အပါဒါန်)
- ဗုဒ္ဓဝံသ (ဗုဒ္ဓဝင်)
- စရိယာပိဋက
- ဇာတက (ဇာတ်)
- နိဒ္ဒေသ (မဟာနိဒ္ဒေသ နှင့် စူဠနိဒ္ဒေသ)
- ပဋိသမ္ဘိဒါမဂ္ဂ (ပဋိသမ္ဘိဒါမဂ်)
- မိလိန္ဒပဉှာ
- နေတ္တိ
- ပေဋကောပဒေသ
နေတ္တိကျမ်းနှင့် ပေဋကောပဒေသကျမ်းတို့ကို ထိုင်းနိုင်ငံမူတွင် သံဂါယနာတင်ကျမ်းအဖြစ် အသိမှတ်မပြု။ မိလိန္ဒပဉှာကို ထိုင်းနိုင်ငံရော, သီရိလင်္ကာနိုင်ငံကပါ သံဂါယနာတင်ကျမ်းအဖြစ်အသိမှတ်မပြုပေ။
ခုဒ္ဒကပါဌ်သည် ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံဖတ်စာဟု ခေါ်ဆိုနိုင်သည်။ သရဏဂုံဆောက်တည်ခြင်း၊ ဆယ်ပါးသီလခံယူခြင်း၊ ၃၂-ကောဋ္ဌာသဆင်ခြင်ခြင်း၊ သာမဏေငယ်လေးများအတွက် အမေးအဖြေတို့ ပါဝင်သည်။ ပရိတ်ကြီး ၁၁-သုတ်အနက်မှ မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တာသုတ်တို့သည်လည်း ဤခုဒ္ဒကပါဌပါဠိတော်တွင် ပါဝင်သည်။
ထေရဂါထာ, ထေရီဂါထာနှင့် ဓမ္မပဒတို့သည် ဂါထာသက်သက်ဖြစ်၍၊ သုတ္တနိပါတ်, ဥဒါန်းနှင့် ဣတ္တိဝုတ်တို့သည် စကားပြေအနည်းငယ်ရောထားသော ဂါထာများဖြစ်၍ ဂါထာပေါင်းချုပ်ကျမ်းများ ဟုဆိုနိုင်သည်။ ထေရဂါထာနှင့် ထေရီဂါထာသည် ရဟန္တာအရှင်များ၊ အရှင်မများ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်သော ဂါထာများ၊ အမေးအဖြေများ၊ ပရိနိဗ္ဗာန်ပြုခါနီး သံဝေဂရဖွယ် မြွက်ကြားသော ဂါထာများဖြစ်သည်။
သုတ္တနိပါတ်ပါဠိတော်၌ ပစ္စေကဗုဒ္ဓတို့ကဲ့သို့ တစ်ပါးတည်း ဧကစာရီကျင့်သုံးသော ရသေ့ရဟန်းတို့၏ ခဂ္ဂဝိသာဏသုတ် (ကြံချိုပမာကျင့်ဖွယ်တရား)၊ မုနိသုတ်တို့ပါဝင်သည်။ နိဒ္ဒေသပါဠိတော်သည် သုတ္တနိပါတ်လာ အဋ္ဌကဝဂ်၊ ပါရာယနဝဂ်နှင့် ခဂ္ဂဝိသာဏသုတ်တို့၏ အဖွင့်ကျမ်းဖြစ်သည်။
ဝိမာနဝတ္ထု (ဝိမာန= ဗိမာန်) သည် မည်သည့်အကြောင်းကြောင့် နတ်စည်းစိမ်ခံစားရပုံ ဝတ္ထုသာဓကများဖြစ်၍၊ ပေတဝတ္ထုသည် မည်သို့ ပြိတ္တာဘဝရောက်ရပုံ၊ မည်သို့ကျွတ်လွတ်ပုံ ဝတ္ထုသာဓကများဖြစ်သည်။
ဗုဒ္ဓဝင်သည် သုမေဓာရှင်ရသေ့ ဒီပင်္ကရာ မြတ်စွာဘုရားလက်ထက် ဗျာဓိတ်ခံပုံ၊ ပါရမီဖြည့်ပုံနှင့် ဒီပင်္ကရာ မြတ်စွာဘုရားမှသည် ဂေါတမမြတ်စွာဘုရားတိုင် ၂၅-ဆူသော မြတ်စွာဘုရားတို့၏ အတ္ထုပ္ပတ္တိ အကျဉ်းဖြစ်သည်။ စရိယာပိဋကကျမ်းသည် မြတ်စွာဘုရားအလောင်းတော်ဘဝက ပါရမီဖြည့်ကျင့်တော်မူခဲ့ပုံ ပုံဝတ္ထု ၃၅-ပုဒ်အား ပါရမီ ၁၀-ပါး အစီအစဉ်ဖြင့် ဖော်ပြထားသည်။ အပါဒါန်ပါဠိတော်သည်လည်း ဘုရား၊ ပစ္စေကဗုဒ္ဓနှင့် ရဟန္တာ အရှင် အရှင်မတို့၏ အတ္ထုပ္ပတ္တိကျမ်း ဖြစ်သည်။
ဇာတကကျမ်းအား ၅၅၀-နိပါတ်တော်ဟူသော အမည်ဖြင့် အသိများသည်။ မြတ်စွာဘုရားလက်ထက်တွင် ဖြစ်ပျက်သော အကြောင်းအရာတို့ ဆက်နွယ်၍ အတိတ်ကိုဆောင်ကာ ရှေးက ဤသို့ဖြစ်ခဲ့ဖူးသည်ဟု ဟောကြားထားသော ဇာတ်တော်များ ဖြစ်သည်။ ဇာတ်တော်ပုံပြင် ၅၄၇-ပုဒ်သာ ရှိသော်လည်း အခေါ်လွယ်စေရန် ငါးရာငါးဆယ်ဇာတ်ဟုသာ ခေါ်တွင်ခြင်းဖြစ်သည်။
ပဋိသမ္ဘိဒါမဂ်သည် ဓမ္မဒေသနာတို့အား အဘိဓမ္မာဆန်ဆန် အသေးစိတ် ခွဲခြားဝေဖန် ဟောကြားထားသော ကျမ်းဖြစ်သည်။ သုတမယဉာဏ်, သီလမယဉာဏ်မှ အစချီကာ သဗ္ဗညုတဉာဏ်, အနာဝရဏဉာဏ်တိုင် ၇၃-မျိုးသော ဉာဏ်များအား ဉာဏကထာခန်းတွင် ပိုင်းခြားပြသည်။ သစ္စာအနက် ၁၆-ချက်၊ ၅၂၈-သွယ် မေတ္တာပွားနည်းတို့သည် ပဋိသမ္ဘိဒါမဂ် ပါဠိတော်လာ ဒေသနာများဖြစ်သည်။
ပေဋကောပဒေသ (ပိဋကတ်လမ်းညွှန်ကျမ်း) နှင့် နေတ္တိ (လမ်းညွှန်ကျမ်း)တို့သည် ပိဋကတ်သုံးပုံအား စနစ်တကျ ခြုံငုံလေ့လာသော လမ်းညွှန်ကျမ်းဖြစ်၍ ပိဋကတ်တော်တို့၏ အဖွင့် အဋ္ဌကထာ၊ ဋီကာ၊ ဒီပနီကျမ်းပြုဆရာတို့၏ လက်စွဲကျမ်း တစ်စောင်ဖြစ်သည်။
မိလိန္ဒပဉှာကျမ်းသည် ဂရိနွယ်ဖွား တစ်ဦးဖြစ်သော သာဂလပြည်ဘုရင် မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေန (အရှင်နာဂသိန်)တို့ တရားဓမ္မနှင့်စပ်၍ စကားစစ်ထိုးသော ကျမ်းဖြစ်သည်။
နိကာယ် ၅-ရပ်တို့၏ ရည်ရွယ်ချက်
(၁) မျက်မှောက် အကျိုးစီးပွား (ဒိဋ္ဌဓမ္မ ဟိတသုခ)
(၂) တမလွန် အကျိုးစီးပွား (သမ္ပရာယိက ဟိတသုခ)
(၃) ဝိမုတ္တိသုခ ဟူသော အကျိုးသုံးပါးဖြစ်သည်။
ထိုရည်ရွယ်ချက်တို့အား ပို့ဆောင်ရန် တရားဒေသနာတို့ကို တစ်ဆင့်ပြီး တစ်ဆင့်လွယ်ရာမှ ခက်ရာသို့ အစဉ်အတိုင်း ဟောကြားထား၏။ ဤသို့ဟောကြားခြင်းအား အနုပုဗ္ဗိကထာ (အစဉ်အတိုင်းသော စကား) ဟု ခေါ်သည်။ ဒါန, သီလမှ အစပြု၍ ကာမဂုဏ်တို့၏ အပြစ်၊ ကာမဂုဏ်တို့မှ လွတ်မြောက်ခြင်းအကျိုးတို့ကို ဟောကြားကာ နောက်ဆုံးတွင် သစ္စာလေးပါးတရားအား ဟောကြားသော အစီအစဉ် ဖြစ်သည်။ ဟောစဉ်အရ ဤသို့ အနုပုဗ္ဗိကထာဖြင့် ဟောကြားသကဲ့သို့ ကျင့်စဉ်အရလည်း သီလ, ဣန္ဒြေတို့ကို လုံခြုံအောင် စောင့်ထိန်းခြင်း, ရောင့်ရဲခြင်း, သမာဓိထူထောင်ခြင်း စသော အနုပုဗ္ဗသိက္ခာ, အနုပုဗ္ဗကိရိယာ, အနုပုဗ္ဗပဋိပဒါ ခေါ် လုပ်ငန်းစဉ်, ကျင့်စဉ်များကို ဟောကြားထားသည်။ ထိုဟောစဉ်များအားဖြစ်စေ, ကျင့်စဉ်များအားဖြစ်စေ အကျဉ်းခြုံးလိုက်ပါက သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးပါး၊ အုပ်စုသုံးစုရသည်။ နိကာယ် ၅-ရပ်တို့၏ အနှစ်သည် သီလ, သမာဓိ, ပညာဟူသော ဒေသနာစဉ်သုံးပါး၊ ကျင့်စဉ်သုံးပါးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ရှင်မဟာဗုဒ္ဓဃောသ ပြုစုခဲ့သော ‘ဝိသုဒ္ဓိမဂ္ဂ’ အဋ္ဌကထာသည် ဤ သီလ, သမာဓိ, ပညာသုံးပါးအား အကျယ်ပြန်လည်ဖွင့်ဆိုထားသော နိကာယ် ၅-ရပ်တို့၏ အဖွင့်ကျမ်းတစ်ဆူ ဖြစ်သည်။
- နိကာယ် ၅-ရပ်၏ အစိတ်အပိုင်းများကို ပေါင်းစပ်၍ ခြုံငုံကြည့်ပါက တရားဦး ဓမ္မစကြာဒေသနာတွင် ဟောကြားခဲ့သော သစ္စာလေးပါးတရားကို တွေ့ရပါမည်။ နိကာယ် ၅-ရပ်၏ နောက်ဆုံးပန်းတိုင်သည် ဝိမုတ္တိရသခေါ် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းသည့် နိဗ္ဗာန်ချမ်းသာဖြစ်သည်။ နိကာယ် ၅-ရပ်အား အကျဉ်းခြုံးလိုက်ပါက အရိယသစ္စာ (မြတ်သော အမှန်တရား) လေးပါးကို ရသည်။
နိကာယ် ၅-ရပ် ဒေသနာတော်များကို ဖတ်ရှုလိုပါက
- ပါဠိတော်များနှင့် ပါဠိတော်မြန်မာပြန်ကျမ်းအစုံကို ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာနတွင် ဝယ်ယူနိုင်သည်။
- ဆရာကြီးဦးဂိုအင်ကာ ဦးစီးသော ဝိပဿနာသုတေသနအသင်း (Vipassanā Research Institute) မှထုတ်သော ဆဋ္ဌသံဂါယနာမူ စီဒီခွေကို အောက်ပါ link တွင် မှာယူနိုင်ပါသည်။
http://www.vri.dhamma.org/publications/cdorder.html
- ပိဋကတ်သုံးပုံ မြန်မာပြန် အစုံအား အောက်ပါ link တွင် download လုပ်ယူနိုင်သည်။
http://www.mediafire.com/?qjcxnohtgmh
- အကယ်၍ အကျဉ်းချုပ်ကို ဖတ်ရှုလိုပါက ဓမ္မာစရိယဦးမောင်မောင်လေး၏ ပိဋကတ်အနှစ်ချုပ် စာအုပ်များတွင် ဖတ်ရှုနိုင်ပါသည်။
စာညွှန်း
- ပါဠိတော်မြန်မာပြန်ကျမ်းများ (ကျမ်းဦးမှတ်ဖွယ်များ)
- U Ko Lay – The compedium of Buddhism: Guide to Tipiṭaka.
- A.K. Warder- Indian Buddhism.
- ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် ဒီဃနိကာယ်
- ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် မဇ္ဈိမနိကာယ်
- ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် သံယုတ္တနိကာယ်
- ဓမ္မာစရိယဦးမောင်မောင်လေး – ပိဋကအနှစ်ချုပ် အင်္ဂုတ္တရနိကာယ်
- Bhikkhu Bodhi – In the Buddha’s Words: Anthology of Discourses from the Pāḷi Canon.
- Maurice Walshe – The Long Discourses of The Buddha: A Translation of Dīgha Nikāya.
- Bhikkhu Ñānamoḷi and Bhikkhu Bodhi – The Middle Length Discourses of the Buddha: A Translation of the Majjhima Nikāya.
- Bhikkhu Bodhi – The Connected Discourses of the Buddha: A Translation of Saṃyutta Nikāya.
- Bhikkhu Bodhi – Numerical Discourses of the Buddha: An Anthology of Suttas from Aṅguttara Nikāya.