သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
Created by translating the page "HPV vaccines"
(ကွဲပြားမှု မရှိ)

၀၈:၁၇၊ ၈ ဖေဖော်ဝါရီ ၂၀၁၆ ရက်နေ့က မူ

သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးသည် လူကိုရောဂါဖြစ်စေသော ပက်ပါလိုမားဗိုင်းရပ်စ်ပိုး (HPV Human papilloma virus)၏ အချို့အမျိုးအစားများကို ကာကွယ်ပေးသော ကာကွယ်ဆေးဖြစ်သည်။[၁] HPV ဗိုင်းရပ်စ်ပိုးအမျိုးအစားပေါင်း ၂မျိုး၊ ၄မျိုးနှင့် ၉မျိုးကို ကာကွယ်ပေးသော ကာကွယ်ဆေးများရှိသည်။[၁][၂] HPV ၁၆နှင့် ၁၈ ဗိုင်းရပ်စ်ပိုးများသည် ဖြစ်နိုင်ခြေအများဆုံးရှိသောကြောင့် ကာကွယ်ဆေးအားလုံးသည် ဤနှစ်မျိုးကို ကာကွယ်ပေးနိုင်လေ့ရှိသည်။ ဤကာကွယ်ဆေးများသည် သားအိမ်ခေါင်းကင်ဆာရောဂါကို (၇၀)ရာခိုင်နှုန်းခန့်၊ စအိုကင်ဆာကို (၈၀)ရာခိုင်နှုန်းခန့်၊ သားအိမ်လမ်းကြောင်းကင်ဆာကို (၆၀)ရာခိုင်နှုန်းခန့်၊ မိန်းမကိုယ်ကင်ဆာကို (၄၀)ရာခိုင်နှုန်းခန့်နှင့် အချို့ပါးစပ်ကင်ဆာများကိုပါ ကာကွယ်နိုင်သည်။[၃][၄][၅] ဗိုင်းရပ်စ်ပိုးအမျိုးအစားပေါင်း ၄မျိုးနှင့် ၉မျိုးကို ကာကွယ်ပေးသော ကာကွယ်ဆေးများသည် လိင်အင်္ဂါတွင်ဖြစ်သော ကြွက်နို့(genital warts)ဖြစ်ပွားမှုကိုပါ ကာကွယ်ပေးနိုင်သည်။[၁]

အကုန်အကျခံနိုင်သောနိုင်ငံများတွင် ဤကာကွယ်ဆေးကို ပုံမှန်ထိုးသင့်သော ကာကွယ်ဆေးအဖြစ် သတ်မှတ်ထားပြီး အခြားကာကွယ်ရေးနည်းလမ်းများနှင့်ပါတွဲ၍ ဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည်။ ကာကွယ်ဆေးထိုးခံရသောလူ၏ အသက်ပေါ်မူတည်၍ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထိုးရန်လိုအပ်သည်။ ပုံမှန်အားဖြင့် မိန်းကလေးများအသက် (၉)နှစ်မှ (၁၃)နှစ်အတွင်း ထိုးသင့်သည်။ ဤကာကွယ်ဆေးထိုးပြီးလျှင် အနည်းဆုံးနောက်(၈)နှစ်အထိ ကာကွယ်မှုပေးနိုင်သည်။ ကာကွယ်ဆေးထိုးပြီးသော်လည်း သားအိမ်ခေါင်းကင်ဆာရောဂါအတွက် စမ်းသပ်စစ်ဆေးမှုများ ပုံမှန်ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည်။.[၁] လူထုတစ်ရပ်အတွင်းရှိ လူအများစုကို ဤကာကွယ်ဆေးပေးပါက ဆေးမထိုးရသေးသူများပါ အကျိုးရှိနိုင်သည်။[၆] သို့သော်လည်း ရောဂါကူးစက်ခံရပြီးသောလူများတွင် ဤကာကွယ်ဆေးမှာ အကျိုးသက်ရောက်မှုမရှိတော့ပါ။

သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးသည် အလွန်စိတ်ချရသောဆေးဖြစ်ပြီး (၈၀)ရာခိုင်နှုန်းခန့်၌ ဆေးထိုးသည့်နေရာတွင် နာကျဉ်ခြင်းဖြစ်တတ်သည်။ ဆေးထိုးသည့်နေရာတွင် နီရဲခြင်း၊ ရောင်ရမ်းခြင်းနှင့် ကိုယ်ပူခြင်းတို့လည်း ဖြစ်တတ်သည်။ ဤကာကွယ်ဆေးကြောင့် ဂီလန်ဘာရေး ရောဂါလက္ခဏာစု(Guillain-Barre syndrome) ဖြစ်နိုင်ကြောင်း သက်ဆိုင်မှုမတွေ့ရပါ။[၁]

ပထမဆုံး သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို (၂၀ဝ၆) ခုနှစ်တွင် စတင်ရရှိခဲ့သည်။ (၂၀၁၄)ခုနှစ်တွင် နိုင်ငံပေါင်း(၅၈)နိုင်ငံတွင် ဤကာကွယ်ဆေးကို မိန်းကလေးများအတွက် ပုံမှန်ထိုးသင့်သော ကာကွယ်ဆေးအဖြစ်သတ်မှတ်ပြီးဖြစ်သည်။[၁] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၇] (၂၀၁၄)ခုနှစ် လက်ကားဈေးမှာ (၄၇)ဒေါ်လာခန့်ဖြစ်သည်။[၈] အမေရိကန်နိုင်ငံတွင် ဒေါ်လာ(၂၀ဝ)နှင့်အထက်ပေးရသည်။[၉] ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဤကာကွယ်ဆေးသည် ကုန်ကျစရိတ်နှင့် အကျိုးသက်ရောက်မှု မျှတမှုရှိနိုင်သည်။[၁၀]

References

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ "Human papillomavirus vaccines: WHO position paper, October 2014."
  2. Kash, N; Lee, MA; Kollipara, R; Downing, C; Guidry, J; Tyring, SK (3 April 2015).
  3. De Vuyst, H; Clifford, GM; Nascimento, MC; Madeleine, MM; Franceschi, S (1 April 2009).
  4. Takes, RP; Wierzbicka, M; D'Souza, G; Jackowska, J; Silver, CE; Rodrigo, JP; Dikkers, FG; Olsen, KD; Rinaldo, A; Brakenhoff, RH; Ferlito, A (December 2015).
  5. Thaxton, L; Waxman, AG (May 2015).
  6. Saville, AM (30 November 2015).
  7. "19th WHO Model List of Essential Medicines (April 2015)" (PDF).
  8. "Vaccine, Hpv".
  9. Hamilton, Richart (2015).
  10. Fesenfeld, M; Hutubessy, R; Jit, M (20 August 2013).