ဆုံဆို့ရောဂါကာကွယ်ဆေး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး added Category:ကာကွယ်ဆေးများ using HotCat
အရေးမကြီး Yinmyo moved page ဆုံဆို့ကာကွယ်ဆေး to ဆုံဆို့ရောဂါ ကာကွယ်ဆေး: to make the title more complete
(ကွဲပြားမှု မရှိ)

၀၆:၄၄၊ ၃ ဖေဖော်ဝါရီ ၂၀၁၆ ရက်နေ့က မူ

ဆုံဆို့ကာကွယ်ဆေး (အင်္ဂလိပ်: Diphtheria vaccine) သည် ဆုံဆို့ရောဂါဖြစ်ပွားစေသော ကော်လီနီဘက်တီးရီးယမ်း ဒစ်ဖ်သီးရီးရေး Corynebacterium diphtheriae (English) ဟုခေါ်သော ဘက်တီးရီးယားကို ကာကွယ်ပေးသည့် ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] (၁၉၈၀)မှ (၂၀ဝ၀)ခုနှစ်အတွင်း ဤကာကွယ်ဆေးကို အသုံးပြုခဲ့ခြင်းဖြင့် ကမ္ဘာတလွှမ်းတွင် ဆုံဆို့ရောဂါဖြစ်ပွားသူများ (၉၀)ရာခိုင်နှုန်းအထက် ကျဆင်းခဲ့သည်။[၂] ဤကာကွယ်ဆေးကို ကနဦးအနေဖြင့် (၃)ကြိမ်ထိုးရန် အကြံပြုထားပြီး (၃)ကြိမ်ထိုးပြီးလျှင် (၉၅)ရာခိုင်နှုန်းခန့်ကို (၁၀)နှစ်ကြာ ကာကွယ်နိုင်သည်။[၂] ထို့ကြောင့် နောက်(၁၀)နှစ်ခန့်ကြာလျှင် အပိုဆောင်းတစ်ကြိမ်ထပ်ထိုးရန် လိုအပ်သည်။[၂] ကလေးအသက်(၆)ပတ်ခန့်တွင် ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးရန်လိုအပ်ပြီး ဒုတိယနှင့် တတိယအကြိမ်ကို နောက်ထပ်(၄)ပတ်စီခြား၍ ထိုးရသည်။[၂]

ဆုံဆို့ကာကွယ်ဆေးသည် အလွန်စိတ်ချရသော ကာကွယ်ဆေးဖြစ်သည်။[၂] သိသာထင်ရှားစွာဖြစ်သော ဘေးထွက်ဆိုးကျိုးများဖြစ်လေ့မရှိပါ။[၂] ဆေးထိုးသောနေရာတွင် နာကျဉ်ခြင်းဖြစ်တတ်သည်။[၂] ဆေးထိုးသည့်နေရာတွင် အဖုလေးဖြစ်တတ်သော်လည်း ရက်သတ္တပတ်အနည်းငယ်အကြာတွင် ပျောက်သွားတတ်သည်။ [၃] ဤကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်နေသူများနှင့် ကိုယ်ခံအားကျဆင်းနေသူများတွင်ပါ စိတ်ချစွာ အသုံးပြုနိုင်သည်။[၃]

ဆုံဆို့ရောဂါကာကွယ်ရန်အတွက် ရောစပ်ထားသောကာကွယ်ဆေးမျိုးစုံရှိသည်။[၄] ၎င်းတို့မှာ မေးခိုင်ကာကွယ်ဆေးနှင့် ရောစပ်ထားသော နှစ်မျိုးစပ်ကာကွယ်ဆေး (dT or DT)နှင့် မေးခိုင်၊ ကြက်ညှာကာကွယ်ဆေးများနှင့် ရောစပ်ထားသော သုံးမျိုးစပ်ကာကွယ်ဆေး (DPT) တို့ဖြစ်သည်။[၂] ဤကာကွယ်ဆေးကိုအသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၁၉၇၄)ခုနှစ်တွင် အကြံပြုခဲ့သည်။[၂] ကမ္ဘာတဝှမ်းတွင်ရှိ လူပေါင်း(၈၄)ရာခိုင်နှုန်းခန့်ကို ဤကာကွယ်ဆေးထိုးပြီးဖြစ်သည်။[၅] ဤကာကွယ်ဆေးကို ကြွက်သားအတွင်းသို့ ထိုးသွင်းရသည်။[၂] ဤကာကွယ်ဆေးကို အအေးခံ၍ သိမ်းဆည်းထားရသော်လည်း အရည်ခဲအောင် သိမ်းဆည်းရန်မလိုပါ။[၃]

ဆုံဆို့ကာကွယ်ဆေးကို (၁၉၂၃)ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။[၆] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၇] (၂၀၁၄)ခုနှစ်အရ နှစ်မျိုးစပ်ကာကွယ်ဆေး၏ လက်ကားဈေးနှုန်းမှာ (ဝ.၁၂-ဝ.၉၉) ဒေါ်လာဖြစ်သည်။[၈] အမေရိကန်နိုင်ငံတွင် (၂၅)ဒေါ်လာအောက်ခန့် ပေးရသည်။[၉]

ကိုးကား

  1. MedlinePlus Medical Encyclopedia: Diphtheria immunization (vaccine)။ March 2, 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-03-07 တွင် ပြန်စစ်ပြီး။
  2. ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ "Diphtheria vaccine" (Jan 20, 2006). Wkly Epidemiol Rec 81 (3): 24–32. PMID 16671240. 
  3. ၃.၀ ၃.၁ ၃.၂ Atkinson၊ William (May 2012)။ Diphtheria Epidemiology and Prevention of Vaccine-Preventable Diseases (12 ed.)။ Public Health Foundation။ pp. 215–230။ ISBN 9780983263135
  4. Diphtheria Vaccination။ Department of Health and Human Services။ 8 November 2011 တွင် ပြန်စစ်ပြီး။
  5. Diphtheria (3 September 2014)။ 27 March 2015 တွင် ပြန်စစ်ပြီး။
  6. Macera၊ Caroline (2012)။ Introduction to Epidemiology: Distribution and Determinants of Disease။ Nelson Education။ p. 251။ ISBN 9781285687148
  7. WHO Model List of EssentialMedicinesWorld Health Organization (October 2013)။ 22 April 2014 တွင် ပြန်စစ်ပြီး။
  8. Vaccine, Diphtheria-Tetanus။ 6 December 2015 တွင် ပြန်စစ်ပြီး။
  9. Hamilton၊ Richart (2015)။ Tarascon Pocket Pharmacopoeia 2015 Deluxe Lab-Coat Edition။ Jones & Bartlett Learning။ p. 313။ ISBN 9781284057560