မကွေးတိုင်းဒေသကြီး: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး →အခြားထင်ရှားသောမြို့နှင့် ရွာကြီးများ |
အရေးမကြီး →စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ |
||
စာကြောင်း ၁၇၁ - | စာကြောင်း ၁၇၁ - | ||
== စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ == |
== စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ == |
||
မကွေးတိုင်းဒေသကြီး အနောက်ခြမ်းဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် မြေပြန့်[[ချင်းလူမျိုး]]များ နေထိုင်ကြသောကြောင့် ချင်းတိုင်းရင်းသား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို တွေ့ရှိရပါသည်။ ထို့ပြင် ထီးလင်း၊ ဂန့်ဂါ၊ ဆော စသည့် မြို့ ၃ မြို့သည် ဗမာမျိုးနွယ်စုတွင်ပါဝင်သော [[ယောလူမျိုး]]များ နေထိုင်ရာ အရပ်ဖြစ်ပြီး [[ယောဒေသ]] ဟု ခေါ်တွင်သည်။ စံမြန်မာစကားနှင့် အသံထွက် အနည်းငယ်ကွဲလွဲသည်။ ထိုယောဒေသမှထွက်သော ယောလုံချည်ကို [[ကိုလိုနီခေတ်]]က မြန်မာလူမျိုးတို့၏ ရိုးရာဝတ်စုံအဖြစ် ဝတ်ဆင်ကြသည်။ |
|||
== ဒေသထွက်ကုန်များ == |
== ဒေသထွက်ကုန်များ == |
၀၉:၃၅၊ ၂၉ နိုဝင်ဘာ ၂၀၁၅ ရက်နေ့က မူ
မကွေးတိုင်း | |
မြို့တော် | မကွေးမြို့ |
ဧရိယာ | ၄၄,၈၁၉ km² |
လူဦးရေ | ၄,၄၆၄,၀၀၀ |
လူမျိုးများ | ဗမာ၊ ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင်။ တရုတ်၊ ကုလား |
ဘာသာတရားများ | ဗုဒ္ဓ၊ animism |
တည်နေရာနှင့် အကျယ်အဝန်း
မြန်မာနိုင်ငံအလယ်ပိုင်း ၊ မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၅၀ မိနစ် နှင့် ၂၂ ဒီဂရီ ၄၇ မိနစ်ကြား ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၇ မိနစ် နှင့် ၉၅ ဒီဂရီ ၅၅ မိနစ် ကြားတွင် တည်ရှိပြီး ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မကွေးတိုင်းသည် ၁၇,၃၀၅ စတုရန်းမိုင်ကျယ်ဝန်းသည်။
မြေမျက်နှာသွင်ပြင်နှင့်ရေဆင်း
ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းဒေသများသည် မြေပြန့်များဖြစ်ပြီး အနောက်ဘက်ခြမ်းဒေသများသည် ရခိုင်ရိုးမ၏ အရှေ့ဘက် ရေဝေကြောဖြစ်သည်။ မင်းဘူးသည် လွင်ပြင်ဒေသဖြစ်သည်။ ဧရာဝတီမြစ်သည် တိုင်း၏အလယ်ဗဟိုကိုဖြတ်၍ မြောက်မှတောင်သို့စီးဆင်းသည်။ ဧရာဝတီမြစ်သို့ အရှေ့ဘက်ခြမ်းမှ စီးဝင်သော ချောင်းကြီးများမှာ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းသေချောင်းတို့ဖြစ်ကြပြီး၊ အနောက်ဘက်မှ စီးဝင်ကြသော မြစ်ချောင်းများမှာ ချင်းတွင်းမြစ်၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်းတို့ဖြစ်ကြသည်။
ရာသီဥတု
မြန်မာပြည်အလယ်ပိုင်း ချိုင့်ဝှမ်းဒေသဖြစ်၍၊ မိုးအလွန်နည်းပြီး ပူပြင်းသောရာသီဥတုရှိသည်။
မြို့တော်
မကွေးတိုင်း၏ မြို့တော်မှာ မကွေးမြို့ဖြစ်သည်။
ခရိုင်ရုံးစိုက်ရာမြို့များ
မြို့နယ်ရုံးစိုက်ရာမြို့များ
မကွေးတိုင်းအတွင်းတွင် မြို့နယ်ရုံးစိုက်ရာမြို့ပေါင်း (၂၅) မြို့နယ်ရှိပါသည်။
မကွေးခရိုင် (၆) မြို့နယ်
- မကွေးမြို့နယ်
- နတ်မောက်မြို့နယ်
- မြို့သစ်မြို့နယ်
- ချောက်မြို့နယ်
- ရေနံချောင်းမြို့နယ်
- တောင်တွင်းကြီးမြို့နယ်
မင်းဘူးခရိုင် (၅) မြို့နယ်
ပခုက္ကူခရိုင် (၅) မြို့နယ်
ဂန့်ဂေါခရိုင် (၃) မြို့နယ်
သရက်ခရိုင် (၆) မြို့နယ်
- သရက်မြို့နယ်
- အောင်လံမြို့နယ်
- ဆင်ပေါင်ဝဲမြို့နယ်
- မင်းတုန်းမြို့နယ်
- မင်းလှမြို့နယ်(အထက်မင်းလှ)
- ကမ္မမြို့နယ်
အခြားထင်ရှားသောမြို့နှင့် ရွာကြီးများ
စိတ်ဝင်စားဖွယ်နေရာများ
- မြသလွန်စေတီ
- ရွှေစက်တော်ဘုရား
- ပုံတောင်၊ ပုံညာဒေသ (ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရေးလုပ်ငန်း)[၁]
- တန့်ကြည့်တောင်စေတီ
- မင်းဘူးနဂါးပွက်တောင်
- စန္ဒကူးကျောင်းတော်ရာဘုရား
- စလေရုပ်စုံကျောင်းတော်ကြီး
- ဗိဿနိုးမြို့ဟောင်း
- လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာဇာတိ နတ်မောက်မြို့
- ပခုက္ကူမြို့ မဟာဝိသုတာရာမစာသင်တိုက်ကြီး (မြန်မာတစ်ပြည်လုံးတွင် စာသင်သားသံဃာ အများဆုံးကျောင်းတိုက်)
- မင်းလှခံတပ်
- ဂွေးချောင်းခံတပ်
- ယောဒေသ
- စွန်တောင် (ချွန်းတောင်) (ရခိုင်ရိုးမတောင်တန်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ ၆၅၂၇ ပေရှိသည်။)
တက္ကသိုလ်၊ကောလိပ်များ
- မကွေးတက္ကသိုလ်
- မကွေးဆေးတက္ကသိုလ်
- မကွေးပြည်သူ့ကျန်းမာရေးတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(မကွေး)
- ကွန်ပျူတာတက္ကသိုလ်(မကွေး)
- မကွေးပညာရေးကောလိပ်
- ပခုက္ကူတက္ကသိုလ်
- ပခုက္ကူပညာရေးကောလိပ်
- နည်းပညာတက္ကသိုလ်(ပခုက္ကူ)
- ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)
- နည်းပညာကောလိပ်(ချောက်)
- နည်းပညာကောလိပ်(ရေနံချောင်း)
- ရေနံချောင်းဒီဂရီကောလိပ်
စက်မှုလုပ်ငန်းများ
- ချောက်ရေနံချက်စက်ရုံ
- မန်းသံပုရာကန်ရေနံချက်စက်ရုံ
- မန်းရေနံမြေသဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ
- ကျွန်းချောင်းဓာတ်မြေဩဇာစက်ရုံ
- စလေဓာတ်မြေဩဇာစက်ရုံ
- သရက်ဘိလပ်မြေစက်ရုံ
- ပခုက္ကူဗာဂျီးနီးယားဆေးပေါင်းစက်ရုံ
- ပွင့်ဖြူချည်မျှင်စက်ရုံ
- မကွေးဆပ်ပြာစက်ရုံ
ထင်ရှားသောတံတားကြီးများ
- အနော်ရထာတံတား (ချောက်-ဆိပ်ဖြူ)
- မကွေးတံတား (မကွေး-မင်းဘူး)
- ပခုက္ကူတံတား (ပခုက္ကူ-မြစ်ချေ) (စီမံကိန်း)
- မုန်းချောင်းတံတား (ပွင့်ဖြူ-ရှောက်တော)
- မန်းချောင်းတံတား (စကု)
- ယင်းချောင်းတံတား (မကွေး)
- ပင်းချောင်းတံတား (ရေနံချောင်း)
- စလင်းချောင်းတံတား (ဆင်ဖြူကျွန်း-နွယ်တမယ်)
စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
မကွေးတိုင်းဒေသကြီး အနောက်ခြမ်းဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် မြေပြန့်ချင်းလူမျိုးများ နေထိုင်ကြသောကြောင့် ချင်းတိုင်းရင်းသား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို တွေ့ရှိရပါသည်။ ထို့ပြင် ထီးလင်း၊ ဂန့်ဂါ၊ ဆော စသည့် မြို့ ၃ မြို့သည် ဗမာမျိုးနွယ်စုတွင်ပါဝင်သော ယောလူမျိုးများ နေထိုင်ရာ အရပ်ဖြစ်ပြီး ယောဒေသ ဟု ခေါ်တွင်သည်။ စံမြန်မာစကားနှင့် အသံထွက် အနည်းငယ်ကွဲလွဲသည်။ ထိုယောဒေသမှထွက်သော ယောလုံချည်ကို ကိုလိုနီခေတ်က မြန်မာလူမျိုးတို့၏ ရိုးရာဝတ်စုံအဖြစ် ဝတ်ဆင်ကြသည်။
ဒေသထွက်ကုန်များ
မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ဆန်စပါး၊ ပြောင်း၊ ကျွန်းသစ်၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်း၊ ပျဉ်းကတိုး၊ ဝါးအမျိုးမျိုး
တွင်းထွက်များ
မကွေးတိုင်း ရေနံချောင်းနှင့် ချောက်မြို့နယ်တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ထွက်ရှိသည်။
- ချောက်ရေနံမြေ
- ရေနံချောင်းရေနံမြေ
- ထောက်ရှာပင်ရေနံမြေ
- မင်းဘူးရေနံမြေ
- မန်းရေနံမြေ
ကိုးကား
- ↑ D.P.S. MYANMAR GUIDE MAP. 2000.
မှတ်ချက်။ ။အချက်အလက်များ နှင့် မူရင်းရေးသားသူ မှာ www.wikimyanmar.org မှ ကိုရွက်ဝါဖြစ်ပါသည်။