ပြည်ထောင်စု လွှတ်တော်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး →‎ကိုးကား
အရေးမကြီး →‎ကိုးကား
စာကြောင်း ၁၅ - စာကြောင်း ၁၅ -
== ကိုးကား ==
== ကိုးကား ==
{{reflist}}
{{reflist}}


{{မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး}}


[[Category:မြန်မာ့ သမိုင်း]]
[[Category:မြန်မာ့ သမိုင်း]]

၁၅:၂၀၊ ၇ နိုဝင်ဘာ ၂၀၁၅ ရက်နေ့က မူ

ပြည်ထောင်စု လွှတ်တော်သည် ၂၀၀၈ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်း ထူထောင်ထားသည့် ဥပဒေပြု ဌာနဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ရုံးအဆောက်အဦးမှာ မြို့တော် နေပြည်တော်တွင် တည်ရှိသည်။

ပြည်ထောင်စုလွှတ်တော်တွင် အောက်ပါ လွှတ်တော် ၂ ရပ် ပါဝင်သည်။

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် ပြည်ထောင်စုလွှတ်တော် ပထမဆုံးအကြိမ် အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူကျင်းပခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၏ အဓိကတာဝန်မှာ အမျိုးသားလွှတ်တော်ရှိ လူထုကိုယ်စားလှယ်များ (၁၆၈ ဦး) ၊ ပြည်သူ့လွှတ်တော်ရှိ လူထုကိုယ်စားလှယ်များ (၃၃၀ ဦး) နှင့် လွှတ်တော်နှစ်ရပ်မှ တပ်မတော်သား ကိုယ်စားလှယ်များ (၁၆၆ ဦး) သီးခြားစီ ပါဝင် ဖွဲ့စည်းထားသည့် သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့များမှ ရွေးချယ်ထားသော ဒုတိယသမ္မတ ၃ ဦးအနက် တစ်ဦးကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခွင့်ရှိသည်။

ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုပြီးနောက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။ ဒုတိယ သမ္မတများမှာ အမျိုးသား လွှတ်တော်မှ အမည်တင်သွင်းသည့် ရှမ်းလူမျိုး ဒေါက်တာ စိုင်းမောက်ခမ်းနှင့် စစ်တပ် ကိုယ်စားလည် အစုအဖွဲ့မှ အမည်တင်သွင်းသည့် ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်မြင့်ဦးတို့ ဖြစ်ကြသည်။ [၁]

ဖွဲ့စည်းပုံအရ လွှတ်တော် သက်တမ်း၏ ပထမ ၃၀ လ တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌမှာ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုနာယက လည်း ဖြစ်သည်။ ကျန်ရှိသက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ က နာယကနှင့် ဒုနာယကအဖြစ် တာဝန် ထမ်းဆောင်ရန် ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော် နာယက သည် နာယက တာဝန်ကို ထမ်းဆောင် နိုင်စွမ်းမရှိသည့်အခါ ဒုတိယနာယကသည် နာယကတာဝန်ကို ယာယီ ထမ်းဆောင်ရမည်။ [၂]

ကိုးကား

  1. Burma ex-Prime Minster Thein Sein named new president
  2. ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း။ ၂၀၀၈ စက်တင်ဘာ။ Cite has empty unknown parameter: |coauthors= (အကူအညီ); |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)