ဘိတ်ကလာတဲ့ငံပြာရည်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး removed ZWSP
အရေးမကြီးNo edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
မြန်မာ့ ရုပ်ရှင် ဒါရိုက်တာ ဘိတ်ကလာတဲ့ ငံပြာရည် (ဦးကျော်စိုး) ကို [[တနင်္သာရီတိုင်း]]၊ [[ မြိတ်မြို့]]တွင် ၁၉၂၄-ခုနှစ် ဧပြီလ ၂၈ရက်နေ့ တွင် ဖွားမြင်သည်။
[[File:ဘိတ်ကလာတဲ့ငံပြာရည်(ဦးကျော်စိုး)|thumbnail|ဘိတ်ကလာတဲ့ငံပြာရည်(ဦးကျော်စိုး)]]

မြန်မာ့ ရုပ်ရှင် ဒါရိုက်တာ ဘိတ်ကလာတဲ့ ငံပြာရည် (ဦးကျော်စိုး) ကို [[တနင်္သာရီတိုင်း]]၊[[ မြိတ်မြို့]]တွင်၁၉၂၄-ခုနှစ်ဧပရယ်၂၈ရက်နေ့ တွင် ဖွားမြင်သည်။


လက်ဦးဆရာမှာ [[ဖေကြိုင်၊ ဦး(ပဲရော့)|ပဲရော့ ဦးဖေကြိုင်]]၊ ဒါရိုက်တာ [[တင်မောင်၊ ဦး (အေဝမ်း)|အေဝမ်းဦးတင်မောင်]]၊ ဒါရိုက်တာစာရေးဆရာ[[သုခ၊ ဦး (ဒါရိုက်တာ)|ဦးသုခ]] တို့ဖြစ်သည်။
လက်ဦးဆရာမှာ [[ဖေကြိုင်၊ ဦး(ပဲရော့)|ပဲရော့ ဦးဖေကြိုင်]]၊ ဒါရိုက်တာ [[တင်မောင်၊ ဦး (အေဝမ်း)|အေဝမ်းဦးတင်မောင်]]၊ ဒါရိုက်တာစာရေးဆရာ[[သုခ၊ ဦး (ဒါရိုက်တာ)|ဦးသုခ]] တို့ဖြစ်သည်။

၀၇:၀၃၊ ၁၉ စက်တင်ဘာ ၂၀၁၅ ရက်နေ့က မူ

မြန်မာ့ ရုပ်ရှင် ဒါရိုက်တာ ဘိတ်ကလာတဲ့ ငံပြာရည် (ဦးကျော်စိုး) ကို တနင်္သာရီတိုင်းမြိတ်မြို့တွင် ၁၉၂၄-ခုနှစ် ဧပြီလ ၂၈ရက်နေ့ တွင် ဖွားမြင်သည်။

လက်ဦးဆရာမှာ ပဲရော့ ဦးဖေကြိုင်၊ ဒါရိုက်တာ အေဝမ်းဦးတင်မောင်၊ ဒါရိုက်တာစာရေးဆရာဦးသုခ တို့ဖြစ်သည်။

ဒေါ်အေးအေးညွန့်နှင့် အိမ်ထောင်ကျ၍ မြိတ်မြို့မှ ရန်ကုန်မြို့သို့ တက်လာပြီးနောက် ပဲရော့ဦးဖေကြိုင်ထံတွင် ဖလင်ပညာများ သင်ယူသည်။ ပြည်တော်အေးရုပ်ရှင် တည်ထောင်၍ ဒါရိုက်တာ ကျော်စံကေး အမည်ဖြင့် ရုပ်ရှင်ကားများကို ရိုက်ကူးခဲ့သည်။ ပြည်တော်အေးရုပ်ရှင်ကို မိတ်ဆွေဖြစ်သူနှင့် ရှယ်ယာခွဲပြီးနောက် ကျော်စိုးရုပ်ရှင်ကို တည်ထောင်၍ ဘိတ်ကလာတဲ့ငံပြာရည် အမည်ဖြင့် ဟာသရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးထုတ်လုပ်ခဲ့သည်။

ထင်ရှားသောရုပ်ရှင်ဇာတ်ကားများ

  1. မယုံရင်ပုံပြင်မှတ်
  2. ကဲမယုံချင်နေ
  3. နော်ကိုကိုနော်
  4. ကြောင်ရေးတဲ့ဖူးစာ
  5. ကညာပျိုနဲ့ဇရာအို
  6. ဟိုကောင်မလေးညိုတိုတို
  7. ဒါလဲခွင့်လွှတ်တယ်
  8. အသဲပေါက်အောင်ချစ်တယ်
  9. မှားတဲ့အခါလဲမှားပေမပေါ့
  10. အောင်ပင်လည်
  11. ကျွန်းသေတ္တာကြီးချာချာလည်
  12. ပင့်ကူနီ
  13. ခုနှစ်ဖော်မောင်နှံ
  14. မေ့ရွှေသွေး စသည်တို့ဖြစ်သည်။

ဒါရိုက်တာဘိတ်ကလာတဲ့ငံပြာရည်သည် ဟာသရုပ်ရှင်အမျိုးအစားတစ်မျိုးတည်းကိုသာရိုက်ကူးခဲ့ပြီး နာမည်ကျော် ကာတွန်းဦးအောင်ရှိန်၏ ရှံစားဒိန်းဒေါင်ကာတွန်းဇာတ်ကောင်များကိုလဲပထမဦးဆုံးရုပ်ရှင်အဖြစ်အသက်သွင်းရိုက်ကူးခဲ့သည်။

သားသမီး၇ယောက်ထွန်းကားပြီး သားဖြစ်သူ သီဟကျော်စိုးမှာရုပ်ရှင်ဒါရိုက်တာအဖြစ် ယနေ့လုပ်ကိုင်လျက်ရှိသည်။ အခြားမျိုးဆက်များလည်း ရုပ်ရှင်လောကတွင် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ ၁၉၉၀ ခုနှစ်၊ ဇွန်လ၂၃-ရက်၊ ရန်ကုန်မြို့ ပါရမီရိပ်သာ နှင်းဆီလမ်းနေအိမ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ် ရှိပြီဖြစ်၍ နောက်ဆုံးရိုက်ကူးထားသောရုပ်ရှင် ခုနှစ်ဖော်မောင်နှံဇာတ်ကားရုံတင်ရန် နှစ်ပတ်အလိုတွင် ဖြစ်သည်။