ဝီကီပီးဒီးယား:သင်၏ ပထမဆုံးဆောင်းပါး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄၆ - စာကြောင်း ၄၆ -


သင့်ဆောင်းပါးအတွက် အကိုးအကားများ ရရှိပြီးဆိုပါက ဆောင်းပါးများအတွင်းတွင် ကိုးကားချက်များ ထည့်သွင်းရန် [[:en:Help:Referencing for beginners|လူသစ်များအတွက် ကိုးကားခြင်း သင်ခန်းစာ]] နှင့် [[Wikipedia:Citing sources|ရင်းမြစ်များကို ကိုးကားခြင်း]] ကို ဖတ်ရှုလေ့လာပါ။ ကိုးကားချက်များကို သေချာစွာ ဖောမက်ချခြင်းအတွက် အလွန်အမင်းစိတ်ပူပန်မနေပါနှင့်။ ပြည့်စုံသေချာစွာ ဖောမက်မချနိုင်သော်လည်း အဓိကအကြောင်းအရာဖြစ်သည့် '''ဆောင်းပါးများအတွင်း ကိုးကားချက်ထည့်သွင်းခြင်း''' ကို သင်သည် ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။
သင့်ဆောင်းပါးအတွက် အကိုးအကားများ ရရှိပြီးဆိုပါက ဆောင်းပါးများအတွင်းတွင် ကိုးကားချက်များ ထည့်သွင်းရန် [[:en:Help:Referencing for beginners|လူသစ်များအတွက် ကိုးကားခြင်း သင်ခန်းစာ]] နှင့် [[Wikipedia:Citing sources|ရင်းမြစ်များကို ကိုးကားခြင်း]] ကို ဖတ်ရှုလေ့လာပါ။ ကိုးကားချက်များကို သေချာစွာ ဖောမက်ချခြင်းအတွက် အလွန်အမင်းစိတ်ပူပန်မနေပါနှင့်။ ပြည့်စုံသေချာစွာ ဖောမက်မချနိုင်သော်လည်း အဓိကအကြောင်းအရာဖြစ်သည့် '''ဆောင်းပါးများအတွင်း ကိုးကားချက်ထည့်သွင်းခြင်း''' ကို သင်သည် ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။

==ရှောင်ကျဉ်ရမည့် အချက်များ==
{{Main|Wikipedia:What Wikipedia is not|Wikipedia:Avoiding common mistakes}}

; သင့်ကိုယ်သင်အကြောင်း၊ သင့်သူငယ်ချင်းများ၊ သင်၏ဝက်ဘ်ဆိုဒ်၊ သင်ပါဝင်သော အစုအဖွဲ့၊ သင်၏ ဆရာ၊ သင်ရေးသားသော ပုံပြင်များ စသည့် ဆောင်းပါးများ။ : ''သင်''သည် စွယ်စုံကျမ်းတွင် ပါဝင်နိုင်ရန် ထိုက်တန်သည်ဟု ယူဆပါက အခြားသူတစ်ယောက်မှ သင့်အကြောင်း ဆောင်းပါးကို ရေးသားပါစေ။ သင်၏သူငယ်ချင်းများအကြောင်းကို စွယ်စုံကျမ်းတစ်ခုတွင် ထည့်သွင်းခြင်းသည် အံ့အားသင့်ဖွယ်ရာ သို့မဟုတ် အပျင်းပြေဖွယ်ရာ ဟာသအနေဖြစ်သော်လည်း ထိုသို့သော ဆောင်းပါးများသည် [[Wikipedia:Articles for deletion|ဖယ်ရှားခြင်း]]ခံရနိုင်သည်။ ဤအခြေအနေသည် နာကျင်ဖွယ်ရာဖြစ်ပြီး ဆောင်းပါးကို ထပ်မံဖန်တီးရန် ကြိမ်ဖန်များစွာ ကြိုးစားပါက သင်သည်လည်း တည်းဖြတ်ခြင်းကို [[Wikipedia: Blocking Policy|ပိတ်ပင်ခြင်း]]ခံရနိုင်သည်။ ထိုအခြေအနေများကို သင့်၏ အမျှော်အမြင်ဖြင့် ရှောင်ကျဉ်နိုင်ပါသည်။ သင်သည် အမှန်တကယ် ထင်ရှားအရေးပါပြီး ဘက်မလိုက်စေရန် နှိမ့်ချမှုလုံလောက်စွာရှိပါက ဆောင်းပါးသည် ကျန်ရှိနိုင်ပါသည်။ သို့သော် စာကြမ်းရေးသားတင်သွင်းပြီး သဘောတူခွင့်ပြုချက်နှင့် လူထု၏ [[WP:CONSENSUS|အများဆန္ဒ]] တောင်းခံခြင်းက သည်အတိုင်းရေးသားတင်လိုက်သည်ထက် ပိုမိုကောင်းမွန်ပါသည်။
; ထင်ရှားအရေးပါမှုမရှိသော ခေါင်းစဉ်များ : လူများသည် စာမျက်နှာများကို စွယ်စုံကျမ်းတစ်ခုတွင် ပါဝင်သင့်ရှိသော [[Wikipedia:Notability|အမှန်တကယ် ထင်ရှားအရေးပါမှု ရှိမရှိ]] ကို စဉ်းစားခြင်းမရှိပဲ မကြာခဏ ထည့်သွင်းလျက်ရှိကြသည်။ ဝီကီပီးဒီးယားသည် စာမျက်နှာအခြေပြုပုံနှိပ် စွယ်စုံကျမ်းများကဲ့သို့ နေရာကန့်သတ်ချက်မရှိခြင်းကြောင့် ကျွန်ုပ်တို့၏ [[WP:Notability|ထင်ရှားအရေးပါမှု]] မူဝါဒနှင့် လမ်းညွှန်ချက်များသည် ဆောင်းပါးများကို ကျယ်ပြန့်သည့်အပိုင်းအခြားတစ်ခုအနေဖြင့် ခွင့်ပြုထားသည်။ သို့ဖြစ်သော်လည်း ''ခေါင်းစဉ်တိုင်း'' ပါဝင်နိုင်ရန် ခွင့်ပြုထားခြင်းမရှိပေ။ ထင်ရှားသိသာကြောင်း အထောက်အထားခိုင်ခိုင်လုံလုံမရှိသော သို့မဟုတ် တိကျခိုင်မာသည့်ရင်းမြစ်နှင့် အရေးပါမှုမရှိသော လူများအကြောင်း၊ ကုမ္ပဏီများ၊ အုပ်စုအဖွဲ့များ အကြောင်းစာမျက်နှာများကို ကျွန်ုပ်တို့၏ [[WP:SPEEDY|အလျင်အမြန် ဖျက်ပစ်ခြင်း]] မူဝါဒအရ ယင်းကဲ့သို့သော စာမျက်နှာများကို လျင်မြန်စွာ ဖျက်ပစ်ရန် ဆုံးဖြတ်ပါသည်။ ဤသည်မှာ စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဆောင်းပါးများဖန်တီးရာတွင် သင်ရွေးချယ်လိုက်သော ခေါင်းစဉ်သည် ဝီကီပီးဒီးယားအတွက် လုံလောက်သော ထင်ရှားအရေးပါမှုရှိခြင်းနှင့် ထင်ရှားအရေးပါမှုကို အထောက်အထားခိုင်လုံစွာတင်ပြနိုင်ရန် သို့မဟုတ် တိကျခိုင်မာသည့် ရင်းမြစ်များကို ကိုးကားခြင်းဖြင့် သင့်အကြောင်းအရာကို အရေးပါမှုပြသနိုင်ရန် ''ကျေးဇူးပြု၍'' စဉ်းစားပါ။ ဝီကီပီးဒီးယားသည် အရာအားလုံးပါဝင်တည်ရှိနေနိုင်သည့် [[WP:NOT|လမ်းညွှန်စာအုပ် မဟုတ်ပါ]]။
; ကြော်ငြာခြင်း : ကျေးဇူးပြု၍ [[Wikipedia:spam|သင့်ထုတ်ကုန်ပစ္စည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းကို ဈေးကွက်မြှင့်တင်ခြင်း]] မပြုလုပ်ပါနှင့်။ ဆောင်းပါးတစ်ခုတွင် ပါဝင်သင့်သည်ဟု ကြားနေအဖွဲ့တစ်ခုမှ ဆုံးဖြတ်ထားသည့် လင့်ခ်များမှလွဲ၍ သင်၏ စီးပွားရေးဝက်ဘ်ဆိုဒ်လင့်ခ်ကို ထည့်သွင်းခြင်း မပြုပါနှင့်။ ကျွန်ုပ်တို့တွင်we do have articles about products like [[:en:Kleenex|Kleenex]] သို့မဟုတ် [[:en:Sharpie (marker)|Sharpie]]s ကဲ့သို့သော ထုတ်ကုန်များအကြောင်း၊ သို့မဟုတ် [[:en:McDonald's|McDonald's]] ကဲ့သို့ သိသာထင်ရှားသော စီးပွားရေးလုပ်ငန်းများအကြောင်း ဆောင်းပါးများ မရှိပါ။ သို့သော် သင်သည် ထုတ်ကုန်တစ်ခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုအကြောင်း ရေးသားမည်ဆိုပါက [[:en:Wikipedia:Neutral point of view|ဘက်မလိုက်သော အမြင်]]ဖြင့် ရေးသားရန် သတိပြုပါ။
; ကိုယ်ရေးကိုယ်တာ အက်ဆေးများ သို့မဟုတ် သုတေသနစာတမ်းများ : ဝီကီပီးဒီးယားသည် ''ရှိနှင့်ပြီးသော'' လူ့ဗဟုသုတများအတွက် ဖြစ်သည်။ ကိုယ်ပိုင်ဖန်တီးမှုများကို ရေးသားလွှင့်တင်ရန် နေရာမဟုတ်ပေ။ လက်ခံနိုင်ဖွယ်ရာ အကိုးအကားများ ''ထောက်ပြပေးနိုင်လျင်တောင်မှ'' သင်၏ ကိုယ်ပိုင် [[:en:Wikipedia:No original research|မူလသီအိုရီများ၊ ထင်မြင်ချက်များ၊ သို့မဟုတ် ထိုးထွင်းအမြင်များ]] ပါဝင်သည့် ဆောင်းပါးများကို မရေးပါနှင့်။ မှားယွင်းလေ့ရှိသည်မှာ ဆောင်းပါးတစ်ခုတွင်းတွင် ဆန်းသစ်သော ပေါင်းစပ်အတွေးအခေါ်များ ထည့်သွင်းခြင်းဖြစ်သည်။ မှတ်ယူရန်မှာ၊ အချက်အလက် "အေ" နှင့် အချက်အလက် "ဘီ" နှစ်ခုစလုံးမှန်ကန်သောကြောင့် "အေ" သည် "ဘီ"၏ အကြောင်းရင်းခံဖြစ်သည် သို့မဟုတ် အပြန်အလှန်အားဖြင့် ဟု မဆိုလိုပေ (ယုတ္တိအမှား)။
; စာတစ်ကြောင်းတည်း သို့မဟုတ် ဝက်ဘ်ဆိုဒ်လင့်ခ် တစ်ခုတည်း : ဆောင်းပါးများသည် အမှန်တကယ် သူတို့ကိုယ်ပိုင် အကြောင်းအရာများ ရှိရန် လိုအပ်သည်။
; လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုအား တိုက်ခိုက်ခြင်း : အခြေခံအားဖြင့် [[WP:BLP|သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ]]ဆိုင်ရာ မူဝါဒကို ဖောက်ဖျက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ရန် ကြံစည်ခြင်း၊ အသရေဖျက်ခြင်း၊ အကြောင်းအရာ သို့မဟုတ် ထင်ရှားမှုကို အနှောက်အယှက်ပေးခြင်း ကို ခွင့်မပြုပါ။ အနှုတ်သဘောဆောင်သော သတင်းအချက်အလက်များ၊ အထူးသဖြင့် သက်ရှိပုဂ္ဂိုလ်များအကြောင်း ဆောင်းပါးများအတွင်းတွင် ထည့်သွင်းခြင်းများသည် လျင်မြန်စွာ ဖယ်ရှားခံရပြီး [[WP:Attack page|တိုက်ခိုက်သည့် စာမျက်နှာများ]]သည် ချက်ခြင်း ဖျက်ပစ်ခံရမည်ဖြစ်သည်။
;''အခြားကြည့်ရန်:''
*[[Wikipedia:List of bad article ideas|ညံ့ဖျင်းသော ဆောင်းပါးအတွေးအခေါ်များ စာရင်း]]

၁၀:၂၅၊ ၁၃ စက်တင်ဘာ ၂၀၁၅ ရက်နေ့က မူ

ဆောင်းပါးတစ်ခု ရေးသားခြင်း

ဆောင်းပါးတစ်ခုကို သင်ဘယ်လိုရေးသားမလဲဆိုတာ လေ့လာပါ။


အတွေ့အကြုံရရန် sandbox ကို အသုံးပြုနိုင်သည် – သို့မဟုတ် သင်လော့အင်ဝင်ထားပါက သင့်ကိုယ်ပိုင် sandbox ကို အသုံးပြုနိုင်ပါသည်။

ဆောင်းပါးတစ်ခုကို ဖန်တီးရန် Article Wizard မှတဆင့်လည်း ဆောင်ရွက်နိုင်ပါသည်။

ဝီကီပီးဒီးယားမှ ကြိုဆိုပါသည်!

သင့်အနေဖြင့် ဝီကီပီးဒီးယားကို အချို့အချိန်များတွင် အသုံးပြုထားပြီးဖြစ်နိုင်ပါသည်။ ရှိနှင့်ပြီးသား ဆောင်းပါးများကိုလည်း တည်းဖြတ်ခြင်းအချို့ပြုလုပ်ပြီး ဖြစ်နေပါလိမ့်မည်။ အခြားသူများ၏ ဆောင်းပါးများကိုလည်း တည်းဖြတ်ခြင်းအများအပြား ပြုလုပ်ပြီးလည်း ဖြစ်နိုင်ပါသည်။ သို့သော် သင်သည် ယခုအခါ သင့်ကိုယ်ပိုင် ဆောင်းပါးသစ်တစ်ပုဒ်ကို စတင်ရန် အဆင်သင့် ဖြစ်နေပါပြီ။ သတ္တိရှိပါ!

မိတ်ဆက်

ဤလမ်းညွှန်သည် သင့်ကို သင်၏ ပထမဆုံး စွယ်စုံကျမ်းဆောင်းပါးကို စတင်နိုင်ရန် ကူညီလိမ့်မည်ဖြစ်သည်။ ကျွန်ုပ်တို့ အနေဖြင့် သင့်ကို လိုက်နာရန်များနှင့် ရှောင်ကျဉ်ရန်များကို ရှင်းလင်းသွားမည် ဖြစ်ပြီး ဆောင်းပါးတစ်ပုဒ် ဖန်တီးရန် လမ်းညွှန်သွားမည်ဖြစ်သည်။ သင့်အနေဖြင့် စတင်ရေးသားရန် အဆင်သင့်ဖြစ်ပြီဆိုပါက အလိုအလျောက် ဆောင်းပါးဖန်တီးသည့် ဝိဇတ် ကို အသုံးပြုရန် စဉ်းစားစေလိုပါသည်။ ယင်းသည် သင့်ကို အဆင့်များဖြင့် ပြသလမ်းညွှန်သွားမည်ဖြစ်သည်။

အောက်ပါ အကြံပေးချက်များက သင့်ကို ကူညီနိုင်ပါလိမ့်မည် -

  1. သင်သည် မှတ်ပုံတင်ထားသော အသုံးပြုသူ ဖြစ်မှသာလျှင် ဆောင်းပါးသစ်ကို စတင်ဖန်တီးခွင့်ရှိသည် – သင့်အနေဖြင့် အသုံးပြုသူအမည်နှင့် စကားဝှက်ကို ရွေးချယ်ရန်သာ လိုအပ်သည်။ သင်သည် မှတ်ပုံတင်ခြင်း မပြုလုပ်လိုပါက မှတ်ပုံတင်အသုံးပြုသူများနှင့် မှတ်ပုံမတင်ထားသော အသုံးပြုသူများအနေဖြင့် သူတို့၏ ဆောင်းပါးများကို ဖန်တီးရမည့် ဆောင်းပါးများ ပရောဂျက်စာမျက်နှာတွင် တင်သွင်းပြီး အခြားအသုံးပြုသူများက သုံးသပ်ဝေဖန်ကာ ဆောင်းပါးသစ်များကို လွှင့်တင်ဖန်တီးပေးနိုင်သည်။
  2. ဝီကီပီးဒီးယားသည် စိတ်ချသေချာရသော အကြောင်းအရာများအတွက်သာ ဖြစ်သည်။ ဝီကီးပီးဒီးယားအနေဖြင့် "ထင်ရှားသတိထားရလောက်သော" ဆောင်းပါးများကိုသာ လိုအပ်ပါသည်။ ခေါင်းစဉ်သည် စွယ်စုံကျမ်းတစ်ခုအတွက် သင့်လျော်ပါက ဆက်လက်လုပ်ဆောင်ပါ။ သင့်အနေဖြင့် မသေချာမရေရာပါက သို့မဟုတ် ဆောင်းပါးသည် သင့်အကြောင်း (သို့) သင်နှင့် နီးစပ်ပတ်သက်သည့် အကြောင်းအရာဆိုပါက ဝီကီပီးဒီးယား လက်ဖက်ရည်ဆိုင်တွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။
  3. ဝီကီပီးဒီးယားတွင် အရင်ဆုံး ရှာဖွေပါ - အကြောင်းအရာနှင့် ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ်သည် ရှိနှင့်ပြီးသား ဖြစ်နေနိုင်ကာ အခြားခေါင်းစဉ်ကွဲတစ်ခုအနေဖြင့်လည်း ရှိနေနိုင်ပါသည်။ အကယ်၍ ရှိနှင့်ပြီးသားဆောင်းပါး ဖြစ်ပါက ထိုဆောင်းပါးကို ပိုမိုကောင်းမွန်အောင် ပြုပြင်တည်းဖြတ်ခြင်းဖြင့် လေ့ကျင့်နိုင်ပါသည်။
  4. အလေ့အကျင့်ယူပါ။ မစတင်မီ ရှိနှင့်ပြီးသော ဆောင်းပါးများကို တည်းဖြတ်ကြည့်ခြင်းဖြင့် စာရေးသားခြင်းနှင့် ဝီကီ markup များ အသုံးပြုခြင်းများကို ရင်းနှီးလာစေနိုင်ပါသည်။ – ကျွန်ုပ်တို့အနေဖြင့် သင့်အား ဝီကီပီးဒီးယား တျူတိုရီရယ် ကို ပထမဆုံး ဝင်ရောက်ဖတ်ရှုလေ့လာရန် အကြံပြုလိုပါသည်။ သို့မဟုတ် တည်းဖြတ်ခြင်း အခြေခံကို လေ့လာနိုင်ရန် ဝီကီပီးဒီးယားတွင် ပါဝင်ရေးသားခြင်း ကို ဖတ်ရှုစေလိုပါသည်။
  5. အကိုးအကားများကို စုဆောင်းပါ။ သင်ထည့်သွင်းရေးသားမည့် အကြောင်းအရာ အချက်အလက်များအတွက်နှင့် ဆောင်းပါး၏ ထင်ရှားအရေးပါမှု ကို ထင်ဟပ်ဖော်ပြနိုင်ရန် အသုံးပြုမည့် ရင်းမြစ် အကိုးအကားများကို စုဆောင်းပါ။ ဝီကီပီးဒီးယားသည် ယုံကြည်စိတ်ချရသော ထုတ်ပြန်ထားပြီး ရင်းမြစ်များ ကို အသုံးပြုရန် လိုအပ်သည်။ ရင်းမြစ်များသည် အထူးသဖြင့် အင်တာနက်ရင်းမြစ်များ ဖြစ်ကြပြီး တည်တံ့ခိုင်မာရမည်။ ဆိုလိုသည်မှာ ရင်းမြစ်များသည စိတ်ချခိုင်မာရမည်ဖြစ်ပြီး နောင်မျိုးဆက်များအထိ တည်ရှိနေနိုင်ရမည်ဖြစ်သည်။ တိကျခိုင်မာသည့်ရင်းမြစ်များ ရှာဖွေရန် သင့်နေရာဒေသရှိ ဒေသခံစာကြည့်တိုက် အပါအဝင် နေရာများစွာရှိသော်လည်း အင်တာနက်အခြေပြု ရင်းမြစ်များကို အသုံးပြုမည်ဖြစ်သည်။ ရိုးရှင်းသော ဝက်ဘ်စာမျက်နှာများမှ စတင်ရှာဖွေသည်ထက် စာအုပ်များ နှင့် သတင်းမော်ကွန်းများ တို့ဖြင့် စတင်ရှာဖွေပါ။ သက်ရှိပုဂ္ဂိုလ်များ နှင့်ပတ်သက်သည့် ဆောင်းပါးများအတွက် တိကျခိုင်မာသည့် ရင်းမြစ်များအသုံးပြုရန် ပိုမိုဂရုပြုပါ။ ခိုင်မာသည့်ရင်းမြစ်အကိုးအကား မပါရှိသည့် သက်ရှိထင်ရှားပုဂ္ဂိုလ်များအကြောင်း ဆောင်းပါးများ၊ အထူးသဖြင့် အနှုတ်သဘောဆောင်သည့် အချက်အလက်များ၊ အငြင်းပွားဖွယ်ရာ အချက်အလက်များသည် ဖျက်ပစ်ခြင်းခံရနိုင်သည်။ ဘလော့ခ်များ၊ ကိုယ်ရေးကိုယ်တာ ဝက်ဘ်ဆိုဒ်များ၊ ဖေ့စ်ဘွတ်ခ် နှင့် ယူကျု(ဘ်) စသည့် နေရာများမှ အချက်အလက်များကို အသုံးပြုရန် မသင့်တော်သဖြင့် ထိုနေရာများမှ ရရှိသောအရာများသည် စိန်ခေါ်ခြင်းခံရနိုင်ပြီး ဖယ်ရှားခံရနိုင်သည်။
  6. တုံ့ပြန်ချက်များ တောင်းဆိုရန် စဉ်းစားပါ။ သင်ရေးသားမည့်ဆောင်းပါးအတွက် တုံ့ပြန်ချက်များကို သက်ဆိုင်ရာ ဝီကီပရောဂျက်ဆွေးနွေးချက် စာမျက်နှာ သို့မဟုတ် လက်ဖက်ရည်ဆိုင်စသည့် နေရာများတွင် တောင်းဆိုဆွေးနွေးနိုင်ပါသည်။
  7. ဆောင်းပါးသစ်ကို သင့်ကိုယ်ပိုင်နေရာတွင် ပထမဆုံးဖန်တီးရန် စဉ်းစားပါ။ မှတ်ပုံတင်ထားပြီး အသုံးပြုသူတစ်ယောက်အနေဖြင့် သင့်ကိုယ်ပိုင် အသုံးပြုသူနေရာ ရှိပြီးဖြစ်သည်။ သင့်အနေဖြင့် ဆောင်းပါးသစ်ကို စာမျက်နှာခွဲတွင် စတင်ရေးသားနိုင်ပါသည်။; သင်သည် ထိုစာမျက်နှာကို ဖန်တီးချိန်ညှိနိုင်သည်၊ အချိန်ယူပြီး အခြားတည်းဖြတ်သူများကို ကူညီပြင်ဆင်ပေးရန် အကူအညီတောင်းနိုင်သည်။ ထို့နောက် အဆင်သင့်ဖြစ်ပါက စာမျက်နှာကို ရွှေ့ပြောင်းခြင်းဖြင့် ဝီကီပီးဒီးယားပေါ်သို့ "လွှင့်တင်" နိုင်ပါသည်။ သင့်ကိုယ်ပိုင် စာမျက်နှာခွဲကို ဖန်တီးရန်အတွက် ဤနေရာတွင် ကြည့်ရှုပါ။ ဆောင်းပါးသစ်သည် အစစအရာရာ အဆင်သင့်ဖြစ်ပြီဆိုပါက ပင်မဆောင်းပါးအဆင့်သို့ ရွှေ့ပြောင်းရန် တောင်းဆိုနိုင်ပါသည်။ (မှတ်ချက်။ အလိုအလျောက် ဆောင်းပါးဖန်တီးသည့် ဝိဇတ်တွင်လည်း စာမျက်နှာအကြမ်းဖန်တီးနိုင်ရန် ရွေးချယ်နိုင်ပါသည်။ အသုံးပြုသူစာမျက်နှာနေရာတွင် ဖြစ်သော်လည်း လက်သင့်မခံနိုင်သည့် ဆောင်းပါးများ (အောက်တွင် ကြည့်ပါ) သည်လည်း ဖယ်ရှားဖျက်ပစ်ရန် အဆိုပြုခြင်း ခံရနိုင်ပါသည်။)
ဆောင်းပါးသည် လက်သင့်မခံနိုင်ဖွယ်ရာဖြစ်ပါက လျင်မြန်စွာ ဖျက်ပစ်ခြင်းခံရနိုင်သည်ကို သတိပြုပါ။ ဝီကီပီးဒီးယားတွင် စာမျက်နှာသစ်များ ဖန်တီးပြီးလျင်ပြီးခြင်း စစ်ဆေးသည့် စာမျက်နှာသစ် ကင်းလှည့်စောင့်ကြည့်ခြင်း အဖွဲ့ ရှိပါသည်။

ရှိနှင့်ပြီးသား ဆောင်းပါးကို ရှာဖွေခြင်း

မြန်မာဝီကီပီးဒီးယားတွင် ဆောင်းပါးပေါင်း ၁၀၇၅၃၁ ရှိပြီးဖြစ်ပါသည်။ ဆောင်းပါးတစ်ခု မစတင်မှီ အကြောင်းအရာတူ ဆောင်းပါး၊ အနည်းငယ်ခေါင်းစဉ်ကွဲ အမည်ဖြင့် ရှိနေနိုင်သဖြင့် ရှိနှင့်ပြီးသားဆောင်းပါး မဟုတ်စေရန် ရှာဖွေကြည့်ပါ။ ဆောင်းပါးများ ရှာဖွေခြင်း နှင့် ဝီကီပီးဒီးယား၏ ဆောင်းပါးခေါင်းစဉ် မူဝါဒ ကို သင်၏ ပထမဆုံးဆောင်းပါး မဖန်တီးမီ ဖတ်ရှုပါ။ သင်ရေးသားမည့်အကြောင်းအရာအတွက် ဆောင်းပါးရှိနှင့်ပြီးသားဖြစ်သော်လည်း အသုံးပြုသူများအနေဖြင့် အမည်ကွဲ သို့မဟုတ် စာလုံးပေါင်းအမျိုးမျိုးဖြင့် ရှာဖွေမည်ဟု မှတ်ယူပါက ခေါင်းစဉ်ကွဲများအတွက် ပြန်ညွှန်းများ ဖန်တီးခြင်း ပြုလုပ်ပုံကို လေ့လာပါ။ လိုအပ်သည့် ပြန်ညွှန်းများ ပေါင်းထည့်ခြင်းသည် ဝီကီပီးဒီးယားကို အကူအညီပေးရာရောက်ပါသည်။ ဖျက်နှင့်ပြီးသား ဆောင်းပါးကို ထပ်မံဖန်တီးမိခြင်းကို ရှောင်ကျဉ်ရန် ဆောင်းပါး၏ ဖျက်ပစ်ထားသည့် မှတ်တမ်းများ ကိုလည်း စစ်ဆေးရန် မမေ့ပါနှင့်။ (အချို့ဖြစ်ရပ်များအတွက်၊ ယခင်က မူပိုင်ခွင့်ချိုးဖောက်မှုကြောင့် ဆောင်းပါး၏ အရေးပါမှုကို မရှင်းပြနိုင်သည့်အတွက် ဖျက်ပစ်ထားပြီးသား ဆောင်းပါးဖြစ်သော်လည်း ယခုအခါတွင် ဖန်တီးရန် သင့်တော်နေနိုင်ပါသည်။)

ရှာဖွေခြင်းလုပ်ငန်းဖြင့် ခေါင်းစဉ်တစ်ခုကို မရှာဖွေနိုင်ခဲ့ပါက ရှိနှင့်ပြီးသားဆောင်းပါးများတွင် သင့်ဆောင်းပါး၏ အကြောင်းအရာများ ပါရှိနေနိုင်သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့်ရှာဖွေနိုင်ရန် စဉ်းစားပါ။ ဥပမာအားဖြင့်၊ တီးဝိုင်းအဖွဲ့ဝင်တစ်ဦးအကြောင်း ဆောင်းပါးကို သင်ရေးသားလိုပါက တီးဝိုင်းအဖွဲ့အကြောင်းကို ရှာဖွေကာ ထိုတီးဝိုင်းအဖွဲ့အကြောင်းဆောင်းပါးတွင် အပိုင်းသစ် အနေဖြင့် ထည့်သွင်းရေးသားနိုင်ပါသည်။


အကိုးအကားများ စုဆောင်းခြင်း

သင်ရေးသားမည့် အကြောင်းအရာ၏ သတင်းအချက်အလက်များအတွက် ရင်းမြစ်အကိုးအကားများကို စုဆောင်းပါ။ စွယ်စုံကျမ်းတစ်ခုတွင် ပါဝင်စေရန် အကြောင်းအရာသည် လုံလောက်သော သိသာထင်ရှားအရေးပါမှု ရှိရမည်ဖြစ်ပြီး ယင်းသိသာအရေးပါမှုသည် ယုံကြည်စိတ်ချရသော ရင်းမြစ်များ ကို ကိုးကားခြင်းဖြင့် မှန်ကန်ကြောင်း အတည်ပြုနိုင်ရမည်

မှတ်သားထားပြီး ဖြစ်သည့်အတိုင်း သင်အသုံးပြုမည့် အကိုးအကားရင်းမြစ်များသည် စိတ်ချယုံကြည်ရမည်။ ဆိုလိုသည်မှာ ရင်းမြစ်များသည် အချက်အလက်များကို စစ်ဆေးခြင်းနှင့် တိကျမှုရှိခြင်းတို့တွင် ဂုဏ်သိက္ခာရှိပြီး စာပေစစ်ဆေးကြီးကြပ်ကွပ်ကဲခြင်းကဲ့သို့သော အဖွဲ့များ၏ စစ်ဆေးခြင်းခံထားရပြီး ဖြစ်မည်။ ပုံနှိပ်ရင်းမြစ်များ (နှင့် ထိုပုံနှိပ်ရင်းမြစ်၏ ဝက်ဘ်အခြေပြုဗားရှင်းကဲ့သို့သော) သည် အများဆုံးစိတ်ရယုံကြည်ရမှုရှိပြီး အချို့သော ဝက်ဘ်အခြေပြု ရင်းမြစ်များသည်လည်း တိကျခိုင်မာမှုရှိသည်။ ဥပမာအားဖြင့် စာပေတိုက်ကြီးများမှာ ထုတ်ဝေသော စာအုပ်များ၊ သတင်းစာများ၊ မဂ္ဂဇင်းများ၊ စကောလားဂျာနယ်များ၊ အထက်ပါတို့၏ ဝက်ဘ်ဆိုဒ်များ၊ နှင့် ပုံနှိပ်အခြေပြုရင်းမြစ်များကဲ့သို့ လိုအပ်ချက်များနှင့် ကိုက်ညီသော အခြားဝက်ဘ်ဆိုဒ်များ စသည်တို့ ပါဝင်သည်။

ယေဘုယျအားဖြင့် စစ်ဆေးကြီးကြပ်ကွပ်ကဲမှု မပါရှိသော ရင်းမြစ်များသည် ယုံကြည်စိတ်ချရမှု မရှိပေ။ ဝင့်ကြွားသော ပုံနှိပ်များမှ ထုတ်ဝေသည့် စာအုပ်များ၊ ကိုယ်ပိုင်ထုတ်ဝေဖြန့်ချီသည့် ဘလော့ခ်များ၊ ဝက်ဘ်ဖိုရမ်များ၊ အင်တာနက် အသုံးပြုသူများ၏ ဆွေးနွေးခန်းများ၊ ကိုယ်ရေးကိုယ်တာ လူမှုမီဒီယာများ၊ ဝါသနာအိုးအဖွဲ့များ၏ ဝက်ဘ်ဆိုဒ်များ၊ ကိုယ့်ကိုကိုယ် ချီးမြှောက်ရေးသားခွင့်ရှိသည့် အနှစ်သာရမရှိသော ဝက်ဘ်ဆိုဒ်များ စသည်တို့ပါဝင်သည်။ တစ်စုံတစ်ယောက်က ရေးသားပြီး မည်သူကမှ စစ်ဆေးခြင်းမရှိသည့် သတင်းအချက်အလက်များသည်လည်း စိတ်ချယုံကြည်ရမှု မရှိပေ။

အကြောင်းအရာတစ်ခုအတွက် ယခင်က ထုတ်ဝေထားပြီး သတင်းအချက်အလက်များရှိပြီး ထိုအကြောင်းအရာသည်လည်း သိသာထင်ရှားမှုရှိသည့် စိတ်ချယုံကြည်ရသော ရင်းမြစ်များ (သတင်းစာများ၊ ဂျာနယ်များ၊ သို့မဟုတ် စာအုပ်များ စသည်) ရှိပြီး သင်သည် ထိုရင်းမြစ်များကို ဝီကီပီးဒီးယားဆောင်းပါးများ ဖန်တီးရန် သို့မဟုတ် ချဲ့ထွင်ရန်အတွက် ရင်းမြစ်များကို ထည့်သွင်း အသုံးပြုနိုင်သည်။ အကယ်၍ သင်သည် အဆိုပြုသည့် ဆောင်းပါးအကြောင်းအရာအတွက် ပြည့်စုံလုံလောက်ပြီး တိကျခိုင်မာသည့် ရင်းမြစ်များ မရှာဖွေနိုင်သလို အကြောင်းအရာသည်လည်း ထင်ရှားအရေးပါမှုမရှိ သို့မဟုတ် အတည်မပြုနိုင်ပါက ဖျက်ပစ်ခံရရန် သေချာသလောက်ရှိပြီ ဖြစ်သည်။ ထို့ကြောင့် သင်ပထမဆုံးပြုလုပ်ရမည်မှာ ကိုးကားရန်အတွက် ရင်းမြစ်ကိုးကားချက်များကို ရှာဖွေရန် ဖြစ်သည်။

တိကျခိုင်မာသည့်ရင်းမြစ်များ ရှာဖွေရန် သင့်နေရာဒေသရှိ ဒေသခံစာကြည့်တိုက် အပါအဝင် နေရာများစွာရှိသော်လည်း အင်တာနက်အခြေပြု ရင်းမြစ်များကို အသုံးပြုမည်ဖြစ်သဖြင့် ရိုးရှင်းသော ဝက်ဘ်စာမျက်နှာများမှ စတင်ရှာဖွေသည်ထက် စာအုပ်များ နှင့် သတင်းမော်ကွန်းများ တို့ဖြင့် စတင်ရှာဖွေပါ။

သင့်ဆောင်းပါးအတွက် အကိုးအကားများ ရရှိပြီးဆိုပါက ဆောင်းပါးများအတွင်းတွင် ကိုးကားချက်များ ထည့်သွင်းရန် လူသစ်များအတွက် ကိုးကားခြင်း သင်ခန်းစာ နှင့် ရင်းမြစ်များကို ကိုးကားခြင်း ကို ဖတ်ရှုလေ့လာပါ။ ကိုးကားချက်များကို သေချာစွာ ဖောမက်ချခြင်းအတွက် အလွန်အမင်းစိတ်ပူပန်မနေပါနှင့်။ ပြည့်စုံသေချာစွာ ဖောမက်မချနိုင်သော်လည်း အဓိကအကြောင်းအရာဖြစ်သည့် ဆောင်းပါးများအတွင်း ကိုးကားချက်ထည့်သွင်းခြင်း ကို သင်သည် ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။

ရှောင်ကျဉ်ရမည့် အချက်များ

အကျယ်တဝင့် ဖော်ပြထားသောစာမျက်နှာများ - Wikipedia:What Wikipedia is not နှင့် Wikipedia:Avoiding common mistakes
သင့်ကိုယ်သင်အကြောင်း၊ သင့်သူငယ်ချင်းများ၊ သင်၏ဝက်ဘ်ဆိုဒ်၊ သင်ပါဝင်သော အစုအဖွဲ့၊ သင်၏ ဆရာ၊ သင်ရေးသားသော ပုံပြင်များ စသည့် ဆောင်းပါးများ။
သင်သည် စွယ်စုံကျမ်းတွင် ပါဝင်နိုင်ရန် ထိုက်တန်သည်ဟု ယူဆပါက အခြားသူတစ်ယောက်မှ သင့်အကြောင်း ဆောင်းပါးကို ရေးသားပါစေ။ သင်၏သူငယ်ချင်းများအကြောင်းကို စွယ်စုံကျမ်းတစ်ခုတွင် ထည့်သွင်းခြင်းသည် အံ့အားသင့်ဖွယ်ရာ သို့မဟုတ် အပျင်းပြေဖွယ်ရာ ဟာသအနေဖြစ်သော်လည်း ထိုသို့သော ဆောင်းပါးများသည် ဖယ်ရှားခြင်းခံရနိုင်သည်။ ဤအခြေအနေသည် နာကျင်ဖွယ်ရာဖြစ်ပြီး ဆောင်းပါးကို ထပ်မံဖန်တီးရန် ကြိမ်ဖန်များစွာ ကြိုးစားပါက သင်သည်လည်း တည်းဖြတ်ခြင်းကို ပိတ်ပင်ခြင်းခံရနိုင်သည်။ ထိုအခြေအနေများကို သင့်၏ အမျှော်အမြင်ဖြင့် ရှောင်ကျဉ်နိုင်ပါသည်။ သင်သည် အမှန်တကယ် ထင်ရှားအရေးပါပြီး ဘက်မလိုက်စေရန် နှိမ့်ချမှုလုံလောက်စွာရှိပါက ဆောင်းပါးသည် ကျန်ရှိနိုင်ပါသည်။ သို့သော် စာကြမ်းရေးသားတင်သွင်းပြီး သဘောတူခွင့်ပြုချက်နှင့် လူထု၏ အများဆန္ဒ တောင်းခံခြင်းက သည်အတိုင်းရေးသားတင်လိုက်သည်ထက် ပိုမိုကောင်းမွန်ပါသည်။
ထင်ရှားအရေးပါမှုမရှိသော ခေါင်းစဉ်များ
လူများသည် စာမျက်နှာများကို စွယ်စုံကျမ်းတစ်ခုတွင် ပါဝင်သင့်ရှိသော အမှန်တကယ် ထင်ရှားအရေးပါမှု ရှိမရှိ ကို စဉ်းစားခြင်းမရှိပဲ မကြာခဏ ထည့်သွင်းလျက်ရှိကြသည်။ ဝီကီပီးဒီးယားသည် စာမျက်နှာအခြေပြုပုံနှိပ် စွယ်စုံကျမ်းများကဲ့သို့ နေရာကန့်သတ်ချက်မရှိခြင်းကြောင့် ကျွန်ုပ်တို့၏ ထင်ရှားအရေးပါမှု မူဝါဒနှင့် လမ်းညွှန်ချက်များသည် ဆောင်းပါးများကို ကျယ်ပြန့်သည့်အပိုင်းအခြားတစ်ခုအနေဖြင့် ခွင့်ပြုထားသည်။ သို့ဖြစ်သော်လည်း ခေါင်းစဉ်တိုင်း ပါဝင်နိုင်ရန် ခွင့်ပြုထားခြင်းမရှိပေ။ ထင်ရှားသိသာကြောင်း အထောက်အထားခိုင်ခိုင်လုံလုံမရှိသော သို့မဟုတ် တိကျခိုင်မာသည့်ရင်းမြစ်နှင့် အရေးပါမှုမရှိသော လူများအကြောင်း၊ ကုမ္ပဏီများ၊ အုပ်စုအဖွဲ့များ အကြောင်းစာမျက်နှာများကို ကျွန်ုပ်တို့၏ အလျင်အမြန် ဖျက်ပစ်ခြင်း မူဝါဒအရ ယင်းကဲ့သို့သော စာမျက်နှာများကို လျင်မြန်စွာ ဖျက်ပစ်ရန် ဆုံးဖြတ်ပါသည်။ ဤသည်မှာ စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဆောင်းပါးများဖန်တီးရာတွင် သင်ရွေးချယ်လိုက်သော ခေါင်းစဉ်သည် ဝီကီပီးဒီးယားအတွက် လုံလောက်သော ထင်ရှားအရေးပါမှုရှိခြင်းနှင့် ထင်ရှားအရေးပါမှုကို အထောက်အထားခိုင်လုံစွာတင်ပြနိုင်ရန် သို့မဟုတ် တိကျခိုင်မာသည့် ရင်းမြစ်များကို ကိုးကားခြင်းဖြင့် သင့်အကြောင်းအရာကို အရေးပါမှုပြသနိုင်ရန် ကျေးဇူးပြု၍ စဉ်းစားပါ။ ဝီကီပီးဒီးယားသည် အရာအားလုံးပါဝင်တည်ရှိနေနိုင်သည့် လမ်းညွှန်စာအုပ် မဟုတ်ပါ
ကြော်ငြာခြင်း
ကျေးဇူးပြု၍ သင့်ထုတ်ကုန်ပစ္စည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းကို ဈေးကွက်မြှင့်တင်ခြင်း မပြုလုပ်ပါနှင့်။ ဆောင်းပါးတစ်ခုတွင် ပါဝင်သင့်သည်ဟု ကြားနေအဖွဲ့တစ်ခုမှ ဆုံးဖြတ်ထားသည့် လင့်ခ်များမှလွဲ၍ သင်၏ စီးပွားရေးဝက်ဘ်ဆိုဒ်လင့်ခ်ကို ထည့်သွင်းခြင်း မပြုပါနှင့်။ ကျွန်ုပ်တို့တွင်we do have articles about products like Kleenex သို့မဟုတ် Sharpies ကဲ့သို့သော ထုတ်ကုန်များအကြောင်း၊ သို့မဟုတ် McDonald's ကဲ့သို့ သိသာထင်ရှားသော စီးပွားရေးလုပ်ငန်းများအကြောင်း ဆောင်းပါးများ မရှိပါ။ သို့သော် သင်သည် ထုတ်ကုန်တစ်ခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုအကြောင်း ရေးသားမည်ဆိုပါက ဘက်မလိုက်သော အမြင်ဖြင့် ရေးသားရန် သတိပြုပါ။
ကိုယ်ရေးကိုယ်တာ အက်ဆေးများ သို့မဟုတ် သုတေသနစာတမ်းများ
ဝီကီပီးဒီးယားသည် ရှိနှင့်ပြီးသော လူ့ဗဟုသုတများအတွက် ဖြစ်သည်။ ကိုယ်ပိုင်ဖန်တီးမှုများကို ရေးသားလွှင့်တင်ရန် နေရာမဟုတ်ပေ။ လက်ခံနိုင်ဖွယ်ရာ အကိုးအကားများ ထောက်ပြပေးနိုင်လျင်တောင်မှ သင်၏ ကိုယ်ပိုင် မူလသီအိုရီများ၊ ထင်မြင်ချက်များ၊ သို့မဟုတ် ထိုးထွင်းအမြင်များ ပါဝင်သည့် ဆောင်းပါးများကို မရေးပါနှင့်။ မှားယွင်းလေ့ရှိသည်မှာ ဆောင်းပါးတစ်ခုတွင်းတွင် ဆန်းသစ်သော ပေါင်းစပ်အတွေးအခေါ်များ ထည့်သွင်းခြင်းဖြစ်သည်။ မှတ်ယူရန်မှာ၊ အချက်အလက် "အေ" နှင့် အချက်အလက် "ဘီ" နှစ်ခုစလုံးမှန်ကန်သောကြောင့် "အေ" သည် "ဘီ"၏ အကြောင်းရင်းခံဖြစ်သည် သို့မဟုတ် အပြန်အလှန်အားဖြင့် ဟု မဆိုလိုပေ (ယုတ္တိအမှား)။
စာတစ်ကြောင်းတည်း သို့မဟုတ် ဝက်ဘ်ဆိုဒ်လင့်ခ် တစ်ခုတည်း
ဆောင်းပါးများသည် အမှန်တကယ် သူတို့ကိုယ်ပိုင် အကြောင်းအရာများ ရှိရန် လိုအပ်သည်။
လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုအား တိုက်ခိုက်ခြင်း
အခြေခံအားဖြင့် သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများဆိုင်ရာ မူဝါဒကို ဖောက်ဖျက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ရန် ကြံစည်ခြင်း၊ အသရေဖျက်ခြင်း၊ အကြောင်းအရာ သို့မဟုတ် ထင်ရှားမှုကို အနှောက်အယှက်ပေးခြင်း ကို ခွင့်မပြုပါ။ အနှုတ်သဘောဆောင်သော သတင်းအချက်အလက်များ၊ အထူးသဖြင့် သက်ရှိပုဂ္ဂိုလ်များအကြောင်း ဆောင်းပါးများအတွင်းတွင် ထည့်သွင်းခြင်းများသည် လျင်မြန်စွာ ဖယ်ရှားခံရပြီး တိုက်ခိုက်သည့် စာမျက်နှာများသည် ချက်ခြင်း ဖျက်ပစ်ခံရမည်ဖြစ်သည်။
အခြားကြည့်ရန်: