ဒေါင်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး merge category
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၂၀ - စာကြောင်း ၁၂၀ -
ရှေးဂရိလူမျိုးများ၏ ယုံကြည်မှုအရ ဒေါင်း၏အသားသည် သေဆုံးပြီးနောက် မပုပ်သိုးဟု သတ်မှတ်သောကြောင့် ဒေါင်းသည် ထာ၀ရရှင်သန်မှု၏ သင်္ကေတဖြစ်လာသည်။
ရှေးဂရိလူမျိုးများ၏ ယုံကြည်မှုအရ ဒေါင်း၏အသားသည် သေဆုံးပြီးနောက် မပုပ်သိုးဟု သတ်မှတ်သောကြောင့် ဒေါင်းသည် ထာ၀ရရှင်သန်မှု၏ သင်္ကေတဖြစ်လာသည်။


ဟိန္ဒူယဉ်ကျေးမှုအရမှု [[ကသီကရာ|Karthikeya]] ခေါ် စစ်နတ်ဘုရားမ၏ အကာအကွယ် စစ်လက်နက် ဖြစ်နေရပြန်သည်။
ဟိန္ဒူယဉ်ကျေးမှုအရမှု [[ကသီကရာ|Kartikeya]] ခေါ် စစ်နတ်ဘုရား၏ အကာအကွယ် စစ်လက်နက် ဖြစ်နေရပြန်သည်။





၀၁:၅၂၊ ၂၇ ဩဂုတ် ၂၀၁၅ ရက်နေ့က မူ

ဒေါင်း
Male
မျိုးရိုးခွဲခြားခြင်း
လောက:
တိရစ္ဆာန်
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
ဂယ်လီဖော်မီး
မျိုးရင်း:
ဖာဆီယန်နိဒီး
မျိုးစု:
ဒွိနာမ
Pavo muticus
Linnaeus, 1766
Subspecies
  • P. m. muticus
    Linnaeus, 1766
  • P. m. spicifer
    Shaw, 1804
  • P. m. imperator
    Delacour, 1949

ဒေါင်း(Green Peafowl) ဒေါင်းကို မြန်မာမှ ဥဒေါင်းဟုလည်း ခေါ်ကြသည်။ ဒေါင်းသည် ဥမှပေါက်စတွင် သာမန်ငှက်ကဲ့သို့ ရုပ်ဆင်း သဏ္ဌာန်ရှိသော်လည်း နှစ်နှစ်ခန့်ကြာသောအခါ အမြီးအတောင် များ စုံလင်လာကာ ကြည့်၍ တစ်မျိုးကျက်သရေ ရှိလာသည်။ ထိုအခါမှစ၍ ဒေါင်းဖိုများကလည်း ဒေါင်းမထက် ပို၍ လှလာကြသည်။ သူတို့ကို ကြည့်ရသည်မှာ ကြွားကြွားဝါဝါ ခန့်ခန့်ညားညားရှိလှသည်။ ထိုကြောင့်ပင် အနောက်နိုင်ငံ အသုံးအနှုန်းများ၌ လှပစွာဝတ်ဆင်၍ ကြွားကြွား ဝါဝါ ရှိသူတို့ကို ဒေါင်းနှင့်နှိုင်း၍ ပြောလေ့ရှိကြသည်။

ဒေါင်းသည် ရစ်မျိုးရင်းတွင် အပါအဝင် ဖြစ်၍ အာရှ တိုက် အပူပိုင်းတွင် အထူးပေါများသည်။ ဤသို့ လှပ၍ ကျက်သရေရှိမှုကြောင့် ကမ္ဘာအရပ်ရပ်တွင် အလှမွေးမြူကြ သည်။ ခန့်ညားခြင်းနှင့်ကျက်သရေရှိခြင်းအတွက် အထိမ်း အမှတ်အဖြစ် ဒေါင်းရုပ်ကို အသုံးပြုကြသည်။ ရှေးမြန်မာမင်း အဆက်ဆက်ကလည်း နိုင်ငံတော်အလံအဖြစ် ဥဒေါင်းတံဆိပ် ခတ်နှိပ်သောအလံကို အသုံးပြုခဲ့ကြသည်။ မြန်မာမင်းများသည် မိမိတို့ကိုယ်မိမိ နေမျိုးနွယ်များဟုယူဆပြီး နေကိုကိုယ်စားပြုသည့် ဥဒေါင်းပုံကို သုံးစွဲခဲ့ကြသည်။ မြန်မာမင်းများ လက်ထက် အလံကိုသာ မဟုတ်၊ သုံးစွဲရန်ထုတ်သော ငွေဒင်္ဂါး များ၌ပင် မြန်မာမင်း၏အမှတ်အသားအဖြစ် ဒေါင်းရုပ်ကို ခတ်နှိပ်ကြလေသည်။

မြန်မာမင်းများသာ မဟုတ်၊ ရှေးက အာရှတိုက်တွင် တန်ခိုး ကြီးထွားခဲ့သော မွန်ဂိုဘုရင်များပင် ပလ္လင်၏ အမှီတွင် ရွှေငွေ အဖိုးတန် ကျောက်သံပတ္တမြားတို့ဖြင့် ပြုလုပ်စီခြယ်ထားသော ကဒေါင်းပုံသဏ္ဌာန် ပြုလုပ် ထားလေသည်။ တရုတ်ဘုရင်များ လက်ထက်ကမူ တိုင်းကျိုးပြည်ကျိုး ဆောင်သော မှူးမတ်သေနာ ပတိများကို ဂုဏ်ထူးဆောင်အဖြစ် ဒေါင်းတပ်ခွင့် ပြုခဲ့၏။

ပွဲကြီးလမ်းကြီးများ၌ ဥဒေါင်းသားကိုပင် ဂုဏ်ထူးတစ်ခု အနေ ဖြင့် စားကြလေသည်။ ဥဒေါင်း၏အလှဆုံးအပိုင်းသည် မြီးတံ ဖြစ်သည်။ ထိုမြီးတံသည် ယပ်တောင်သဖွယ် ဖြန့်လိုက်သော အခါ ဝိုင်းသွား၍ အလွန်လှပလေသည်။ မြီးတံတိုင်း၏ အဖျား တွင် ခရမ်းရောင်၊ အဝါရောင်၊ အပြာရင့် စသည့် ရောင်စုံ တို့ဖြင့် ရောပြွန်းခြယ်လှယ်ထားသကဲ့သို့ အလွန်လှပသော စာလုံးပုံသဏ္ဌာန် အကွက်တစ်ခုစီ ပါလေသည်။

မြီးတံ၏အမွေးများမှာ အစိမ်းပုပ်ရောက်ဖြစ်၏။ ထိုသို့ အစိမ်းပုပ်ခံတွင် အရောင်မျိုးစုံပြွန်းသော မြီးတံသည် သူတို့ နေထိုင်ရာ အပူပိုင်းသစ်တောများနှင့် ယိုးမှားဖွယ် ဖြစ်သဖြင့် ရန်သူတို့ ဘေးမှလည်း ကင်းဝေးအောင် သဘာဝက ဖန်တီးပေး သကဲ့သို့ ဖြစ်နေ၏။ ယင်းသည် ဒေါင်းမြီးအစစ်မဟုတ်၊ ဤမြီး တံရှည်များ ၏အောက်တွင် မြီးတံ၏အောက်ခံသဖွယ် ဖြစ်နေ သော ကြက်မအမြီးကဲ့သို့ အမွေးများရှိ၏။ ဥဒေါင်းမြီးတံမှာ နေရောင်ကိုလိုက်၍ အရောင်အမျိုးမျိုး ပြောင်းတတ်သဖြင့် အံ့ဘွယ်ပင် ဖြစ်သည်။ ခေါင်းပေါ်တွင် အမွေးတို ကလေးများ ဖြင့် လှပသော အမောက်ကလေး ဖြစ်နေလေသည်။ ရက်ပိုင်းနှင့် ရင်အထက်ပိုင်း အမွေးရောင် သည် စိမ်းပြာပြာဖြစ်ပြီးလျှင် ရင်အောက်ပိုင်းမှာ စိမ်းပြာတွင် ခရမ်းရောင် နှောနေသော ကြောင့် တစ်မျိုးတစ်ဖုံ လှလေသည်။

ဂျပန်ဒေါင်း ခေါ် ဒေါင်းပြာမျိုး၏ မြီးတံအရောင်ကား အစိမ်းမဟုတ်ပဲ အပြာရောင် ခပ်တောက်တောက် ဖြစ်၏။ ထိုဒေါင်းပြာမျိုးတွင် ဒေါင်းမ၏ အရောင်မှာ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူဖြစ်လေသည်။ အရွယ် ရောက်ပြီး ဥဒေါင်းသည် နှစ်ပေခန့် မြင့်သည်။ ငှက်များအနက် ဥဒေါင်းသည် မျက်စိ အရှင်ဆုံး ဖြစ်သည်။ လွန်စွာလည်း ကြောက်တတ်သည်။ အနီးသို့ ချဉ်းကပ်သွားလျှင် လျင်မြန်စွာ ပြေးသွားလေ့ရှိသည်။ ပျံရာတွင် လျင်မြန်သော်လည်း တောင်ပံများကို ရိုက်ခတ်ရာ တွင် နှေးနှေးနှင့်မှန်မှန်သာ ရိုက်ခတ်သည်။

အလေ့အထ

ဒေါင်းများသည် တောတွင်းနေ ငှက်အမျိုးအစားဖြစ်ပြီး မြေပေါ်တွင် အသိုက်ဆောက်လေ့ရှိကား အပင်ပေါ်တွင် နားလေ့ရှိသည်။ ဥဒေါင်းတို့သည် အစုလိုက် အပြုံလိုက် မနေကြချေ။ အများဆုံး ဥဒေါင်းဖိုတစ်ကောင်နှင့် ဥဒေါင်းမ သုံးလေး ကောင်လောက်သာ စု၍ နေတတ်သည်။ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ မလ္လာယုကျွန်းဆွယ်စသော အရှေ့ပိုင်းရှိ အပူပိုင်းဒေသများတွင် အများအပြား နေထိုင်ကြ၏။ ဒေါင်း ငယ်ကလေးများသည် သမပိုင်းဒေသ ရာသီဥတုတွင် မနေနိုင် ကြချေ။ ဒေါင်း၏ကိုယ်ဟန်ပုံသဏ္ဍာန်သည် ခန့်ညားဝင့်ဝါ သလောက် အသံကား ခန့်ညားခြင်း မရှိချေ။ သာမန်ငှက်များ အော်သံနှင့်သာ တူလေသည်။

ဥဒေါင်း၏ထူးခြားချက်မှာ ညနေဘက်စောစောတွင် အရွက် အနည်းငယ်သာ ရှိသော သစ်ပင်မြင့်ကြီးများ ပေါ်သို့ အိပ်တန်း တက်၍ နံနက်တွင် အိပ်ရာမှ ဆင်းလေ့ရှိကြသည်။ ထိုသို့ အိပ် တန်းတက်ရာနှင့် အိပ်တန်းမှ ဆင်းရာတို့တွင် ဆူညံစွာ အော် လေ့ရှိခြင်းဖြစ်သည်။

စားသောက်နေထိုင်မှု

ဒေါင်းများသည် အစုံစားသတ္တဝါများဖြစ်ပြီး အပင်အစိတ်အပိုင်းများ၊ အခွံမာသီးများ၊ ပိုးမွှားများနှင့် ကျောရိုးရှိ၊ ကျောရိုးမဲ့ အသေးစား တွားသွား သတ္တဝါများကို စားသုံးလေ့ရှိသည်။ ဥဒေါင်းသည် စပါးကောက်နှံ၊ ပက်ကျိနှင့် အရည်ရွမ်းသော အပင်မျိုးကို စားသောက်တတ်ကြသည်။ ဥဒေါင်းသည် သစ်ပင်ပေါ်၌ဖြစ်စေ၊ မြေပြင်ချုံကွယ်ပေါ်၌ ဖြစ်စေ နေတတ်ကြ၏။ အသိုက်ကို မြေကြီး ပေါ်၌ လည်းကောင်း၊ နိမ့်နိမ့်တွင် ရှိသော သစ်ကိုင်းများပေါ်၌ လည်းကောင်း ခပ်ကြမ်းကြမ်း ပြုလုပ်လေ့ ရှိလေသည်။

ဥဒေါင်းမသည် တစ်ကြိမ်လျှင် အညိုရောင်အဆင်းရှိသော ဥပေါင်း သုးဥမှ ငါးဥအထိ အုလေ့ရှိပြီးလျှင် တစ်ခါတစ်ရံတွင် ရှစ်ဥအထိ အုတတ်သည်။ ဥဒေါင်းသည် ဂယ်လီဖော်မီးမျိုးစဉ်တွင် ဖာဆီယန်နိဒီး မျိုးရင်း၌ ပါဝင်လေသည်။ ယင်း၏အမည်မှာ ပါဏဗေဒ အလိုအားဖြင့် ပေဗို မူတီကပ် မူတီကပ် ဟုခေါ်သည်။ [၁]

ဒေါင်းနှင့်ဆိုင်သော အထင်ကရ ရှေးရိုးယုံကြည်မှုများ

ရှေးဂရိလူမျိုးများ၏ ယုံကြည်မှုအရ ဒေါင်း၏အသားသည် သေဆုံးပြီးနောက် မပုပ်သိုးဟု သတ်မှတ်သောကြောင့် ဒေါင်းသည် ထာ၀ရရှင်သန်မှု၏ သင်္ကေတဖြစ်လာသည်။

ဟိန္ဒူယဉ်ကျေးမှုအရမှု Kartikeya ခေါ် စစ်နတ်ဘုရား၏ အကာအကွယ် စစ်လက်နက် ဖြစ်နေရပြန်သည်။


ဒေါင်းပျိုမတစ်ကောင်၏ဦးခေါင်းနှင့်လည်တိုင်ပုံ
မြန်မာမင်းတို့၏အထိမ်းအမှတ်ဥဒေါင်းတံဆိပ်ပုံ



ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)