ကုန်းလိပ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာကြောင်း ၅၃ - စာကြောင်း ၅၃ -
[[Category:သတ္တဗေဒ]]
[[Category:သတ္တဗေဒ]]
[[Category:တိရစ္ဆာန်]]
[[Category:တိရစ္ဆာန်]]
[[Category:တွားသွားသတ္တဝါ]]
[[Category:တွားသွား သတ္တဝါများ]]

၀၈:၅၁၊ ၂၁ ဩဂုတ် ၂၀၁၅ ရက်နေ့က မူ

ကုန်းလိပ်
An Aldabra Giant Tortoise (Aldabrachelys gigantea)
မျိုးရိုးခွဲခြားခြင်း


တောင်အာဖရိကမှ ကုန်းလိပ်

ကုန်းလိပ်သည် ကုန်းပေါ်တွင် နေထိုင်ကျက်စားသော တွားသွားသတ္တဝါဖြစ်၍ Testudinidae အနွယ်ဝင်ဖြစ်သည်။ ယင်းတို့နှင့် မျိုးနွယ်တူ ပင်လယ်လိပ်များကဲ့သို့ပင် သားစားသတ္တဝါများဘေးမှ ကာကွယ်နိုင်ရန် ထူထဲသော အခွံပါရှိသည်။

ကုန်းလိပ်ကြီးများ

ကုန်းလိပ်ကြီးများသည် မြေပေါ်တွင် တွားသွားကောင်များအနက် အလွန်ပင်ရှေးကျသော သတ္တဝါများဖြစ်သည်။ ယခုခေတ်တွင် တိမ်ကောသွား ပြီဖြစ်သော ပေ ၈ဝ ခန့်ရှည်သည့် ကျောက်ဖြစ်ရုပ်ကြွင်းကိုသာ တွေ့ရသော ဒိုင်နိုဆောခေါ် တွားသွားကောင်ကြီးများထက်ပင် ရှေးကျသေးသည်ဟု ဆို လေသည်။


ထင်ရှားသော လိပ်ဘီလူး များဟု ခေါ်လောက်သည့် ကုန်း လိပ်ကြီးမျိုးများကို ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်း တောင်အမေရိတိုက်အနောက် ဘက်ကမ်းခြေနှင့် မိုင် ၅ဝ ကွာခန့်၌ရှိသည့် ဂလားပါးဂိုးကျွန်းစု၌ တစ်ကြိမ် က အမျိုးပေါင်းအတော်များများ တွေ့ရှိခဲ့သော်လည်း ယခုအခါ မတွေ့ရ တော့ချေ။ အခြားအလားတူ အကောင်ကြီးများကို အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အချို့ကျွန်းများပေါ်၌တွေ့ရသည်။ အချို့မှာ ပေါင် ၅ဝဝ ခန့်ပင် အချိန်စီး၍ အခွံများပင် လေးငါးပေခန့် အလျားရှိလေသည်။

သို့သော် အကြီးဆုံးတွေ့ရသော လိပ်ဘီလူးကြီးတစ်ကောင်၏ အခွံစုကို ၁၉၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ကံအားလျော်စွာ တူး ဖော်ရရှိလေသည်။ အခွံစုမှာ ကြေမွနေပြီဖြစ်၍ ရှားပါးသော ရှေးဟောင်း ပစ္စည်းတစ်ခုအနေဖြင့် အဖိုးထိုက်တန်လှသောကြောင့် သိပ္ပံပညာရှင်များသည် နဂိုပကတိအတိုင်းဖြစ်စေရန် နှစ်နှစ်တိုင်တိုင် ကြိုးစားဆက်စပ်ယူရ၏။ ပြီး စီးသောအခါ လိပ်ကြီးကို နဂိုမြင်နေရသည့် ပုံအတိုင်းရရှိ၍ အခွံကြီး၏ အရှည်မှာ ရှေးအဖျားစွန်းမှ နောက်အဖျားစွန်းအထိ ခုနစ်ပေကျော်ကျော် ရှိ လေသည်။ ထိုသတ္တဝါကြီးမှာ လူအများတွေ့ရသော ကုန်းလိပ်များထဲတွင် အကြီးဆုံးသော သတ္တဝါကြီးဖြစ်လေသည်။

လိပ်များမှာ အလွန်အသက်ရှည်၍ နှစ်ပေါင်း ၂ဝဝ ကျော် ၃ဝဝ မျှပင် နေရသည်ဟုဆိုသည်။


ကုန်းလိပ်နှင့်ပင်လယ်လပ်တို့သည် ကိလိုနီယာမျိုးစဉ်တွင် ပါဝင် လေသည်။ အချို့ပါရဂူများကမူ ကုန်းလိပ်ကို တက်စတူဒီနေတာမျိုးစဉ်၊ ပင် လယ်လိပ်ကို ကဲလိုနီဒ မျိုးစဉ်တို့တွင် ပါဝင်သည်ဟု သတ်မှတ်ကြသည်။ ကုန်းလိပ်သည် ယင်း၏ဦးခေါင်းကို လုံးဝလိပ်ခွံအတွင်း သွင်းယူနိုင်သော် လည်း ပင်လယ်လိပ်ကမူ ယင်း၏ဦးခေါင်းကို တစ်စိတ်တစ်ဒေသသာ သွင်း ယူနိုင်လေသည်။[၁]

ဝိသေသလက္ခဏာများ

ခြေထောက်များတွင် ရိုးရိုးခြေသည်းများ ပါရှိသည်။ ခြေချောင်းများ၌ ရေယက်များမပါရှိ။ ခြေချာင်းအဆစ် (၂)ခု (သို့မဟုတ်) နှစ်ခုထက် ပိုနည်းသည်။ တုတ်ခိုင် သည့် ခြေထာက်များရှိသည်။ အခွံမာလိပ်ဖြစ်သည်။ ခြေထောက် နှင့် နဖူးတွင် အကြေးများပါရှိသည်။ ကုန်းပေါ် ၌သာနေထိုင်ကျက်စားသည်။[၂]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  2. မြန်မာ့လိပ်များ by ဒေါက်တာဝင်းမောင် နှင့် ဦးဝင်းကိုကို