ဝက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး merge category
No edit summary
စာကြောင်း ၉၂ - စာကြောင်း ၉၂ -
ရစ်ကက်ရောဂါ ဖြစ်တတ်ပေသည်။
ရစ်ကက်ရောဂါ ဖြစ်တတ်ပေသည်။


ဝက်များမွေးမြူခြင်းနှင့် ဝက်သားစည်သွတ်လုပ်ငန်းသည် အမေရိ
ဝက်များမွေးမြူခြင်းနှင့် ဝက်သားစည်သွတ်လုပ်ငန်းသည် [[အမေရိကန်ပြည်ထောင်စု]]တွင် အလွန်ကြီးကျယ်သော လုပ်ငန်းတစ်ရပ်ဖြစ်၏။ ဝက်
သားစည်သွတ်လုပ်ငန်းလုပ်ကိုင်သော မြို့ကြီးများမှာ [[ရှိကားဂိုးမြို့]]၊
ကန်ပြည်ထောင်စုတွင် အလွန်ကြီးကျယ်သော လုပ်ငန်းတစ်ရပ်ဖြစ်၏။ ဝက်
[[ကင်းဆပ်မြို့]]နှင့် [[အိုမာဟာမြို့]]တို့ ဖြစ်ကြသည်။
သားစည်သွတ်လုပ်ငန်းလုပ်ကိုင်သော မြို့ကြီးများမှာ ရှိကားဂိုးမြို့၊
ကင်းဆပ်မြို့နှင့် အိုမာဟာမြို့တို့ ဖြစ်ကြသည်။


အင်္ဂလန်နိုင်ငံတွင် မွေးမြူသော ထင်ရှားသည့် ဗြိတိသျှဝက်မျိုး
[[အင်္ဂလန်နိုင်ငံ]]တွင် မွေးမြူသော ထင်ရှားသည့် ဗြိတိသျှဝက်မျိုး
များမှာ ယော့ရှိုင်ယားနယ်ရှိ ဝက်ကြီး၊ ဝက်လတ်၊ ဝက်ငယ်မျိုး၊ လင်ကွန်ရှိုင်
များမှာ [[ယော့ရှိုင်ယားနယ်]]ရှိ ဝက်ကြီး၊ ဝက်လတ်၊ ဝက်ငယ်မျိုး၊ လင်ကွန်ရှိုင်
ယားနယ်ရှိ အမွေးလိမ်ဝက်ဖြူမျိုးနှင့် ဗတ်ရှိုင်ယားနယ်ရှိ ဝက်မျိုးများဖြစ်ကြ
ယားနယ်ရှိ အမွေးလိမ်ဝက်ဖြူမျိုးနှင့် ဗတ်ရှိုင်ယားနယ်ရှိ ဝက်မျိုးများဖြစ်ကြ
သည်။
သည်။
စာကြောင်း ၁၁၁ - စာကြောင်း ၁၁၀ -
<references/>
<references/>


[[Category:တိရစ္ဆာန်]]
[[Category:သတ္တဗေဒ]]
[[Category:တိရစ္ဆာန်]]
[[Category:နို့တိုက်သတ္တဝါ]]
[[Category:နို့တိုက်သတ္တဝါ]]

၁၆:၂၀၊ ၉ ဩဂုတ် ၂၀၁၅ ရက်နေ့က မူ

ဝက်
Pig
A domestic sow and her piglet.
မျိုးရိုးခွဲခြားခြင်း
လောက:
Animalia
မျိုးပေါင်းစု:
Chordata
မျိုးပေါင်း:
Mammalia
မျိုးပေါင်းသေး:
Theria
Infraclass:
Eutheria
မျိုးစဉ်:
Artiodactyla
မျိုးရင်း:
Suidae
မျိုးရင်းသေး:
Suinae
မျိုးစု:
Sus

Linnaeus, 1758

ဝက်သည် ခြေချောင်းတွင် ခွာတစ်စုံစီ ရှိသည့် ခြေလေးချောင်းရှိ နို့တိုက်သတ္တဝါများဖြစ်သည်။ ဝက်ကို စီးပွားဖြစ် မွေးမြူကြသည်။ ဝက်တို့သည် အစုံစား သတ္တဝါများ ဖြစ်ကြသည်။

ဝက်ကို လူတိုင်းမြင်ဖူးကြမည်ဖြစ်သော်လည်း ဝက် မျိုး၏မူရင်းအစကို သိရှိသူကား နည်းပါးလှပေမည်။ ယခု ကမ္ဘာအနှံ့အပြား တွင် တွေ့ရှိနေရသော ဝက်များမှာ တောဝက်များကို ယဉ်ပါးအောင် အိမ် တွင် မွေးမြူကြရာမှ တဖြည်းဖြည်းပေါက်ဖွားလာသော ဝက်များဖြစ်ကြ သည်။ မြေတွင်မြုပ်၍ ကျောက်သားဖြစ်နေသော ဝက်ရိုးအကြွင်းအကျန် များကို တူးဖော်တွေ့ရှိရခြင်းဖြင့် ရှေးဝက်ရိုင်းများကို ဥရောပတိုက်နှင့် အာရှတိုက်တွင်တွေ့ရကြောင်း သိရလေသည်။ အမေရိကတိုက်တွင်ကား မတွေ့ရချေ။ ယခု ဝက်များသည် ဥရောပတိုက်နှင့် အာရှတိုက်ရှိ တောဝက် ရိုင်းများမှ ဆင်းသက်ပေါက်ပွားလာကြသော ဝက်များဖြစ်ကြသည်။ ဘီစီ ၂၉ဝဝ နှစ်လောက်မှစ၍ တရုတ်တို့သည် ဝက်များကို ယဉ်ပါးအောင် မွေးမြူလာကြသည်ဟုဆိုသည်။

ဝက်များသည် ညစ်ပတ်၍ မသန့်ဟု အယူရှိကာ အချို့သော လူမျိုးတို့က ဝက်သားကို မစားကြသော်လည်း အခြားလူမျိုးများ အထူး သဖြင့် တရုတ်လူမျိုးသည် ဝက်သားကို အလွန်နှစ်သက်ကြလေသည်။ အမှန်မှာ ဝက်သည် ထင်သလောက် ညစ်ပတ်ပေကျံသော တိရစ္ဆာန် မဟုတ် ပေ။ သဘာဝအလျောက် ဝက်သည် အခြားသန့်ရှင်းသော တိရစ္ဆာန်များ ကဲ့သို့ပင် သန့်ရှင်းသော တိရစ္ဆာန်ဖြစ်သည်။ မညစ်ပတ်သည်သာမက ဝက် မွေးမြူသူတို့သည် ဝက်ကို သန့်ရှင်းစွာသာထားနိုင်ပါက အထူးပင်စင်ကြယ် သောတိရစ္ဆာန်ဖြစ်နိုင်သည်။ မွေးမြူသူတို့၏ ညစ်ပတ်စွာ ထားရှိမှုကြောင့် သာ ဝက်များကို ညစ်ပတ်သည်ဟု ထင်မှတ်ကြလေသည်။ ဝက်မွေးမြူရာ၌ သန့်ရှင်းစင်ကြယ်စွာ ကျန်းမာရေးနှင့်ကိုက်ညီအောင် ထားနိုင်လျှင် ကြီးလွယ် ၍ ဝက်ဦးရေ များစွာတိုးပွားနိုင်လေသည်။

ကျန်းမာသန်စွမ်းသော ဝက်သိုးတစ်ကောင်သည် အသက် ရှစ်လ အရွယ်မှစ၍ မိတ်လိုက်နိုင်စွမ်းရှိ၍ ဝက်မတန်းများမှာလည်း အသက်ရှစ်လ၊ ရှစ်လခွဲအရွယ်မှစ၍ မိတ်လိုက်နိုင်ပြီးလျှင် တစ်နှစ်အရွယ်တွင် ပထမသားများ မွေးကြလေသည်။ ထိုသို့မွေးပြီးနောက် တစ်နှစ်လျှင် နှစ်သားပေါက် သည်။ တစ်သားတစ်သားလျှင် ဝက်ရိုင်းဖြစ်ပါက ဝက်ကလေး လေးကောင် မှ ခြောက်ကောင်အထိမွေး၍ အိမ်မွေးဝက်မှာကား ရှစ်ကောင်မှ ဆယ်ကောင် အထိ မွေးလေသည်။ ဝက်ကလေးများသည် ရက်သတ္တခြောက်ပတ်မှ ဆယ် ပတ်အတွင်းတွင် မိခင်ဝက်မကြီးမှ သားခွဲလေသည်။

ဝက်သည် ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်သော ဝက်ကာလဝမ်းရောဂါ အထူးသဖြင့် စွဲကပ်တတ်၏။ ထိုရောဂါ စွဲကပ်သောဝက်၏ အဆုတ်နှင့် နှာခေါင်းတို့သည် ရောင်လာပြီးလျှင် များသောအားဖြင့် ထိုရောဂါကြောင့် သေတတ်သည်။ ထိုကြောင့် ဝက်မွေးမြူသူများသည် ဝက်ကလေးများ ရက် သတ္တပတ်အနည်းငယ် ကြီးပြင်းလာသောအခါတွင် ထိုကာလဝမ်းရောဂါ မကျရောက်စေရန် ဆေးထိုးပေးလေ့ရှိကြသည်။ အကယ်၍ ဝက်တွင် ကာလ ဝမ်းရောဂါကျရောက်လာလျှင် ဝက်အားလုံးကိုသတ်ပြီးလျှင် ထိုသတ်ပြီးဝက် များကို မီးရှို့ပစ်ရပေမည်။ ဝက်များနေထိုင်သည့် နေရာများကိုလည်း ပိုးများ သေကုန်သည်အထိ ပိုးသတ်ဆေးများဖြင့် သုတ်သင်ရှင်းပစ်ရပေမည်။

ဝက်တစ်ကောင်လုံးသည် အသုံးဝင်၏။ အသားကိုစားရ၍ အဆီ ကို အိမ်သုံးဟင်းချက်ဆီအဖြစ် အသုံးပြုနိုင်ပြီးလျှင် အမွေးကို ဝက်မှင်ဘီး ပြုလုပ်ရာ၌လည်းကောင်း၊ ဝက်ရေကို မြင်းကုန်းနှီး၊ ပိုက်ဆံအိတ် စသည် တို့ကို ပြုလုပ်ရာ၌လည်းကောင်း၊ အသုံးပြုကြ၏။

ဝက်သည် အစာအကျွေးရနည်းပြီးလျှင် အသားအများဆုံးဖြစ်သော တိရစ္ဆာန်မျိုးဖြစ်၏။ ယင်းတို့ စားသောက်ရသော အစားအစာတို့၏ ၂ဝ သို့မဟုတ် ၂၅ ရာခိုင်နှုန်းမျှကို အသားဖြစ်စေနိုင်ကြသည်။ ပုံပမာ - ကောင်းမွန်သော အစာလေးပိဿာ သို့မဟုတ် ငါးပိဿာ ကျွေးတိုင်း ကျွေးတိုင်း ဝက်တို့သည် အသားတင် ဝက်သားတစ်ပိဿာကျ ထွက်နိုင်ကြ သည်။ နွားများမှာကား ၁ဝ ပိဿာ၊ ၁၂ ပိဿာကျွေးမှ အသားတင် နွား သားတစ်ပိဿာ ထွက်နိုင်သည်။

အခြားတိရစ္ဆာန်များကဲ့သို့ပင် ဝက်တွင်လည်း ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဓာတ်သတ္တုနှင့် ဗီတာမင်များ ယင်းတို့၏ အစာများ၌ပါဝင်ရန် အရေးကြီးလေသည်။ ဝက်သည် ဓာတ်သတ္တုများချို့တဲ့သည့် ကောက်နှံ

အများအပြားကို စားသောက်၏။ ထိုကြောင့် ယင်း၏အစာတွင် ဓာတ်သတ္တု ထည့်ပေးရပေမည်။ အခြေအနေကိုလိုက်၍ ဝက်၏အစာကို ပြောင်းလဲပေး သင့်သည်။ ထင်ရှားအောင် ဖော်ပြရလျှင် ကိုယ်ဝန်ဆောင်ဝက်မကို သား ငယ်များ၏ ခန္ဓာကိုယ်ထွားကျိုင်းစေမည့်အစာကို ကျွေးသင့်၍ အသား အတွက် ရောင်းစားမည့်ဝက်ကိုမူ အလေးချိန်လျင်မြန်စွာ တိုးတက်စေမည့် ကာဗိုဟိုက်ဒရိတ်နှင့် အဆီများကို ကျွေးသင့်သည်။ ကိုယ်ဝန်ဆောင် ဝက်မ များကို တစ်ခါတစ်ရံ အိုင်အိုဒင်းပါသော အစာများကို ကျွေးသင့်၏။ သို့မှ သာ မွေးဖွားလာမည့် သားငယ်များတွင် အမွေးများ လုံလောက်စွာ ပါလာ နိုင်ပေလိမ့်မည်။ အခြားတိရစ္ဆာန်များကဲ့သို့ပင် ဝက်သည်လည်း ဗီတာမင် များကို လုံလောက်စွာမရရှိလျှင် ဒုက္ခရောက်နိုင်လေသည်။ ဝက်အတွက် အထူးအရေးကြီးသော ဗီတာမင်များမှာ ဗီတာမင် အေ နှင့် ဒီတို့ ဖြစ်သည်။ လူကဲ့သို့ပင် ဝက်သည်လည်း ဗီတာမင် ဒီကိုသာ လုံလောက်စွာမရရှိလျှင် ရစ်ကက်ရောဂါ ဖြစ်တတ်ပေသည်။

ဝက်များမွေးမြူခြင်းနှင့် ဝက်သားစည်သွတ်လုပ်ငန်းသည် အမေရိကန်ပြည်ထောင်စုတွင် အလွန်ကြီးကျယ်သော လုပ်ငန်းတစ်ရပ်ဖြစ်၏။ ဝက် သားစည်သွတ်လုပ်ငန်းလုပ်ကိုင်သော မြို့ကြီးများမှာ ရှိကားဂိုးမြို့ကင်းဆပ်မြို့နှင့် အိုမာဟာမြို့တို့ ဖြစ်ကြသည်။

အင်္ဂလန်နိုင်ငံတွင် မွေးမြူသော ထင်ရှားသည့် ဗြိတိသျှဝက်မျိုး များမှာ ယော့ရှိုင်ယားနယ်ရှိ ဝက်ကြီး၊ ဝက်လတ်၊ ဝက်ငယ်မျိုး၊ လင်ကွန်ရှိုင် ယားနယ်ရှိ အမွေးလိမ်ဝက်ဖြူမျိုးနှင့် ဗတ်ရှိုင်ယားနယ်ရှိ ဝက်မျိုးများဖြစ်ကြ သည်။

ပါဏဗေဒအလိုအားဖြင့် ဝက်သည် ဆူအီဒီးမျိုးရင်းတွင် ပါဝင် ၏။ ယခုအခါ၌ တွေ့မြင်နေကြရသော အိမ်မွေးဝက်များ များသောအားဖြင့် ဆင်းသက်ပေါက်ဖွားလာသည့် ရိုးရိုးဥရောပတိုက် တောဝက်သည် ဆပ်စ ဆကရိုဖာဖြစ်၍ တရုတ်ဝက်သည် ဆပ်စအင်ဒိကပ်ဖြစ်သည်။
[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)