ကွန်ပျူတာကွန်ယက် နည်းပညာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး Migrated to Wikidata at d:Q12202516.
စာကြောင်း ၁၃ - စာကြောင်း ၁၃ -




[[ar:تشبيك حاسوبي]]
[[en:Computer networking]]
[[en:Computer networking]]
[[fr:Networking]]
[[fr:Networking]]

၀၄:၃၈၊ ၁၆ ဇူလိုင် ၂၀၁၅ ရက်နေ့က မူ

ကွန်ပျူတာကွန်ယက် သို့မဟုတ် ဒေတာ ကွန်ယက် ဆိုတယ်မှာ ကွန်ပျူတာ အချင်းချင်း အချက်အလက်များ အပြန်အလှန် ဖလှယ်နိုင်သည် အဝေး ဆက်သွယ်ရေး ကွန်ယက် တစ်ခု ဖြစ်သည်။ ကွန်ပျူတာ ကွန်ယက်တွင် ကွန်ယက် ချိတ်ဆက်ထားသော ကွန်ပျူတာ များက ကွန်ယက် ဆက်ကြောင်း တွင် အချက်အလက်များကို ဟိုမှ သည်မှ ပေးပို့လေ့ ရှိသည်။ ကွန်ယက် အတွင်းမှ ပစ္စည်း တစ်ခုချင်းစီ ကြားတွင် ကြိုး သို့မဟုတ် ကြိုးမဲ့ ကြားခံနယ် တစ်ခု အသုံးပြု၍ ချိတ်ဆက် ကြသည်။ လူသိ အများဆုံး ကွန်ပျူတာ ကွန်ယက်မှာ အင်တာနက် ဖြစ်သည်။

အချက်အလက်များကို စတင် ထုတ်လွှတ်သော၊ လှည့်ပတ်ပို့ဆောင်ပေးသော သို့မဟုတ် အဆုံးသတ်သော ကွန်ယက် အတွင်းရှိ ကွန်ပျူတာ ကိရိယာများကို ကွန်ယက်၏ နုတ်ဒ်များ (nodes) ဟုခေါ်သည်။ နုတ်ဒ်များတွင် ဟို့စ် (hosts ) များ ဖြစ်သော ကွန်ပျူတာများ၊ ဖုန်းများ၊ ဆာဗာများအပြင် ကွန်ယက် ချိတ်ဆက်ရာတွင် အသုံးပြုသော ဟတ်ဒ်ဝဲလ်များလည်း ပါဝင်သည်။ ကိရိယာ နှစ်ခုသည် အခြား ကိရိယာတစ်ခုနှင့် သတင်းအချက်အလက် ဖလှယ်ခြင်း ပြုလုပ်နိုင်ပါက ထိုကိရိယာနှစ်ခုသည် တိုက်ရိုက်ချိတ်ဆက်ထားသည် ဖြစ်စေ၊ မချိတ်ဆက်ထားသည် ဖြစ်စေ ကွန်ယက်ချိတ်ဆက်ထားသည်ဟု ခေါ်ဆိုနိုင်သည်။



  1. X.225 : Information technology – Open Systems Interconnection – Connection-oriented Session protocol: Protocol specification။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2021 တွင် ပြန်စစ်ပြီး။