မုန်လာဥနီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
[[image:Carrots.jpg|thumb|right|200px|မုန်လာဥနီများ]]
[[image:Carrots.jpg|thumb|right|200px|မုန်လာဥနီများ]]
[[File:Daucus carota subsp. maximus MHNT.BOT.2007.40.407.jpg|thumb|''Daucus carota subsp. maximus'']]
==မုန်လာဥနီ==
==မုန်လာဥနီ==
မုန်လာဥနီပင်သည် ကီနိုပိုဒီအေးစီအီး မျိုးရင်းတွင် ပါဝင်၍
မုန်လာဥနီပင်သည် ကီနိုပိုဒီအေးစီအီး မျိုးရင်းတွင် ပါဝင်၍

၁၆:၂၈၊ ၁၅ မေ ၂၀၁၅ ရက်နေ့က မူ

မုန်လာဥနီများ
Daucus carota subsp. maximus

မုန်လာဥနီ

မုန်လာဥနီပင်သည် ကီနိုပိုဒီအေးစီအီး မျိုးရင်းတွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒ အမည်မှာ ဗီတာဗားလဂါးရစ် ဖြစ်သည်။ မုန်လာဥနီဟု ခေါ်သော်လည်း မုန်လာဥ၊ ဂေါ်ဘီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်း စသည်တို့နှင့် မျိုးရင်းချင်း မူတညသည့်ပြင် မုန်လာဥဝါ နှင့်လည်း မျိုးရင်းချင်း မတူချေ။ မုန်လာဥနီပင်သည် မူလက ကက်စပျန်ပင်လယ် ဒေသတွင် အလေ့ကျပေါက်သည်။ ရှေးနှစ် ်ပေါင်းနှစ်ထောင်လောက်ကတည်းက ယင်းကို လူတို့သည် အစာ အဖြစ် စိုက်ပျိုးလာခဲ့ကြသည်။ မုန်လာဥနီပင်၏ အဖြူရွက်စိမ်းကြီး များသည်ထူ၍ အရည်ရွှမ်း၏။ ဥများမှာ အဖြူမှ အနီရင့်ရင့်ထိ အရောင်အမျိုးမျိုးရှိကြသည်။ အချို့ ဥများမှာ ဘောလုံးကဲ့သို့ လုံး၍ အချို့မှာကျင်ပုံသဏ္ဌာန်ရှိပြီးလျှင် အချို့ကား ရှည်မျောမျော ရှိလေ သည်။


မုန်လာဥနီပင်သည် ၂ နှစ်ခံ ပင်မျိုးဖြစ်၍ ၂ နှစ်၊ သို့မဟုတ် ၂ ရာသီ အသက်ရှင်နေသော အပင်မျိုးဖြစ်သည်။ အစေ့ များကို စိုက်ပျိုးပြီးသည်နောက် ရက်ပေါင်း ၇ဝ အတွင်းတွင် ဥများကို စားနိုင်သည်။ မုန်လာဥနီပင်များကို အပင်စာသိုမှီးထား သောအမြစ် (ဥ) များအတွက် စိုက်ပျိုးကြရာ၊ ဥများမထိမနာအောင် ပြောင်းရွှေ့စိုက်ရန် မဖြစ်နိုင်သဖြင့် စိုက်ခင်းများကိုကောင်းစွာဂရုစိုက် ်၍ပြုပြင်ရလေသည်။ မြေဩဇာကောင်းသော မြေနုမြေပွများ၌ ကောင်းစွာ ဖြစ်ထွန်းကြသည်။ ဤမုန်လာဥနီ၏ မျိုးစေ့ကို မစိုက်ပျိုးမီရေနွေးတွင် နာရီ အနည်းငယ် စိမ်ထားပြီးမှ စိုက်ပါက ရိုးရိုးစိုက်သည်ထက် ပို၍ မြန်စွာပေါက်သည်။ ဥများကောင်းစွာဖြစ် ်ထွန်းစေရန် တစ်တန်းနှင့်တစ်တန်း ၉ လက်မမှ ၁၂ လက်မအထိ ခွာပြီးလျှင် တစ်ပင်နှင့် တစ်ပင်လည်း ၆ လက်မအထိ ကွာအောင် ်စိုက်၍အပင်ညံ့များကို နုတ်ပေးရသည်။ မြန်မာနိုင်ငံတွင် မုန်လာဥနီပင်များကို ဟင်းသီးဟင်းရွက်ပင် တစ်မျိုးအဖြစ်ဖြင့်သာ စိုက်ပျိုးကြသည်။ အနောက်နိုင်ငံများ ၌မူ ဟင်းသီးဟင်းရွက်ပင် တစ်မျိုးအဖြစ်ဖြင့်လည်းကောင်း၊ တိရစ္ဆာန်အစာအတွက်သော်လည်းကောင်း စိုက်ပျိုးကြသည်။ စင်စစ် မုန်လာဥနီ အရွက်များတွင် ဗီတာမင်နှင့် သတ္တုဓာတ် အမြောက်အမြား ပါရှိရာ၊ ဥမှာထက် အာဟာရဓာတ် ပို၍ များသည်။ ဥများတွင်ဗီတာမင်ဓာတ်အနည်းငယ်သာ ပါရှိသည်။ သကြားဓာတ်ပါသော မုန်လာဥနီပင် တစ်မျိုးရှိသေးသည် ယင်းကို သကြားမုန်လာဟုလည်းခေါ်ကြသည်။ ၁၉ ရာစုခေတ် တွင် သိပ္ပံပညာရှင်ကြီးများသည် ကြားရာခိုင်နှုန်း ၇ မျှသာ ပါရှိသော မုန်လာဥနီမျိုးတွင် ရာခိုင်နှုန်း ၂ဝ အထိ ပါရှိလာအောင် မျိုးစေ့သန့်သန့်များကို ရွေးချယ်စိုက်ပျိုးသည့်နည်းဖြင့် ပြုပြင်ခဲ့ကြ သည်။ ထိုထက် သကြားရာခိုင်နှုန်းပိုလာအောင် သကြားမုန်လာပင် ်များကိုပြုပြင်လျက် ရှိနေကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝ ကျော် အထက်က သကြားအတွက် ကြံပင်များကိုသာ အားထား ခဲ့ကြရသော်လည်း ယခုအချိန်အခါတွင် အင်္ဂလန်ကဲ့သို့သော နိုင်ငံ များတွင် လယ်မြေ ဧကပေါင်း ထောင်သောင်းများစွာ၌ သကြား မုန်လာပင်များကိုစိုက်ပျိုးထားကြလေသည်။ ထိုမုန်လာင်များမှ သကြား တန်ချိန်ပေါင်းများစွာကို နှစ်စဉ် ရရှိလျက်ရှိသည်။ ရွက်လှ မုန်လာဥနီပင်မျိုးလည်း ရှိသေးရာ၊ ခြံဥယျာဉ်များကို တန်ဆာဆင်ရန် ထိုအပင် များကို စိုက်ပျိုးထားတတ်ကြသည်။[၁]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)