ဗိုလ်ဗကို: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
{{Infobox အတ္ထုပ္ပတ္တိ
{{Infobox အတ္ထုပ္ပတ္တိ
| အမည် = ဗိုလ်ဗကို
| အမည် = ဗိုလ်ဗကို
| ဓာတ်ပုံ = BoBaKo.gif|160px|ဗိုလ်ဗကို
| ဓာတ်ပုံ = BoBaKo.gif|160px|
| သက်တမ်း = (၁၉၁၉-၁၉၈၅)
| သက်တမ်း = (၁၉၁၉-၁၉၈၅)
| မွေးသက္ကရာဇ် = ၁၁၊ ၁၂၊ ၁၉၁၉
| မွေးသက္ကရာဇ် = ၁၁၊ ၁၂၊ ၁၉၁၉

၀၃:၅၅၊ ၇ မေ ၂၀၁၅ ရက်နေ့က မူ

ဗိုလ်ဗကို
(၁၉၁၉-၁၉၈၅)
မွေးသက္ကရာဇ် ၁၁၊ ၁၂၊ ၁၉၁၉
အမည်ရင်း ဇေယျကျော်ထင်၊ ဝဏ္ကကျော်ထင်၊ ဗိုလ်မှူးဗကို
မိဘအမည် ဦးသန့် + ဒေါ်တင့်
မွေးဖွားရာဒေသ ရန်ကုန်မြို့
နိုင်ငံသား ဖိုင်:Flag of Myanmar.png မြန်မာ
လူမျိုး မြန်မာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း မဟာဝိဇ္ဇာဘွဲ့
အလုပ်အကိုင် စာရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်
ကြင်ဖော် ဒေါ်ခင်ကြည်(မြန်မာ့အသံ)
သားသမီး နှစ်ယောက်
ထင်ပေါ်ကျော်ကြားမှု စာရေးဆရာ ရုပ်ရှင် သရုပ်ဆောင်တစ်ဦး
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်)
ကွယ်လွန်ရက် ၂၂၊ ၆၊ ၁၉၈၅ ရက်
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့
လက်မှတ် [[Image:|100px]]
ကွန်ယက်


ဗိုလ်ဗကို (၁၉၁၉-၁၉၈၅)

ကိုယ်ရေးဖြစ်စဉ်

စာရေးဆရာ၊ သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ ဗိုလ်ဗကိုအား ၁၉၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးမြို့၌ အဘ ဦးသန်းနှင့် အမိ ဒေါ်တင့်တို့မှ (ဦးသန့်+ဒေါ်ဝင့်)မွေးဖွားခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် မန္တလေးမြို့ ဝက်စလီယံ ကျောင်းမှ ဆယ်တန်း အောင်မြင်သည်။ ၁၉၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာ (ဂုဏ်ထူးတန်း) ကို ပထမ အဆင့်ဖြင့် အောင်မြင်သည်။ ထို့နောက် ဗမာ့ လွတ်လပ်ရေး တပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် ဗိုလ်မှူး ရာထူးဖြင့် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်။ ၁၉၅၀ ပြည်နှစ်တွင် ဇေယျကျော်ထင်ဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့တို့ကို ရရှိခဲ့သည်။

ထို့နောက် ဥပဒေဘွဲ့ကို ရရှိခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ယေးလ်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ စာပေဗိမာန် စာတည်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ကျင်းပသော ရုပ်ရှင်ပွဲတော်နှင့် အိန္ဒိယ သမ္မတနိုင်ငံတွင် ပြုလုပ်သော ယူနက်စကို သက်ကြီး စာပေ တတ်မြောက်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) ကို ရရှိခဲ့သည်။ ၁၉၅၈ ခုနှစ်တွင်ပင် "လူထု အောင်သံ" ဇာတ်ကားမှ စတင်၍ ရုပ်ရှင် သရုပ်ဆောင် ဖြစ်လာသည်။ ၁၉၇၀ ပြည့်နှစ်တွင် "သီတာပြုံး"၊ ၁၉၇၁ ခုနှစ်တွင် "တကွေ့ တကမ္ဘာ" ဇာတ်ကားများဖြင့် အကယ်ဒမီ ဆုများကို ရရှိခဲ့သည်။ ရုပ်ရှင် သရုပ်ဆောင်၊ စာရေးဆရာ၊ ဒါရိုက်တာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၇၆ ခုနှစ်မှ စ၍ ရုပ်ရှင် ကောင်စီ စည်းရုံးရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန် တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ ပုသိမ်ကောလိပ်၊ မော်လမြိုင် ကောလိပ်တို့တွင် ပြင်ပ စာစစ်မှူး၊ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနတွင် ဘာသာဗေဒ ဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။

ဘဝနိဂုံး

ဗိုလ်ဗကို ရေးသားခဲ့သည့် စာအုပ်များ အနက် ယေးလ်တက္ကသိုလ် ခရီးသည်၊ မစ်ဆူရီ ခရီးသည်၊ တရုတ်ပြည်သစ် ခရီး၊ ဟဲမင်းဝေး - အီး လက်ရွေးစင် စာပဒေသာ၊ ပြည်သူ့ စာရေး ဆရာမကြီး မပုလဲ စာအုပ်များမှာ ထင်ရှားသည်။ ဇနီးမှာ ဒေါ်ခင်ကြည်(မြန်မာ့အသံ) ဖြစ်ပြီး သားသမီး နှစ်ယောက် ထွန်းကားခဲ့သည်။ ဗိုလ်ဗကိုသည် ၂၂၊ ၆၊ ၁၉၈၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ

  1. တရုတ်ပြည်သစ်ခရီး ၁၉၅၉
  2. ဘကြီးရွှန်း ၁၉၅၉
  3. ဟဲမင်းဝေး-အီး လက်ရွေးစင် စာပဒေသာ ၁၉၆၀
  4. ယေးလ်တက္ကသိုလ် ခရီးသည် ၁၉၆၀
  5. ဘယ်လိုလူလဲ (ဗိုလ်ခင်မောင်လေး အတ္ထုပ္ပတ္တိ) ၁၉၆၀
  6. မရွှေချော ၁၉၆၂
  7. မာနနှင့် လူသား (ဟယ်လင်ဂျူနီယာဒီအက်စ်) ၁၉၆၃
  8. နေနှင့်လူသား ၁၉၆၃
  9. ပညာသိပ္ပံစက်မှုနှင့် လုပ်ငန်းယဉ်ကျေးမှု ၁၉၆၄
  10. လူသုံးအနုမြူ ၁၉၆၄
  11. ကဗျာသစ်ဆရာ ကားလ်ဆင်းဗတ် ၁၉၆၅
  12. စက်မှုလက်မှု တိုးတက်ရေး ၁၉၆၅
  13. ရုပ်ရှင်မြို့တော် (ဟောလီးဝုဒ်၏ ငွေရောင်ပိတ်ကား) ၁၉၆၅
  14. ဒုံးပျံဝိဇ္ဇာ ၁၉၆၅
  15. သမ္မတတဦး၏ အမွေအနှစ် ၁၉၆၅
  16. အာကာသလုပ်ငန်း ၁၉၆၅
  17. ကုလသမဂ္ဂ၏ ကမ္ဘာ့ဉာဏ်ဗိမာန် ၁၉၆၆
  18. ပြည်သူ့စာရေး ဆရာမကြီး မပုလဲ ၁၉၆၆
  19. မျိုးရိုးဇာတိနှင့် လူ့သဘာဝ ၁၉၆၆
  20. ကင်ဆာရောဂါ အောင်နိုင်ရေး ၁၉၆၇
  21. မြေပြောသော ပုံပြင် ၁၉၆၇
  22. ပီမိုးနင်း ဘဝနှင့်စာပေ ၁၉၇၃

[၁]

ကိုးကား

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန စာတည်းအဖွဲ့မှ စုဆောင်း ပြုစုပြီး၊ ရွှေဟင်္သာ စာအုပ်တိုက်က ၂၀၀၈ စက်တင်ဘာမှာ ပထမအကြိမ် ပုံနှိပ် ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ပဥ္စမတွဲ)' စာအုပ်မှ