နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး Bot: Replacements: fix URL prefix
စာကြောင်း ၉၃ - စာကြောင်း ၉၃ -
== ပြင်ပလင့်ခ်များ ==
== ပြင်ပလင့်ခ်များ ==
*[http://utycc.org UTYCC ကျောင်းသားများ၏ ဝက်ဘ်ဆိုဒ်] <!-- Not an official website of the university -->
*[http://utycc.org UTYCC ကျောင်းသားများ၏ ဝက်ဘ်ဆိုဒ်] <!-- Not an official website of the university -->
*[http://http://www.aseancu.org/ အာဆီယံဆိုင်ဘာတက္ကသိုလ်]
*[http://www.aseancu.org/ အာဆီယံဆိုင်ဘာတက္ကသိုလ်]


==ကိုးကား==
==ကိုးကား==

၁၁:၃၀၊ ၄ မေ ၂၀၁၅ ရက်နေ့က မူ

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)
University of Technology (Yatanarpon Cyber City)
UT-YCC


တည်ထောင်ခုနှစ် ဒီဇင်ဘာ ၂၀၁၀
ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း (ကျောင်းအုပ်ကြီး)
ဝန်ထမ်းပေါင်း ၂၀၀ ယောက်
သင်ပြသူ
၁၄ / ၁၀၆
တည်နေရာ ရတနာပုံနည်းပညာမြို့သစ်အနီး၊ ပြင်ဦးလွင်မြို့နယ်မန္တလေးတိုင်းဒေသကြီး
အမျိုးအစား တက္ကသိုလ်
အကျယ်အဝန်း ၆ စတုရန်းမိုင် (၁၆ စတုရန်း ကီလိုမီတာ)
ရန်ပုံငွေ ဗဟိုအစိုးရ ထောက်ပံ့မှု
အဖွဲ့အစည်း ပညာရေး ဝန်ကြီးဌာန (ယခင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန)
အထိမ်းအမှတ်အရောင် အဖြူ၊ အပြာ   
ဝဘ်ဆိုတ် Under Constructing


အဆင့်မြင့်နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)(အင်္ဂလိပ်: University of Technology (Yatanarpon Cyber City))သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံရှိ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရတနာပုံနည်းပညာမြို့သစ်အနီးတွင် တည်ရှိသည်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့သည်။ စတင်ဖွင့်လှစ်စဉ်က မြန်မာနိုင်ငံအတွင်းရှိ နည်းပညာတက္ကသိုလ်များ၏ အရည်အသွေးနိမ့်ကျ ပျက်ယွင်းနေမှုအပေါ် ထိန်းညှိရန် အစိုးရမှ ပထမဦးဆုံး အဆင့်မြင့်နည်းပညာတက္ကသိုလ်(Center of Excellence) အဖြစ် တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၈ နောက်ပိုင်း B.E ဘွဲ့အား ပထမဦးဆုံး တိုက်ရိုက်ပေးအပ်သည့် တက္ကသိုလ်တစ်ခုလည်းဖြစ်သည်။

သင်ကြားပေးသော ဘာသာရပ်များ

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)တွင် အောက်ပါ အင်ဂျင်နီယာဘာသာရပ် (၅)ခု သင်ကြားလျက်ရှိသည်။

  1. သတင်းအချက်အလက်နည်းပညာ အင်ဂျင်နီယာ B.E (Information Science)
  2. ကွန်ပျူတာနည်းပညာ အင်ဂျင်နီယာ B.E (Computer Engineering)
  3. လျှပ်စစ်နည်းပညာ အင်ဂျင်နီယာ B.E (Electronic Communication Engineering)
  4. တိကျစက်ပစ္စည်းနည်းပညာ အင်ဂျင်နီယာ B.E (Precision Engineering)
  5. အဆင့်မြင့်ဒြပ်ပစ္စည်းနည်းပညာအင်ဂျင်နီယာ B.E (Advenced Material Engineering) စသည်တို့ ဖြစ်ကြသည်။

လက်ရှိတွင် ပထမနှစ်မှ နောက်ဆုံးနှစ်အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၅၀၀ ကျော်ခန့် တက်ရောက် ပညာသင်ကြားလျက်ရှိကြသည်။ မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များတွင် ပထမဦးဆုံး စာတွေ့နှင့် လက်တွေ့ ယှဉ်တွဲသင်ကြားသည့် တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း သြဂုတ်လနှင့် စက်တင်ဘာလများတွင် လက်တွေ့လုပ်ဆောင်သည့် နည်းပညာပစ္စည်းများပြပွဲများရှိသည်။

ဌာနများ

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)တွင် အောက်ပါ မဟာဌာနကြီး (၄)ခု ရှိသည်။

  1. သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ မဟာဌာန
  2. လျှပ်စစ်နည်းပညာ မဟာဌာန
  3. တိကျစက်ပစ္စည်းနည်းပညာ မဟာဌာန
  4. အဆင့်မြင့်ဒြပ်ပစ္စည်းနည်းပညာ မဟာဌာန စသည်တို့ ဖြစ်ကြသည်။

ဌာနတွင်း ကိစ္စရပ်များအားလုံးသည် ဌာနမှုးများ၏ အပြည့်အဝထိန်းချုပ်ကိုင်တွယ်မှု လက်အောက်တွင်ရှိသည်။ သင်ကြားမည့် ဘာသာရပ် ရွေးချယ်မှုမှစ၍ တက္ကသိုလ်တစ်ခုလုံးနှင့် မသက်ဆိုင်သည့် ဌာနတွင်းကိစ္စရပ်များအားလုံးကို ဌာနမှုးများသည် အပြည့်အဝထိန်းချုပ်ကိုင်တွယ်ခွင့်ရှိသည်။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ မဟာဌာန

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ မဟာဌာနတွင် သတင်းအချက်အလက်နည်းပညာ အင်ဂျင်နီယာဘွဲ့နှင့် ကွန်ပျူတာနည်းပညာ အင်ဂျင်နီယာဘွဲ့နှစ်ခုအား ပေးအပ်သည်။ လက်တွေ့လုပ်ဆောင်ခန်းများထားရှိကာ ကျောင်းသားများ၏ လက်တွေ့လုပ်ဆောင်မှုကို မြှင့်တင်လျှက်ရှိသည်။ ဒုတိယနှစ်အထိ ကေျာင်းသား၊ကေျာင်းသူများကို ICT မေဂျာဟု သတ်မှတ်၍ ပထမနှစ်တွင်

  1. မြန်မာစာ
  2. အင်္ဂလိပ်စာ
  3. ကွန်ပျူတာသင်္ချာ
  4. Engineering Drawing
  5. Fundamental of Computer Engineering
  6. C++ Programming with Object Orientation
  7. Web programming using HTML and JavaScript
  8. Basic System Components
  9. Discrete Mathematics ဘာသာရပ်တို့အား သင်ကြားသည်။

ဒုတိယနှစ်တွင်

  1. အင်္ဂလိပ်စာ
  2. ကွန်ပျူတာသင်္ချာ
  3. Java Programming
  4. Computer Architecture
  5. Networking

တတိယနှစ်မှစတင်ကာICTတွင် IS နှင့် CE ဟု မေဂျာများခွဲ၍ သင်ကြားသည်။ သို့သော် နှစ်သက်ရာ မေဂျာအား လွှတ်လပ်စွာ ရေွးချယ်ယူနိုင်သည်။ တတိယနှစ် IS တွင်

  1. ကွန်ပျူတာသင်္ချာ
  2. Java Programming
  3. Operating System
  4. Computer Architecture
  5. Compiling Technique
  6. Object Oriented Analysis and Design
  7. Database Management System
  8. Software Engineering တို့ သင်ကြားသည်။

လျှပ်စစ်နည်းပညာ မဟာဌာန

လျှပ်စစ်နည်းပညာ မဟာဌာနတွင် လျှပ်စစ်နည်းပညာ အင်ဂျင်နီယာဘွဲ့ကို ပေးအပ်သည်။

တိကျစက်ပစ္စည်းနည်းပညာ မဟာဌာန

အဆင့်မြင့်ဒြပ်ပစ္စည်းနည်းပညာ မဟာဌာန

=

ပြင်ပလင့်ခ်များ

ကိုးကား