အစိုးရ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာမျက်နှာအသစ်: အစိုးရ ဆိုသည်မှာ တိုင်းပြည်တစ်ခု၏ အချုပ်အခြာအာဏာ အလုံ…
 
အရေးမကြီးNo edit summary
စာကြောင်း ၂၅ - စာကြောင်း ၂၅ -


[[Category:လူမှုရေး]]
[[Category:လူမှုရေး]]
[[Category:နိုင်ငံရေး]]

၁၁:၃၉၊ ၂၁ ဧပြီ ၂၀၀၉ ရက်နေ့က မူ

အစိုးရ ဆိုသည်မှာ တိုင်းပြည်တစ်ခု၏ အချုပ်အခြာအာဏာ အလုံးစုံ ကိုသော်လည်းကောင်း၊ အလုံးစုံ မဟုတ်ပဲ အုပ်ချုပ်ရေး အာဏာ တစ်ခုတည်းကို သော်လည်းကောင်း ကိုင်တွယ် အုပ်ချုပ်ရသည့် လူပဂ္ဂိုလ် တစ်ဦး တစ်ယောက် (သို့) အဖွဲ့အစည်း တစ်ရပ် ကိုဆိုလိုသည်။

အစိုးရ တစ်ရပ်အဖြစ် သတ်မှတ်နိုင်သည့် အချက်များ

အစိုးရ တစ်ရပ်အဖြစ် သတ်မှတ်နိုင်ရန်အတွက် အောက်ပါ အချက်များနှင့် ကိုက်ညီရန် လိုအပ်သည်။

  1. အုပ်ချုပ်ခံ ပြည်သူရှိခြင်း
  2. သံတမန် ဆက်သွယ်မှုရှိခြင်း
  3. ပြည်သူတို့က ရွေးကောက် တင်မြှောက်ထားခြင်း နှင့်
  4. အမိန့်ပေးနိုင်သည့် အာဏာရှိခြင်းတို့ ဖြစ်သည်။

အစိုးရ နှစ်မျိုး

တိုင်းပြည် တစ်ခုကို အုပ်ချုပ်သည့် အစိုးရ ကို သတ်မှတ်ရာတွင် ဥပဒေ ပညာရှင်များက အာဏာ လက်ကိုင် အစိုးရ (ဒီဂျူရီ / de jure) နှင့် အာဏာ လက်ခံအစိုးရ (ဒီဖက်တို / de facto) ဟူ၍နှစ်မျိုး သတ်မှတ်ကြသည်။

အာဏာ လက်ကိုင် အစိုးရ

တိုင်းပြည် အာဏာကို ပြည်သူတို့၏ ရွေးကောက် တင်မြှောက်ခြင်း ခံရသည်မဟုတ်ပဲ (သို့) အာဏာကို ပြည်သူတို့က အပ်နှင်းသည် မဟုတ်ပဲ အာဏာသိမ်းခြင်း (သို့) အကြောင်း အမျိုးမျိုးဖြင့် အာဏာကို ရယူထားသည့် အစိုးရမျိုးကို ဆိုလိုသည်။ ထိုအစိုးရမျိုးသည် အစိုးရအဖြစ် အသိအမှတ်ပြုနိုင်သည့် သတ်မှတ်ချက် ၄ ချက်တွင် ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားခြင်း ဟူသည့် အချက်မှ လွှဲကာ ကျန်အချက်များနှင့် ပြည့်စုံသည့်အတွက် အစိုးရ အဖြစ် လက်ခံ သတ်မှတ်ကြပါသည်။

အာဏာ လက်ခံအစိုးရ

တိုင်းပြည် အာဏာကို ပြည်သူတို့က တရားဥပဒေ နည်းလမ်းကျ ရွေးကောက်တင် မြှောက်ခြင်းခံရသည့် အစိုးရ ဖြစ်သည်။ တစ်နည်းဆိုလျှင် အာဏာကို ပြည်သူတို့ က အပ်နှင်းခြင်းကို လက်ခံထားသည့် အစိုးရဖြစ်သည်။ ထိုအစိုးရမျိုးသည် အသိအမှတ်ပြု ရမည့်အချက်အားလုံး (၄ ချက်လုံး) နှင့် ကိုက်ညီသည့်အတွက် အစိုးရ အဖြစ်လက်ခံ သတ်မှတ်ကြပါသည်။

အစိုးရ၏ တာဝန်

အစိုးရ တစ်ရပ်ဖြစ်လာသည်နှင့် အတူ တိုင်းပြည်၏ အချုပ်အခြာအာဏာ ကို ကိုင်တွယ်ကာ တိုင်းပြည်နှင့် ပြည်သူတို့၏ အကျိုးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိလျှင်) ထိန်းသိမ်း ဖော်ဆောင်ရန်၊တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းရန်၊ပြည်သူတို့၏ ငြိမ်းချမ်းမှုကိုဖေါ်ဆောင်ရန်၊မိမိနိုင်ငံကို ကာကွယ်ရန် တာဝန်ရှိပေသည်။

အစိုးရအဖွဲ့

အစိုးရဖြစ်သည့် လူပုဂ္ဂိုလ်သော် လည်းကောင်း၊ အဖွဲ့အစည်းသော် လည်းကောင်း တိုင်းပြည် အာဏာကို ကိုင်တွယ် ကျင့်သုံးပြီး အုပ်ချုပ်ရန်အတွက် အစိုးရအဖွဲ့ (ကတ်ဘိနက်) ကိုဖွဲ့စည်းကာ သတ်ဆိုင်ရာ ဝန်ကြီးဌာနများတွင် အကြီးအကဲ ဝန်ကြီးများကို ရွေးချယ် ခန့်အပ်မြဲဖြစ်သည်။ ထိုဝန်ကြီးများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်ဖွဲ့ စည်းထားလျှင် လွှတ်တော်မှ အတည်ပြု ပေးရန် လိုအပ်သည်။ သက်ဆိုင်ရာ ဝန်ကြီးများသည် မိမိတို့၏ ဝန်ကြီးဌာန များတွင် အကြီးအကဲ အဖြစ် တာဝန်ယူကာ လုပ်ငန်းများကို ဆောင်ရွက်ရသည်။ သမ္မတစနစ်‎ တွင် သမ္မတက တာဝန်ခံပြီး၊ ပါလီမန် ဒီမိုကရေစီ စနစ် တွင် ဝန်ကြီးချုပ်က တာဝန်ခံသည်။ ထိုသို့ ဌာနလက်ကိုင်ဝန်ကြီးများ အပါအဝင် ဌာနလက်ကိုင် မဟုတ်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို လည်း လိုအပ်လျှင် လိုအပ်သလို ခန့်အပ်လေ့ရှိပါသည်။ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးသည့် နိုင်ငံများတွင် ဝန်ကြီးအဖွဲ့အတွင်း လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲရန် အတွက် အတွင်းဝန် ရာထူးဖြင့် ဝန်ကြီးတစ်ဦးကို တရားဝင် ခန့်အပ်လေ့ရှိသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့် သည် မြန်မာနိုင်ငံတွင် ပါလီမန် ဒီမိုကရေစီ ခေတ်က ဦးနု အစိုးရအဖွဲ့တွင် အတွင်းဝန် အဖြစ် ကာလအတန် ကြာထမ်းဆောင်ခဲ့ဖူးသည်။