ဆင်မြီးဆွဲမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး cat
စာကြောင်း ၁၈ - စာကြောင်း ၁၈ -
== ကိုးကား ==
== ကိုးကား ==
<references/>
<references/>
[[Category:မြန်မာနိုင်ငံရှိ မြို့များ]]
[[Category:​မြို့​]]
[[Category:ပြည်ခရိုင်]]

၀၇:၃၄၊ ၂၈ ဇန်နဝါရီ ၂၀၁၅ ရက်နေ့က မူ

ဆင်မြီး​ဆွဲမြို့​

ဆင်မြီး​ဆွဲမြို့​သည် ပြည်ခရိုင်သဲကုန်းမြို့နယ် အပါအဝင် မြို့​မအဆင့်​ရှိ မြို့​ငယ်တစ်မြို့​ ဖြစ်သည်။ ရုံး​ဂါတ် ( ရဲဌာန ) နှင့်​ ​ဈေး​ရှိသည်။ ပတ်ဝန်း​ကျင် ​ကျေး​ရွာ​ပေါင်း​ ( ၆၀ ) ​ကျော်ရှိသည်။ လယ်ယာ လုပ်ကိုင်ကြ​သော လယ်သမား​များ​ ဖြစ်သည်။ ပြည်မြို့ ​မှ မီး​ရထား​နှင့်​ ထွက်လာလျှင် ​ရှေး​ဦး​စွာ သ​ရေ​ခေတ္တရာမြို့​ဟောင်း​နေရာ ​မှော်ဇာမြို့​ကို ​တွေ့​ရမည်။ ထိုမှ ​တောင်ဘက်သို့​ ( ၈ ) မိုင်ခန့်​တွင် ဆင်မြီး​ဆွဲမြို့​ ရှိ​ပေသည်။ သ​ရေ ​ခေတ္တရာ ပျူရှင်ဘုရင်များ​ ​ခေတ်က ဆင်အမှုထမ်း​များ​ ​နေထိုင်ရာဖြစ်၍ ဆင်​ခေါင်း​ရွာ၊​ ဆင်မြီး​ဆွဲရွာ၊​ ဆင်များ​လေ့​ကျင့်​ရာ ဆင်တိုက်ကုန်း​နေရာတို့​ကို အထင်အရှား​တွေ့​ရသည်။ ဆင်​ခေါင်း​ရွာသည် ဆင်အမှုထမ်း​အြကီး​အကဲတို့​ ​နေရာဖြစ်၍ ဆင်မြီး​ဆွဲမှာ ဆင်၏ ​နောက်ဆွယ်မှ ဝန်း​ရံလိုက်ပါရ​သော အမှုထမ်း​များ​ ​နေထိုင်ရာ ဖြစ်သည်။

စာ​ပေထူး​ချွန်သူများ​

  • ကိုလိုနီ ​ခေတ်က ​ကျောင်း​သုံး​ ရုံး​သုံး​ ပြုခဲ့​ရသည့်​ ကဝိမျက်မှန် သတ်ပုံကျမ်း​ကို ​ရေး​သား​ခဲ့​သူ ဦး​ကျော်ထွန်း​မှာ မူလတန်း​ကျောင်း​ ဆရာဖြစ်၍ ​ရွှေ​တောင်မြို့​ ကျီး​သဲ​လေး​ထပ်ဆရာ​တော်ကြီး​၏ တပည့်​ဖြစ်သည်။ ဆင်မြီး​ဆွဲရွာမှ ဖွား​မြင်သူ ဖြစ်သည်။
  • ကိုလိုနီ​ခေတ်မှလွတ်လပ်​ရေး​ ခေတ်အထိ စာ​ရေး​ဆရာ၊​ သတင်း​စာဆရာ၊​ ရုပ်ရှင်ဒါရိုက်တာ ဖြစ်သူ ဆရာဦး​ညာဏသည်လည်း​ ဆင်မြီး​ဆွဲဇာတိဖြစ်၍ မြို့​သစ်တန်း​နေ ​ကျောင်း​ဆရာကြီး​ ဦး​လူမှန်နှင့်​ တူဝရီး​တော်စပ်သည်။
  • စာ​ရေး​ဆရာ၊​ ကဗျာဆရာ ၊​ သု​တေသနပညာရှင် ဖြစ်သူ နန်း​ညွှန့်​ဆွေသည်လည်း​ ဆင်မြီး​ဆွဲမြို့​ အ​နောက်ဘက် ရပ်သာရွာ ဦး​သက်၊​ ​ဒေါ်​ရွှေဆိုင်တို့​မှ ဖွား​မြင်၍ ငယ်မည် ဦး​အောင်သိန်း​ ဖြစ်သည်။


နိုင်ငံ​ရေး​ ပုဂ္ဂိုလ်များ

သခင်ဝတင်သည် ဆင်မြီး​ဆွဲဇာတိဖြစ်၍ ၁၉၃၃ ခုနှစ်၊​ ပြည်ခရိုင် ဒို့​ဗမာ အစည်း​အရုံး​ဖွဲ့​သောအခါ ဥက္ကဌ ဖြစ်လာသည်။ စစ်ပြီး​ခေတ် ဖဆပလ အဖွဲ့​ချုပ်ကြီး​တွင် အမှု​ဆောင်ဖြစ်လာ၍ ပင်လုံညီလာခံ ပြုလုပ်စဉ်က ဖဆပလအဖွဲ့​ကြီး​မှ ​စေလွှတ်သည့်​ မြန်မာအဖွဲ့​၏ ​ခေါင်း​ဆောင် ဖြစ်သည်။ ဖဆပလ အစိုး​ရ​ခေတ် ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ် အဖြစ် ​နောင်တွင် နိုင်ငံ​ရေး​ မှ ထွက်၍ နား​လိုက်သည်။ ​မော်ကွန်း​ဝင် ပထမ ဆင့်​၊​ နိုင်ငံ့​ဂုဏ်ရည် ပထမဆင့်​ ရခဲ့​သည်။ တို့​ဗမာ အစည်း​အရုံး​ သမိုင်း​ပြုစု​ရေး​ အဖွဲ့​ဝင် ဖြစ်သည်။ သခင်ထွန်း​ခင် ( ဗိုလ်မြင့်​ဆွေ ) သည် ပြည်ခရိုင် သဲကုန်း​မြို့​နယ် သရက်တပင်ရွာဇာတိ ဖြစ်၍ ပြည်ခရိုင် တို့​ဗမာ အစည်း​အရုံး​ ဖွဲ့​သောအခါ အမှု​ဆောင်အြဖစ် ပါဝင်လာသည်။ ၁၉၄၀ ပြည့်​နှစ်တွင် ပုတီး​ကုန်း​မြို့​ သခင်ထွန်း​အုပ်တို့​ အဖွဲ့​နှင့်​ အတူ ဂျပန်ပြည်သို့​ ထွက်သွား​သည့်​ ရဲ​ဘော်သုံး​ကျိပ်ဝင် တစ်ဦး​ ဖြစ်လာသည်။ တပ်မ​တော်တွင် ဆက်လက် အမှုထမ်း​သည် ။ တပ်မှ အငြိမ်း​စား​ယူ၍ ​တော်လှန်​ရေး​ အစိုး​ရ​ခေတ်တွင် နား​နေသည်။ ​မော်ကွန်း​ဝင် ပထမအဆင့်​၊​ နိုင်ငံ့​ဂုဏ်ရည်ပထမ ဆင့်​ ရသည်။ ထို့​နောက် ၁၉၇၃ ၊​ ဇန်နဝါရီ ( ၂၃ ) တွင် နှလုံး​ရောဂါ ဖြင့်​ ကွယ်လွန် သွား​လေသည်။ ဆင်မြီး ​ဆွဲမြို့​၌ သခင်သန်း​ဦး​၊​ သခင်အိ၊​ သခင်လှအုံး​၊​ သခင်ဥ၊​ သခင်စိန်​မောင်၊​ သခင် စံနွဲ့​တို့​သည် နိုင်ငံ​ရေး​တွင် ထင်ရှား​ကြသည်။ ဆင်မြီး ​ဆွဲမြို့​တွင် ​ရှေး​ခေတ် ဒွတ္တ​ဘောင်မင်း​ကြီး​ တည်ခဲ့​သည့်​ အိုင်ဘုရား​ရှိသည့်​ အိုင်​ကျောင်း​၊​ ဥသျှစ်ပင်​ကျောင်း​၊​ ​ညောင်ပင်ကြီး​ကျောင်း​၊​ မြင်း​နီ​ကျောင်း​တို့​သည် ပရိယတ္တိစာသင်တိုက်ကြီး​များ​ဖြစ်၍ ထင်ရှား​သည်။

ကိုးကား