ဝီကီပီးဒီးယား:ဆောင်းပါးတို: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး added more material
စာကြောင်း ၂၂ - စာကြောင်း ၂၂ -


သို့သော် '''ဆောင်းပါးတိုတစ်ပုဒ်သည် မည်ရွေ့မည်မျှထိသာ ရှည်နိုင်သည်ဟု အသေပြဋ္ဌာန်းထားခြင်းမျိုး မရှိပါ'''။ အလွန်တိုသော ဆောင်းပါးများသည် ဆောင်းပါးတို (stub) များ ဖြစ်လေ့ရှိသော်လည်း၊ တိုတိုင်းလည်း ဆောင်းပါးတို မဖြစ်ပါ။ အချို့အကြောင်းအရာများမှာ ရေးစရာလွန်စွာနည်းသောကြောင့်ဖြစ်သည်။ တစ်ဘက်တွင်လည်း ရေးစရာများပြားလှသော အကြောင်းအရာတစ်ခုအတွက် ဆောင်းပါးရေးပါက စာပိုဒ်နှင့်ချီ၍ ရှည်နေပြီဖြစ်သော်လည်း ဆောင်းပါးတိုတစ်ခုသာ ဖြစ်နေနိုင်သေးသည်။ အချုပ်ဆိုရလျှင် အတိုအရှည်ပမာဏကိုလိုက်၍ ဆောင်းပါးတိုဖြစ်/မဖြစ် သတ်မှတ်ရန်မဖြစ်နိုင်ဘဲ အယ်ဒီတာ၏ ချိန်ဆဆုံးဖြတ်ချက်ဖြင့်သာ သတ်မှတ်နိုင်သည်။ <ref>ဤနေရာတွင် အင်္ဂလိပ်ဝီကီပီးဒီးယားရှိ [https://en.wikipedia.org/wiki/User:Grutness/Croughton-London_rule_of_stubs ခရူးတန်-လန်ဒန် စည်းမျဉ်း] (Croughton-London rule) အမည်ရှိ အသုံးပြုသူရေး အက်ဆေး (user essay) တစ်ပုဒ်က အထောက်အကူပြုနိုင်သည်။</ref>
သို့သော် '''ဆောင်းပါးတိုတစ်ပုဒ်သည် မည်ရွေ့မည်မျှထိသာ ရှည်နိုင်သည်ဟု အသေပြဋ္ဌာန်းထားခြင်းမျိုး မရှိပါ'''။ အလွန်တိုသော ဆောင်းပါးများသည် ဆောင်းပါးတို (stub) များ ဖြစ်လေ့ရှိသော်လည်း၊ တိုတိုင်းလည်း ဆောင်းပါးတို မဖြစ်ပါ။ အချို့အကြောင်းအရာများမှာ ရေးစရာလွန်စွာနည်းသောကြောင့်ဖြစ်သည်။ တစ်ဘက်တွင်လည်း ရေးစရာများပြားလှသော အကြောင်းအရာတစ်ခုအတွက် ဆောင်းပါးရေးပါက စာပိုဒ်နှင့်ချီ၍ ရှည်နေပြီဖြစ်သော်လည်း ဆောင်းပါးတိုတစ်ခုသာ ဖြစ်နေနိုင်သေးသည်။ အချုပ်ဆိုရလျှင် အတိုအရှည်ပမာဏကိုလိုက်၍ ဆောင်းပါးတိုဖြစ်/မဖြစ် သတ်မှတ်ရန်မဖြစ်နိုင်ဘဲ အယ်ဒီတာ၏ ချိန်ဆဆုံးဖြတ်ချက်ဖြင့်သာ သတ်မှတ်နိုင်သည်။ <ref>ဤနေရာတွင် အင်္ဂလိပ်ဝီကီပီးဒီးယားရှိ [https://en.wikipedia.org/wiki/User:Grutness/Croughton-London_rule_of_stubs ခရူးတန်-လန်ဒန် စည်းမျဉ်း] (Croughton-London rule) အမည်ရှိ အသုံးပြုသူရေး အက်ဆေး (user essay) တစ်ပုဒ်က အထောက်အကူပြုနိုင်သည်။</ref>

== မှတ်စု ==
{{reflist}}

၂၂:၅၂၊ ၃၀ ဒီဇင်ဘာ ၂၀၁၄ ရက်နေ့က မူ

Stub ဆိုသည်မှာ မပြည့်စုံသေးသော၊ သို့မဟုတ် မြန်မာဝီကီ၏ စံနှုန်းစံထား မပြည့်မီသေးသော ဆောင်းပါးအတိုကို ဆိုလိုခြင်းဖြစ်သည်။ လက်ရှိ ၁၇:၃၆၊ ၂၉ ဒီ​ဇင်​ဘာ​ ၂၀၁၄ (UTC) အချိန်အထိ မြန်မာဝီကီတွင် stubs ဆိုသည့် အမျိုးအစား (category) သာ ကျကျနနရှိသေးသည်။ နောင်တွင် ဤ အမျိုးအစားတွင် အမျိုးအစားခွဲများ၊ ဥပမာ {{mathematician-stub}}၊ {{city-stub}} စသည်ဖြင့်၊ ဖြည့်သွင်း၍ ဤ stubs အမျိုးအစားအောက်ရှိ ဆောင်းပါးအားလုံးကို ရှင်းလင်းသွားရန်ဖြစ်သည်။

အောက်ပါတို့မှာ လက်ရှိ stubs အမျိုးအစားအောက်ရှိ ဆောင်းပါးများ ဖြစ်ကြသည်။

Category:stubs

မိတ်ဆက်

ဆောင်းပါး (article) တစ်ပုဒ်သည် သက်ဆိုင်ရာအကြောင်းအရာနှင့် ပတ်သက်၍ အသုံးဝင်သည့် အချက်အလက်များပါရှိသော်လည်း စာတစ်ကြောင်းတည်း၊ သို့မဟုတ် စာကြောင်းရေအနည်းငယ်သာပါသောကြောင့် စွယ်စုံကျမ်းပါဆောင်းပါးဟု မခေါ်ဆိုနိုင်လောက်အောင် တိုတောင်းပါက၊ ၎င်းဆောင်းပါးကို ဆောင်းပါးတို (stub) ဟုခေါ်သည်။ ဆောင်းပါးမဟုတ်သော စာမျက်နှာများဖြစ်သည့် ကွဲပြားခြားနားမှု (disambiguation) စာမျက်နှာများ၊ စာရင်း (list) များ၊ အမျိုးအစား (category) များ၊ တမ်းပလိတ် (template) ခေါ် ပုံစံခွက်များ၊ ဆွေးနွေးချက်စာမျက်နှာ (talk page) များ၊ နှင့် အညွှန်းပြောင်း (redirect) စာမျက်နှာများကို ဆောင်းပါးတိုများအဖြစ် မသတ်မှတ်ပါ။

ဆောင်းပါးတိုတစ်ပုဒ်တွင် အတည်ပြုနိုင်သော အချက်အလက် (verifiable information) ပါဝင်မှု နည်းပါးလွန်းနေလျှင်သော်လည်းကောင်း၊ ဆောင်းပါးပါအကြောင်းအရာသည် အရေးပါမှုတစ်စုံတစ်ရာ (notability) ရှိပုံမရလျှင်သော်လည်းကောင်း၊ ၎င်းဆောင်းပါးတိုကို ဖျက်သိမ်းခြင်း၊ သင့်တော်ရာအခြားဆောင်းပါးတစ်ပုဒ်နှင့် ပေါင်းစည်းခြင်းတို့ ပြုလုပ်နိုင်သည်။

အကြောင်းအရာတစ်ခု၏ အဓိပ္ပာယ်သတ်မှတ်ချက် (definition) သက်သက်သာပါသော စာတစ်ပုဒ်သည် ဆောင်းပါးတိုတစ်ခုဖြစ်နိုင်သော်လည်း ဝီကီပီးဒီးယားသည် အဘိဓာန်တစ်ခုမဟုတ်ကြောင်း သတိပြုသင့်သည်။ အဘိဓာန်ပါစာတစ်ပုဒ်နှင့် စွယ်စုံကျမ်းပါစာတစ်ပုဒ်ကို အောက်ပါအတိုင်း ခွဲခြားကြည့်နိုင်သည်။

  • အဘိဓာန် (dictionary) ပါစာတစ်ပုဒ်မှာ စာတစ်လုံး သို့မဟုတ် စာစုတစ်ခု၏အကြောင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းစာလုံး သို့မဟုတ် စာစု တစ်ခုတည်း၌ပင် တစ်ခုထက်ပိုသော အဓိပ္ပာယ်အမျိုးမျိုးရှိနိုင်သည်။ သာဓကအားဖြင့် “ဘီး” ကို အဘိဓာန်တစ်ခုတွင် အဓိပ္ပာယ်ဖွင့်ပါက လိမ့်သည့် ဘီး နှင့် ဆံပင်ဖြီးသည့် ဘီး ဟူသည့် အဓိပ္ပာယ်နှစ်မျိုးလုံး ပါရှိမည်ဖြစ်ပြီး၊ အဘိဓာန်ပါစာ၏ အဓိကရည်ရွယ်ချက်မှာ “ဘီး” ဆိုသည့် စကားလုံးကို အဓိပ္ပာယ်ဖွင့်ရန် ဖြစ်သည်။
  • စွယ်စုံကျမ်း (encyclopedia) ပါစာတစ်ပုဒ်မှာ စာတစ်လုံး သို့မဟုတ် စာစုတစ်ခုက ဆိုလိုသည့် အကြောင်းအရာအကြောင်းဖြစ်သည်။ အများအားဖြင့် ထိုစာလုံး/စာစုက ဆိုလိုသည့် အဓိပ္ပာယ်တစ်မျိုးတည်းအကြောင်း၊ (သို့မဟုတ် နီးစပ်ဆင်တူသည့် အဓိပ္ပာယ်တစ်စုအကြောင်း) သာ ပါရှိသည်။ သာဓကအားဖြင့် လိမ့်သည့် ဘီး အကြောင်းရေးသည့် ဆောင်းပါးတွင် ဘီးတို့ စတင်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဘီးကို အသုံးပြုပုံအမျိုးမျိုး အစရှိသည်တို့ ပါရှိမည်ဖြစ်ပြီး၊ စွယ်စုံကျမ်းပါစာ၏ အဓိကရည်ရွယ်ချက်မှာ “ဘီး” ဆိုသည့် စကားလုံးကိုသုံး၍ အမှတ်သညာပြုထားသည့် အကြောင်းကိစ္စ၊ အရာဝတ္ထုအကြောင်း ခြုံငုံ၍ရေးရန် ဖြစ်သည်။

ဆောင်းပါးတိုတစ်ပုဒ်ထက် ရှည်သော်လည်း ချို့ယွင်းဆိုးရွားသည့် ဆောင်းပါးများ၊ သိသိသာသာ မပြည့်စုံသည့် ဆောင်းပါးများကို ဆောင်းပါးတိုများအဖြစ် သတ်မှတ်လေ့မရှိပါ။ ဤသို့ ရှည်သော်လည်း မပြည့်စုံဆိုးရွားသည့် ဆောင်းပါးများကို သန့်ရှင်းရေး တမ်းပလိတ်တစ်ခု ပြုလုပ်၍ ရှင်းလင်းရန်ဖြစ်သည်။

ဆောင်းပါးတိုတစ်ပုဒ်၏ အတိုအရှည်

ဝီကီအမျိုးမျိုးရှိ တည်းဖြတ်သူ အယ်ဒီတာအသီးအသီးတို့သည် ဆောင်းပါးတိုတစ်ပုဒ်တွင် ရှိသင့်သည့် အတိုအရှည်ပမာဏကို နေရာနှင့် အချိန်အခါလိုက်၍ အမျိုးမျိုးအဖုံဖုံ သတ်မှတ်လေ့ရှိကြသည်။ ဆောင်းပါးတိုတစ်ပုဒ်သည် ဝါကျဆယ်ကြောင်းထက်မပိုရ၊ စာလုံးရေ ၂၅၀ ထက်မပိုရ၊ စသည်ဖြင့် အခြေအနေကိုလိုက်၍ အမျိုးမျိုးသတ်မှတ်နိုင်ပြီး၊ အင်္ဂလိပ်နှင့် အခြားဝီကီပီးဒီးယားအချို့ရှိ Did you know? စံကိုလိုက်နာကာ အက္ခရာအလုံးရေ (character count) ၁,၅၀၀ ထက်မပိုရဟုလည်း ဆိုလေ့ရှိသည်။ စကားလုံးရေ (word count) ၅၀၀ ထက်ကျော်သည့် ဆောင်းပါးများကို AutoWikiBrowser ဆော့ဖ်ဝဲသုံး၍ ဆောင်းပါးတိုစာရင်းမှ မကြာခဏဆိုသလို ပယ်ဖျက်လေ့ရှိသည်။

သို့သော် ဆောင်းပါးတိုတစ်ပုဒ်သည် မည်ရွေ့မည်မျှထိသာ ရှည်နိုင်သည်ဟု အသေပြဋ္ဌာန်းထားခြင်းမျိုး မရှိပါ။ အလွန်တိုသော ဆောင်းပါးများသည် ဆောင်းပါးတို (stub) များ ဖြစ်လေ့ရှိသော်လည်း၊ တိုတိုင်းလည်း ဆောင်းပါးတို မဖြစ်ပါ။ အချို့အကြောင်းအရာများမှာ ရေးစရာလွန်စွာနည်းသောကြောင့်ဖြစ်သည်။ တစ်ဘက်တွင်လည်း ရေးစရာများပြားလှသော အကြောင်းအရာတစ်ခုအတွက် ဆောင်းပါးရေးပါက စာပိုဒ်နှင့်ချီ၍ ရှည်နေပြီဖြစ်သော်လည်း ဆောင်းပါးတိုတစ်ခုသာ ဖြစ်နေနိုင်သေးသည်။ အချုပ်ဆိုရလျှင် အတိုအရှည်ပမာဏကိုလိုက်၍ ဆောင်းပါးတိုဖြစ်/မဖြစ် သတ်မှတ်ရန်မဖြစ်နိုင်ဘဲ အယ်ဒီတာ၏ ချိန်ဆဆုံးဖြတ်ချက်ဖြင့်သာ သတ်မှတ်နိုင်သည်။ [၁]

မှတ်စု

  1. ဤနေရာတွင် အင်္ဂလိပ်ဝီကီပီးဒီးယားရှိ ခရူးတန်-လန်ဒန် စည်းမျဉ်း (Croughton-London rule) အမည်ရှိ အသုံးပြုသူရေး အက်ဆေး (user essay) တစ်ပုဒ်က အထောက်အကူပြုနိုင်သည်။