မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၁၂ - စာကြောင်း ၁၂ -




ထိုစဉ်​နေပြည်​တော်မှ သတိုး​မဟာ​သေနာပတိဘွဲ့​ခံ စကြာဝန်ကြီး​အား​ ရန်ကုန်သို့​ ဗိုလ်ချုပ်ခန့်​၍ ​စေလွှတ်ခဲ့​သဖြင့်​ ​ရောက်ရှိလာသည်။ ရခိုင်မှ စစ်သူကြီး​ မဟာဗန္ဓုလ၏ တပ်များ​လည်း​ ဆင်း​၍လာ၏။ အာဇာနည်ကုန်း​ရှိ မြန်မာစစ်သည်များ​ ထိခိုက်ရှနာသ​လောက် ဦး​ထော်​လေး​တို့​၏ လက်ချက်ဖြင့်​ ​ရွှေတိဂုံကုန်း​တနင်္ဂ​နွေ​ထောင့်​တွင် အင်္ဂလိပ်ကာနယ် (ဗိုလ်မှူး​ကြီး​) တစ်​ယောက်နှင့်​ ​မေဂျာ (ဗိုလ်မှူး​) တစ်​ယောက်တို့​သည် ဗမာကျည်သင့်​ကာ ကျဆုံး​ရသည်။ ယင်း​တို့​၏ အ​လောင်း​များ​ကို ဘုရား​ကုန်း​တော်​ပေါ်၌ပင် မြှုပ်နှံသင်္ဂြုလ်ထား​ရာ အရိုး​များ​ကို ထုတ်​ဖော်၍ ကန်တိုမင်အင်္ဂလိပ်သင်္ချုိင်း​သို့​ ​ပြောင်း​ရွှေ့​မြှုပ်နှံ​စေသည်။ အင်္ဂလိပ်တို့​သည် ​ရွှေတိဂုံဘုရား​ကို အခိုင်အခံ့​ပြု၍ မြန်မာတပ်များ​ကို ပစ်ခတ်ရာ စကြာဝန်ကြီး​နှင့်​ ဦး​ထော်​လေး​တို့​တပ်များ​က ကမာရွတ်ဘက်သို့​ ဆုတ်ခွာခဲ့​ရပြန်သည်။ ( အင်္ဂလိပ်တို့​ တူး​ဖော်ပြုလုပ်ခဲ့​သော ခံ​မြေကတုတ်များ​၊​ အ​မြောက်တင်ခုံများ​နှင့်​ အ​မြောက်​ပေါက်များ​ကို ယခုတိုင် ​ရွှေတိဂုံ​စေတီကုန်း​တော်​ပေါ်ရှိ ​ထောင့်​လေး​ထောင့်​တွင် ​တွေ့​မြင်နိုင်​လေသည်။ )
ထိုစဉ်​နေပြည်​တော်မှ သတိုး​မဟာ​သေနာပတိဘွဲ့​ခံ စကြာဝန်ကြီး​အား​ ရန်ကုန်သို့​ ဗိုလ်ချုပ်ခန့်​၍ ​စေလွှတ်ခဲ့​သဖြင့်​ ​ရောက်ရှိလာသည်။ ရခိုင်မှ စစ်သူကြီး​ မဟာဗန္ဓုလ၏ တပ်များ​လည်း​ ဆင်း​၍လာ၏။ အာဇာနည်ကုန်း​ရှိ မြန်မာစစ်သည်များ​ ထိခိုက်ရှနာသ​လောက် ဦး​ထော်​လေး​တို့​၏ လက်ချက်ဖြင့်​ ​ရွှေတိဂုံကုန်း​တနင်္ဂ​နွေ​ထောင့်​တွင် အင်္ဂလိပ်ကာနယ် (ဗိုလ်မှူး​ကြီး​) တစ်​ယောက်နှင့်​ ​မေဂျာ (ဗိုလ်မှူး​) တစ်​ယောက်တို့​သည် ဗမာကျည်သင့်​ကာ ကျဆုံး​ရသည်။ ယင်း​တို့​၏ အ​လောင်း​များ​ကို ဘုရား​ကုန်း​တော်​ပေါ်၌ပင် မြှုပ်နှံသင်္ဂြုလ်ထား​ရာ အရိုး​များ​ကို ထုတ်​ဖော်၍ ကန်တိုမင်အင်္ဂလိပ်သင်္ချိုင်း​သို့​ ​ပြောင်း​ရွှေ့​မြှုပ်နှံ​စေသည်။ အင်္ဂလိပ်တို့​သည် ​ရွှေတိဂုံဘုရား​ကို အခိုင်အခံ့​ပြု၍ မြန်မာတပ်များ​ကို ပစ်ခတ်ရာ စကြာဝန်ကြီး​နှင့်​ ဦး​ထော်​လေး​တို့​တပ်များ​က ကမာရွတ်ဘက်သို့​ ဆုတ်ခွာခဲ့​ရပြန်သည်။ ( အင်္ဂလိပ်တို့​ တူး​ဖော်ပြုလုပ်ခဲ့​သော ခံ​မြေကတုတ်များ​၊​ အ​မြောက်တင်ခုံများ​နှင့်​ အ​မြောက်​ပေါက်များ​ကို ယခုတိုင် ​ရွှေတိဂုံ​စေတီကုန်း​တော်​ပေါ်ရှိ ​ထောင့်​လေး​ထောင့်​တွင် ​တွေ့​မြင်နိုင်​လေသည်။ )
ဦး​ထော်​လေး​ ဦး​စီး​သောတပ်များ​ ကမာရွတ်တွင် အင်္ဂလိပ်တို့​နှင့်​ တိုက်ပွဲပြင်း​ထန်စွာ ဖြစ်​နေစဉ် မဟာဗန္ဓုလ တပ်မကြီး​သည် လှိုင်မြစ်မှ စုန်ဆင်း​လာကာ ကြည့်​မြင်တိုင်တွင် တပ်စွဲ၍ အင်္ဂလိပ်တို့​အား​ ပြင်း​ထန်စွာ တိုက်ခိုက်ခဲ့​၏။ သို့​သော် အင်အား​ချင်း​မမျှသဖြင့်​ အား​မတန် မာန်​လျော့​ကာ မဟာဗန္ဓုလတပ်​ရော စကြာဝန်ကြီး​တပ်ပါ ဆုတ်ခွာရ​လေသည်။
ဦး​ထော်​လေး​ ဦး​စီး​သောတပ်များ​ ကမာရွတ်တွင် အင်္ဂလိပ်တို့​နှင့်​ တိုက်ပွဲပြင်း​ထန်စွာ ဖြစ်​နေစဉ် မဟာဗန္ဓုလ တပ်မကြီး​သည် လှိုင်မြစ်မှ စုန်ဆင်း​လာကာ ကြည့်​မြင်တိုင်တွင် တပ်စွဲ၍ အင်္ဂလိပ်တို့​အား​ ပြင်း​ထန်စွာ တိုက်ခိုက်ခဲ့​၏။ သို့​သော် အင်အား​ချင်း​မမျှသဖြင့်​ အား​မတန် မာန်​လျော့​ကာ မဟာဗန္ဓုလတပ်​ရော စကြာဝန်ကြီး​တပ်ပါ ဆုတ်ခွာရ​လေသည်။



၀၆:၀၉၊ ၁၆ ဒီဇင်ဘာ ၂၀၁၄ ရက်နေ့က မူ

စစ်ကဲ ​မောင်​ထော်​လေး​ ( ခရစ် ၁၇၇၄ - ၁၈၆၇ )

ရန်ကုန်မြို့​တွင် ‘စစ်ကဲ’ အမည်နှင့်​ လမ်း​နှစ်လမ်း​တို့​ ရှိကြသည်။ တစ်လမ်း​မှာ ပန်း​ဘဲတန်း​မြို့​နယ် ဆူး​လေဘုရား​လမ်း​နှင့်​ ​ရွှေဘုံသာလမ်း​ကြား​ရှိ စစ်ကဲ​မောင်​မောင်​လေး​ လမ်း​ (ယခု ဗိုလ်ဆွန်ပက်လမ်း​) ဖြစ်၍ ​နောက်တစ်လမ်း​မှာ လသာမြို့​နယ်ရှိ စစ်ကဲ​မောင်ခိုင်လမ်း​ (ယခု ဗိုလ်ရွဲလမ်း) ဖြစ်​လေသည်။ ထိုလမ်း​နှစ်လမ်း​တို့​ကို သမီး​ယောက်ဖ ​တော်စပ်ကြသည့်​ စစ်ကဲကြီး​ ဦး​ထော်​လေး​နှင့်​ စစ်ကဲကြီး​ ဦး​ခိုင်တို့​ကို အစွဲပြုကာ အမည်​ပေး​ခဲ့​လေသည်။

ဖိုင်:17898397.jpg
စစ်ကဲ ​မောင်​ထော်​လေး​ ( ခရစ် ၁၇၇၄ - ၁၈၆၇ )

စစ်ကဲ ​မောင်​ထော်​လေး​အား​ မြန်မာသက္ကရာဇ် ၁၈၃၅ ခုနှစ် ( ခရစ် ၁၇၇၄ ခုနှစ် ) တွင် မုတ်ကျွန်း​တွင် ​မွေး​ဖွား​ခဲ့​သည်။ မွန်သုံး​ရပ်ရှိသည့်​ အနက် ​မောင်​ထော်​လေး​သည် မုတ္တမ မွန်မျိုး​မှ ဆင်း​သက်လာသူ ဖြစ်သည်။ ငယ်စဉ်ကပင် သ​ဘောဖြူစင်၍ စာ​ပေတို့​ကို အ​တော်လိုက်စား​သည် ဆို၏။ ​မောင်​ထော်​လေး​ ဟူ​သော အမည်၌ ​ထော် ဆို​သော စကား​သည် မွန်စကား​ ဖြစ်သည်။ ​မော်လမြိုင်မြို့​နယ်တွင် ​ထော် နှစ်​ယောက် ​ပေါ်​ပေါက်ခဲ့​သည် ဟု ဆိုစကား​ရှိသည်။ ယင်း​မှာ စစ်ကဲ ​မောင်​ထော်​လေး​နှင့်​ မွန်သူ​ဌေး​ကြီး​ ဦး​မွန်​ထော်တို့​ကို အ​ကြောင်း​ပြုကာ ​ပေါ်​ပေါက်လာ​သော စကား​ဖြစ်သည်။ မောင်​ထော်​လေး​ကို ဖွား​မြင်သည့်​အချိန်တွင် မြန်မာနိုင်ငံ၌ ကုန်း​ဘောင်ဆက်သုံး​ဆက်​မြောက် ဆင်ဖြူရှင်ဘွဲ့​ခံ ​မြေဒူး​မင်း​နန်း​တက်ဆဲဖြစ်၏။ ​မောင်​ထော်​လေး​အား​ ဖွား​မြင်​သော အခါ၌ ဆင်ဖြူရှင်( မြန်မာ ၁၁၂၅ -၁၁၃၈ ) နန်း​စံသည်မှာ ၁၀ နှစ်ပြည့်​ခဲ့​ပေပြီ။ ​မောင်​ထော်​လေး​ တစ်နှစ်သား​ အရွယ် ( ၁၁၃၆ ခုနှစ် )တွင် ဆင်ဖြူရှင်သည် ရန်ကုန်သို့​ စုန်လာကာ ​ရွှေတိဂုံ​စေတီကို ထီး​တင်သည်။ ဟံသာဝတီ မွန်မင်း​ဟောင်း​ ဗညား​ဒလသည် မွန်လူမျိုး​များ​ကို စည်း​ရုံး​၍ ပုန်ကန်မည် စိုး​ကာ မွန်မင်း​ဟောင်း​ ဗညား​ဒလ၊​ ညီ အိမ်​ရှေ့​မင်း​သား​ဟောင်း​နှင့်​ တကွ ရဲမက်အချို့​ကို ရန်ကုန်မြို့​လယ်​ခေါင်( ယခု ဗိုလ်ဆွန်ပက်လမ်း ​နေရာဌာန)တွင် ကွပ်မျက်လိုက်​လေသည်။ မင်း​မှုထမ်း​များ​ ဖြစ်လာ​သော ​မောင်​ထော်​လေး​၏ မိဘများ​သည် မြန်မာဘုရင် လက်​အောက်တွင် အမှုထမ်း​ရွက်ခဲ့​ရာ ​မောင်​ထော်​လေး​သည် အသက် ၂၀ ​ကျော် အရွယ်တွင် ဘိုး​တော်ဘုရား​လက်ထက်၌ ဒလမြို့​စား​ ဖြစ်လာသည်။ ဘကြီး​တော်ဘုရား​ (စစ်ကိုင်း​မင်း​) လက်ထက်တွင် မင်း​ကျော်သီဟ (​ကျော်ထင်သီဟသူ) ဟူ​သော ဘွဲ့​ကို သနား​မြတ်ခံရသည်။ ထို့​ပြင် ရန်ကုန်မြို့​ဝန် ဦး​အို၏ ယုံကြည်​လေး​စား​ခြင်း​ကိုလည်း​ ခံခဲ့​ရသည်ဟု ဆိုသည်။ ထိုစဉ် ​မောင်​ထော်​လေး​၏ သူငယ်ချင်း​ သန်လျင် မြို့​ဝန်ဖြစ်​နေသူ သမိန်ဘရူး​ဘွဲ့​ခံ ​မောင်စပ် ဆိုသူသည် သန်လျင်နယ်ခရိုင်တွင် မွန်ဗမာ ​သွေး​ခွဲမှုများ​ ပြုလုပ်ခြင်း​၊​ အင်္ဂလိပ်ကုန်သ​ဘေငာ်များ​နှင့်​ တိတ်တဆိတ် ကူး​လူး​ ဆက်ဆံခြင်း​ စသည်တို့​ကို ပြုလုပ်လျက် ရှိခြင်း​ကြောင့်​ ဒလမြို့​စား​ ​မောင်​ထော်​လေး​နှင့်​ သန်လျင်မြို့​ဝန် ​မောင်စပ်တို့​သည် မသင့်​မတင် ကြ​ချေ။ ​မောင်စပ်၏ ရန်​ကြောင့်​ ​မောင်​ထော်​လေး​သည် မိမိနှမအား​ ( ​နောင်အခါ စစ်ကဲကြီး​ဖြစ်လာမည့်​ ) ​မောင်ခိုင်ဆိုသူနှင့်​ လက်ဆက်​စေခဲ့​သည်။ ဦး​ထော်​လေး​သည် မိမိအုပ်ချုပ်ရသည့်​ နယ်​မြေကို နိုင်နင်း​အေး​ချမ်း​စွာ အုပ်ချုပ်နိုင်သည်။ ထို့​ကြောင့်​ ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲမဖြစ်ခင်က အင်း​ဝ​နေပြည်​တော် ​ရွှေဖဝါး​တော်​အောက် အဖူး​မြော် တက်​ရောက်ကာ ဆုလာဘ်များ​စွာ ချီး​မြှင့်​သည်ကို ခံယူခဲ့​ရသည်။ ထို့​ပြင် ဦး​ထော်​လေး​သည် စာ​ပေ ပရိယတ္တိ၌လည်း​ ​မွေ့​လျော်၏။ ဒလတွင် ​ရှေး​မွန်စာ​ပေများ​ကို ရှာ​ဖွေ​ဖော်ထုတ်ပြီး​နောက် ဝိနည်း​ပါဠိ​တော် ၅ ကျမ်း​၊​ အဘိဓမ္မာပါဠိ​တော် ၇ ကျမ်း​၊​ သုတ်တန်ပါဠိ​တော်​ပေါင်း​ ၁၅၀ ​ကျော်တို့​ကို ရှာ​ဖွေစု​ဆောင်း​ကာ ​ငွေတစ်​သောင်း​ကျော် အကုန်ခံ၍ ​ပေထက် အက်ခရာ တင်ခဲ့​၏။ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၌ အင်္ဂလိပ် - မြန်မာ ပထမ စစ်ပွဲကြီး​ ဖြစ်ပွား​ရာ ဦး​ထော်​လေး​သည် စစ်မှုထမ်း​ခဲ့​ရသည်။ ထို့​နောက် မကြာမီမှာပင် ဗိုလ်ချုပ် စကြာဝန်ကြီး​၏ လက်​အောက်တွင် စစ်သူရဲ (၇၀၀) ​ကျော်ကို အုပ်ချုပ်ရ​သော စစ်ကဲဖြစ်လာသည်။


၁၁၈၅ ခုနှစ်၊​ တ​ပေါင်း​လဆန်း​၌ စစ်ပွဲဖြစ်ပွား​စဉ် မြဝတီမင်း​ကြီး​ ဦး​စနှင့်​ စစ်သူကြီး​ မဟာဗန္ဓုလတို့​က ပန်း​ဝါ၊​ ရာမူး​ ​အောင်ပွဲများ​ကို ဆင်​နေစဉ် စစ်ဆုတ်ခွာရ​သော အင်္ဂလိပ်တို့​သည် စစ်မျက်နှာ အသစ်ဖွင့်​ကာ တပ်သား​(၁၁,၅၀၀)တို့​ကို ဂျင်နရယ်ဆာအာချီ​ဘောကင်း​ဘဲလ် ဦး​စီလျက် ​ရေလမ်း​မှတစ်ဆင့်​ ရန်ကုန်မြို့​သို့​ ဝင်၍ စီး​၏။ ထိုစဉ် ရန်ကုန်မြို့​၌ အ​စောင့်​တပ်ချ၍ ​နေ​သော ဦး​ထော်​လေး​ အမှူး​ရှိသည့်​ ရန်ကုန်မြို့​စောင့်​ တပ်များ​သည် အင်္ဂလိပ်များ​ ကမ်း​ပေါ်သို့​မတက်​ရောက်နိုင်​စေရန် အပြင်း​အထန် ခုခံကြရ၏။ ထိုအချိန်တွင် သန်လျင်မြို့​ဝန် ​မောင်စပ်သည် အင်္ဂလိပ်စစ်တပ်အား​ လမ်း​ဖွင့်​ပေး​သဖြင့်​ ပုဇွန်​တောင်ခံတပ်မှ ခုခံ​နေ​သော ဗမာ့​တပ်မ​တော်တပ်မကြီး​သည် သိမ်ဖြူ​ကျောင်း​တိုက်ကြီး​မှ တစ်ဆင့်​ အပြင်း​အထန် ခုခံရင်း​ ​ရွှေတိဂုံကုန်း​တော်​ပေါ်အ​ရောက် ထပ်မံကာ ဆုတ်ခွာ​ပေး​လိုက်ရ၏။ အင်္ဂလိပ်တပ်များ​လည်း​ ရန်ကုန်မြို့​တစ်ဝိုက်ကို နင်း​မိ​လေ၏။ ပုဇွန်​တောင် တပ်​မြေဟု ​ခေါ်​ဝေါ်ခဲ့​ကြသည်။ ယင်း​နေရာမှာ စစ်ကဲ​မောင်​ထော်​လေး​တို့​ ခိုင်မာစွာ တပ်စခန်း​ချခဲ့​သော ​နေရာဖြစ်​လေသည်။ ရွှေတိဂုံကုန်း​တော်မှ ခိုင်မာစွာ ခုခံ​နေစဉ် အင်္ဂလိပ်တပ်များ​သည် ဗိုလ်တ​ထောင် ဓနိ​တောမှ တစ်ဆင့်​ ​ဂေါ်ရာကုန်း​ (ယခု ဓမ္မရက္ခတကုန်း​မြေ)သို့​ ကူး​ပြီး​လျှင် ​ရွှေတိဂုံကုန်း​တော်ကို အပြင်း​အထန် တိုက်ခိုက်ကြရာ မြန်မာစစ်သည်​တော်များ​စွာ ကျဆုံး​၍ ဖရိုဖရဲ ဖြစ်ခဲ့​ရသည်။ သို့​သော် ဦး​ထော်​လေး​သည် တပ်များ​ကို ပြန်လည်စုစည်း​အုပ်ထိန်း​၍ ယခုအာဇာနည်း​ကုန်း​ တည်ရှိရာ ​သွေး​ဆေး​ကန်ဘက်မှ ရပ်တည်ကာ အင်္ဂလိပ်တို့​ကို ခုခံရပြန်သည်။


ထိုစဉ်​နေပြည်​တော်မှ သတိုး​မဟာ​သေနာပတိဘွဲ့​ခံ စကြာဝန်ကြီး​အား​ ရန်ကုန်သို့​ ဗိုလ်ချုပ်ခန့်​၍ ​စေလွှတ်ခဲ့​သဖြင့်​ ​ရောက်ရှိလာသည်။ ရခိုင်မှ စစ်သူကြီး​ မဟာဗန္ဓုလ၏ တပ်များ​လည်း​ ဆင်း​၍လာ၏။ အာဇာနည်ကုန်း​ရှိ မြန်မာစစ်သည်များ​ ထိခိုက်ရှနာသ​လောက် ဦး​ထော်​လေး​တို့​၏ လက်ချက်ဖြင့်​ ​ရွှေတိဂုံကုန်း​တနင်္ဂ​နွေ​ထောင့်​တွင် အင်္ဂလိပ်ကာနယ် (ဗိုလ်မှူး​ကြီး​) တစ်​ယောက်နှင့်​ ​မေဂျာ (ဗိုလ်မှူး​) တစ်​ယောက်တို့​သည် ဗမာကျည်သင့်​ကာ ကျဆုံး​ရသည်။ ယင်း​တို့​၏ အ​လောင်း​များ​ကို ဘုရား​ကုန်း​တော်​ပေါ်၌ပင် မြှုပ်နှံသင်္ဂြုလ်ထား​ရာ အရိုး​များ​ကို ထုတ်​ဖော်၍ ကန်တိုမင်အင်္ဂလိပ်သင်္ချိုင်း​သို့​ ​ပြောင်း​ရွှေ့​မြှုပ်နှံ​စေသည်။ အင်္ဂလိပ်တို့​သည် ​ရွှေတိဂုံဘုရား​ကို အခိုင်အခံ့​ပြု၍ မြန်မာတပ်များ​ကို ပစ်ခတ်ရာ စကြာဝန်ကြီး​နှင့်​ ဦး​ထော်​လေး​တို့​တပ်များ​က ကမာရွတ်ဘက်သို့​ ဆုတ်ခွာခဲ့​ရပြန်သည်။ ( အင်္ဂလိပ်တို့​ တူး​ဖော်ပြုလုပ်ခဲ့​သော ခံ​မြေကတုတ်များ​၊​ အ​မြောက်တင်ခုံများ​နှင့်​ အ​မြောက်​ပေါက်များ​ကို ယခုတိုင် ​ရွှေတိဂုံ​စေတီကုန်း​တော်​ပေါ်ရှိ ​ထောင့်​လေး​ထောင့်​တွင် ​တွေ့​မြင်နိုင်​လေသည်။ ) ဦး​ထော်​လေး​ ဦး​စီး​သောတပ်များ​ ကမာရွတ်တွင် အင်္ဂလိပ်တို့​နှင့်​ တိုက်ပွဲပြင်း​ထန်စွာ ဖြစ်​နေစဉ် မဟာဗန္ဓုလ တပ်မကြီး​သည် လှိုင်မြစ်မှ စုန်ဆင်း​လာကာ ကြည့်​မြင်တိုင်တွင် တပ်စွဲ၍ အင်္ဂလိပ်တို့​အား​ ပြင်း​ထန်စွာ တိုက်ခိုက်ခဲ့​၏။ သို့​သော် အင်အား​ချင်း​မမျှသဖြင့်​ အား​မတန် မာန်​လျော့​ကာ မဟာဗန္ဓုလတပ်​ရော စကြာဝန်ကြီး​တပ်ပါ ဆုတ်ခွာရ​လေသည်။


ဦး​ထော်​လေး​သည် ယခင်ကအတိုင်း​ပင် ဒလမြို့​ကို အပိုင်စား​ အုပ်ချုပ်​နေရပြန်သည်။ သို့​သော် တာရှည်မ​နေနိုင်​ပေ။ အဘယ်​ကြောင့်​ဆို​သော် သန်လျင်မြို့​ဝန်​မောင်စပ်သည် အင်္ဂလိပ်တို့​က ​မြှောက်​ပေး​သဖြင့်​ မြန်မာဘုရင်ကို ​သောင်း​ကျန်း​ပုန်ကန်သည်။ ထိုအခါ မြန်မာဘုရင်သည် မွန်အမျိုး​သား​တို့​အား​ အယုံအကြည်ကင်း​မဲ့​လာပြီး​လျှင် စစ်​ဆေး​မေး​မြန်း​ခြင်း​ ပြု၍ သင်္ကာမကင်း​ ဖြစ်လာ​လေ​တော့​သည်။ သန်လျင်မြို့​ဝန် ​မောင်စပ်ကလည်း​ ဦး​ထော်​လေး​အား​ သူနှင့်​ ပူး​ပေါင်း​၍ ပုန်ကန်​တော်လှန်ရန် ဖြား​ယောင်း​သွေး​ဆောင်​သေး​သည်။ ​နောက်ဆုံး​ အမျိုး​မျိုး​ စည်း​ရုံး​၍ မရ​သောအခါ အမျက်သို၍ ​နေ​လေရာ ဦး​ထော်​လေး​သည် ​ရေ​ကြောင်း​ခရီး​ဖြင့်​ အင်္ဂလိပ်ပိုင်နက်ဖြစ်​သော ​မော်လမြိုင်ဘက်သို့​ တိမ်း​ရှောင်သွား​ခဲ့​ရ​လေသည်။ ဤအဖြစ်အပျက်နှင့်​ပတ်သက်၍ စစ်ကဲကြီး​ ဦး​ထော်​လေး​ သူကိုယ်တိုင်​ရေး​သား​သော ‘​ရေစက်ချမှတ်တမ်း​’ ၌ ၁၈၈၆ ခု၊​ အကြိမ်တွင် သမ္ဘိန္နဝင်၊​ မြန်ခွင်ပိုင်နင်း​၊​ ပြည်ရှင်မင်း​နှင့်​ အင်္ဂလိပ်ဘုရင် အရှင်မင်း​ခေါင်၊​ ပြည်​ထောင်နှစ်ပါး​၊​ ရန်ကြီး​ပွား​၍၊​ အများ​စစ်ပြိုင်ကြရာ၊​ စင်္ကြာဝန်ကြီး​မင်း​ လက်​အောက်​တော်ဝယ်၊​ ခုနှစ်ရာ​ကျော် သူရဲကို မှူး​ကဲအုပ်ကွပ်လျက်၊​ သက်စွန့်​ကြိုး​ပမ်း​၊​ မှု​တော်ထမ်း​ခဲ့​၍၊​ စစ်ခန်း​ ​ပြေငြိမ်း​ကြသည့်​နောက်၊​ ရှစ်ခု​မြောက် သက္ကရာဇ်ဆီတွင်၊​ သံလျှင်​ရွှေမြို့​ကို၊​ ခွန်ပို့​ပိုင်ချုပ်၊​ ဝန်ပြုလုပ်​သော၊​ မင်း​သမိန်ဘရူး​သည်၊​ ​ကျေး​ဇူး​ရှင် သစ္စာ​တော်ကို မ​ထောက်၊​ အရှင်ကို ပြန်​ချောက်​သော ​မျောက်သူငယ် အဟန်၊​ ရန်စစ်တမူ၊​ ​တော်လှန်မှုပြုသည်ကို၊​ မခုခံသာ မဝင်သာ​သော​ကြောင့်​၊​ ငါး​ရာ​ကျော်​လှေသင်း​နှင့်​၊​ ​နေရင်း​မုတ်ကျွတ်း​မှ၊​ ဒရတွန်း​ထွက်ခွာသဖြင့်​၊​ မင်္ဂလမဏ္ဍိုင်၊​ ကုန်သည်မျိုး​ဆိုင်ဖြစ်​သော၊​ ​မော်လမြိုင်မြို့​ကြီး​သို့​ ​ရောက်၏။ စသည်ဖြင့်​ ​ရေး​သား​ မှတ်တမ်း​တင်၍ ထား​ခဲ့​လေသည်။


အချို့​သော ​ဆောင်း​ပါး​ရှင်တို့​က စစ်ကဲ​မောင်​ထော်​လေး​သည် သစ္စာ​ဖောက်၍ အင်္ဂလိပ်လက်​အောက် ​ရောက်​နေ​သော တနင်္သာရီ​ဒေသ ​မော်လမြိုင်သို့​ ခိုဝင်သွား​သည်ဟု ​ရေး​သား​ကြသည်။ စင်စစ်အား​ဖြင့်​မူ စစ်ကဲ ဦး​ထော်​လေး​သည် ​မောင်စပ်၏ ရန်​ကြောင့်​လည်း​ကောင်း​၊​ မြန်မာမင်း​၏ အယုံအကြည်ကင်း​မဲ့​ခြင်း​ကို မခံရသင့်​ပါလျက် ခံရ​သော​ကြောင့်​လည်း​ကောင်း​၊​ အန္တရာယ်​ရှောင်တိမ်း​သည့်​သ​ဘောဖြင့်​ ​ဘေး​ကင်း​ရန် ​မော်လမြိုင်သို့​ ​ရှောင်ထွက်ခွာသွား​ခြင်း​သာ ဖြစ်​လေသည်။ မော်လမြိုင်မြို့​သည် အ​လောင်း​မင်း​တရား​ လက်ထက်က ကြီး​ကျယ်စည်ကား​သောမြို့​မဟုတ်​ချေ။ ​တောရွာက​လေး​သာသာ ရှိသည်။ အ​လောင်း​မင်း​တရား​ကြီး​ ကိုယ်တိုင် ယိုး​ဒယား(ထိုင်း​) သို့​ ချီတက်တိုက်ခိုက်ပြီး​နောက် ပြန်လည်ဆုတ်ခွာစဉ် မကျန်း​မမာ ဖြစ်ကာ ​မော်လမြိုင်အနီး​ မုတ္တ​ကျေး​ကင်း​ရွာ၌ ၁၁၂၂ ခုနှစ် ၊​ ကဆုန်လပြည့်​ကျော် ၁၂ ရက်​နေ့​တွင် နတ်ပြည်စံ​တော်မူသဖြင့်​ ​နေပြည်​တော်သို့​ ဗမာ့​တပ်မ​တော်များ​ ပြန်လာခဲ့​ကြသည်။ ထိုစဉ် ဗိုလ်ချုပ် မင်း​ခေါင်​နော်ရထာသည် ရသမျှ​သော သုံ့​ပန်း​လူစုများ​နှင့်​ ​မော်လမြိုင်ကို ပြုပြင်တည်​ထောင်ခဲ့​သည်။ အ​လောင်း​မင်း​တရား​ကြီး​၏ အရိုက်အရာကို ဆက်ခံ​သော ​နောင်​တော်ကြီး​မင်း​က မင်း​ခေါင်​နော်ရထာကိုပင် မြို့​ပြတည်​ထောင်ခြား​နား​၍ ပုန်ကန်သည် အထင်မှား​ခြင်း​ကို ခံခဲ့​ရဖူး​လေသည်။ တစ်ဖန် အင်္ဂလိပ်- မြန်မာ စစ်ပွဲဖြစ်ပြီး​ ဦး​ထော်​လေး​၏ ဆရာ စကြာဝန်ကြီး​အား​ ​မော်လမြိုင်မြို့​ကို ပြုပြင်ခိုင်း​ပြန်သည်။ တိုင်း​ပြည်မ​အေး​ချမ်း​သဖြင့်​ ပြန်လည်ပျက်စီး​ ယိုယွင်း​ခဲ့​ရပြန်သည်။ တတိယ အကြိမ် ဦး​ထော်​လေး​ ပြန်လည်ပြုပြင်သဖြင့်​ ​မော်လမြိုင်မြို့​သည် ကြီး​ကျယ် စည်ကား​လာခဲ့​သည်။ ဦး​ထော်​လေး​ အသက် ၅၂ နှစ် အရွယ်တွင် ​မော်လမြိုင်သို့​ ​ရောက်လာ၏။ ၁၁၈၇ ခုနှစ်​လောက်က စ၍ ပြုပြင်ရာ တစ်နှစ်အတွင်း​တွင် ​မော်လမြိုင်သည် အိမ်​ခြေတိုး​တက် စည်ကား​သိုက်မြိုက်လာ၏။ အင်္ဂလိပ်တို့​ကလည်း​ ဦး​ထော်​လေး​အား​ ​လေး​စား​လာသဖြင့်​ တနင်္သာရီ ဒုတိယဘုရင်ခံ ​လော့​ဒ်အင်း​မှတ်စ်က ​မော်လမြိုင်မြို့​တွင် ဦး​ထော်​လေး​အား​ ခရစ်သက္ကရာဇ် ၁၈၃၅ ခုနှစ် ၊​ ဇူလိုင်လဆန်း​မှ စ၍ အင်္ဂလိပ်အစိုး​ရက စစ်ကဲ ခန့်​အပ်လိုက်သည်။ ထိုခန့်​အပ်လွှာ အတိုင်း​ဆိုလျှင် စ၍ ခန့်​သည့်​အခါက လစာ​ငွေတစ်လလျှင် ၁၂၅ ကျပ် ရခဲ့​လေသည်။ ထို့​နောက်မှ လစာတိုး​မြှင့်​ခဲ့​သည်။ ထိုအခါက စစ်ကဲ ဦး​ထော်​လေး​သည် ရုံး​ထိုင်အရာရှိ တရား​သူကြီး​အဖြစ် သက်ဆိုင်ရာအမှုများ​ကို စီရင်စစ်​ဆေး​ရ၏။ မြို့​ဝန်ဖြစ်လာသူ ဖြစ်သဖြင့်​ တရား​မမှု၊​ မြို့​မှု၊​ ရွာမှု၊​ အ​မွေမှုများ​ကို ပိုင်နိုင်စွာ စစ်​ဆေး​နိုင်ခဲ့​သည် ဆို၏။ ထိုအခါက သီး​ခြား​ရုံး​ အ​ဆောက်အအုံ မဖွင့်​နိုင်​သေး​သဖြင့်​ မိမိပိုင် ​နေအိမ်ကြီး​၏ တစ်ဝက်ကို ရုံး​ခန်း​ အဖြစ်ဖြင့်​ အသုံး​ပြုခဲ့​ရသည်။ ဦး​ထော်​လေး​ ရုံး​စိုက်ရာ ​နေရာ အရပ်ကို ယခုတိုင် ​မော်လမြိုင်မြို့​တွင် စစ်ကဲကုန်းဟု ​ခေါ်​ဝေါ်ခဲ့​ကြသည်။ ထို့​နောက် ၁၁၉၂ ခုနှစ်တွင် ​ရွှေကျင်မြို့​ဝန် ဦး​မြတ်ဖြူသည် အင်္ဂလိပ်အစိုး​ရလက်​အောက်သို့​ ​ပြေး​ဝင်ခိုလှုံလာပြန်သည်။ ထိုအခါ အင်္ဂလိပ်အစိုး​ရတို့​က ဦး​မြတ်ဖြူအား​ ဒိုင်း​ဝန်ကွင်း​အရပ်တွင် ​နေရာချထား​ပြီး​ ​မြောက်ပိုင်း​စစ်ကဲဟု သတ်မှတ်ခန့်​အပ်လိုက်သည်။ ထိုအချိန်မှစ၍ ဦး​ထော်​လေး​သည် ​တောင်ပိုင်း​စစ်ကဲ တရား​သူကြီး​ ဖြစ်လာသည်။ ဦး​ထော်​လေး​၏ လက်​အောက်တွင် သူကြီး​များ​၊​ အရပ်အုပ်များ​၊​ သမာဓိမြို့​ဝန် တရား​သူကြီး​များ​ ခန့်​ထား​ရာ ဦး​ထော်​လေး​သည် တပည့်​များ​ ဖြစ်​သော ​မောင်ငန်၊​ ​မောင်ဘိုး​စောနှင့်​ ​မောင်သာယာတို့​အား​ ရာထူး​ပေး​ အုပ်ချုပ်​စေ၏။ ထိုတပည့်​များ​ အုပ်ချုပ်ရာ အရပ်များ​သည် ယခုတိုင် ​မောင်ငန်ရပ်၊​ ဘိုး​စောကုန်း​ရပ်၊​ သာယာကုန်း​ရပ် ဟူ၍ အမည်တွင် ကျန်ရစ်ခဲ့​သည်။ ထိုစဉ်က တရား​စီရင်ရာတွင် အိန္ဒိယက ရာဇတ်ပုဒ်မ အက်ဥပ​ဒေများ​ မြန်မာနိုင်ငံသို့​ မ​ရောက်​သေး​သဖြင့်​ ဦး​ထော်​လေး​သည် မြန်မာ့​အုပ်ချုပ်​ရေး​ ထုံး​တမ်း​စဉ်လာဖြစ်သည့်​ ဓမ္မသတ်၊​ ရာဇသတ်တို့​ဖြင့်​ အုပ်ချုပ်၍ တရား​စီရင်ခဲ့​ရ​လေသည်။ အင်္ဂလိပ်အစိုး​ရကလည်း​ စစ်ကဲခန့်​စာ၌ မိမိကျွမ်း​ကျင်လိမ္မာသလို အုပ်ချုပ်ရန် ညွှန်ကြား​ထား​လေသည်။ စစ်ကဲဦး​ထော်​လေး​ လက်ထက်က ​မော်လမြိုင်၌ ရုံး​များ​ ဖွင့်​စပြုပြီး​ ဖြစ်၍ ရုံး​ခွန်ကို စတင်​ကောက်ခံ​စေသည်။ ဦး​ထော်​လေး​၏ လက်ထက်၌ပင်လျှင် ​မော်လမြိုင်သည် အင်္ဂလိပ်လက်​အောက်ခံ မြန်မာနိုင်ငံ၌ ပထမဆုံး​ မြို့​တော်အဖြစ်သို့​ ရောက်ရှိခဲ့​ရ​လေသည်။ သို့​မတိုင်မီက အိန္ဒိယ ဘုရင်ခံချုပ် ​လော့​ဒ်အင်း​မှတ်စ်သည် ရခိုင်ပြည်နှင့်​တနင်္သာရီနယ်ပယ်တစ်လွှား​ကို သိမ်း​ယူပြီး​နောက် ရခိုင်ပြည်ကို အ​နောက် ဘင်္ဂလား​ပြည်ဘုရင်ခံ၏ လက်​အောက်သို့​ လွှဲထား​၏။ တနင်္သာရီကို မဒရပ် ပြည်နယ်အစိုး​ရ လက်​အောက်သို့​လွဲ၍ အုပ်ချုပ်​စေခဲ့​သည်။ ထား​ဝယ်၊​ မြိတ်နှင့်​ တနင်္သာရီမြို့​များ​ကိုမူ ဗြိတိသျှပိုင် မ​လေး​ကျွန်း​စွယ် ပီနန်ဘုရင်ခံလက်​အောက်တွင် ​ခေတ္တလွဲထား​သည်။ ပထမ ​အောက်မြန်မာနိုင်ငံ မြို့​တော်အဖြစ် ကျိုက္ခမီကို သတ်မှတ်ရာမှ ဦး​ထော်​လေး​ ပြုပြင်သဖြင့်​ ​မော်လမြိုင်သည် တဖြည်း​ဖြည်း​ စည်ကား​လာသည်ကို ​တွေ့​ရသဖြင့်​ ​မော်လမြိုင်သို့​ ​ပြောင်း​လွဲရုံး​စိုက်ကာ မြို့​တော် အဖြစ် သတ်မှတ်ခဲ့​သည်။ ဤတွင် အင်္ဂလိပ်အစိုး​ရတို့​ကလည်း​ ဦး​ထော်​လေး​အား​ ပိုမို​လေး​စား​လာကြသည်။ ထိုစဉ်က ​မော်လမြိုင်နှင့်​ ​အောက်ဗမာပြည်များ​တွင် စစ်ဘက်အုပ်ချုပ်​ရေး​နှင့်​ မြို့​နယ်အုပ်ချုပ်​ရေး​ ပူး​တွဲရှိ​နေသဖြင့်​ အင်္ဂလိပ်အစိုး​ရတို့​သည် ဗမာပြည်အတွက် သတ်မှတ်ပြီး​ သီး​ခြား​ ဥပ​ဒေမရှိ​သေး​ကြောင်း​ ထင်ရှား​စွာ ​တွေ့​ရ​လေသည်။ ခရိုင် ဝန်ရှင်​တော်မင်း​ကြီး​နှင့်​ အ​ရေး​ပိုင် စ​သော အင်္ဂလိပ်လူမျိုး​တို့​သည် စစ်ဘက်မှ ကာနယ်၊​ ​မေဂျာ စ​သောအရာရှိများ​သာ ဖြစ်ကြသည်။ ယင်း​ကို ​ထောက်၍ အင်္ဂလိပ်တို့​သည် မြန်မာပြည်ကို ​နောက်ထပ် တိုက်ခိုက်ရန် တာစူလျက် စစ်ဘက်ပြင်ဆင်မှုများ​ ပြုလုပ်​နေ​ကြောင်း​ သိသာနိုင်​ပေသည်။ ဦး​ထော်​လေး​အား​ ​မော်လမြိုင်တွင် အ​ခြေတည်၍ ​နေထိုင်စဉ် သန်လျင်မြို့​ဝန် ​မောင်စပ်သည် အင်္ဂလိပ်ပိုင် တနင်္သာရီနယ်သို့​ ​နောက်ပါ လူတစ်​သောင်း​ဖြင့်​ ခိုဝင်လာသည်။ အင်္ဂလိပ်အစိုး​ရက ​မောင်စပ်အား​ တစ်လလျင် ၂၅၀ ကျပ်​ပေး​ကာ အငြိမ်း​စား​ ​နေ​စေသည်။ ​မောင်စပ်သည် ​မော်လမြိုင်တွင် ခရစ်သက္ကရာဇ် ၁၈၃၀ ပြည့်​နှစ်၌ ကွယ်လွန်သွား​ခဲ့​လေသည်။ စစ်ကဲ ဦး​ထော်​လေး​သည် ​မော်လမြိုင်တွင် ​နေထိုင်စဉ်က တစ်ချိန်က မြူနီစပါယ်ရုံး​နှင့်​ သစ်​တောရုံး​တည် အကြား​ရှိ ဘုရင်မ ပန်း​ခြံ​ထောင့်​နေရာတွင် အိမ်​ဆောက်​နေထိုင်ခဲ့​သည်။ အင်္ဂလိပ် ြ မြန်မာ စစ်ပြီး​သော်လည်း​ မကြာခဏ အချင်း​များ​လျက် နိုင်ငံ​ရေး​ ရှုပ်​ထွေး​နေ​လေရာ အင်္ဂလိပ်တို့​သည် တနင်္သာရီနှင့်​ ပတ်သက်၍ အကြံအိုက်လျက် ရှိသည်။ ထိုအခါတွင် ဦး​ထော်​လေး​က အကယ်၍ မြန်မာအစိုး​ရက တန်ရာတန်ဖိုး​ပေး​လျက် ဝယ်ယူလျင် တနင်္သာရီနယ်ကို ပြန်​ပေး​မည်​လောဟု အင်္ဂလိပ်အစိုး​ရအား​ စကား​ကမ်း​လှမ်း​လိုက်၏။ ထိုကိစ္စကို အိန္ဒိယဘုရင်ခံချုပ် ​ဘော့​ဒ်အင်း​မှတ်စ်အား​ တင်ပြရာ မကြာမီ သ​ဘောတူပြီး​ အင်း​ဝသို့​ ခရစ်သက္ကရာဇ် ၁၈၃၀ ပြည့်​နှစ်တွင် ကိုယ်စား​လှယ်အဖြစ် ​မေဂျာဘား​နေး​အား​ စကား​ဆို​စေသည်။ စကား​ဆို​နေစဉ် အိန္ဒိယ အစိုး​ရက မြန်မာပိုင် က​လေး​တောင်ကြား​ကို သိမ်း​ယူသဖြင့်​ တနင်္သာရီနှင့်​ပတ်သက်​သော ​စေ့​စပ်မှု ပျက်ပြယ်သွား​ခဲ့​ရ​လေသည်။


ကောဇာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် အင်း​ဝ၌ သာယာဝတီမင်း​နန်း​တက်လာသည်။ သာယာဝတီမင်း​သည် ရန္တပိုစာချုပ်ကိုလည်း​ အတည်မပြု၊​ အင်္ဂလိပ်အစိုး​ရက ​စေလွှတ်​သော သံကိုယ်စား​လှယ် ဘား​နေး​ကို လည်း​ အသိအမှတ် မပြုဘဲ ​နေသဖြင့်​ ဦး​ထော်​လေး​၏ ​မျှော်လင့်​ချက်မှာ အပြီး​အပိုင် ပျက်ပြား​သွား​ရရှာ​လေ​တော့​သည်။ ၁၂၀၈ ခုနှစ်တွင် ပုဂံမင်း​ နန်း​တက်လာ၏။ ၁၂၁၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲ ဖြစ်ပွား​ပြန်​လေရာ အင်္ဂလိပ်အစိုး​ရဘက်မှ ဂျင်နရယ် ​ဂေါ်ဒွင်နှင့်​ ​ရေ​ကြောင်း​ဗိုလ်ချုပ်ကြီး​ အက်ဒမိုင်ရယ် ​အော်စတင်တို့​သည် သက္ကရာဇ် ၁၈၅၂ ခုနစ်၊​ ဧပြီလ ၄ ရက်​နေ့​တွင် မုတ္တမမြို့​ကို ဒလကြမ်း​တိုက်ခိုက်ကာ သိမ်း​ယူကြ​လေသည်။ အ​မြောက်ဒဏ်​ကြောင့်​ မုတ္တမကမ်း​ပါး​ရှိ မြသိန်း​တန် ​စေတီ​တော်မှာ ချရား​သီး​ကွဲကာ ပျက်စီး​သွား​ရ​လေသည်။ သို့​ဖြစ်သည်ကို ဦး​ထော်​လေး​သည် စိတ်မချမ်း​မသာ ရှိလှသဖြင့်​ စစ်အတွင်း​မှာ ပင် ​စေတီ​တော်ကို ပြင်ဆင်​စေသည်။ စစ်ဖြစ်အံ့​ဆဲဆဲ၌ မုတ္တမရှိ မြန်မာမြို့​စား​ မဟာအင်္သယာလည်း​ ထို​စေတီကို ​ရွှေသင်္ကန်း​ကပ်လှူရန် ငြမ်း​ဆင်ထား​ပြီး​ ဖြစ်သည်။ စစ်ဖြစ်ကာ ငြမ်း​တန်း​လန်း​နှင့်​ ဆုတ်ခွာ​ပြေး​ရ​လေသည်။ ထို့​ကြောင့်​ ဦး​ထော်​လေး​သည် ​စေတီ​တော်ကို အမြန်ပြုပြင်ကာ မြို့​စား​အသင်္ခယာ ကိုယ်စား​ ​ရွှေသင်္ကန်း​ကပ်၍ ​နောင်​သောအခါ အင်း​ဝ​ရောက် မြို့​စား​မင်း​အား​ အမျှ​ပေး​ကာ သာဓု​ခေါ်​စေသည်။ အိန္ဒိယဘုရင်ခံချုပ် ​လော့​ဒ်ဒါလဟိုဇီသည် ၁၈၅၂ ခုနှစ်၊​ ဇူလိုင်လနှင့်​ ဩဂုတ်လတွင် ရန်ကုန်သို့​ ​ရောက်ရှိလာပြီး​ ပဲခူး​နယ်ဘက်သို့​ သိမ်း​ရန် ဂျင်နရယ်​ဂေါ်ဒွင်နှင့်​ တိုင်ပင်သည်။ ယင်း​အခိုက်တွင် မဟာဗန္ဓုလ၏ သား​ သုံး​ဆယ်မြို့​စား​ ​မောင်ကြီး​သည် အင်္ဂလိပ်တို့​အား​ လက်နက်ချ​လေရာ ဦး​ထော်​လေး​မှာ မချင့်​မရဲ ဖြစ်ရရှာ​လေသည်။ ဦး​ထော်​လေး​သည် ​မော်လမြိုင်မြို့​ကို ပြန်လည်ထူ​ထောင်ခဲ့​သည်မှ ၂၅ နှစ်အကြာ ၁၂၁၄ ခုနှစ်သို့​ ​ရောက်​သောအခါ ရန်ကုန်မြို့​ရှိ ​ရွှေတိဂုံ​စေတီ​တော်ကြီး​ကို စစ်သား​များ​က ဌာပနာတိုက်သို့​ရောက်​အောင် ရည်ရွယ်၍ အ​တောင် ၆၀ မျှ တူး​ဖော် ဖျက်ဆီး​ပစ်သည်ဆို​သော မ​ကောင်း​သတင်း​ကို ကြား​သိရ​လေသည်။ ထို့​ကြောင့်​ ဦး​ထော်​လေး​သည် ရန်ကုန်သို့​ အ​ဆောတလျှင် လာပြီး​လျှင် အထက်အစိုး​ရထံ တိုင်ကြား​လေသည်။ ထို့​နောက် အထက်အစိုး​ရထံ အမိန့်​ခံယူပြီး​လျှင် ဦး​ထော်​လေး​ ခံတပ်ဂူများ​မှ အပ ဌာပနာတိုက်ကို ​ဖောက်ရာ တွင်း​ပေါက်ဝများ​ကို အတွင်း​ကျောက်ဖျား​ အထိ ဂဝံ​ကျောက်၊​ ​ငွေအုတ်ချပ်တို့​ ​စေ့​စပ်​သေချာစွာ ပိတ်ဆို့​ပြုပြင်သည့်​ အပြင် ​ရွှေတိဂုံ​စေတီ​တော်ကြီး​အား​လည်း​ အထက်ချရား​သီး​မှ ဖိနပ်​တော်သို့​တိုင် ကိုယ်လုံး​ပြည့်​ သင်္ကန်း​ကပ်လှူခဲ့​သည်။ ထီး​တော်၌လည်း​ ​ရွှေပြား​ခတ်၍ ​ရွှေသား​၊​ ​ငွေသား​ သံ​သေဆည်း​လည်း​ ​ပေါင်း​ ၉၆၀ နှင့်​ ​ရွှေ၊​ ​ငွေဖြင့်​ စပ်​သော ​ညောင်ရွက်များ​ တပ်ဆင် လှူဒါန်း​ခဲ့​လေသည်။ တနင်္ဂ​နွေ​ထောင့်​ရှိ ​နောင်​တော်ကြီး​ ​စေတီပျက်စီး​နေသည်ကိုလည်း​ ပြုပြင်ကာ ​ကျောက်စာတိုင်များ​ စိုက်ထူခဲ့​လေသည်။ ဆူး​လေ​စေတီ​တော်ကြီး​ကိုလည်း​ ပြင်ဆင်သည်။ အသက် ၇၇ နှစ် အရွယ်သို့​ ​ရောက်​သောအခါ ဇရာ​ထောင်း​လာ​သော​ကြောင့်​ ဦး​ထော်​လေး​သည် ​မော်လမြိုင်မြို့​ စစ်ကဲ တရား​သူကြီး​ ဘဝမှ အငြိမ်း​စား​ယူကာ ရန်ကုန်မြို့​သို့​ ​ရောက်လာ​နေထိုင်ခဲ့​လေသည်။ ထိုမှ တစ်ဖန် ဒလ (တွံ့​တေး​မြို့​ ) သို့​ သွား​ရောက်​နေထိုင်ကာ တွံ​တေး​ ​ရွှေဆံ​တော် ​စေတီ​တော်ကို လှူဒါန်း​ခဲ့​ပြန်​လေသည်။ ဦး​ထော်​လေး​အား​ ဝိတိုရိယ ဘုရင်က ကျက်သ​ရေ​ဆောင် ​ရွှေစလွယ်မင်း​ဘွဲ့​ကို ​ပေး​အပ်ခဲ့​သည်။ ထို့​ကြောင့်​ ဦး​ထော်​လေး​သည် ဒလ (တွံ​တေး​) မြို့​၌​နေစဉ် မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ်၊​ (ခရစ် ၁၈၆၇ ခုနှစ် ) အသက် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်သွား​သည်ဟု ဘီအာရ်ပန်း​၏ ရန်ကုန်ရာဇဝင်တွင် ဆို​လေသည်။


အင်္ဂလိပ်အစိုး​ရတို့​သည် ပထမမြန်မာစစ်ပွဲ ၊​ ဒုတိယ မြန်မာစစ်ပွဲအတွင်း​၌ ပါဝင် ထင်ရှား​ကျော်​စောခဲ့​သော အင်္ဂလိပ်စစ်ဗိုလ်များ​ ၏ အမည်ကို ဂုဏ်ပြု​သောအား​ဖြင့်​ ရန်ကုန်မြို့​လမ်း​များ​ကို မှည့်​ခေါ်ခဲ့​ကြသည်။ ဂုဏ်ပြုမှည့်​ခေါ်သူများ​တွင် အင်္ဂလိပ်စစ်ဗိုလ်များ​နှင့်​အတူ ထင်ရှား​ခဲ့​သော ဦး​ထော်​လေး​နှင့်​ ဦး​ခိုင်တို့​ကိုလည်း​ အမည်​ပေး​ရန် ပန်ကြား​ခဲ့​ကြသည်။ ယခု ဗိုလ်ဆွန်ပက်လမ်း​ ဟု ​ခေါ်တွင်​နေ​သော ​မောင်​ထော်​လေး​လမ်း​ကို ဦး​ထော်​လေး​က သူ၏ အမည် မှည့်​ခေါ်​စေလိုခြင်း​မှာ (၁) ထိုလမ်း​၌ ရန်ကုန်မြို့​တွင် ​ရှေး​အကျဆုံး​ဖြစ်​သော ကွန်ဗင့်​ကျောင်း​ဟောင်း​ကြီး​ ရှိ၏။ တည်​ထောင်သည်မှာ နှစ်​ပေါင်း​ ၁၅၀ ​ကျော်မျှရှိပြီဖြစ်၏။ ထို​ကျောင်း​ဆောက်စ အခါက ခရစ်ယာန် ဘာသာပြန့်​ပွား​သွား​မည်စိုး​၍ ဦး​ထော်​လေး​က အပြင်း​အထန် ကန့်​ကွက်ခဲ့​ဖူး​သည်။ ထို​ကျောင်း​တွင် မြန်မာ့​သမိုင်း​၌ ထင်ရှား​သော ​ဒေါက်တာမတ် ​ခေါ် ဆရာမှတ်ကြီး​ ​နေထိုင်သွား​ဖူး​သည်ဟု ဆို၏။ သို့​ကန့်​ကွက်ခဲ့​သည်ကို အ​ကြောင်း​ပြု၍ လည်း​ကောင်း​ ၊​ ( ၂ ) တစ်ဖန် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ၌ အင်္ဂလိပ်တို့​က ရန်ကုန်ကို တိုက်ခိုက်ရာတွင် ဦး​ထော်​လေး​သည် ကန္နား​မှ ခုခံရင်း​ တပ်ဆုတ်ရ​သော အခါ၌ ထိုလမ်း​တစ်​လျောက်မှ ဆုတ်​ပေး​ခဲ့​ဖူး​သော​ကြောင့်​ တစ်​ကြောင်း​၊​ ထို နှစ်​ကြောင်း​တို့​ကြောင့်​ ၎င်းလမ်း​ကို သူ၏အမည် မှည့်​ပေး​စေလို​ကြောင်း​ တင်ပြခဲ့​သည်ဟု သိရသည်။

ကျမ်း​ကိုး

  • (က) ဦး​ဘ​သန်း၊ မော်​လ​မြိုင်​ရာဇဝင်၊ မော်​လ​မြိုင် ဦး​စိန်​ရံ အင်​ဆန်း​စာ​ပုံနှိပ်​တိုက်၊ ပ​ကြိမ်၊ ၁​၃​၁​၁ ခု။
  • (ခ) စီးပွား​ရေး​မြင့်​ဦး၊ ‘စစ်ကဲ မောင်ထော်​လေး’ ၊ ရှု​မ​ဝ​မဂ္ဂဇင်း၊ တွဲ ၇ ၊ မှတ် ၈​၀ ( ၁​၉​၅​၄ ခု၊ ဇန်နဝါရီ​လ )၊ စာ ၁​၈​၄၊ ၁​၉​၂။
  • (ဂ) ပါ​မောက္ခ​ဒေါက်​တာ နိုင်​ပန်း​လှ ၊ သု​တေ​သန စာပေ​များ၊ ရန်ကုန်၊ မွှေး​စာပေ၊ ပ​ကြိမ်၊ ၁​၉⁠၉​၈။ စာ ၁​၅​၇ ၊ ၁​၆​၀။
  • (ဃ) B.R.Rearn : A History of Rangon.