ကူကီးလူမျိုးတို့၏ နယ်ချဲ့အင်္ဂလိပ် တော်လှန်ရေး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၅၆ - စာကြောင်း ၅၆ -
​အင်္ဂ​လိပ်-​ကူ​ကီး​စစ်​ပွဲ​တွင် ​ကူ​ကီး​စစ်​သည်​များ​သည် ​အင်​အား​ကြီး​မား​လှ​သော ​အင်္ဂ​လိပ်​နယ်​ချဲ့​စစ်​တပ်​ကို ​ပြောက်​ကျား​စစ်​ဗျူ​ဟာ​ဖြင့် ​ခု​ခံ​တိုက်​ခိုက်​ခဲ့​ကြ​သော်​လည်း ​နယ်​ချဲ့​အင်္ဂ​လိပ်​တို့​သည် ​မြေ​လှန်​စစ်​ဆင်​ရေး ​ဖြင့် ​ရက်​စက်​မှု​ပေါင်း​စုံ​ကို ​အ​သုံး​ပြု​ကာ ​အ​စွမ်း​ကုန်​တိုက်​ခိုက်​ခဲ့​ကြ​သည်။ ​သို့​သော် ​နယ်​ချဲ့​အင်္ဂ​လိပ်​တို့​၏ ​ကျွန်​အ​ဖြစ် ​ဘ​ဝ​အ​ရှုံး​မ​ခံ​လို​သော ​ကူ​ကီး​စစ်​သည်​များ​သည် ​မိ​မိ​တို့​၏ ​အ​သက်​ကို ​စွန့်​လွှတ်​ကြ​သူ​များ​ပီ​ပီ ​ကျ​ဆုံး​သူ​များ​လေ​လေ ​ထို​သွေး​ကြွေး​အ​တွက် ​ပေး​ဆပ်​မည့်​သူ ​များ​ပြား​လေ​လေ​ဖြစ်​ကာ ​တစ်​ဗိုလ်​ကျ ​တစ် ​ဗိုလ်​တက်​စ​နစ်​ဖြင့် ​ရဲ​ရဲ​ဝံ့​ဝံ့ ​ဆက်​လက်​၍ ​တော်​လှန်​ခဲ့​ကြ​သည်။
​အင်္ဂ​လိပ်-​ကူ​ကီး​စစ်​ပွဲ​တွင် ​ကူ​ကီး​စစ်​သည်​များ​သည် ​အင်​အား​ကြီး​မား​လှ​သော ​အင်္ဂ​လိပ်​နယ်​ချဲ့​စစ်​တပ်​ကို ​ပြောက်​ကျား​စစ်​ဗျူ​ဟာ​ဖြင့် ​ခု​ခံ​တိုက်​ခိုက်​ခဲ့​ကြ​သော်​လည်း ​နယ်​ချဲ့​အင်္ဂ​လိပ်​တို့​သည် ​မြေ​လှန်​စစ်​ဆင်​ရေး ​ဖြင့် ​ရက်​စက်​မှု​ပေါင်း​စုံ​ကို ​အ​သုံး​ပြု​ကာ ​အ​စွမ်း​ကုန်​တိုက်​ခိုက်​ခဲ့​ကြ​သည်။ ​သို့​သော် ​နယ်​ချဲ့​အင်္ဂ​လိပ်​တို့​၏ ​ကျွန်​အ​ဖြစ် ​ဘ​ဝ​အ​ရှုံး​မ​ခံ​လို​သော ​ကူ​ကီး​စစ်​သည်​များ​သည် ​မိ​မိ​တို့​၏ ​အ​သက်​ကို ​စွန့်​လွှတ်​ကြ​သူ​များ​ပီ​ပီ ​ကျ​ဆုံး​သူ​များ​လေ​လေ ​ထို​သွေး​ကြွေး​အ​တွက် ​ပေး​ဆပ်​မည့်​သူ ​များ​ပြား​လေ​လေ​ဖြစ်​ကာ ​တစ်​ဗိုလ်​ကျ ​တစ် ​ဗိုလ်​တက်​စ​နစ်​ဖြင့် ​ရဲ​ရဲ​ဝံ့​ဝံ့ ​ဆက်​လက်​၍ ​တော်​လှန်​ခဲ့​ကြ​သည်။


​ထို့​ကြောင့်​လည်း ​အင်္ဂ​လိပ်​နယ်​ချဲ့​စစ်​တပ်​သည် ​ကူ​ကီး​လူ​မျိုး​များ​၏ ​လယ်​ယာ​ကောက်​ပဲ​သီး​နှံ​များ​ကို ​မီး​ရှို့ ​ဖျက်​ဆီး​ပစ်​ခြင်း၊ ​အိမ်​မွေး​တိ​ရိ​စာ္ဆန်​ဟူ​သ​မျှ​ကို ​ပစ်​ခတ်​သတ်​ဖျက်​ခြင်း၊ ​အိမ်​ယာ​နှင့် ​စ​ပါး​ကျီ​ဟူ​သ​မျှ​ကို ​မီး​ရှို့ ​ဖျက်​ဆီး​ပစ်​ခြင်း၊ ​အ​ရပ်​ဘက်​ပြည််​သူ​များ​၏ ​စား​နှပ်​ရိ​က္ခာ ​သယ်​ယူ​ပို့​ဆောင်​မှု​များ​ကို ​ပိတ်​ဆို့​တား​ဆီး​ခြင်း၊ ​မြို့​ရွာ​များ​ကို ​မီး​ရှို့​ဖျက်​ဆီး​ပစ်​ခြင်း၊ ​စစ်​ပွဲ​နှင့်​မ​သက်​ဆိုင်​သော ​အ​ရပ်​ဘက်​ပြည််​သူ​များ​နှင့် ​သက်​ကြီး​ရွယ် ​အို ​က​လေး​သူ​ငယ်​များ​ပါ ​မ​ချန်​ဘဲ ​ကျား​မ-​မ​ရွေး ​ညှာ​တာ​မှု​ကင်း​မဲ့​စွာ​ဖြင့် ​တွေ့​ရာ​သင်္ချိုင်း ​ဓါး​မ​ဆိုင်း​စေ​ဘဲ ​ကမ်း​ကုန်​အောင် ​ရက်​စက်​ခြင်း၊ ​ကူ​ကီး​စစ်​သည်​များ​၏ ​သား​သ​မီး​များ​နှင့် ​မိ​ဘ​များ​ကို ​ဓါး​စာ​ခံ​အ​ဖြစ် ​ဖမ်း ​ဆီး​ခြင်း၊ ​သတ်​ဖျက်​ခြင်း ​အ​စ​ရှိ​သော ​ညှာ​တာ​မှု​ကင်း​မဲ့​ပြီး ​ရက်​စက်​ယုတ်​မာ​သည့် ​စစ်​ဆင်​ရေး​နည်း​မျိုး​စုံ​ကို ​ကျင့်​သုံး​ခဲ့​ကြ​သည်။
​ထို့​ကြောင့်​လည်း ​အင်္ဂ​လိပ်​နယ်​ချဲ့​စစ်​တပ်​သည် ​ကူ​ကီး​လူ​မျိုး​များ​၏ ​လယ်​ယာ​ကောက်​ပဲ​သီး​နှံ​များ​ကို ​မီး​ရှို့ ​ဖျက်​ဆီး​ပစ်​ခြင်း၊ ​အိမ်​မွေး​တိ​ရိ​စာ္ဆန်​ဟူ​သ​မျှ​ကို ​ပစ်​ခတ်​သတ်​ဖျက်​ခြင်း၊ ​အိမ်​ယာ​နှင့် ​စ​ပါး​ကျီ​ဟူ​သ​မျှ​ကို ​မီး​ရှို့ ​ဖျက်​ဆီး​ပစ်​ခြင်း၊ ​အ​ရပ်​ဘက်​ပြည်​သူ​များ​၏ ​စား​နှပ်​ရိ​က္ခာ ​သယ်​ယူ​ပို့​ဆောင်​မှု​များ​ကို ​ပိတ်​ဆို့​တား​ဆီး​ခြင်း၊ ​မြို့​ရွာ​များ​ကို ​မီး​ရှို့​ဖျက်​ဆီး​ပစ်​ခြင်း၊ ​စစ်​ပွဲ​နှင့်​မ​သက်​ဆိုင်​သော ​အ​ရပ်​ဘက်​ပြည်​သူ​များ​နှင့် ​သက်​ကြီး​ရွယ် ​အို ​က​လေး​သူ​ငယ်​များ​ပါ ​မ​ချန်​ဘဲ ​ကျား​မ-​မ​ရွေး ​ညှာ​တာ​မှု​ကင်း​မဲ့​စွာ​ဖြင့် ​တွေ့​ရာ​သင်္ချိုင်း ​ဓါး​မ​ဆိုင်း​စေ​ဘဲ ​ကမ်း​ကုန်​အောင် ​ရက်​စက်​ခြင်း၊ ​ကူ​ကီး​စစ်​သည်​များ​၏ ​သား​သ​မီး​များ​နှင့် ​မိ​ဘ​များ​ကို ​ဓါး​စာ​ခံ​အ​ဖြစ် ​ဖမ်း ​ဆီး​ခြင်း၊ ​သတ်​ဖျက်​ခြင်း ​အ​စ​ရှိ​သော ​ညှာ​တာ​မှု​ကင်း​မဲ့​ပြီး ​ရက်​စက်​ယုတ်​မာ​သည့် ​စစ်​ဆင်​ရေး​နည်း​မျိုး​စုံ​ကို ​ကျင့်​သုံး​ခဲ့​ကြ​သည်။

၀၅:၅၃၊ ၁၆ ဒီဇင်ဘာ ၂၀၁၄ ရက်နေ့က မူ

​ကူ​ကီး​လူ​မြိုး​တို့​၏ ​နယ်​ချဲ့ ​အင်္ဂ​လိပ် ​တော်​လှန်​ရေး (​အင်္ဂ​လိပ်-​ကူ​ကီး​စစ်​ပွဲ ၁၉၁၇-၁၉၁၉)

​ကူ​ကီး​လူ​မျိုး​တို့​၏ ​အ​ချုပ်​အ​ခြာ​အာ​ဏာ ​ကျ​ဆုံး​ခြင်း (​အင်္ဂ​လိပ်-​ကူ​ကီး​စစ်​ပွဲ ၁၉၁၇-၁၉၁၉)

Anglo-Kuki War (or) The Kuki Rising (1917-19)


​ကူ​ကီး​လူ​မျိုး​တို့​သည် ​ရှေး​ပ​ဝေ​သ​ဏီ​က​ပင် ​ကိုယ်​ပိုင်​နယ်​မြေ​ဒေ​သ​တွင် ​ကိုယ့်​ထီး​ကိုယ့်​နန်း ​ကိုယ့်​ကြ​ငှန်း ​ဖြင့် ​ဘိုး​စဉ်​ဘောင်​ဆက် ​လွတ်​လပ်​အေး​ချမ်း​စွာ ​ရပ်​တည်​နေ​ထိုင်​လာ​ခဲ့​ကြ​သော ​လူ​မျိုး​တစ်​မျိုး​ဖြစ်​သည်။​ကူ​ကီး​လူ​မျိုး​တို့​သည် ​ပြည့်​စုံ​ကြွယ်​ဝ​သော ​ကိုယ်​ပိုင်​ဘာ​သာ​စ​ကား၊ ​ယဉ်​ကျေး​မှု၊ ​ရိုး​ရာ​ဓ​လေ့​ထုံး​စံ​များ​နှင့် ​တ​ရား​စီ​ရင်​ထုံး​များ​ကို​လည်း ​သီး​ခြား​ပိုင်​ဆိုင်​ခဲ့​ကြ​ပြီး ​လူ​မှု​ရေး၊ ​စီး​ပွား​ရေး၊ ​အုပ်​ချုပ်​ရေး၊ ​စစ်​ရေး ​စ​သည်​တို့ ​တွင် ​မည်​သည့်​လူ​မျိုး​ခြား​ကို​မျှ ​အား​ကိုး​မှီ​ခို​ခြင်း​မ​ရှိ​ဘဲ ​သ​မိုင်း​စဉ်​တ​လျှောက်​လုံး ​လွတ်​လပ်​စွာ ​ရပ်​တည် ​လာ​ခဲ့​ကြ​သည်။

​ကူ​ကီး​လူ​မျိုး​တို့ ​ဘိုး​ဘွား​စဉ်​ဆက် ​ပိုင်​ဆိုင်​နေ​ထိုင်​လာ​ခဲ့​ကြ​သော ​နယ်​မြေ​များ​မှာ ​အ​ရှေ့​ဘက်​တွင် ​အ ​ထက်​ချင်း​တွင်း​မြစ်​၏ ​အ​နောက်​ဘက်​ကမ်း​တ​လျှောက်၊ ​က​လေး​က​ဘော်​ဒေ​သ​မှ ​ဆွန်​ပ​ရာ​ဗွမ်​ဒေ​သ​အ​ထိ ​နှင့် ​ချင်း​ပြည်​နယ်​ရှိ ​ထန်​ကိုင်​ဒေ​သ​တို့ ​ပါ​ဝင်​သည်။ ​အ​နောက်​ဘက်​တွင် ​မ​ဏိ​ပူ​ရ​ပြည်​နယ်​ရှိ ​တောင်​တန်း ​ဒေ​သ​များ၊ ​နာ​ဂ​ပြည်​နယ်​ရှိ Ahthibung, Kanjang ​ဒေ​သ​များ၊ ​အာ​သံ​ပြည်​နယ်​ရှိ Karbi-Anglong ​ဒေ​သ ​တို့ ​ပါ​ဝင်​ပြီး ​စ​တု​ရန်း​မိုင်​ပေါင်း (၆,၀၀၀)​ကျော် ​ကျယ်​ပြန့်​သည်။ ​ကူ​ကီး​လူ​မျိုး​တို့​သည် ​မိ​မိ​တို့​၏ ​ဘိုး​ဘွား ​ပိုင်​နယ်​မြေ​များ​အ​တွင်း ​သက်​ဆိုင်​ရာ​မျိုး​နွယ်​စု (Haosa) ​ဟွောင်​ဆာ ​အ​ကြီး​အ​ကဲ​တို့​၏ ​စီ​မံ​အုပ်​ချုပ်​မှု ​အောက်​တွင် ​စည်း​လုံး​ညီ​ညွတ်​စွာ​ဖြင့် ​စိုး​ရိမ်​ကြောင့်​ကျ​ခြင်း​မ​ရှိ​ဘဲ ​လွတ်​လပ်​စွာ ​ရပ်​တည်​လာ​ခဲ့​ကြ​သည် ​မှာ ​နယ်​ချဲ့​အင်္ဂ​လိပ်​တို့​၏ ​ကျူး​ကျော်​သိမ်း​ပိုက်​မှု ​မ​ခံ​ရ​မီ ​အ​ချိန်​ထိ​ပင်​ဖြစ်​သည်။

​ကူ​ကီး​လူ​မျိုး​တို့​သည် ​မိ​မိ​တို့​၏ ​ဘိုး​ဘွား​ပိုင်​နယ်​မြေ​များ​ကို ​ဝင်​ရောက်​ကျူး​ကျော်​ရန်​ပြု​လာ​သော ​နယ်​ချဲ့ ​အင်္ဂ​လိပ်​တို့​၏ ​ကျူး​ကျော်​မှု​များ​ကို ​အ​ကြိမ်​ကြိမ် ​ဆန့်​ကျင်​တွန်း​လှန်​ခဲ့​ကြ​ရာ ​ပ​ထ​မ​က​မာ္ဘ​စစ်​အ​တွင်း ​ဖြစ် ​ပွား​ခဲ့​သော Anglo-Kuki War (​အင်္ဂ​လိပ်-​ကူ​ကီး​စစ်​ပွဲ ၁၉၁၇-၁၉) ​မှာ ​အ​ကြီး​ကျယ်​အ​ပြင်း​ထန်​ဆုံး​သော ​စစ်​ပွဲ​ကြီး​ဖြစ်​ခဲ့​သည်။ ​၎င်း Anglo-Kuki War (​အင်္ဂ​လိပ်-​ကူ​ကီး​စစ်​ပွဲ ၁၉၁၇-၁၉) ​သည် ​အာ​ရှ​တစ်​ခွင်​၌ ​ဗြိ ​တိ​သျှ​နယ်​ချဲ့​တို့​၏ ​ကျူး​ကျော်​မှု​များ​ကို ​ခု​ခံ​တော်​လှန်​ခဲ့​ကြ​သည့် ​အ​ကြီး​ကျယ်​ဆုံး​နှင့် ​အ​ပြင်း​ထန်​ဆုံး​သော ​သ​မိုင်း​ဝင်​စစ်​ပွဲ​ကြီး​များ​အ​နက် ​တ​ခု​အ​ပါ​အ​ဝင်​ဖြစ်​ခဲ့​သည်။

​နယ်​စား​ပယ်​စား​များ​ဖြစ်​ကြ​သော ​ကူ​ကီး​အ​ကြီး​အ​ကဲ (Haosa)​ဟွောင်​ဆာ ​များ​သည် ​ဗြိ​တိ​သျှ​နယ်​ချဲ့​တို့​၏ ​ကျူး​ကျော်​မှု ​အ​ပေါ်​တွင် ​ခု​ခံ​တိုက်​ခိုက်​သင့် ​မ​တိုက်​ခိုက်​သင့် ​ဆုံး​ဖြတ်​ရန် ​တ​မျိုး​သား​လုံး​ကို ​ကိုယ်​စား​ပြု ​သည့် ​အ​စည်း​အ​ဝေး​များ​ကို ​ဒေ​သ​အ​တွင်း​ရှိ Chahsat, Longja​နှင့် Jampi ​တို့​တွင် ​သုံး​ကြိမ်​တိုင်​အောင် ​ပြု​လုပ်​ကျင်း​ပ​ခဲ့​ကြ​သည်။ ​ယင်း​အ​စည်း​အ​ဝေး​ပွဲ​များ​မှ (Haosa) ​ဟွောင်​ဆာ ​အ​ကြီး​အ​ကဲ​တို့​၏ ​ဆုံး​ဖြတ် ​ချက်​များ​အ​ရ ​နယ်​ချဲ့​အင်္ဂ​လိပ်​တို့​၏ ​ကျူး​ကျော်​စစ်​ကို ​အ​မိ​မြေ​မှ ​စစ်​ကြောင်း (၄) ​ကြောင်း​ဖြန့်​ကျက်​ကာ ​ခု ​ခံ​တွန်း​လှန်​တိုက်​ခိုက်​ကြ​ရန် ​သ​ဘော​တူ​ညီ​ခဲ့​ကြ​သည်။

​ထို​သ​ဘော​တူ ​ဆုံး​ဖြတ်​ချက်​များ​အ​ရ ​ဗြိ​တိ​သျှ​နယ်​ချဲ့​တို့​၏ ​ကျူး​ကျော်​စစ်​ကို ​တွန်း​လှန်​တိုက်​ခိုက်​ရန်​အ ​တွက် ​ကူ​ကီး​ရိုး​ရာ​ထုံး​စံ​နှင့်​အ​ညီ ​ဝါ​အ​ကြီး​ဆုံး​ဖြစ်​သူ Aisan ​ဟွောင်​ဆာ​အ​ကြီး​အ​ကဲ Pu.Chengjapao -Innpipa (King of Kuki) ​မှ ၁၉၁၇၊ ​မတ်​လ ၁၇ ​ရက်​နေ့​၌ ​ဒေ​သ​အ​တွင်း​ရှိ ​ကူ​ကီး​အ​ကြီး​အ​ကဲ​အား​လုံး​ကို ​ဖိတ်​ခေါ်​ကာ ​နွား​နောက်​တစ်​ကောင်​ကို ​သတ်​ပြီး ​ကျမ်း​သ​စ္စာ​ကျိန်​ဆို​သည့် ​အ​ခန်း​အ​နား​တ​ရပ်​ကို ​ဦး​စီး ​ကျင်း​ပ​ပြု​လုပ်​ခဲ့​သည်။ ​ကျမ်း​သ​စ္စာ​ကျိန်​ဆို​သည့် ​အ​ခန်း​အ​နား​ကို ​ကူ​ကီး​လူ​မျိုး​တို့​၏ ​ရိုး​ရာ​အ​စဉ်​အ​လာ​နှင့် ​အ​ညီ Seilmei-Tan, Sajam-Lhah ​တို့​ကို ​ပြု​လုပ်​ပြီး ​နွား​နောက်​၏ ​အ​သည်း​နှ​လုံး​တို့​ကို ​ရိုး​ရာ​ခေါင်​ရည် ​နှင့်​အ​တူ ​စား​သောက်​ပြီး ​ဝါ​အ​ကြီး​ဆုံး​ပု​ဂိ္ဂုလ်​မှ ​ဝါ​အ​ငယ်​ဆုံး​အ​ထိ ​သ​စ္စာ​ဆို​ခဲ့​ကြ​သည်။ ​ထို​သို့​ပြု​လုပ်​ခြင်း ​ကို Hansa-Neh a Kihaah-Siel​ဟု ​ခေါ်​ဆို​ကြ​သည်။

​ကျမ်း​သ​စ္စာ​ကျိန်​ဆို​ပွဲ​တွင် ​နယ်​ချဲ့​အင်္ဂ​လိပ်​အ​စိုး​ရ​ကို ​စည်း​လုံး​ညီ​ညွတ်​စွာ ​တော်​လှန် ​နိုင်​ရန်​အ​တွက် (၁)။ ​စစ်​ပွဲ​တွင် ​ကူ​ကီး​ပြည်​သူ​လူ​ထု ​တ​ရပ်​လုံး​ပါ​ဝင် ​တိုက်​ပွဲ​ဝင်​ရန်။ (၂)။ ​စစ်​ပွဲ​တွင် ​မ​ပါ​ဝင်​သူ​များ၊ ​ရန်​သူ​နှင့် ​အ​ပေး​အ​ယူ​ပြု​လုပ်​သူ​များ၊ ​ရန်​သူ​ကို ​ကူ​ညီ​အား​ပေး​သည့် ​သ​စ္စာ ​ဖောက်​များ​အား ​ရာ​ထူး​မှ ​ဖယ်​ရှား​ခြင်း၊ ​ပိုင်​ဆိုင်​မှု ​မှန်​သ​မျှ​ကို ​သိမ်း​ယူ​ခြင်း၊ ​၎င်း​တို့​၏ ​ရပ်​ရွာ​များ​ကို ​မီး​ရှို့ ​ဖျက်​ဆီး​ခြင်း​များ​ကို ​ပြု​လုပ်​ကြ​ရန် ​သ​စ္စာ​ဆို​ခဲ့​ကြ​သည်။

​ထို​သို့ ​သ​စ္စာ​ဆို​ကြ​ပြီး​သည်​နှင့် ​တ​ပြိုင်​နက် ​ရိုး​ရာ​အ​စဉ်​အ​လာ​နှင့်​အ​ညီ ​ကူ​ကီး​တ​မျိုး​သား​လုံး​ကို ​တပ်​လှန့် ​သည့် ​အ​နေ​ဖြင့် ​ရွှေ​လံ​ဘို​င​ရုတ်​သီး​နှင့် ​မီး​စိုက်​ထား​သော​ထင်း​ချောင်း​အား ​နှီး​ဖြင့်​တွဲ​ချည်​ထား​သည့် ​အ ​မှတ်​အ​သား Thingkho le Melchapom Tawl ​ကို ​ကူ​ကီး​နယ်​မြေ​ဒေ​သ ​အား​လုံး​တွင်​ရောက်​ရှိ​နိုင်​ရန် ​လက်​ဆင့်​ကမ်း​စ​နစ်​ဖြင့် ​တ​ရွာ​မှ ​တ​ရွာ​သို့ ​ပေး​ပို့​ခဲ့​ကြ​သည်။

​နယ်​ချဲ့​အင်္ဂ​လိပ်​တို့​၏ ​ကျူး​ကျော်​စစ်​ကို ​ခု​ခံ​တွန်း​လှန်​တိုက်​ခိုက်​ကြ​ရန် ၁။ Jampi (Haosa)​ဟွောင်​ဆာ Pu.Tintong ​နှင့် Thenjang (Haosa)​ဟွောင်​ဆာ Pu.Enjakhup ​ကွပ်​ကဲ ​သော Jampi Area ​စစ်​ကြောင်း (​အ​နောက်​ဘက် ​စစ်​ကြောင်း)၊

၂။ Henglep (Haosa)​ဟွောင်​ဆာ Pu.Pakang ​နှင့် Loikhai (Haosa)​ဟွောင်​ဆာ Pu.Semchung ​ကွပ် ​ကဲ​သော Henglep-Loikhai Area ​စစ်​ကြောင်း (​တောင်​ဘက် ​စစ်​ကြောင်း)၊

၃။ Longja (Haosa) ​ဟွောင်​ဆာ Pu.Ngulbul ၊ Lonpi (Haosa) ​ဟွောင်​ဆာ Pu.Ngulkhup ​နှင့် Goboh (Haosa) ​ဟွောင်​ဆာ Pu.Letthang ​ကွပ်​ကဲ​သော Lonpi-Lonja Area ​စစ်​ကြောင်း (​အ​ရှေ့​တောင်​ဘက် ​စစ်​ကြောင်း)၊

၄။ Aisan (Haosa) ​ဟွောင်​ဆာ Pu.Chengjapao (King of Kuki) ​နှင့် Chahsat (Haosa) ​ဟွောင်​ဆာ Pu.Lhunkhomang ​ကွပ်​ကဲ​သော Aisan-Chahsat Area ​စစ်​ကြောင်း (​အ​ရှေ့​ဘက် ​စစ်​ကြောင်း) ​ဟူ​၍ ​စစ်​ကြောင်း (၄) ​ကြောင်း​ဖြန့်​ကျက်​ကာ ​ခု​ခံ​တိုက်​ခိုက်​ကြ​သည်။

​ထို​စဉ်​က ​ကူ​ကီး​လူ​မျိုး​များ ​အ​သုံး​ပြု​ခဲ့​ကြ​သော ​လက်​နက်​များ​တွင် ​ဓား​လှံ၊ ​လေး​မြား၊ ​တူ​မီး​သေ​နတ်၊ ​သား ​ရေ​ဖြင့်​ပြု​လုပ်​သည့် Pumpi​ဟု​ခေါ်​သော ​သား​ရေ​အ​မြောက်၊ ​ရန်​သူ​များ​အား ​အ​စု​လိုက်​အ​ပြုံ​လိုက် ​သေ​စေ ​နိုင်​သော ​ကျောက်​တုံး​ကြီး​များ​ကို ​ထောင်​ခြောက်​ဆင်​ထား​သည့် ​ကျောက်​မောင်း​အ​ပါ​အ​ဝင် ​အ​ခြား​သော ​လက်​နက်​မျိုး​စုံ​တို့​ကို​လည်း ​တီ​ထွင်​အ​သုံး​ပြု ​ခဲ့​ကြ​သည်။

​ကူ​ကီး​လူ​မျိုး​များ ​စစ်​ရေး​ပြင်​ဆင်​ခြင်း​နှင့်​ပတ်​သက်​၍ Lt.Colonel H.W.G.Cole, Political Agent​သည် Shillong​အ​ခြေ​စိုက် Assam Sorkar, Special Officer, B.C.Allen ​ထံ​တွင် ​စာ​အ​မှတ် D.O.No.5c ​ဖြင့် ​အ​စီ​ရင်​ခံ​စာ​ပေး​ပို့​ခဲ့​သည်။ ​ထို့​ကြောင့်​လည်း Major. L.T Walker, Captain. Montibiar ​နှင့် Lieutenant. Neadhem ​တို့​သည် Kohima ​အ​ခြေ​စိုက် ​အင်္ဂ​လိပ်​စစ်​တပ်​ကို ​ဦး​ဆောင်​၍ Jampi Area ​စစ်​ကြောင်း (​အ ​နောက်​ဘက် ​စစ်​ကြောင်း) ​ကို​၎င်း၊ Captain. Goodal, Captain. Fox ​နှင့် Lieutenant. Carter ​တို့​သည် Imphal ​အ​ခြေ​စိုက် ​အင်္ဂ​လိပ်​စစ်​တပ်​ကို ​ဦး​ဆောင်​၍ Henglep-Loikhai Area ​စစ်​ကြောင်း (​တောင်​ဘက် ​စစ်​ကြောင်း)​ကို​၎င်း၊ Captain. Cooile, Captain. Coote, Captain. Montefier​နှင့် Lieutenant. Askurit ​တို့​သည် Burma ​အ​ခြေ​စိုက် ​အင်္ဂ​လိပ် ​စစ်​တပ်​ကို ​ဦး​ဆောင်​၍ Lonpi-Lonja Area ​စစ်​ကြောင်း (​အ​ရှေ့ ​တောင်​ဘက် ​စစ်​ကြောင်း)​ကို​၎င်း၊ Captain.Parryle, CaptainLt.Patrick ​နှင့် Lieutenant. Molesworth ​တို့​သည် Imphal ​အ​ခြေ​စိုက် ​အင်္ဂ​လိပ်​စစ်​တပ်​ကို ​ဦး​ဆောင်​၍ Aisan-Chahsat Area ​စစ်​ကြောင်း (​အ​ရှေ့ ​ဘက် ​စစ်​ကြောင်း) ​ကို​၎င်း ​အ​သီး​သီး​ဝင်​ရောက်​၍ ​ကျူး​ကျော်​တိုက်​ခိုက်​ခဲ့​ကြ​သည်။

J.C.Higgins, Officiating Political Agent ​၏ ​ဦး​ဆောင်​မှု ​ဖြင့် ​နယ်​ချဲ့​အင်္ဂ​လိပ်​၏ Assam Rifles ​တပ်​များ​သည် ၁၉၁၇၊ ​ဧ​ပြီ​လ​တွင် ​ကူ​ကီး​နယ်​မြေ​ကို ​ဝင်​ရောက် ​ကျူး​ကျော်​ခဲ့​ကြ​ရာ Lonpi (Haosa) ​ဟွောင်​ဆာ Pu. Ngulkhup ​ဦး​ဆောင်​သော ​ကူ​ကီး​စစ်​သည်​များ​နှင့် Chahpi ​ချောင်း​အ​နီး​ခံ​တပ်​တွင် ​အ​ပြင်း​အ​ထန်​တိုက်​ပွဲ​ဖြစ်​ပွား​ကာ ​နယ်​ချဲ့​အင်္ဂ​လိပ်​၏ ​တပ်​များ​အ​ရေး​နိမ့် ​ကာ ​ပြန်​လည်​ဆုတ်​ခွာ​ခဲ့​ကြ​သည်။ ​နယ်​ချဲ့​အင်္ဂ​လိပ်​အ​စိုး​ရ​ဘက်​မှ Political Agent​သည် ​စစ်​သည်​အင် ​အား​ထပ်​မံ​ဖြည့်​စွက်​ကာ Capt.Coote  ​ကွပ်​ကဲ​သော 4th, Assam Rifle ​တပ်​ဖြင့် Lonpi (Haosa)​ဟွောင် ​ဆာ ​အုပ်​ချုပ်​သော Lonpi​ကို ၁၉၁၇၊ ​အောက်​တို​ဘာ​လ ၁၇ ​ရက်​နေ့​တွင် ​မီး​ရှို့​ဖျက်​ဆီး​ခဲ့​ရာ ​နယ်​ချဲ့​တော် ​လှန်​ရေး​မှာ ​ပို​၍​အ​ရှိန်​အ​ဟုန်​ပြင်​ထန်​လာ​ခဲ့​သည်။ 

Henglep-Loikhai Area ​စစ်​ကြောင်း​သည် ၁၉၁၇၊ ​ဒီ​ဇင်္ဘာ​လ ၁၉ ​ရက်​နေ့​တွင် Manipur State Forest ​ကို ​တန်း​ပြန်​စီး​နင်း​တိုက်​ခိုက်​ခဲ့​ကြ​သည်။ ၁၉၁၈ ​ဇန်​န​ဝါ​ရီ​လ​လယ်​တွင် ​အ​ထက်​ချင်း​တွင်း ​ကူ​ကီး​နယ်​မြေ ​ဖြစ်​သော Somratract​သို့ ​ထွက်​ခွာ​လာ​သည့် ​နယ်​ချဲ့​အင်္ဂ​လိပ်​အ​ရာ​ရှိ Mr.Parker​နှင့် ​အ​ဖွဲ့​ကို Dansagu ​အ​နီး​တွင် ​ကူ​ကီး​စစ်​သည်​များ​မှ ​တိုက်​ခိုက်​ခဲ့​ကြ​သည်။ ​ဤ​သို့​ဖြင့် ​ကူ​ကီး​လူ​မျိုး​များ​သည် ​အင်္ဂ​လိပ်​နယ်​ချဲ့ ​များ​ကို ​မိ​မိ​တို့​နယ်​မြေ​အ​သီး​သီး​တွင် ​ဟန်​ချက်​ညီ​ညီ ​တော်​လှန်​တိုက်​ခိုက်​ခဲ့​ကြ​သည်။

၁၉၁၈၊ ​ဖေ​ဖ​ဝါ​ရီ​လ​လယ်​တွင်​လည်း Longja (Haosa) ​ဟွောင်​ဆာ Pu.Ngulbul ​နှင့် ​ကူ​ကီး​စစ်​သည်​များ ​အ​ခိုင်​အ​မာ​တပ်​စွဲ​သော Longja-Kulpi​ခံ​တပ်​ကို Captain Montefier ​ကွပ်​ကဲ​သော ​နယ်​ချဲ့​အင်္ဂ​လိပ်​တပ် ​များ​မှ ​အ​ပြင်း​အ​ထန် ​တိုက်​ခိုက်​ခဲ့​ကြ​သော်​လည်း ​အ​ကျ​အ​ဆုံး​များ​စွာ​ဖြင့် ​ဆုတ်​ခွာ​ခဲ့​ကြ​သည်။

​နယ်​ချဲ့​အင်္ဂ​လိပ်​တို့​သည် Longja (Haosa)​ဟွောင်​ဆာ Pu.Ngulbul ​အား ​ဖမ်း​ဆီး​နိုင်​ရန် ​၎င်း​တို့​၏ ​သ​စ္စာ​ခံ ​ကမ်​ဟောင် ​ချင်း​တိုက်​သူ​ကြီး​၏ ​အ​ကူ​အ​ညီ​ဖြင့် Pu.Ngulbul ​၏ ​သ​မီး​ဖြစ်​သူ​ကို ​ဖမ်း​ဆီး​ပြီး ​တော​ထဲ​တွင် ​ရက်​စက်​စွာ ​ညှင်း​ဆဲ​ကာ ​ထောင်​ချောက်​ဆင်​ခဲ့​ကြ​သည်။ ​သ​မီး​၏ ​အ​ဖြစ်​ဆိုး​ကြောင့် ​သ​မီး ​ဖြစ်​သူ​ကို ​ကယ်​ဆယ်​ရန် Longja-Kulpi ​ခံ​တပ်​မှ ​ထွက်​လာ​ခဲ့​သော Longja ​အ​ကြီး​အ​ကဲ​မှာ ​ရန်​သူ​အင်္ဂ ​လိပ်​တပ်​၏ ​ဝိုင်း​ရံ​ပိတ်​ဆို့​တိုက် ​ခိုက်​ခြင်း​ခံ​ခဲ့​ရ​ပြီး ​ပေါင်​တွင်​ကျည်​သင့်​ခဲ့​သည်။ ​နယ်​ချဲ့​အင်္ဂ​လိပ်​တို့​သည် ​ဒဏ်​ရာ​ရ​ပြီး ​ဖမ်း​ဆီး​ခြင်း​ခံ​ရ​သော Longja ​အ​ကြီး​အ​ကဲ​ကို ​အ​ရှင်​လတ်​လပ် ​ခေါင်း​ဖြတ်​ခဲ့​ကြ​သည့်​အ​ပြင် Longja ​အ​ကြီး​အ​ကဲ​၏ ​ခေါင်း​ကို ​သ​မီး​ဖြစ်​သူ​အား ​ပု​လိုင်း​ဖြင့်​သယ်​စေ​ပြီး ​ကူ​ကီး​ရွာ​တိုင်း​သို့ ​တ​ရွာ​ဝင် ​တ ​ရွာ​ထွက်​ကာ ​ပြ​သ​စေ​ခဲ့​ကြ​သည်။ ​ထို့​အ​ပြင် Longja ​အ​ကြီး​အ​ကဲ​၏ ​သ​မီး​အ​ပြင် ​ဖ​ခင်​နှင့် ​အ​ခြား​သား​သ​မီး ​များ​ကို​လည်း ​ရက်​စက်​စွာ​ညှင်း​ဆဲ​ကာ ​သတ်​ဖြတ်​ခဲ့​ကြ​သည်။ ​အင်္ဂ​လိပ်​တို့​သည် ​၎င်း​တို့​၏ ​သ​စ္စာ​ခံ ​ချင်း ​တိုက်​သူ​ကြီး​အား Longja ​အ​ကြီး​အ​ကဲ​၏ ​ဦး​ခေါင်း​ဖြင့် ​အောင်​ပွဲ​ခံ​စေ​သည့်​အ​ပြင် ​အ​လောင်း​ကို​လည်း ​အ ​စိတ်​စိတ် ​အ​မွှာ​မွှာ​လှီး​ဖြတ်​ကာ ​ချင်း​ရွာ​တိုင်း​တွင် ​အိမ်​ခြေ​အ​လိုက် ​ဝေ​ငှ​ခြင်း​ဖြင့် ​အောင်​ပွဲ​ခံ​စေ​ခဲ့​သည်။ ​နယ်​ချဲ့​အင်္ဂ​လိပ်​တို့​သည် ​ကူ​ကီး​ပြည်​သူ​များ​ထံ ​၎င်း​တို့​အား ​ဆက်​လက်​တော်​လှန်​ပါ​ကLongja ​အ​ကြီး​အ ​ကဲ​နှင့် ​မိ​သား​စု​ကဲ့​သို့ ​ရက်​စက်​စွာ ​သတ်​ဖြတ်​ပစ်​မည်​ဟု ​ကူ​ကီး​လူ​မျိုး​များ ​စိတ်​ဓါတ်​ကျ​ဆင်း​စေ​ရန် ​လူ​မ ​ဆန်​သော ​အ​ဆို​ပါ ​လုပ်​ရပ်​များ​ဖြင့် ​အ​ဆုံ​စွန် ​ရက်​စက်​ခဲ့​ကြ​သည်။

Chahsat (Haosa) ​ဟွောင်​ဆာ Pu.Lhunkhomang (Pache)​နှင့် ​ကူ​ကီး​စစ်​သည်​များ ​အ​ခိုင်​အ​မာ​တပ်​စွဲ ​နေ​သော Kamjong-Kulpi​ခံ​တပ်​ကို J.C.Higgins,ICS,PoliticalAgent ​ဦး​ဆောင်​၍ Captain Lt.Parry​နှင့် Captain Lt.Patrick ​ကွပ်​ကဲ​သော ​နယ်​ချဲ့​အင်္ဂ​လိပ်​တပ်​များ​မှ ၁၉၁၈ ​နှစ်​ဦး​ပိုင်း​၌ ​အ​ပြင်း​အ​ထန်​ဝင်​ရောက် ​တိုက်​ခိုက်​ရာ ​နယ်​ချဲ့​အင်္ဂ​လိပ်​ဘက်​မှ Lt.Molesworth ​အ​ပါ​အ​ဝင် ​စစ်​သည်​အ​မြောက်​အ​များ ​ကျ​ဆုံး​ပြီး ​အ​ရေး​နိမ့်​ကာ ​ပြန်​လည်​ဆုတ်​ခွာ​ခဲ့​ကြ​သည်။

​ဤ​သို့​ဖြင့် ​ကူ​ကီး​လူ​မျိုး​များ​နှင့် ​ရင်​ဆိုင်​တိုက်​ခိုက်​ခဲ့​ကြ​သော ​နယ်​ချဲ့​အင်္ဂ​လိပ်​တပ်​များ​သည် ​မ​ထင်​မှတ်​ဘဲ ​အ​ကျ​အ​ဆုံး​များ​စွာ​ဖြင့် ​ဆုတ်​ခွာ​ခဲ့​ကြ​သည်။ ​စစ်​ပွဲ​၏ ​အ​စ​ပိုင်း​တွင် ​ကူ​ကီး​လူ​မျိုး​ဘက်​မှ ​အ​သာ​စီး​ရ​ပြီး ​ကျူး ​ကျော်​စစ်​ကို ​ခု​ခံ​တွန်း​လှန်​နိုင်​သည့် ​အ​နေ​အ​ထား​တွင်​ပင် ​ရှိ​နေ​ခဲ့​သည်။ ​ထို​အ​ချိန်​မှာ ​ကူ​ကီး​လူ​မျိုး​များ ​စည်း​လုံး​ညီ​ညွတ်​ချိန်​နှင့် ​အင်​အား​တောင့်​တင်း​ချိန်​ဖြစ်​သော​ကြောင့် ​နယ်​ချဲ့​အင်္ဂ​လိပ်​တို့​၏ ​ကျူး​ကျော်​စစ် ​ကို ​ကြောက်​ရွံ့​ခြင်း​မ​ရှိ​ဘဲ ​ရဲဝ့ံ​စွာ​တော်​လှန်ခ့ဲ​ကြ​ခြင်း​ဖြစ်​သည်။

​အင်္ဂ​လိပ်-​ကူ​ကီး​စစ်​ပွဲ​အ​ရှိန်​မှာ ​ပို​မို​ပြင်​ထန်​လာ​ခဲ့​ရာ ၁၉၁၈၊ ​ဇွန်​လ​တွင် Civil administration ​နှင့် Assam Chief Commissioner to DIG....Assam Rifles ​တို့​သည် Simla ​မြို့​ရှိ Army Head-quarters, Commander-In-Chief, India Army ​ထံ​သို့​သွား​ရောက်​ကာ ​စစ်​ကူ​တောင်​ခံ​ခဲ့​ကြ​သည်။ ​ထို့​ကြောင့် ​လည်း ၁၉၁၈၊ ​နို​ဝင်္ဘာ​လ ၇ ​ရက်​နေ့​တွင် ​နယ်​ချဲ့​အင်္ဂ​လိပ်​တို့​သည် ​ဒု​တိ​ယ​အ​ကြိမ် ​ကူ​ကီး​ဘိုး​ဘွား​ပိုင်​မြေ ​ကို ​ကျူး​ကျော်​တိုက်​ခိုက်​သိမ်း​ပိုက်​ရန် ​၎င်း​တို့​လက်​အောက်​ခံ ​ကို​လို​နီ​စစ်​တပ်​များ​ဖြစ်​ကြ​သော Burma Military Police (၃၂၀၀) ​နှင့် Assam Rifle (၂၆၀၀) ​တို့​ကို ​ဖြည့်​စွက်​ကာ ​စစ်​သည်​တော် ​စု​စု​ပေါင်း (၇၆၅၀) ​နှင့် ​စစ်​အ​ရာ​ရှိ (၂၀၈) ​တို့​အား ​ကူ​လီ (၈၃၀၀) ​ကျော်​တို့​နှင့်​အ​တူ ​ဒု​တိ​ယ​အ​ကြိမ်​ထပ်​မံ ​ထိုး​စစ် ​ဆင်​စေ​ခဲ့​ကြ​သည်။

​ဒု​တိ​ယ​အ​ကြိမ် ​ကျူး​ကျော်​စစ်​ကို ​ဗြိ​တိ​သျှ ​စစ်​ဗိုလ်​ချုပ် Lieutenant General Sir. Henry D.U.Keary, K.C.B, K.C.I.E, D.S.O, I.A, General Officer Commanding, Burma Division ​မှ ​ဦး​ဆောင်​ခဲ့​သည်။​၎င်း​၏ ​ဦး​ဆောင်​မှု​အောက်​တွင် ​ဗိုလ်​မှူး​ချုပ်Brigarial Macquid​အား ​စစ်​ဦး​စီး​ချုပ်​အ​ဖြစ်​ခန့်​အပ်​ပြီး Imphal ​မှ ​၎င်း၊ Lieutenant Colonel J.L.W.Firench-Mullen, C.I.E., I.A ​အား ​အ​ထက်​ချင်း​တွင်း​ဒေ​သ​တွင် ​၎င်း ​အ​ခြေ​ပြု​စေ​ကာ ​စ​နစ်​တ​ကျ ​ထိုး​စစ်​ဆင်​စေ​ခဲ့​သည်။ ​ထို​မျှ​သာ​မ​က​ဘဲ ​ဤ​ဒု​တိ​ယ​အ​ကြိမ် ​ကျူး​ကျော် ​စစ်​တွင်​လည်း ​၎င်း​တို့​၏ ​လက်​အောက်​ခံ​လူ​မျိုး​များ​ကို ​ထပ်​မံ​စည်း​ရုံး​ပြီး ​နည်း​မျိုး​စုံ​ဖြင့် ​ကူ​ကီး​လူ​မျိုး​များ​ကို ​အ​စွမ်း​ကုန်​ချေ​မှုန်း​ခဲ့​ကြ​သည်။

​အင်္ဂ​လိပ်-​ကူ​ကီး​စစ်​ပွဲ​တွင် ​ကူ​ကီး​စစ်​သည်​များ​သည် ​အင်​အား​ကြီး​မား​လှ​သော ​အင်္ဂ​လိပ်​နယ်​ချဲ့​စစ်​တပ်​ကို ​ပြောက်​ကျား​စစ်​ဗျူ​ဟာ​ဖြင့် ​ခု​ခံ​တိုက်​ခိုက်​ခဲ့​ကြ​သော်​လည်း ​နယ်​ချဲ့​အင်္ဂ​လိပ်​တို့​သည် ​မြေ​လှန်​စစ်​ဆင်​ရေး ​ဖြင့် ​ရက်​စက်​မှု​ပေါင်း​စုံ​ကို ​အ​သုံး​ပြု​ကာ ​အ​စွမ်း​ကုန်​တိုက်​ခိုက်​ခဲ့​ကြ​သည်။ ​သို့​သော် ​နယ်​ချဲ့​အင်္ဂ​လိပ်​တို့​၏ ​ကျွန်​အ​ဖြစ် ​ဘ​ဝ​အ​ရှုံး​မ​ခံ​လို​သော ​ကူ​ကီး​စစ်​သည်​များ​သည် ​မိ​မိ​တို့​၏ ​အ​သက်​ကို ​စွန့်​လွှတ်​ကြ​သူ​များ​ပီ​ပီ ​ကျ​ဆုံး​သူ​များ​လေ​လေ ​ထို​သွေး​ကြွေး​အ​တွက် ​ပေး​ဆပ်​မည့်​သူ ​များ​ပြား​လေ​လေ​ဖြစ်​ကာ ​တစ်​ဗိုလ်​ကျ ​တစ် ​ဗိုလ်​တက်​စ​နစ်​ဖြင့် ​ရဲ​ရဲ​ဝံ့​ဝံ့ ​ဆက်​လက်​၍ ​တော်​လှန်​ခဲ့​ကြ​သည်။

​ထို့​ကြောင့်​လည်း ​အင်္ဂ​လိပ်​နယ်​ချဲ့​စစ်​တပ်​သည် ​ကူ​ကီး​လူ​မျိုး​များ​၏ ​လယ်​ယာ​ကောက်​ပဲ​သီး​နှံ​များ​ကို ​မီး​ရှို့ ​ဖျက်​ဆီး​ပစ်​ခြင်း၊ ​အိမ်​မွေး​တိ​ရိ​စာ္ဆန်​ဟူ​သ​မျှ​ကို ​ပစ်​ခတ်​သတ်​ဖျက်​ခြင်း၊ ​အိမ်​ယာ​နှင့် ​စ​ပါး​ကျီ​ဟူ​သ​မျှ​ကို ​မီး​ရှို့ ​ဖျက်​ဆီး​ပစ်​ခြင်း၊ ​အ​ရပ်​ဘက်​ပြည်​သူ​များ​၏ ​စား​နှပ်​ရိ​က္ခာ ​သယ်​ယူ​ပို့​ဆောင်​မှု​များ​ကို ​ပိတ်​ဆို့​တား​ဆီး​ခြင်း၊ ​မြို့​ရွာ​များ​ကို ​မီး​ရှို့​ဖျက်​ဆီး​ပစ်​ခြင်း၊ ​စစ်​ပွဲ​နှင့်​မ​သက်​ဆိုင်​သော ​အ​ရပ်​ဘက်​ပြည်​သူ​များ​နှင့် ​သက်​ကြီး​ရွယ် ​အို ​က​လေး​သူ​ငယ်​များ​ပါ ​မ​ချန်​ဘဲ ​ကျား​မ-​မ​ရွေး ​ညှာ​တာ​မှု​ကင်း​မဲ့​စွာ​ဖြင့် ​တွေ့​ရာ​သင်္ချိုင်း ​ဓါး​မ​ဆိုင်း​စေ​ဘဲ ​ကမ်း​ကုန်​အောင် ​ရက်​စက်​ခြင်း၊ ​ကူ​ကီး​စစ်​သည်​များ​၏ ​သား​သ​မီး​များ​နှင့် ​မိ​ဘ​များ​ကို ​ဓါး​စာ​ခံ​အ​ဖြစ် ​ဖမ်း ​ဆီး​ခြင်း၊ ​သတ်​ဖျက်​ခြင်း ​အ​စ​ရှိ​သော ​ညှာ​တာ​မှု​ကင်း​မဲ့​ပြီး ​ရက်​စက်​ယုတ်​မာ​သည့် ​စစ်​ဆင်​ရေး​နည်း​မျိုး​စုံ​ကို ​ကျင့်​သုံး​ခဲ့​ကြ​သည်။