အမေမာအတွက် အမှတ်တရစကားများ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Robot: Cosmetic changes
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၃၁ - စာကြောင်း ၃၁ -
လူထုဒေါ်အမာ၏ စာပေများကို ကျနော်တို့ ငယ်စဉ်ကာလကပင်လျှင် ဖတ်ရှု့လာခဲ့ရာ ကျနော်စိတ်ထဲတွင် စွဲနေသော အချက်တခု ရှိပါသည်။ ထိုအချက်မှာ အခြားမဟုတ်။ ဒေါ်အမာ၏ အရေးအသားတို့သည် ကျနော်တို့ ချစ်သော အမိမြန်မာနိုင်ငံ၏ သမိုင်းကို ထုတ်ဖော် ရေးသားသော အဖိုးတန်အမှတ်အသားများ ဖြစ်သည်ဟု တွေ့ရှိရခြင်း ဖြစ်ပါသည်။
လူထုဒေါ်အမာ၏ စာပေများကို ကျနော်တို့ ငယ်စဉ်ကာလကပင်လျှင် ဖတ်ရှု့လာခဲ့ရာ ကျနော်စိတ်ထဲတွင် စွဲနေသော အချက်တခု ရှိပါသည်။ ထိုအချက်မှာ အခြားမဟုတ်။ ဒေါ်အမာ၏ အရေးအသားတို့သည် ကျနော်တို့ ချစ်သော အမိမြန်မာနိုင်ငံ၏ သမိုင်းကို ထုတ်ဖော် ရေးသားသော အဖိုးတန်အမှတ်အသားများ ဖြစ်သည်ဟု တွေ့ရှိရခြင်း ဖြစ်ပါသည်။


သမိုင်းအမှတ်အသားဟု ပြောသောအခါ ရှေးဖြစ်၊ ရှေးဟောင်း အကြောင်းအရာများကို ပြောဆိုရခြင်း ဖြစ်သောကြောင့် ငြီးငွေ့ဖွယ်ဟု ယူဆသူများ ရှိကောင်း ရှိပါလိမ့်မည်။ သို့သော် ဒေါ်အမာသည် နေ့စဉ်အဖြစ်အပျက် အကြောင်းအရာတို့ကို အနုပညာမြောက်အောင် စီကုံး ရေးသားတတ်သော ပုဂ္ဂိုလ် ဖြစ်သောကြောင့် မြန်မာသမိုင်းအတွက် အလွန်အရေးပါ အရာရောက်ပုဂ္ဂိုလ် ဖြစ်သည်ကို နှောင်းလူတို့ ဂရုတစိုက် မှတ်သားထိုက်ပါသည်။ နောင်နှစ်ပေါင်း ၅ဝ ကြာသောအခါ မန္တလေးမြ့ုိ ဘာဖြစ်ခဲ့သလဲဟု သိလိုသော လူငယ်သည် ဒေါ်အမာ၏ စာပေတို့ကို လိုက်လံရှာဖွေ၍ လေ့လာပေလိမ့်မည်။
သမိုင်းအမှတ်အသားဟု ပြောသောအခါ ရှေးဖြစ်၊ ရှေးဟောင်း အကြောင်းအရာများကို ပြောဆိုရခြင်း ဖြစ်သောကြောင့် ငြီးငွေ့ဖွယ်ဟု ယူဆသူများ ရှိကောင်း ရှိပါလိမ့်မည်။ သို့သော် ဒေါ်အမာသည် နေ့စဉ်အဖြစ်အပျက် အကြောင်းအရာတို့ကို အနုပညာမြောက်အောင် စီကုံး ရေးသားတတ်သော ပုဂ္ဂိုလ် ဖြစ်သောကြောင့် မြန်မာသမိုင်းအတွက် အလွန်အရေးပါ အရာရောက်ပုဂ္ဂိုလ် ဖြစ်သည်ကို နှောင်းလူတို့ ဂရုတစိုက် မှတ်သားထိုက်ပါသည်။ နောင်နှစ်ပေါင်း ၅ဝ ကြာသောအခါ မန္တလေးမြ့ို ဘာဖြစ်ခဲ့သလဲဟု သိလိုသော လူငယ်သည် ဒေါ်အမာ၏ စာပေတို့ကို လိုက်လံရှာဖွေ၍ လေ့လာပေလိမ့်မည်။


* မောင်ထင် (၅၊ စက်တင်ဘာ ၉၅)
* မောင်ထင် (၅၊ စက်တင်ဘာ ၉၅)

၀၄:၁၄၊ ၁၆ ဒီဇင်ဘာ ၂၀၁၄ ရက်နေ့က မူ

လူထုဒေါ်အမာအတွက် စာပေသမားများ၏ အမှတ်တရများ

မင်းသုဝဏ်၏ ကဗျာ

  • (ဒုတိယကျောင်းသားသပိတ်ကာလ၊ အမေမာငယ်စဉ်ဘဝ ကျောင်းသူဘဝ ရေးပေးခဲ့သောစာ)

`အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်
အမာကို မပျော့စေနှင့်
အဖြောင့်ကို မကောက်စေနှင့်´

  • (မင်းသုဝဏ်) ၉-၃ ၊ ၁၉၃၆

ဒဂုန်တာရာ

"ဆုံးရှုံးဆုံးမှုတရပ်လို့ ပြောရမှာပေါ့။ ဒေါ်အမာက နှစ်ပေါင်းများစွာ ကြာပြီပဲ။ တိုင်းပြည်အတွက် ဆောင်ရွက်နေတာ။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာ။ ဒေါ်အမာဟာ ၁၉၃၆ ဒုတိယကျောင်းသား သပိတ်မှာ စတွေ့ဖူးတယ်။ ကျနော်တို့က (၁ဝ) တန်းပေါ့။ သူရဲ့ ခင်ပွန်းပေါ့ ဦးလှဆိုရင်ကျောင်းသားဘဝတည်းက ခင်တယ်။ သူလည်း ငြိမ်းချမ်ရေးကိစ္စတွေ ပါဝင်ဆောင်ရွက်ခဲ့တာပဲ။ သူနဲ့ ကိုအောင်ဆန်းနဲ့က မွေးနှစ် အတူတူပဲ။ ဒေါ်အမာနဲ့ ပတ်သက်လို့ ပြောရရင် ပြောစရာတွေက အများကြီးပေါ့။ ချက်ချင်း စီကာပတ်ကုံးပြောဖို့က တချို့အကြောင်းအရာ တွေက အချက်အလက်နဲ့ပြောမှ ပြည့်စုံမယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့အခါမှာ ဒေါ်အမာနဲ့ တွေ့ရပါတယ်။ မကြာခဏ။ မန္တလေးရောက်ရင် တော့ ဝင်တယ်ပေါ့ဗျာ။ သူ့အိမ်မှာပဲ တည်းရတာပေါ့ဗျာ။ အထူးသဖြင့် အမျိုးသမီးရေးရာတွေ မဟုတ်တော့ဘူးပေါ့ဗျာ။ တိုင်းပြည် တပြည်လုံးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း အတူတူဆောင်ရွက်ခဲ့တာ။ ကျနော်သိပ်ပြီးတော့ စိတ်မကောင်း ဖြစ်သွားပါတယ်"

မြသန်းတင့်

အိုလာတာနဲ့အမျှ သိက္ခာရှိရှိ၊ ဂုဏ်ရှိရှိ သေသွားဖို့ အရေးကြီးပါတယ်။ မြန်မာ့ယဉ်ကျေးမှု မြန်မာစာပေကို ထိန်းသိမ်းစောင့်ရှောက်ရင်း အိုရသေရတာဟာ ဂုဏ်ရှိပါတယ်။ မသေခင်မှာတော တတ်နိုင်မျှ လုပ်ကြရဦးမှာပါပဲ။ ကျနော်လည်း အဲဒီလို နေနိုင်အောင်ကြိုးစားနေပါတယ်။

  • မြသန်းတင့် (၁၂၊ စက်တင်ဘာ၊ ၉၅)

ဆရာပါရဂူ

လူထုဒေါ်အမာ၏ စာများသည် မလွတ်တမ်း ဖတ်သင့် ဖတ်ထိုက်သော စာများဖြစ်သည်။ လူထုဒေါ်အမာသည် ယခင်က စာကို စာအရေးအသားမျိုးနှင့် ရေးသည် ။ ထို့နောက် စကားပြော အရေးအသားနှင့် ရေးသည်။ သို့ရာတွင် လူထုဒေါ်အမာ၏ စာများသည် စာဖတ်သူများ ဆွဲဆောင်ခေါ်ငင်သွားသည် ဖြစ်၍ စာ၏ ဆွဲဆောင်ရာသို့ ပါသွားသော စာဖတ်သူသည် စာကို စကားပြောနှင့် ရေးနေသလား၊ စာရေးသလို ရေးနေသလား ဟူသည့် အရေးအသား ကွဲပြား ခြားနားမှှုဆီသို့ပင် အာရုံမရောက်တော့ပေ။ ပင်ကိုအလှရှိသော မိန်းမပျိုသည် သနပ်ခါးရေကျဲ လိမ်းလိမ်း နှုတ်ခမ်းနီဆိုးဆိုး လှမြဲ လှနေမည်။ လူထုဒေါ်အမာ၏ စာတွင် ပင်ကိုအလှ ရှိသည်။

  • ပါရဂူ (၁၂၊ စက်တင်ဘာ၊ ၉၅)

ခင်နှင်းယု

မအမာလို မြန်မာပီသတဲ့ အမျိုးသမီးတဦးက ကျမတို့ စာပေလောကရဲ့ ဓူဝံကြယ် ဖြစ်နေတာကို က ကျက်သရေ မင်္ဂလာတပါးပါပဲ။ ဒီ ဓူဝံကြယ်ဟာ ငြိမ်းချမ်းရေးကို ရှေ့ဆောင် လမ်းပြနိုင်ပါစေ ။

  • ခင်နှင်းယု (၁၂၊ စက်တင်ဘာ၊ ၉၅)

မောင်ထင်

လူထုဒေါ်အမာ၏ စာပေများကို ကျနော်တို့ ငယ်စဉ်ကာလကပင်လျှင် ဖတ်ရှု့လာခဲ့ရာ ကျနော်စိတ်ထဲတွင် စွဲနေသော အချက်တခု ရှိပါသည်။ ထိုအချက်မှာ အခြားမဟုတ်။ ဒေါ်အမာ၏ အရေးအသားတို့သည် ကျနော်တို့ ချစ်သော အမိမြန်မာနိုင်ငံ၏ သမိုင်းကို ထုတ်ဖော် ရေးသားသော အဖိုးတန်အမှတ်အသားများ ဖြစ်သည်ဟု တွေ့ရှိရခြင်း ဖြစ်ပါသည်။

သမိုင်းအမှတ်အသားဟု ပြောသောအခါ ရှေးဖြစ်၊ ရှေးဟောင်း အကြောင်းအရာများကို ပြောဆိုရခြင်း ဖြစ်သောကြောင့် ငြီးငွေ့ဖွယ်ဟု ယူဆသူများ ရှိကောင်း ရှိပါလိမ့်မည်။ သို့သော် ဒေါ်အမာသည် နေ့စဉ်အဖြစ်အပျက် အကြောင်းအရာတို့ကို အနုပညာမြောက်အောင် စီကုံး ရေးသားတတ်သော ပုဂ္ဂိုလ် ဖြစ်သောကြောင့် မြန်မာသမိုင်းအတွက် အလွန်အရေးပါ အရာရောက်ပုဂ္ဂိုလ် ဖြစ်သည်ကို နှောင်းလူတို့ ဂရုတစိုက် မှတ်သားထိုက်ပါသည်။ နောင်နှစ်ပေါင်း ၅ဝ ကြာသောအခါ မန္တလေးမြ့ို ဘာဖြစ်ခဲ့သလဲဟု သိလိုသော လူငယ်သည် ဒေါ်အမာ၏ စာပေတို့ကို လိုက်လံရှာဖွေ၍ လေ့လာပေလိမ့်မည်။

  • မောင်ထင် (၅၊ စက်တင်ဘာ ၉၅)

ချစ်ဦးညို

အားမလို အားမရဖြစ်တဲ့ အခါမျိုးတွေ
နောက်ကျိ ရှုပ်ထွေးခံစားရတဲ့ အခါမျိုးတွေ
အပျင်းထူ-ဖင့်နွှဲ့သွားတဲ့ အခါမျိုးတွေ
စိတ်ချဉ်ပေါက်-စိတ်ခံတွင်းပျက်တဲ့ အခါမျိုးတွေ
--- အခါမျိုးတွေ—အခါမျိုးတွေမှာ
ဒေါ်ဒေါ့်စာတွေကို ပြန်ဖတ်ပြီး
ဒေါ်ဒေါ့်အားထုတ်မှုတွေဆီက ဓာတ်ကူးယူ
ဒေါ်ဒေါ့်စေတနာထုထည်ကြီးကို စားသုံး
ဒေါ်ဒေါ့်ခရီးရှည်ကြီးကို လှမ်းကြည့်
ဒီလိုနဲ့
ချစ်ဦးညို အသက်ဆက်ခဲ့ပေါင်း များလှပါပြီ။

ဘုန်းကြီးလို့ သက်ရှည်တဲ့ ဒေါ်ဒေါ့်ကို
ဦးချ ပူဇော်ပါတယ် ခင်ဗျား။ ။

  • ချစ်ဦးညို (၁၈၊ ၁၊ ၂ဝဝ၅)

ကျော်ဝင်း

ကျနော့်မှာ မုံရွာတွင်မွေးပြီး၊ မန္တလေးတွင် ကျောင်းနေခဲ့သည့်တိုင် လူထုတိုက်သို့ အဝင်အထွက် မရှိလှပါ။ လူထုဦးလှ၊ လူထုဒေါ်အမာတို့နှင့်လည်း လူချင်း မရင်းနှီးပါ။ သို့နှင့်တိုင် သူတို့စာတွေနှင့်မူ ငယ်ငယ်ကတည်းက ရင်းနှီးနေသည်။ အထူးသဖြင့် ဒေါ်ဒေါ်၏ လှုပ်ရှားနေသော ကမ္ဘာ ဆောင်းပါးများကို ဖတ်ရင်း နိုင်ငံတကာကို စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။

ဒေါ်ဒေါ့်ကို လူကိုယ်တိုင် စတင်မြင်ဖူးသည်မှာ ဓမ္မဗိမာန်ဟု မှတ်မိနေသည်။ ထိုစဉ်က ဒေါ်ဒေါ်၏ ရွှေမန်းတင်မောင်စာအုပ် ထွက်ခါစဟု ထင်သည်။ လူငယ်တယောက်၏ ဆွေးနွေးချက်ကို ဒေါ်ဒေါ်က ခုလို ပြန်ပြောသည်။ "ဒီနေရာမှာ ဒေါ်ဒေါ်နဲ့ တူမောင်နဲ့ လွတ်လပ်စွာ သဘောကွဲလွဲကြတာပေါ့" စသည်ဖြင့် ...။ ကျနော် စွဲသွားသည်။ ကျနော် ရေးသာစာကို ဒေါ်ဒေါ် ဖတ်ဖြစ်လိမ့်မည် မထင်ပါ။ ဖတ်ဖြစ်လျှင်လည်း ကြိုက်မည် မထင်။ ကိစ္စမရှိ။ ဒေါ်ဒေါ်သည် လွတ်လပ်စွာ သဘောကွဲလွဲခွင့်နှင့် ကျနော်ကို ခွင့်လွှတ်မည်ဟု ယုံထားသည်။

  • ဒေါ်ဒေါ်ရဲ့စာဖတ်ပရိသတ်

ကျော်ဝင်း

မောင်စွမ်းရည်

“ကျနော်တို့ အမေလို နေလာတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်။ ကျနော်တို့ ဒီမိုကရေစီဘက်က ပြည်သူလူထုဘက်က မားမားမတ်မတ်ရပ်တဲ့ ကလောင်သတင်းစာဆရာမကြီး စာရေးဆရာမကြီးတယောက် ဆုံးရှုံးသွားတယ်ဆိုတော့ ကျနော်တို့မှာ ရွှေတောင်ကြီးပြိုသလို တကယ့်ကို ဝမ်းပန်းတနည်း ဖြစ်မိပါတယ်”

သန်းမြင့်အောင်

အမေရဲ့ ပြင်ပ အသွင်သဏ္ဌာန်က အေးချမ်းသိမ်မွေ့ပြီး ဖော့ဖယောင်းလို ပျော့ပျောင်းနေပေမယ့် အမေ့ရဲ့ အတွင်းသရုပ်ကတော့ မြင့်မြတ်တဲ့ ယုံကြည်ရပ်တည်မှုမှာ သံမဏိလို မာကျောသူ ။
အဲဒီ ပျော့ပျောင်းကြံ့ခိုင်တဲ့ အမေဟာ ကျမတို့ရဲ့ စိတ်ဓာတ်ခွန်အားတွေ တိုးပွားလာစေဖို့ ရှေ့ဆောင် လမ်းပြကြယ်ကြီး တပွင့်လည်း ဖြစ်တယ်။
"အမေ့ရှေးစကား" နဲ့ မျိုးဆက်သစ် မြန်မာမိန်းကလေးတွေကို မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်တွေနဲ့ မျိုးစေ့ချပေးတဲ့ ဥယျာဉ်မှူးလည်း ဖြစ်တယ်။
တခါတခါ မမျှော်လင့်တဲ့ ပုံသေနည်းမဲ့ ပုစ္ဆာတွေနဲ့ ရင်ဆိုင်တဲ့အခါ ၊ အမေဟာ ကျမတို့အတွက် မဇ္ဈိမ ပဋိပဋာကျတဲ့ သင်ရိုးညွန်းတမ်း တခုလည်း ဖြစ်တယ်။
ဒါကြောင့် မြန်မာနိုင်ငံ တနံတလျားက အမေကို ချစ်ကြတဲ့ စာသမားတွေအတွက်တော့ အမေဟာ စံပြခေါင်းဆောင် မိခင်တယောက် ဖြစ်တယ်။
"ခေါင်းဆောင်" ဆိုတာ ကိုုယ့်ကိုယ်ကိုယ် တပ်လို့ရတဲ့ အမည်နာမ မဟုတ်။
အများရဲ့ ယုံကြည်လေးစားမှု၊ ချစ်မက်မြတ်နိုးမှုတို့မှ ပေါက်ဖွားလာသော နာမဝိသေသနတခုသာ ဖြစ်သည်။

  • သန်းမြင့်အောင် (၁၃၊ ၁၊ ဝ၅)

ဦးဝင်းဖေ

`ကျနော့်အနေနဲ့ မှတ်မှတ်ရရပြောရလို့ရှိရင် ကျနော် လူထုတိုက်မှာ သရုပ်ဖော် ပန်းချီ ဆရာအဖြစ်၊ ကာတွန်းဆရာအဖြစ် ဝင်တဲ့အချိန်မှာ ပထမဆုံး ကျနော်ကာတွန်းရေးရမယ့် လမ်းညွှန်ပေါ်လစီကို သူက ပြောပြတယ်။ အဲဒါဘာလဲဆိုတော့ မောင်ဝင်းဖေတဲ့၊ မင်း သတင်းစာကာတွန်းအနေနဲ့ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပြောင်လှောင်ပြီးရေးတော့မယ်ဆိုရင် အရေးခံရတဲ့ လူကိုယ်တိုင်က အော် ငါကလည်း ငါပဲကို၊ သူရေးမယ်ဆိုရင်လည်း ရေးပေမှာပဲလို့ လက်ခံနိုင်တဲ့အခြေအနေရှိအောင် မင်းရေးပါတဲ့။ အဲဒါ မင်းအတွက် ကာတွန်းလမ်းညွှန်ပေါ်လစီပဲဆိုပြီးတော့ အလွန်ကျယ်ပြန့်ပြီး သိမ်မွေ့တဲ့ လမ်းညွှန်ချက် ကို ပြောပါတယ်´

အော်ပီကျယ်

ငယ်ငယ်ကတော့
စာရေးဆရာမကြီး လူထုဒေါ်အမာနဲ့ပဲ
အဝေးက သိခဲ့တယ်။

၁၉၈၉ ခုနှစ်မှာ ကာတွန်းဆရာအဖြစ် မန္တလေးကို
ပြန်ခိုနားတော့
လူထုတိုက်ဟာ ကျနော်တို့ရဲ့စုစည်းရာ
ဒေါ်ဒေါ်ဟာ ကျနော်ရဲ့ ရိုသေ အတုယူစရာ
ပွင့်ပွင့်လင်းလင်း တိုင်ပင်စရာ ဖြစ်ခဲ့တယ်။

အမေစု (ရေနံမြေ ဒေါ်ခင်စု၊ ကွယ်လွန်)နဲ့
မနက်တိုင်း လမ်းလျှောက်ရင်း ကျုံးထောင့်မှာ
ဆုံခဲ့တဲ့ ဒေါ်ဒေါ်
အနုပညာ လောကသားတွေကို သားသမီးလို
ကြင်နာတဲ့ ဒေါ်ဒေါ်
အနုပညာ လောကသားတွေကို သားသမီးလို
ကြင်နာတဲ့ ဒေါ်ဒေါ်
အမြင်မတော်ရင် စေတနာနဲ့ ခေါ်ဆူတတ်တဲ့ ဒေါ်ဒေါ်
မိသားစုအရေးကိုပါ ဂရုတစိုက် မေးတတ်တဲ့ ဒေါ်ဒေါ်
မှတ်စရာ စကားတွေကို
လိုရင်းရောက်အောင် ပြောတတ်တဲ့ ဒေါ်ဒေါ်
ပြည့်ပြည့်စုံစုံ ပြုစုဖို့ စုဆောင်းထားတဲ့
ဦးဘဂျမ်းကာတွန်းတွေကို ဖတ်ခွင့်ပေးတဲ့ ဒေါ်ဒေါ်
နိုင်ငံတကာ အတွေ့အကြုံရအောင်
လမ်းခင်းပေးတ ဲ့ဒေါ်ဒေါ်
ရန်ကုန်ကို ပြောင်းတော့ ကွန်ပျူတာ လေ့လာခွင့်ရအောင်
ဆက်သွယ်ပေးတဲ့ ဒေါ်ဒေါ်
လူတွေဖတ်ဖို့ အသက်အရွယ်နဲ့မမျှ စာရေးတဲ့ ဒေါ်ဒေါ်
အနုပညာသမားတွေကို
မြေတောင်မြှောက်တဲ့ ဒေါ်ဒေါ်၊



ဒေါ်ဒေါ်ဟာ အများပါ ။

  • အော်ပီကျယ် " အမေမာအတွက် အမှတ်တရစကားများ "

ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း (တိုင်းရင်းသားလူမျိုးများ ကောင်စီ)

"အခုလို လူထုဒေါ်အမာ ဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားရတဲ့အတွက် ကျနော်တို့ တိုင်းရင်းသား လူမျိုးများ အနေနဲ့ အများကြီး ဝမ်းနည်း ကြေကွဲရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြည်ထောင်စု ပြန်လည် တည်ထောင်ကတည်းက တနည်းပြောရရင် လွတ်လပ်ရေးရ ကတည်းကပဲ ကျနော်တို့ တိုင်းရင်းသား လူမျိုးများကြားနဲ့ မြန်မာလူမျိုးတွေ ကြားမှာ လူထု ဒေါ်အမာနဲ့ လူထုဦးလှတို့ရဲ့ ရေးသားချက် တွေဟာ အင်မတန်မှ အရေးကြီးခဲ့ပါတယ်။ ကျနော် မှတ်မှတ်ရရ ပြောရမယ်ဆိုရင် လူထုဦးလှ ရေးခဲ့တဲ့ တိုင်းရင်းသားလူမျိုးများရဲ့ ပုံပြင်များ စာအုပ်ဟာ တိုင်းရင်းသားများကြားမှာ နားလည်မှု အများကြီး ပေးခဲ့တယ်လို့ ကျနော် ထင်မိပါတယ်"

"ပြီးတော့ လူထုသတင်းစာအရလည်း နိုင်ငံရေးအရ အင်မတန်မှ ကျော်ကြားခဲ့တဲ့ သတင်းစာ ဖြစ်တဲ့အပြင် ကျနော်တို့ ပြည်ထောင်စုထဲမှာ ရှိနေတဲ့ လူမျိုးများ ချစ်ကြည်ရေးကိုလည်း အများကြီး အားပေးခဲ့တယ်လို့ မြင်မိပါတယ်။ ပြီးတော့ လူထုဒေါ်အမာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေဟာ ကျနော်တို့ တိုင်းရင်းသား အချင်းချင်းကြားမှာလည်း အများကြီး အရေးကြီးခဲ့တယ်လို့ နားလည်ခဲ့တယ်။ ကျနော် တက္ကသိုလ် ကျောင်းသားဘဝ ကတည်းက သူနဲ့ စုံခဲ့ပါတယ်။ သူဆုံးသွားတဲ့အတွက် ကျနော်တို့ ပြည်ထောင်စုကြီးထဲမှာ ရှိနေတဲ့ မိခင်တယောက် ကျဆုံးသွားတယ်လို့ ခံစားမိပါတယ်"


ဦးအောင်မျိုးမင်း (လူ့အခွင့်အရေး ပညာပေးဌာန- မြန်မာနိုင်ငံ)

"ဒေါ်အမာ ဆုံးရှုံးသွားတာဟာ စာပေ အနုပညာသမားတွေအတွက် သာမကဘဲ ကျနော်တို့ တိုင်းပြည်တခုမှာ ရှိတဲ့ လူတွေ အားလုံးအတွက် ဆုံးရှုံးမှု ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အမာဟာ နိုင်ငံရေးသမိုင်းတလျှောက် မှာ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့တဲ့ အမျိုးသမီး စာနယ်ဇင်းသမား တယောက်ဖြစ်တယ်။ နောက်တခါ နောက်ဆုံးအချိန်အထိ နအဖရဲ့ မတရားမှုတွေကို ဖော်ထုတ်ပြီးတော့ နအဖ က သူ့ကို စာပေထုတ်ဝေခွင့်တွေ ပိတ်ပင်ခဲ့တာတောင်မှ အမှန်တရားဘက်ကို ရပ်တည်တဲ့ အမျိုးသမီးတယောက် ဖြစ်တယ်။ သူဆုံးရှုံးမှုဟာ စာပေ လောကတင်သာ မကဘဲနဲ့ အမျိုးသမီးခေါင်းဆောင်တွေ ရှားပါးနေတဲ့ ကျနော်တို့ရဲ့ မြန်မာနိုင်ငံအတွင်းမှာ တကယ့်ကို ဆုံးရှုံးမှုကြီးတခု ဖြစ်ပါတယ်"


ကဗျာဆရာ ငြိမ်းဝေ

"ဒေါ်အမာ ကွယ်လွန်သွားတာဟာ အသက်အရွယ်အားဖြင့်တော့ ကြီးရင့်ပြီ ဖြစ်ပေမယ့် သူက ထူးခြားချက်က တခြားလူတွေလို မဟုတ်ဘူးလေ။ စာပေနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ ဖြစ်ဖြစ်၊ အသက်ဆုံးသွားတဲ့ အချိန်အထိ တကယ့်ကို တည်တည်ငြိမ်ငြိမ်နဲ့ တည့်တည့်မတ်မတ် ပြည်သူလူထုဘက်က ရပ်တည်သွားနိုင်ခဲ့တာ ဆိုတော့ အံ့ဩဖို့ ကောင်းတယ်"

နောက်တချက်က ကျနော်တို့ တိုင်းပြည်မှာ သာမန်သတင်းစာ ဆရာမကြီး မဟုတ်ဘူး။ သူဟာ တကယ့်ကို တွေးတတ်တဲ့ အမြင်ရှိတယ်။ ပြည်သူလူထု ရှေ့က ရပ်တည်တဲ့၊ အင်မတန်မှ အားကိုးရတဲ့ တိုက်ပွဲဝင် သတင်းစာ ဆရာမကြီး တယောက် ဆုံးရှုံးသွားပြီလို့ပဲ ကျနော် ယူဆတယ်။ အခုလို ချောင်းကူး မြောင်းကျော် ကာလမှာ အခုလို ဆရာမကြီး အမေ လူထုဒေါ်အမာ ဆုံးသွားတဲ့အတွက် ကျနော်တို့ ပြည်သူတွေအဖို့ တကယ့်ကို ကြေကွဲဖို့ ကောင်းပါတယ်။ အစားထိုးမရတဲ့ ဆုံးရှုံးမှု တခုပါ"


မိဆူးပွင့် (မြန်မာအမျိုးသမီးသမဂ္ဂ)

"အမေလူထု ဒေါ်အမာဟာ စာပေလောကမှာ မိခင်ကြီးလို့ အားလုံးက ခံယူထားကြတာပေါ့နော်။ ဒါကြောင့် အမေရဲ့ မွေးနေ့ဆိုရင်လည်း အမြဲ ဂုဏ်ပြုခဲ့ကြတယ်။ တိုင်းပြည်အတွက်လည်း ပြောဆိုတာတွေ၊ ရေးသားချက်တွေ ရှိခဲ့တယ်။ သူ့သမိုင်း တလျှောက်လုံးမှာလည်း သူ့အချိန်တွေကို ကုန်ဆုံးခဲ့တာ ဖြစ်တယ်။ ကျမတို့ မြန်မာနိုင်ငံမှာ အမေလူထု ဒေါ်အမာလိုမျိုး နောက်ထပ် လူထုဘက်က ကြံ့ကြံ့ခံခဲ့တဲ့ စာပေပညာရှင်မျိုးတွေ ထပ်ပြီး ပေါ်လာဖို့ဆိုတာက ရှိရင်တောင်မှ စာပေအတွက်ရော၊ နောက်လာမယ့် မျိုးဆက်တွေအတွက်ရော အင်မတန် ဆုံးရှုံးမှု ဖြစ်တယ်။ ပြီးတော့ မိသားစုကို ကြည့်မယ်ဆိုရင်လည်း သူ့ခင်ပွန်းကအစ တော်လှန်ရေးမျိုးဆက်လို့ ပြောလို့ရတယ်။ မိသားစုရဲ့ မိခင်အနေနဲ့ရော၊ တိုင်းပြည်ရဲ့ မိခင်အနေနဲ့ရော အများကြီး ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်"

ဦးဉာဏ်ဝင်း (NLD ပြောခွင့်ရ ပုဂ္ဂိုလ်)

"ကျနော်တို့ကတော့ အထူးပဲ ဝမ်းနည်းပါတယ်။ ဘာလို့လည်း ဆိုတော့ အမေလူထု ဒေါ်အမာက အမြဲတမ်း ပြည်သူဘက်က ရပ်တည်တယ်။ နိုင်ငံရေးအရလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ အမြဲတမ်း Sympathy ထားတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးတယောက် ဆုံးပါးသွားတာ ကတော့ ကျနော်တို့ အထူးပဲ ကြေကွဲ ဝမ်းနည်းပါတယ်"

ဖေမြင့်

"အင်မတန်မှ ကြီးမားတဲ့ ဆုံးရှုံးမှုတခုပေါ့ဗျာ။ ဒေါ်အမာက အသက်လည်း ရှည်ပါတယ်။ ဆုံးရှုံးသွားတာ၊ ကွယ်လွန်သွားတာက ဝမ်းနည်းစရာပေါ့ဗျာ။ ရှည်လျားတဲ့ သက်တမ်းတလျှောက်မှာ ဗမာစာပေအတွက် အကျိုးပြုတဲ့စာတွေ၊ အသိအမြင် ကြွယ်ဝစေရေး စာတွေ အများကြီး ရေးခဲ့တယ်။ တိုင်းပြည် ကောင်းရာကောင်းကြောင်းအတွက် လုပ်သင့်လုပ်ထိုက်တာ မှန်သမျှမှာလည်း ကိုယ်ကျိုးကို မငဲ့ဘဲ အမြဲတမ်း လုပ်ခဲ့တယ်။ အင်မတန်မှ ကျေးဇူးကြီးမားတဲ့ စာပေနယ်အတွက်ရော တိုင်းပြည်အတွက်ရော ကျေးဇူးကြီးမားတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။ အင်မတန်မှ ဝမ်းနည်းစရာ ဆုံးရှုံးမှုတခုလို့ ပြောချင်ပါတယ်"

မင်းခိုက်စိုးစံ

"ဒေါ်အမာ ကွယ်လွန်သွားတယ် ဆိုတဲ့ဟာက ကျနော်တို့မှာက မိသားစုတစုအနေနဲ့ ပြောရမယ်ဆိုလို့ ရှိရင် ကျနော်တို့ရဲ့ အိမ်ဦးခန်းမှာ ဂုဏ်ကျက်သရေရှိရှိ အလေးအနက်ထားရတဲ့ အဖွားတယောက် မိခင်ကြီးတယောက် ကွယ်လွန်သွားသလိုပါပဲ၊ စာပေလောက အတွက်ရော အားလုံးအတွက်ပါ အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုလို့ပဲ ပြောပါရစေ။ ကျနော်တော်တော်လည်း စိတ်မကောင်း ဖြစ်နေပါတယ်"