အနိစ္စ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၁၂ - စာကြောင်း ၁၂ -


၁။ မစင်ပမာ ငါ့ခန္ဓာကား ဘယ်ခါမစဲ ပျက်လျှက်ဆဲမို့ အမြဲတရား ရှုမှတ်ပွားသည်။
၁။ မစင်ပမာ ငါ့ခန္ဓာကား ဘယ်ခါမစဲ ပျက်လျှက်ဆဲမို့ အမြဲတရား ရှုမှတ်ပွားသည်။
သြော် (အနိစ္စ ပါတကား)
ဩော် (အနိစ္စ ပါတကား)


၂။ ၃၂-ဖြာ ငါ့ခန္ဓာကား ချမ်းသာကင်းဝေး ဒုက္ခဘေးမို့ ဝဋ်ကြွေးတရား ရှုမှတ်ပွားသည်။
၂။ ၃၂-ဖြာ ငါ့ခန္ဓာကား ချမ်းသာကင်းဝေး ဒုက္ခဘေးမို့ ဝဋ်ကြွေးတရား ရှုမှတ်ပွားသည်။
သြော် (ဒုက္ခ ပါတကား)
ဩော် (ဒုက္ခ ပါတကား)


၃။ ၄၂-ဖြာ ငါ့ခန္ဓာကား ရောဂါဘေးဆိုး အမျိုးမျိုးကို လိုစိုးမပိုင် တားမနိုင်မို့ မဆိုင်တရား ရှုမှတ်ပွားသည်။
၃။ ၄၂-ဖြာ ငါ့ခန္ဓာကား ရောဂါဘေးဆိုး အမျိုးမျိုးကို လိုစိုးမပိုင် တားမနိုင်မို့ မဆိုင်တရား ရှုမှတ်ပွားသည်။
သြော် (အနတ္တ ပါတကား)
ဩော် (အနတ္တ ပါတကား)





၀၄:၀၆၊ ၁၆ ဒီဇင်ဘာ ၂၀၁၄ ရက်နေ့က မူ

အနိစ္စ anicca or impermanence or inconstant သည် မမြဲခြင်းသဘာဝကို ခေါ်သည်။ အနိစ္စ(မမြဲမရှိခြင်း non-existence or non-selfhood)၊ ဒုက္ခ(ဆင်းရဲခြင်း dukkha or suffering or unsatisfactoriness)၊ အနတ္တ(ငါ၏ခန္ဓာကိုယ်မဟုတ်) အနိစ္စဆိုတာ ပရမတ္ထ(တကယ့်အမှန်တရား)တရား ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အရေးကြီးတဲ့ ဒေသနာဖြစ်နေတော့ နားလည်ဖို့ ခက်ပေမယ့် နားလည်အောင် ကြိုးစားရမယ့်တရားလည်းဖြစ်ပါတယ်။ ဒီတရားကိုနားလည်သဘောပေါက်တယ်ဆို ရင် နားလည်တဲ့အတိုင်းအတာနဲ့ အညီအမျှ ချမ်းသာသုခ ရရှိနိုင်ပါတယ်။

အနိစ္စဆိုတဲ့ စကားဟာ အဓိပ္ပာယ် လေးနက်ပေမယ့် မြန်မာတွေနဲ့ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ အနိစ္စရဲ့ အခြေခံကျတဲ့ အဓိပ္ပာယ်ကို သက်ရှိသက်မဲ့ အရာအားလုံး အမြဲမပြတ် ဖြစ်လိုက်ချုပ်လိုက် တရွေ့ရွေ့ ပြောင်းလဲနေခြင်းလို့ဖွင့်ဆိုနိုင်ပါတယ်။ ဖောက်ပြန် ပြောင်းလဲ တတ်တဲ့သဘော၊ အကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်လာပြီး အကြောင်း မညီညွတ် တော့ပျက်သုဉ်းသွားတဲ့အခါ ဘာရယ်လို့ လက်ဆုပ်လက်ကိုင် ပြစရာမရှိ တဲ့သဘော၊ အခိုက်အတန့်သာ တည်မြဲနေနိုင်တဲ့သဘော၊ ဖြစ်ပြီးပျက်တတ်တဲ့ သဘော၊ အချိန်ကြာကြာ ဖြစ်တည်မနေနိုင်တဲ့သဘောတွေကို အနိစ္စလို့ ခေါ်ပါ တယ်။

အသက်ရှင်ရာကနေ သေဆုံးသွားတာမျိုး၊ ပစ္စည်းတစ်ခု အကောင်းပကတိ ကနေကွဲပျက်သွားတာမျိုး အကောင်းဘက်ကနေ အဆိုးဘက် ပြောင်းလဲသွားတာ တစ်ခုတည်းကိုပဲ အနိစ္စလို့ခေါ်ရတာ မဟုတ်ပါဘူး။ ဘဝသစ် တစ်ခု မွေးဖွားဖြစ် တည်လာတာမျိုး၊ အပျက် အစီးကို ပြန်လည်ပြင်ဆင်နိုင်တာမျိုး တွေဟာလည်း ရွေ့ရှားပြောင်းလဲမှု အမျိုးအစားတွေ ဖြစ်နေတော့အနိစ္စသဘောတွေပါပဲ။ အရှင်းဆုံး ပြောရရင် သက်ရှိသက်မဲ့ အရာရာဟာ အနိစ္စပါပဲ။ ဒီသဘောကိုပဲ ဘုရားရှင်က သဗ္ဗေ သင်္ခါရာ အနိစ္စာ လို့ ဟောတော်မူခဲ့ပါတယ်။ သင်္ခါရတရား အားလုံးဟာ အနိစ္စ သဘောတွေဖြစ်တယ်လို့ဆိုလိုတာပါ။

သင်္ခါရဆိုတာကတော့ အပြုပြင်ခံတရားတွေ၊ ဖန်တီးထားတဲ့ အရာတွေဖြစ် ပါတယ်။ ကံတရားက ဖန်တီးလိုက်တဲ့ ဘဝအမျိုးမျိုးနဲ့ လူဖန်တီးတဲ့အရာ၊ ဥတုကြောင့်ဖြစ်ပေါ်လာတဲ့ အရာတွေဟာ သင်္ခါရတရားတွေဖြစ်ပါတယ်။ ဒါတွေဟာ အနိစ္စတရားတွေသာဖြစ်ပါတယ်။ ကံဖန်တီးတဲ့ ဘဝဟာ အမြဲမပြတ် ပြောင်လဲရွေ့ ရှားနေပါတယ်။ နုပျိုရာကနေအိုမင်းလာပါတယ်။ အဆင်ပြေရာကနေ အဆင်မပြေ တဲ့ဘက် ပြောင်းလဲတာလဲ ရှိပါတယ်။ ငိုရာကနေပြုံးရတာလဲရှိပါတယ်။ ဆုံလိုက်ကွဲ လိုက်၊ ပျော်လိုက် ငိုလိုက်၊ အောင်လိုက် ရှုံးလိုက် အမြဲပဲပြောင်းလဲနေပါတယ်။ ဒါပေမယ့် မြန်မာစကားမှာတော့ ကွယ်လွန်အနိစ္စရောက်တယ်ဆိုပြီး အနိစ္စကို သေခြင်းတရားအဖြစ်ပဲ အများအားဖြင့် ရည်ညွန်းလေ့ရှိကြပါတယ်။ (အားလုံကိုမ ပြောဆိုပါဘူး)။ အနိစ္စသဘော ကိစ္စချောလို့လည်း နဘေကာရန်နဲ့ စာသံပါပါပြော လေ့ရှိကြပါတယ်။

တကယ်တော့ အနိစ္စဆိုတာ သေခြင်းတရား တစ်ခုတည်းကိုပဲ ဆိုလိုတာ မဟုတ်ဘူးလို့နားလည်ကြရပါမယ်။ မတည်မြဲတဲ့ အနိစ္စ သဘောကို သိထားတယ်ဆိုရင် ကိုယ်ရောစိတ်ပါ သက်သာရာ ရနိုင်ပါတယ်။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဖြစ်ရတာဟာ အဆိုးလောဓံ အဆင်မပြေမှုတွေနဲ့ကြုံတွေ့ရတဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ အဆိုးလောကဓံ ဆိုတာဟာလည်း ဘဝဖွဲ့စည်းမှု အစိတ် အပိုင်းများစွာထဲက တစ်စိတ်တစ်ပိုင်းသာ ဖြစ်နေတော့ သူလည်းအနိစ္စပဲ၊ ကြာရှည် မတည်နိုင်ဘူးလို့သဘောပိုက်လိုက်နိုင်ရင် သက်သာရာ ရနိုင်ပါတယ်။ တစ်မျိုးပြော ရရင် ဒုက္ခရောက်ရတယ်၊ ကိုယ်စိတ် ဆင်းရဲရတယ်ဆိုတဲ့ (ဒုက္ခသစ္စာ)ဟာ မသိမှု (အဝိဇ္ဇာ)ကြောင့် ဖြစ်ပေါ်လာရတာပါ။

ထို့ကြောင့် သိမှု(ဝိဇ္ဇာ) ဖြစ်အောင်နေထိုင်ကျင့်ကြံသွားရပါမယ်။ ယခုစာရေး နေသောသူသည် အမြဲတမ်း မပြတ်ရေးနိုင်နေမည်မဟုတ်ပါ။ စာဖတ်နေသောသူ သည်လည်း အမြဲဖတ်နေနိုင်မည်မဟုတ်ပေ။ ထိုသို့မမြဲသော သဘောကို ပင်သိနေ ရပါမည်။ ထိုသဘောသည်ပင် အနိစ္စဖြစ်ပါတယ်။ အကြောင်းအရာ တစ်ခုကိုတင်ပြ ပါရစေ။ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားရသော အရာများ၊ သတ္တဝါများသည် လည်း အနိစ္စတရားပင်ဖြစ်ပါတယ်။ ယခုအချိန်မှာ မပျက်စီးနိုင်ဘူးဟု ထင်ထား သော်လည်း ပျက်စီးသွားကြသောအခါ များစွာပူးဆွေးသောက ရောက်ကြရပါ တယ်။ (မိမိတို့သည်လည်း အချိန်မရွေး၊ နေရာမရွေး ပျက်စီးသွားနိုင်သည်ကို သတိသံဝေဂရကြပါစေ)။ တကယ်တော့ မိမိသည် ဖြစ်ပေါ်လာသော တရားတို့ပေါ် တွင် ဉာဏ်နှင့်ယှဉ်သော အသိဖြင့် သိပြီး၊ ပျက်စီးသွားသော အရာများပေါ်တွင် တဏှာနှင့် ယှဉ်သောစိတ်နှင့် ပူဆွေးသောက မဖြစ်ရန် အနိစ္စတရားကို သိနေဖို့လို အပ်ပါတယ်။ ဤသို့ဖြင့် အနိစ္စသဘာဝကို ဘာမှမသိလိုက်ဘဲ အနိစ္စဒဏ်ချက်ကို ဘုမသိဘမသိခေါင်းငုံ့ခံနေရတာမျိုး၊ ဘဝအဆက်ဆက် ဒုက္ခသံသရာ လည်နေရ တာမျိုး မဖြစ်ရအောင်ဒုက္ခဇာတ်သိမ်းသည်အထိ အနိစ္စသဘာဝကို ကိုယ့်ဉာဏ်အ လျောက် သုံးသပ်ဆင်ခြင်သင့်ပါတယ်။ “ဓမ္မာသုညာ အတ္တေနဝါ အတ္တနယေနဝါ” ~~ ဓမ္မာ= ဓမ္မာရုံဖြစ်ပျက်တရားတို့သည်၊ အတ္တေနဝါ= ငါဟုဆိုအပ်သော အတ္တဒိဋ္ဌိမှ လည်းကောင်း၊ အတ္တနယေနဝါ= ငါ့ဥစ္စာဟုဆိုအပ်သော တဏှာမှ လည်းကောင်း၊ သုညာ= ဆိတ်သုဉ်းကုန်၏။

၁။ မစင်ပမာ ငါ့ခန္ဓာကား ဘယ်ခါမစဲ ပျက်လျှက်ဆဲမို့ အမြဲတရား ရှုမှတ်ပွားသည်။ ဩော် (အနိစ္စ ပါတကား)

၂။ ၃၂-ဖြာ ငါ့ခန္ဓာကား ချမ်းသာကင်းဝေး ဒုက္ခဘေးမို့ ဝဋ်ကြွေးတရား ရှုမှတ်ပွားသည်။ ဩော် (ဒုက္ခ ပါတကား)

၃။ ၄၂-ဖြာ ငါ့ခန္ဓာကား ရောဂါဘေးဆိုး အမျိုးမျိုးကို လိုစိုးမပိုင် တားမနိုင်မို့ မဆိုင်တရား ရှုမှတ်ပွားသည်။ ဩော် (အနတ္တ ပါတကား)


မှတ်ချက် = ကျေးဇူးတော်ရှင်ဓမ္မစေတီဆရာတော် ဦးကောသလ္လ အဘိဓမ္မာစာပေမှရေးသားတင်ပြပါသည်။