အတ္ထုပ္ပတ္တိ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၆၂၅ - စာကြောင်း ၆၂၅ -
* [[အရစ်စတိုတယ်လ်]]
* [[အရစ်စတိုတယ်လ်]]
* [[ဘာထရန်ရပ်ဆဲလ်]]
* [[ဘာထရန်ရပ်ဆဲလ်]]
* [[ဇွန်လော့ခ်]]
* [[ဂျွန်လော့ခ်]]


== ကျမ်း​ကိုး ==
== ကျမ်း​ကိုး ==

၀၄:၀၀၊ ၁၆ ဒီဇင်ဘာ ၂၀၁၄ ရက်နေ့က မူ

အတ္ထုပ္ပတ္တိ

အတ္ထုပ္ပတ္တိ ဟူ​သည် ပါဠိ​စကားလုံး​ဖြစ်​သည်။ အနက်​အဓိပ္ပါယ်​မှာ `အကြောင်းအရာ​၏ ဖြစ်​ခြင်း´ဟု အဓိပ္ပါယ်​ရ​သည်။ ယင်း​ပါဠိ​စကား​ကို ယူ​၍ မြန်မာ​စာပေ​၌ ပုဂ္ဂိုလ်​တစ်​ဦး​တစ်​ယောက်​၏ ဘဝ​ဖြစ်​ရပ်​အား ရေးသား​တင်ပြ​သည့် စာပေ​အမျိုး​အစား​ကို အတ္ထုပ္ပတ္တိ ဟူ၍​၎င်း၊ အတ္ထုပ္ပတ် ဟူ၍​၎င်း ယေ​ဘူ​ရ​အား​ဖြင့် ခေါ်​ဆို​သည်။ ဒန္တ​ဇ​အက္ခရာ ထ​ဆင်ထူး​မှ မုဒ္ဓ​ဇ အက္ခရာ ဌ​ဝမ်းဘဲ​ပြောင်း​၍ ဆို​ခြင်း​မှာ​လည်း ရှေး​ဟောင်း ပါဠိ​ကျမ်းဂန်​အရ​ပင် ဖြစ်​သည်။ [၁]

ပုဂ္ဂိုလ်​တစ်​ဦး​တစ်​ယောက်​၏ ဘဝ​နှင့် စရိုက်​ကို ဖော်​ပြ​သည့်​စာ​သည် အတ္ထုပ္ပတ္တိ ဖြစ်​သည်။ အတ္ထုပ္ပတ္တိ​သည် ကဗျာ၊ ပြ​ဇာတ်၊ ဝတ္တု​စ​သည်​တို့​ကဲ့သို့​ပင် စာပေ​၏ အင်္ဂါ​အစိတ်​အပိုင်း တစ်​ခု​ဖြစ်​သည်။ စာပေ​၏ အခြား​အင်္ဂါ​အစိတ်​အပိုင်း တစ်​ခု​ကဲ့သို့​ပင် အတ္ထုပ္ပတ္တိ​သည် စာ​ဖတ်​သူ​တို့​အား စိတ်ဝင်စား​မှု​လည်း ဖြစ်ပွားစေ​သည်။ အကျိုး​လည်း များ​စေ​သည်။ အတ္ထုပ္ပတ္တိ​ကို ဖတ်​လျှင် စာ​ဖတ်​သူ​သည် စိတ်ဝင်စား​မှု​ရ​ရှိ​ပြီး မိမိ​အတွက် အကျိုး​များ​စေ​မည့် အချက်အလက်​များ​ကို သိရှိ​နားလည်​နိုင်​သည်။ အခြား​သော ပုဂ္ဂိုလ်​များ​၏ ဘဝ​ဖြစ်​ရပ်​နှင့် စရိုက်​ကို သိရှိ​နားလည်​ပါ​က မိမိ​ဘဝ​ဖြစ်​ရပ်​နှင့် စရိုက်​ကို ပြန်လည်​သုံးသပ်​ပြီး ပြုပြင်​သွား​သင့်​သည်​ကို ပြုပြင်​သွား​နိုင်​ပေ​သည်။ အတု​ယူ​သင့်​သည်​ကို အတု​ယူသွား​နိုင်​သည်။ စွန့်​ပယ်​သင့်​သည်​ကို စွန့်​ပယ်​သွား​နိုင်​ပေ​သည်။

ရေး​နည်း​ရေး​ဟန်

ရေး​နည်း​ရေး​ဟန်​နှင့် ပုံစံ​အနေအထား​အရ စီ​စစ်​ကြည့်​လျှင် အတ္ထုပ္ပတ္တိ​သည် အကြမ်း​အား​ဖြင့် လေး​မျိုး​လေးစား​ရှိ​သည်။

ရိုး​ရိုး အတ္ထုပ္ပတ္တိ

ရိုး​ရိုး အတ္ထုပ္ပတ္တိ​သည် ပုဂ္ဂိုလ်​၏ ဘဝ​ဖြစ်​ရပ်​နှင့် စရိုက်​ကို အခြား​ပုဂ္ဂိုလ်​တစ်​ဦး​က ရေးသား​တင်ပြ​သည့် အတ္ထုပ္ပတ္တိ​မျိုး​ဖြစ်​သည်။

ကိုယ်​ရေး​အတ္ထုပ္ပတ္တိ

ကိုယ်​ရေး​အတ္ထုပ္ပတ္တိ​သည် မိမိ​၏​ဘဝ​ဖြစ်​ရပ်​ကို မိမိ​ကိုယ်တိုင်​ရေး​သည့် အတ္ထုပ္ပတ္တိ​မျိုး ​ဖြစ်​သည်။

(အချိန်​ကား ၁​၉​၁​၅-ခု ဖေဖော်ဝါရီ​လ​ဖြစ်​၍ ပထမ​ ကမ္ဘာ​စစ်​ကြီး​၏ ဒုတိယ​နှစ်​ထည်း​ပင် ဖြစ်​ပေ​သည်။ ထို​အချိန် ထို​အခါ​ကား ဂျာ​မ​ဏီ​သည် ရေ​ငုတ်​သင်္ဘော​များ​ဖြင့် ဗြိတိသျှ ရေတပ်​တို့​အား အကြီး​အကျယ် ဒုက္ခ​ပေး​နေ​သည့် အချိန်​ဖြစ်​လေ​သည်။

ထို​နှစ် ဖေဖော်ဝါရီ​လ(၁​၃)ရက်၊ ၁​၂​၇​၆-ခု၊ တပေါင်း​လဆန်း ၁​ရက် စနေနေ့ လင်းအားကြီး​အချိန်​တွင် ကျွန်တော်​သည် လူ့​ပြည်​သို့ ပထမ​ဆုံး ရောက်​ရှိ​လာ​ခဲ့​ရ​ပေ​သည်။)

ဝတ္တု​သဘော​ပါသော အတ္ထုပ္ပတ္တိ

ရိုး⁠ရိုး​အတ္ထုပ္ပတ္တိ​ကို ရေးသား​ရာ​၌​ဖြစ်​စေ၊ ကိုယ်​ရေး​အတ္ထုပ္ပတ္တိ​ကို ရေးသား​ရာ​၌​ဖြစ်​စေ ရိုး⁠ရိုး​စင်း​စင်း မ​ရေး​ပဲ စာရေး​ဆရာ​၏ စိတ်ကူး​ကို​ထည့်​ပြီး ရေးသား​သည့် ရေး​နည်း​မျိုး​ဖြစ်​သည်။ ဝတ္တု​သဘော​ဆန်သည်။

မှတ်တမ်း​သဘော​ပါသော အတ္ထုပ္ပတ္တိ

မှတ်တမ်း​သဘော​ပါသော အတ္ထုပ္ပတ္တိ​သည် ပုဂ္ဂိုလ်​တစ်​ဦးဦး​၏ ဘဝ​တစ်​လျောက်​တွင် ဖြစ်​ပျက်​သည့် စိတ်ဝင်စား​ဘွယ်​အဖြစ်အပျက် တစ်​ကွက်​ကို​ဖြစ်​စေ၊ တစ်​ကွက်​ထက်​မက​သော အဖြစ်အပျက်​ကို​ဖြစ်​စေ ရေးသား​တင်ပြ​ထား​သည့် အတ္ထုပ္ပတ္တိ​မျိုး​ဖြစ်​သည်။ ယင်း​ပုံစံ ယင်း​ရေး​ဟန်​ဖြင့် စာရေး​ဆရာ​သည် မိမိ​အကြောင်း​ကို​လည်း ရေးသား​လေ့​ရှိ​သည်။ သူတစ်ပါး​၏ အကြောင်း​ကို​လည်း ရေးသား​လေ့​ရှိ​သည်။ မှတ်တမ်း​သဘော​ပါသော အတ္ထုပ္ပတ္တိ​၌ ရေး​သူ​မှာ အတ္ထုပ္ပတ္တိ​ရှင် ကိုယ်တိုင်​လည်း ဖြစ်​နိုင်​သည်။ အခြား​ပုဂ္ဂိုလ် တစ်​ဦး​တစ်​ယောက်​လည်း ဖြစ်​နိုင်​သည်။

မှတ်တမ်း​သဘော​ပါသော အတ္ထုပ္ပတ္တိ နှင့် အခြား အတ္ထုပ္ပတ္တိ​တို့​၏ ခြား​နား​ချက်​မှာ ပုဂ္ဂိုလ်​တစ်​ဦး​တစ်​ယောက်​၏ ဘဝ​တစ်​ခု​လုံး​ကို ငုံ​၍ ရေးသား​ခြင်း​မျိုး မဟုတ်​ပဲ ဘဝ​၏ အရေး​ပါ​သည့် အစိတ်​အပိုင်း တစ်​ခု⁠ခု​အကြောင်း​ကို ရေးသား​တင်ပြ​ထား​ခြင်း​မျိုး ဖြစ်​သည်။

အရေး​ခံ အတ္ထုပ္ပတ္တိ​ရှင်​၏ အမျိုး​အစား​ကို လိုက်​၍ အတ္ထုပ္ပတ္တိ​အမျိုး​အစား​ခွဲ​ခြား​နိုင်​သေး​သည်။ ယေ​ဘူ​ရ​အား​ဖြင့် ဘာသာ​ရေး​ဆိုင်​ရာ​ပုဂ္ဂိုလ်နိုင်ငံ​ရေး​ဆိုင်​ရာ​ပုဂ္ဂိုလ်ရာဇဝင်​ဆိုင်​ရာ​ပုဂ္ဂိုလ်လူ​မှု​ရေး​ဆိုင်​ရာ​ပုဂ္ဂိုလ်ပညာ​ရေး​ဆိုင်​ရာ​ပုဂ္ဂိုလ် ဟူ၍ အမျိုး​မျိုး​အစားစား​ရှိ​ကြ​သည်။ ပညာ​ရေး​ဆိုင်​ရာ​ပုဂ္ဂိုလ် တွင်​လည်း စာပေ​ပညာ​ရှင်သိပ္ပံ​ပညာ​ရှင်အတွေး​အခေါ်​ပညာ​ရှင်အနု​ပညာ​ရှင် စ​သည်​ဖြင့် ရှိ​ကြ​သေး​သည်။

အတ္ထုပ္ပတ္တိ​၏ အစ

အတ္ထုပ္ပတ္တိ​၏ အစ​သည် မြန်မာ​စာပေ အရေး​အသား​စ​သည့် အချိန်​မှာ​ကတည်းက ဖြစ်​သည်​ဟု ဆို​ရ​ပေ​မည်။ မြန်မာ​စာပေ​သု​တေ​သီ​များ​၏ အဆို​အရ မြန်မာ​စာ​အရေး​အသား​သည် ပုဂံ​ခေတ် မြ​စေတီ​ကျောက်စာဟု ခေါ်တွင်​သော ရာဇ​ကု​မာ​ရ​ကျောက်စာ​က စ​သည်​ဟု သိ​ရ​သည်။ ခရစ်​နှစ် ၁⁠၁​၁​၂-ခု​နှစ်​က ကျန်​စစ်​သား​၏ သားတော် ရာဇ​ကု​မာ​ရသည် ပုဂံ​တောင်​ဘက် မြ​စေတီ​ဘုရား​၌ ပါဠိ၊မွန်၊ပျူ၊မြန်မာဘာသာ တို့​ဖြင့် ကျောက်စာ​ရေး​ထိုး​ခဲ့​သည်။ ထို​ကျောက်စာ​၌ သာ​သ​နာတော်​နှစ်​၁​၆​၂​၈-ခု​နှစ်​၌ ပုဂံပြည်​တွင် ကျန်​စစ်​သား​မင်း အုပ်ချုပ်​မင်းလုပ်​ကြောင်း၊ ကြင်​ယာ​မိဖုရား သမ္ဘူ​လ​၏ သားတော်​မှာ ရာဇ​ကု​မာ​ရ​ဖြစ်​ကြောင်း၊ ဘုရင်​သည် မိဖုရား​အား ကျွန်​သုံး​ရွာ​ကို ပေး​ထား​ကြောင်း၊ မိဖုရား လွန်​သည့်​အခါ ဘုရင်​က မိဖုရား​၏ ရတနာ​တန်ဆာ​များ​နှင့် ကျွန်​သုံး​ရွာ​ကို သားတော်​ရာဇ​ကု​မာ​ရ​အား ပေး​အပ်ခဲ့​ကြောင်း၊ နှစ်​ပေါင်း ၂​၈-နှစ်​မျှ ထီး​နန်း​စိုးစံ​ပြီး​နောက် ကျန်​စစ်​မင်း နာမ​ကျန်း​ဖြစ်​သည့်​အခါ သားတော်​သည် ဘုရင်​မင်းကြီး​၏ အထိမ်းအမှတ်​အဖြစ် ဆင်း​တုတော်​တစ်​ဆူ ကိုးကွယ်​လှူဒါန်း​ကြောင်း၊ ကျွန်​သုံး​ရွာ​ကို​လည်း ဘုရားရှင်​အား လှူဒါန်း​ကြောင်း စ​သည်​တို့ ရေး​ထိုးဖော်​ပြ​ထား​သည်။ ယင်းသို့ မြ​စေတီ​ကျောက်စာ​၌ ကျန်​စစ်​မင်း​နှင့် သားတော်​၏ အကြောင်း အတ္ထုပ္ပတ္တိ​ကို ရေး​ထိုး​ထား​သ​ဖြင့် မြန်မာ​စာ​၏ အစ​က​န​ဦး​ဖြစ်​သော မြ​စေတီ​ကျောက်စာ​သည်​ပင် မြန်မာ​အတ္ထုပ္ပတ္တိ​စာပေ​၏ အစ​ဟု ဆို​ထိုက်​ပေ​သည်။

မြန်မာ​အတ္ထုပ္ပတ္တိ စာပေ​၏ အရုဏ်​ဦး​ခေတ်​ကို​ကြည့်​လျှင် ဘုရင်​တို့​၏​အတ္ထုပ္ပတ္တိ၊ ရ​ဟန်းတော်​တို့​၏​အတ္ထုပ္ပတ္တိ များ​ကို​သာ တွေ့​မြင်​ရ​ပေ​လိမ့်​မည်။ ၁​၉​၀​၇-ခု​နှစ်​၌ 'အတ္ထုပ္ပတ္တိ​ထူး' အမည်​ဖြင့် အတ္ထုပ္ပတ္တိ​စာအုပ်​တစ်​အုပ် ရိုက်​နှိပ်​ထုတ်​ဝေ​သည်။ ထို​အတ္ထုပ္ပတ္တိ​သည် ပုံနှိပ်​စာနှင့် ရှိ​သည့် အတ္ထုပ္ပတ္တိ​များ​ထဲ​တွင် အစော​ဆုံး အတ္ထုပ္ပတ္တိ တစ်​ခု​ဖြစ်​သည်။ ထို​အတ္ထုပ္ပတ္တိ​၌ ဘား​မဲ့​ဆရာတော်​နှင့် အခြား​ပုဂ္ဂိုလ်(၁​၁)ဦး​အကြောင်း ရေးသား​ထား​သည်။ ရေး​နည်း​ရေး​ဟန်​မှာ ရှေး​ဆံ​ဆံ အရေး​အသား​မျိုး ဖြစ်​သည်။ သ​ဘာ​ဝ​နှင့် ဆန့်ကျင်​ပြီး ဒန္တာ​ရီ​ဆံ​ဆံ အဖြစ်အပျက်​များ​ကို​ပင် ထည့်​သွင်း ရေးသား​ထား​သည်​ကို တွေ့​ရ​သည်။

အတ္ထုပ္ပတ္တိ​ပေါင်းချုပ်

မြန်မာ​အတ္ထုပ္ပတ္တိ​စာပေ​များ​တွင် အတ္ထုပ္ပတ္တိ​ပေါင်းချုပ်​များ​လည်း ရှိ​သည်။

  • ဒေါ်​မမ​ကြီးအမျိုးသမီး​စာဆိုတော်​များ အတ္ထုပ္ပတ္တိ
  • ဒ​ဂုန်​နတ်​ရှင်စာ​ပြု​စာဆို ပုဂ္ဂိုလ်ကျော်​များ အတ္ထုပ္ပတ္တိ
  • မောင်​သုတစာဆိုတော်​များ အတ္ထုပ္ပတ္တိ
  • လှသမိန်ဂန္ဒ​ဝင် ပုဂ္ဂိုလ်ကျော်​များ အတ္ထုပ္ပတ္တိ
  • တိုက်စိုး​၏ မင်း​နှင့်​စာဆို
  • မင်းယုဝေပထမ​မြန်မာ​များ​တို့​သည် ထင်ရှား​သော အတ္ထုပ္ပတ္တိ​ပေါင်းချုပ်

ထေ​ရုပ္ပတ္တိ

လူ​ပုဂ္ဂိုလ်ကျော်​များ​၏ အကြောင်း​ကို ရေးသား​လျှင် အတ္ထုပ္ပတ္တိ​ ဟုခေါ်​သည်။ ရဟန်း​သံဃာ​များ​၏ အကြောင်း​ကို ရေးသား​လျှင် ထေ​ရုပ္ပတ္တိ မည်​၏။

အတ္ထုပ္ပတ္တိ ပြုစု​ခြင်း​ဆိုင်​ရာ အချက်အလက်​များ

အတ္ထုပ္ပတ္တိ ရေးရာ​တွင် -

  1. အချက်အလက်​စုဆောင်း​ခြင်း၊
  2. အချက်အလက်​များ​ကို ဖွဲ့​စည်း​ခြင်း၊
  3. အချက်အလက်​ဖွဲ့​စည်း​ရာ​၌ ပေါ်​တတ်​သော ပြဿနာ​များ၊
  4. သမိုင်း အဆက်ပြတ်​သည်​ကို ရှာဖွေ​ခြင်း၊
  5. ကိုး​ကား​စရာ အရေး​အသား​ပစ္စည်း​များ ဖြစ်​သည်။

(၁)အချက်အလက်​စုဆောင်း​ခြင်း

(၂)အချက်အလက်​များ​ကို ဖွဲ့​စည်း​ခြင်း

(၃)အချက်အလက်​ဖွဲ့​စည်း​ရာ​၌ ပေါ်​တတ်​သော ပြဿနာ​များ

(၄)သမိုင်း အဆက်ပြတ်​သည်​ကို ရှာဖွေ​ခြင်း

(၅)ကိုး​ကား​စရာ အရေး​အသား​ပစ္စည်း​များ

ယောကျာ်း၊ သို့မဟုတ် မိန်းမ တစ်​ဦး တစ်​ယောက်​၏ အဖြစ်အပျက်​ရေးသား​ချက်​ကို အတ္ထုပ္ပတ္တိ​ဟု ခေါ်​သည်။ အတ္ထုပ္ပတ္တိ​ကို အခြား​သူ​များ​က​ဖြစ်​စေ၊ မိမိ​ကိုယ်တိုင် က​ဖြစ်​စေ ရေးသား​ကြ​သည်။

အတ္ထုပ္ပတ္တိ​သည် ရာဇဝင်​သမိုင်း​ကို အကူအညီ​ဖြစ်​စေ သော စာပေ​တစ်​မျိုး​ဖြစ်​သည်။ လူ​တစ်​ဦး​တစ်​ယောက်​၏ အတ္ထုပ္ပတ္တိ​ကို ဖတ်​ရှု​ခြင်း​အား​ဖြင့် ထို​သူ​နေထိုင်​ခဲ့​သည့် တိုင်း​ပြည်​နှင့် ထို​ခေတ် အခါ​က ထုံးစံ​အဖြစ်အပျက်​များ​ကို သိရှိ​နိုင်​လေ​သည်။ ပုံစံ​မှာ အီ​တ​လီ​နိုင်ငံ​၏​အကြောင်း​ကို ခေါင်းဆောင်​ကြီး ဂယ်​ရီ​ဗော​ဒီး​၏ အတ္ထုပ္ပတ္တိ​ကို ဖတ်​ရှု​ခြင်း​အား​ဖြင့် ရိပ်​စား​မိ​နိုင်​သည်။

အတ္ထုပ္ပတ္တိ​များ​သည် ရာဇဝင်​သမိုင်း​ကို အထောက်​အပံ့ ဖြစ်​စေ​သည်​သာ​မက၊ စာပေ​လောက​တွင်​လည်း ကြွယ်​ဝ​ပြည့်စုံ စေ​လေ​သည်။ လူ​သည် လူ့​ဖြစ်​စဉ် အကြောင်း​ခြင်း​ရာ​များ​ကို လေ့​လာ​ဖတ်​ရှု​ရန် စိတ်ဝင်စား​သည်မှာ အံ့ဩဖွယ်​ရာ​မ​ရှိ​ချေ။ ထို့​ကြောင့်​ပင် အတ္ထုပ္ပတ္တိ​အရေး​အသား​သည် စာပေ​အရေး​အသား ပေါ်​ဦး​စ​က​ပင် ပေါ်​ခဲ့​သော အဟောင်း​ဆုံး​စာပေ​မျိုး ဖြစ်​ခဲ့​လေ သည်။ အတ္ထုပ္ပတ္တိ​အရေး​အသား ပေါ်​ဦး​စ​က လူ​တစ်​ယောက်​၏ ဖြစ်​စဉ်​ကို သာမန်​မျှ​ရေးသား​ကြသော်​လည်း ယခု​အခါ​တွင်​မူ စာရေး​ဆရာ​၏ အယူ​အဆ အတွေး​အခေါ် ရာဇဝင်​သမိုင်း နောက်​ခံ​ကား​တို့​ဖြင့် တန်ဆာ​ဆင် ရေးသား​ကြ​လေ​သည်။

အတ္ထုပ္ပတ္တိ​အရေး​အသား​ကို အထူး​အရေး​ထား ရေးသား ကြ​သော အနောက်​နိုင်ငံ​တို့​၌​ပင် အလယ်​ခေတ်​လောက်​က ဘာသာ​ရေး​ဆိုင်​ရာ ပုဂ္ဂိုလ်ကျော်​ကြီး​များ​နှင့် စိန့်​သူတော်​စင်​များ ၏ အတ္ထုပ္ပတ္တိ​မှ​လွဲ​၍ အခြား​သူ​တို့​၏​အကြောင်း ရေးသား​မှု ခေတ်​မ​စား​သေး​ချေ။ ထို့​ကြောင့် ၁​၆ ရာ​စု​နှစ် မ​တိုင်​မီ​က ပေါ် ပေါက်​ခဲ့​သော စာဆို​ပညာရှိ ပုဂ္ဂိုလ်ကျော်​ကြီး​များ​၏ အတ္ထုပ္ပတ္တိ ကို တိ​ကျ​စွာ​မ​သိ​ရ​ခြင်း ဖြစ်​လေ​သည်။ ထို​အလယ်​ခေတ် လောက်​က လူ​တို့​သည် တိုင်း​သစ်​ပြည်​သစ်​ရှာဖွေ​ခြင်း၊ စစ်တိုက် ခြင်း​တို့​ဖြင့် အချိန်ကုန်​နေ​ကြ​ရာ ထို​ခေတ်​ကုန်​မှ စွန့်စား​မှု တိုက်ခိုက်​မှု​တို့​ကို မှတ်တမ်း​တင်​ရန် ဟန်​ပြင်​ကြ​လေ​သည်။ ထို​အခါ​မှ အတ္ထုပ္ပတ္တိ​စာပေ​များ ခေတ်​စား​လာ​ခဲ့​တော့​၏။ အလယ်​ခေတ်​လောက်​က ထင်ရှား​ခဲ့​သော စာရေး​ဆရာ ကြီး​တစ်​ဦး​၏ အတ္ထုပ္ပတ္တိ​သည်​ပင်​လျှင် သူ​လွန်​ပြီး အနှစ် ၉​ဝ လောက်​ကြာ​မှ ပေါ်ပေါက်​ခဲ့​လေ​သည်။ အတ္ထုပ္ပတ္တိ​များ​ကို ရှေး​မြန်မာ​စာပေ​တွင် မ​တွေ့​ရသ​လောက် ရှားပါး​လေ​သည်။ အတ္ထုပ္ပတ္တိ​၏ တစ်စိတ်တစ်ဒေသ​ဖြစ်​သော စာ​များ​မှာ ခုံတော် မောင်​ကျ​ဘမ်း​ဖြတ်ထုံး၊ အယူတော်​မင်္ဂလာ​လျှောက်​ထုံး၊ဦးပေါ်​ဦး လျှောက်​ထုံး​များ​ဖြစ်​၍ ထို​စာအုပ်​များ​ကို အတ္ထုပ္ပတ္တိ အပြည့်​အစုံ ဟု မခေါ်​သာ​ပေ။ ခေတ်​မြန်မာ​စာပေ​တွင် ပီ​မိုး​နင်း​၏​ပီ​မိုး​နင်း နှင့် အောက်​စ​ဖို့​တက္ကသိုလ်​မှတ်တမ်း​တို့​မှာ အလားတူ​စာအုပ်​များ ဖြစ်​ပေ​သည်။

ပုဂ္ဂိုလ်​တစ်​ဦး​၏ အတ္ထုပ္ပတ္တိ​ကို ထို​သူ​၏​လက်ရာ​များ ဖြစ်​သော စာ​သ​ဝဏ်​များ​နှင့် နေ့စဉ်​မှတ်တမ်း​များပေါ်​တွင် မူ တည်​ရေးသား​ကြ​ရ​သည်။ စ​လေ​ဆရာ​ကြီး​ဦး​ပု​ည​၏ မေတ္တာစာ များ​ကို ဖတ်​ရှု​ခြင်း​အား​ဖြင့် ဘုန်​ကြီး​ဘဝ​နှင့် လူပျိုလှည့်​သည်​ဟု စွပ်စွဲ​ခံ​ရ​ပုံ၊ စ​လေ​မြို့ မြို့သူကြီး​ရာထူး​အတွက် ကြီး​ရိုး​မှု တရားတွေ့​ရန် စ​လေ​မှ အမ​ရ​ပူ​ရ​မြို့တော်​သို့ ဆန်​တက်​ရာ​၌ လမ်းတွင်​ငှား​ခဲ့​သည့် လှေ​မှောက်​ပုံ အစ​ရှိ​သည်​တို့​ကို သိ​ရသ​ကဲ့ သို့​ပင်​ဖြစ်​သည်။ ထို​ကြောင့် အတ္ထုပ္ပတ္တိ​ရေး​သူ​တို့​သည် မိမိ​တို့ ရေး​မည့်​သူ​၏ စာ​သ​ဝဏ်​များ၊ နေ့စဉ်​မှတ်တမ်း​များ​ကို ရှာဖွေ​စု ဆောင်း​ကြ​ရ​သည်။ မိဘ​ဆွေ​မျိုး​သားချင်း​ပေး​သော စာ​သ​ဝဏ် များ​သည်​ပင် အတ္ထုပ္ပတ္တိ​ရေးရာ​တွင် အသုံးကျ​လေ​သည်။ ထို ကြောင့် အနောက်​နိုင်ငံ​များ​တွင် ထင်ရှား​သော တိုင်း​ပြည်​ခေါင်း ဆောင်​ကြီး​များ၊ စာရေး​ဆရာ​ကြီး​များ၊ ပန်းချီ​ဆရာ​ကြီး​များ၊ စစ် ဗိုလ်​ကြီး​များ​၏​စာ​များ​ကို သမီးရည်းစား​စာ​မျှ​မ​ကျန် မ​ပျောက် မ​ပျက်​အောင် သိမ်းထား​လေ့​ရှိ​ကြ​သည်။

အတ္ထုပ္ပတ္ထိ​များ​ကို တစ်​ခါ​တစ်​ရံ ဝတ္ထု​များ​သဖွယ် ရေးသား​ကြ သေး​၏။ ဂါ​တာ​ဆို​သူ ဂျာမန်​စာရေး​ဆရာ​သည် မိမိ​၏ ဒ⁠ဒ​ဝါ​သာ့​ဒုက္ခ​ဒ​ဒ ဝတ္ထု​ထဲ​၌​လည်းကောင်း၊ ဒစ်​ကင်း​သည် သူ​၏ ဒေး​ဗစ်​ကော့​ပါး​ဖီး ဝတ္ထု​ထဲ​၌​လည်းကောင်း မိမိ​တို့​၏ အတ္ထုပ္ပတ္တိ ကို​မူ​တည်​ကာ ဝတ္ထု​သွား​သဖွယ်​အသီး​သီး ရေးသား​ထားခဲ့​လေ သည်။ သို့ရာတွင် ထိုသို့​သော​ဝတ္ထု​မျိုး​၌ ဝတ္ထု​သွား​ကောင်း အောင်​ရေး​ရသ​ဖြင့် တိ​ကျ​သော လူ့​အတ္ထုပ္ပတ္ထိ အချက်အလက် များ ရ​သည်​ဟု မ​ဆို​သာ​ချေ။

အနောက်​နိုင်ငံ​၏ အတ္ထုပ္ပတ္ထိ​ရေး​သာ​မှု​၌ စိတ်ဝင်စား ဖွယ်​ကောင်း​သော အချက်​တစ်​ချက်​မှာ ပုဂ္ဂိုလ်​တစ်​ဦး​၏ အတ္ထုပ္ပတ္ထိ​ကို တစ်​ဦး​က​ရေး​ပြီးသော်​လည်း နောက်ထပ်​တစ်​ဦး​က ထို​အကြောင်း​ကို​ပင် ထပ်မံ​ရေးသား​ခြင်း​ဖြစ်​လေ​သည်။ ကမ္ဘာ ကျော်​ပုဂ္ဂိုလ်​ကြီး​များ​ဖြစ်​သော သမ္မတ​လင်​ကွန်း၊ စာရေး​ဆရာ ကြီး​ဗား​နဒ်​ရှော၊ ဝိ​တို​ရိ​ယ​ဘုရင်​မ​ကြီး စ​သူ​တို့​၏​အတ္ထုပ္ပတ္ထိ​များ ကို စာရေး​ဆရာ​ပေါင်း​များ​စွာ​တို့​က မ​ရေ​မ​တွက်​နိုင်​အောင် ရေး သား​ခဲ့​ကြ​သည်​ကို တွေ့​ရ​လေ​သည်။

လူ​တစ်​ယောက်​၏ အတ္ထုပ္ပတ္ထိ​ကို ဤသို့​စာရေး​ဆရာ ပေါင်း​များ​စွာ​က အဖက်​ဖက်​မှ​ကြည့်​၍ ရေး​ခြင်း​သည် လူ တစ်​ယောက်​၏​အဖြစ်အပျက်​ကို အမျိုး​မျိုး​လေ့​လာ​ခြင်း​ပင်​ဖြစ် သ​ဖြင့် စာပေ​တွင် အဖိုးတန်​လှ​သည်။ ပုံစံ​ပြ​ရသော် အင်္ဂလန် ပြည်​၌ ၁​၉ ရာ​စု​နှစ်​လောက်​က ကျော်​ကြား​ခဲ့​သော စာရေး​ဆရာ ကြီး​ကာ​လိုင်း​၏ အတ္ထုပ္ပတ္ထိ​ကို ဖ​ရု​ဆို​သူ စာရေး​ဆရာ​တစ်​ဦး​က ရေး​ခဲ့​ရာ ကာ​လိုင်း​သည် ပညာရှိ သဘောကောင်း ကြင်နာ တတ်​သူ​တစ်​ဦး​ဖြစ်သော်​လည်း သူ​၏​ဇနီး​သည်​အပေါ်​တွင်​အလွန် ဇီ​ဇာ​ကျယ်​သူ​ဖြစ်​၍ ဇနီး​သည်မှာ အသက်​ထက်​ဆုံး စိတ်​မ​ချမ်း မသာ​နေထိုင်​ရ​သည်​ဟု ကာ​လိုင်း​၏​ဇနီး​သည်​က မိတ်ဆွေ​များ​ထံ ရေး​သော​စာ​များ​ကို အထောက်​အထား​ပြ​၍ ထည့်​သွင်းဖော်​ပြ​ထား သည်။ သို့ရာတွင် အမျိုးသမီး​စာရေး​ဆရာ​တစ်​ဦး ရေးသား​သော ကာ​လိုင်း​၏ အတ္ထုပ္ပတ္ထိ​တွင် ကာ​လိုင်း​၏​ဇနီး​သည် လင်​ကို အမြဲ​နား​ပူ​အောင် မြည်တွန်​တတ်​သူ​ဖြစ်​၍ ကာ​လိုင်း​၏ အိမ် ထောင်​ရေး​မှာ စိတ်​မ​ချမ်းမြေ့​ဖွယ်ရာ​ဖြစ်​ကြောင်း​ဖြင့် တစ်​ဦး​နှင့် တစ်​ဦး​ပေး​ကြ​သော သ​ဝဏ်​စာ​များ​ကို အထောက်​အထား​ပြ​ကာ ရေး​ခဲ့​လေ​သည်။

အမှန်​စင်စစ် လူ​တစ်​ဦး​တစ်​ယောက်​၏ ဘဝ​သည် လေ့ လာ​သုံးသပ်​၍ ကုန်​နိုင်​သည်​ဟူ၍​မ​ရှိ။ လူ​တစ်​ဦး​၏ အတ္ထုပ္ပတ္ထိ ကို ကွယ်​လွန်​မှ ရေး​ရ​မည်​ဟု လူ​တို့​က​ထင်​ကြ​၏။ အနောက် နိုင်ငံ​များ​တွင် အသက်​ထင်ရှား​ရှိ​နေ​သော ပုဂ္ဂိုလ်​များ​၏ အတ္ထုပ္ပတ္ထိ​များ​ကို​ပင် ဖတ်​နေ​ကြ​ရ​သည်။ အရှေ့​နိုင်ငံသား​တစ်​ဦး ဖြစ်​သော (ကွယ်​လွန်​သူ) အိန္ဒိယ​ခေါင်းဆောင်​ကြီး နေ​ရူး​၏ ကိုယ်တိုင်​ရေး​သော အတ္ထုပ္ပတ္ထိ​ကို ထိုသို့​ပင် ဖတ်​ရှု​ကြ​ရ​သည်။ လူ​တစ်​ဦး​၏ အတ္ထုပ္ပတ္ထိ​ရေး​ရန် အချိန်​အခါ အသက် အရွယ်​မှာ လှေ​နံ​ဓါး​ထစ် မ​မှတ်ထား​နိုင်​ပေ။ အင်္ဂလိပ်​စာရေး ဆရာ​ကြီး ဗက်​ဗာ​လီ​နစ်​ကော​သည် အသက် ၂​၅ နှစ်​အရွယ်​တွင် ဒ⁠ဒ​နှစ်​ဆယ့်​ငါး​ဒ​ဒ ဟူ​သော အမည်​ဖြင့် မိမိ​၏​အတ္ထုပ္ပတ္ထိ​ကို ရေး​ခဲ့ သည်။ သတင်းစာဆရာ​တစ်​ဦး​ဖြစ်​သော စီ​စယ်​ရော​ဗတ်​သည် အသက်​သုံး​ဆယ့်​ငါး​နှစ်​တွင် ဒ⁠ဒ​တစ်ဝက်​ခရီး​ဒ​ဒ ဟူ​သော​အမည် ဖြင့် မိမိ​၏​အတ္ထုပ္ပတ္ထိ​ကို ရေး​ခဲ့​သည်။

အတ္ထုပ္ပတ္ထိ​ဟူ​သည်မှာ သက္ကရာဇ်​စာရင်း​သဖွယ်​ကား ဖြစ်​မ​နေ​သင့်​ချေ။ ပုံစံ​မှာ ၁​၉​ဝ​ဝ ပြည့်​နှစ်​ဖွား​၍ ၁​၉​ဝ​၇ ခု​နှစ် တွင် ကျောင်း​စနေ​ပြီး​လျှင် ၁​၉​၁​၇ ခု​နှစ်​တွင် တက္ကသိုလ် ရောက်​ကာ ၁​၉​၂​၁ ခု​နှစ်​၌ ဘွဲ့​ရ​၏ စ​သည်​ဖြင့် ရေးသား​ထား ခြင်း​မှာ စင်စစ်​အတ္ထုပ္ပတ္ထိ​အစစ်​မဟုတ်၊ အတ္ထုပ္ပတ္ထိ​၏ အကြမ်း ဖျဉ်း​မျှ​သာ ဖြစ်​လေ​သည်။ အထူးသဖြင့် သူ့​တစ်​သက်​တာ​တွင် သူ​၏​ဆောင်ရွက်​လုပ်ကိုင်​ချက်​များ​ကို အဓိက​ထား​၍ ရေးသား သင့်​၏။ သို့​မှ​သာ​လျှင် ထို​သူ​၏ စိတ်​နေ​သဘောထား​ကို စာ​ဖတ်​သူ​တို့ အကဲခတ်​နိုင်​ပေ​မည်။

အတ္ထုပ္ပတ္ထိ​ဟူ​သည် လု​ူ​တစ်​ယောက်​၏​ဘဝ​ကို လေ့​လာ ခြင်း​ဖြစ်​၍ အကောင်း​အဆိုး​ကို မြင်​သ​ရွေ့ အမှန်​အတိုင်းဖော်​ပြ ရ​သည်။ သို့သော် စာရေး​သူ​၏​စိတ်​တွင် သူ​၏​အတ္ထုပ္ပတ္ထိ အရေး​ခံ​ပုဂ္ဂိုလ်​သည် ကောင်း​သည်​ဟူ၍​လည်း မိုး​ထိ​အောင် အထင်ကြီး​ခြင်း​မ​ဖြစ်၊ ဆိုး​သည်​ဟူ၍​လည်း နှိမ့်ချ​ကဲ့ရဲ့​လို​စိတ် မ​ရှိ​ဘဲ ထို​သူ​၏ သ​ဘာ​ဝ​ဖြစ်​ပျက်​သ​မျှ​ကို အမှန်​အတိုင်း​ရေး​ခြင်း သာ​လျှင် အတ္ထုပ္ပတ္ထိ​အစစ်​ဖြစ်​သည်။ စာ​ဖတ်​သူ​၏​စိတ်​၌​လည်း အတ္ထုပ္ပတ္ထိ​ဖတ်​ရာ​၌ လူ​ကို​လေ့​လာ​ခြင်း​သာ​ဖြစ်​၍ အကျိုး​အပြစ် ကို လျစ်လျူရှု​၍​သာ​လျှင် အတ္ထုပ္ပတ္ထိ​တို့​ကို ဖတ်​ရှု​သင့်​ပေ​သည်။[၂]

မြန်မာ

သခင်ကိုယ်တော်မှိုင်း
ဖိုင်:Aung-sun.jpg
ဗိုလ်ချုပ်အောင်ဆန်း
ဗိုလ်မှူးချုပ်ကျော်ဇော
ဖိုင်:Prince Taw Phaya Galae.jpeg
တော်ဖုရားကလေး
ဖိုင်:U Thant.png
သရေစည်သူဦးသန့်
သီရိပျံချီဦးသန်းစိန်

အမေရိကန်

တရုတ်

ပြင်သစ်

ဗြိတိန်

ဂျာမဏီ

ရုရှား

ထိုင်ဝမ်

သုခုမပညာ

ပန်းချီဆရာ

မြန်မာ

နိုင်ငံတကာ

စာရေးဆရာ

မြန်မာ

သိပ္ပံမောင်ဝ
ဖိုင်:Ludu Daw Amar 1.JPG
လူထုဒေါ်အမာ
ကြေးမုံဦးသောင်း

နိုင်ငံတကာ

ကဗျာဆရာ

မြန်မာ

ကိုလေး (အင်းဝဂုဏ်ရည်)

နိုင်ငံတကာ

ဂီတစာဆို

မြန်မာ

နိုင်ငံတကာ

အဆိုတော်

ဖိုင်:MarMarAye 010309.jpeg
မာမာအေး

ရုပ်ရှင်

ဒါရိုက်တာ

သရုပ်ဆောင်

အပြောင်းအလဲများကို တွေးခေါ်ဖန်တီးသူများ

သိပ္ပံပညာရှင်များ

စတီဖင်ဟော့ကင်း
အန်ထော်နီလောရင့် ဒီ လဗွိုင်စီယာ

အင်​ဂျင်​နီ​ယာများ​

ရုဒေါ့ဖ် ဒီဇယ်

တွေးခေါ်ပညာရှင်များ

ကျမ်း​ကိုး

အတ္ထုပ္ပတ္တိ​စာပေ​နှီးနှော​ဖ​လှယ်​ပွဲ စာတန်း

  1. အတ္ထ​ဿ ဥပ္ပတ္တိ အတ္ထုပ္ပတ္တိ၊ အတ္ထုပ္ပတ္တိ​ယေ​ဝ အဋ္ဌုပ္ပတ္တိ၊ တ္ထ​ကာ​ရဿ ဋ္ဌ​ကာရံ က​တွာ။
  2. မြန်​မာ့​စွယ်စုံ​ကျမ်း၊ အတွဲ(၁​၅)