အင်းလေးအိုင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၂၅ - စာကြောင်း ၂၅ -


== အင်းလေးနယ်သူနယ်သားလူအများ ==
== အင်းလေးနယ်သူနယ်သားလူအများ ==
ရှမ်းပြည်နယ်တွင် မျိုးနွယ်စုအမျုုိးမျိုးအတွင်း သက်မွေးသမှု စီးပွားရေးရာပြုကြရာ၌ အင်းသားတို့က အကျော်ဒေးယျ ပါးနပ်တီထွင်ညာဏ်ရွှင် ညာဏ်ပြည့်လုံ့လရှိပြီး ဇွဲသမ္ဘာရထက်သာလွန်သ၍ နှံ့နှံ့စပ်စပ်လုပ်တတ်ကြသည်။ မြန်မာတို့ပြောစမှတ်ရှိသည်မှာ အင်းသားတို့သည် မြေကြီးမှ ရွှေသီးများဖြစ်ထွန်းစေနိုင်သလို အင်းလေးရေပြင်ကို မြေပြင်ပြု၍ ဟင်းရ္ဂက်ဟင်းသီးတို့ကို စိုက်ပျိုးထုတ်လုပ်နိုင်ကြပါသတဲ့။ မြန်မာပြည် ဘွား အခြားလယ်သမားတို့ကဲ့သို့ပင် သူတို့ဘဝ ပဓါနရပ်ချက်မှုက စိုက်ပျိုးအခြေခံ ဘောဂဗေဒ နည်းပညာများပင် ဖြစ်ပါသည်။ ယင်းနည်းဗေဒတို့တွင် မြေပြင်စိုက်ပျိုးအလှစိုက်ခင်းနှင့် အပင်အလှဆင်ခြင်း အင်းလေးရေပြင်အထက် ကျွန်းမျောပြု၍ ဥယျာဉ်ဈေးကွက် ထူထောင်ခြင်းနှင့် မျိုးရိုးစဉ်လာတငါ ငါးဖမ်းလုပ်ငန်း လုပ်ခြင်း တို့ ပါဝင်ပါသည်။
ရှမ်းပြည်နယ်တွင် မျိုးနွယ်စုအမျုိုးမျိုးအတွင်း သက်မွေးသမှု စီးပွားရေးရာပြုကြရာ၌ အင်းသားတို့က အကျော်ဒေးယျ ပါးနပ်တီထွင်ညာဏ်ရွှင် ညာဏ်ပြည့်လုံ့လရှိပြီး ဇွဲသမ္ဘာရထက်သာလွန်သ၍ နှံ့နှံ့စပ်စပ်လုပ်တတ်ကြသည်။ မြန်မာတို့ပြောစမှတ်ရှိသည်မှာ အင်းသားတို့သည် မြေကြီးမှ ရွှေသီးများဖြစ်ထွန်းစေနိုင်သလို အင်းလေးရေပြင်ကို မြေပြင်ပြု၍ ဟင်းရ္ဂက်ဟင်းသီးတို့ကို စိုက်ပျိုးထုတ်လုပ်နိုင်ကြပါသတဲ့။ မြန်မာပြည် ဘွား အခြားလယ်သမားတို့ကဲ့သို့ပင် သူတို့ဘဝ ပဓါနရပ်ချက်မှုက စိုက်ပျိုးအခြေခံ ဘောဂဗေဒ နည်းပညာများပင် ဖြစ်ပါသည်။ ယင်းနည်းဗေဒတို့တွင် မြေပြင်စိုက်ပျိုးအလှစိုက်ခင်းနှင့် အပင်အလှဆင်ခြင်း အင်းလေးရေပြင်အထက် ကျွန်းမျောပြု၍ ဥယျာဉ်ဈေးကွက် ထူထောင်ခြင်းနှင့် မျိုးရိုးစဉ်လာတငါ ငါးဖမ်းလုပ်ငန်း လုပ်ခြင်း တို့ ပါဝင်ပါသည်။


== လူမျိုး ==
== လူမျိုး ==

၀၃:၅၂၊ ၁၆ ဒီဇင်ဘာ ၂၀၁၄ ရက်နေ့က မူ

အင်းသားယောင်္ကျားများသည် လှေကို ခြေထောက်နှင့် လှော်ကြသည်။
အင်းသားယောင်္ကျားများသည် လှေကို ခြေထောက်နှင့် လှော်ကြသည်။

အင်းလေးကန်သည် မြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေနယ်တွင် တည်ရှိသည်။ မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး ကန် ဖြစ်သည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး(၂)ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ်အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင်ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ၂၉၀၀ မိုင်တွင်တည်ရှိသည်။ အင်းလေးသည် တောင်ပေါ်အင်းအိုင်ကြီးတစ်ခုဖြစ်သည်။ အင်းလေးသည် တောင်နှင့်မြောက် အလျားကိုးမိုင်ခန့်ရှည်သည်။ အကျယ်ဆုံးနေရာ၌အရှေ့နှင့်အနောက် သုံးမိုင်ခွဲခန့်ရှိသည်။

တည်ရာအရပ်

အတိအကျ အလား ၄ ရပ်က တောင်ပိုင်းရှမ်းပြည်၌ ပင်လုံနှင့် ဖဲခုံမြို့နယ်စပ် ညောင်ရွှေရပ်ဝယ် ပင်လယ်မျက်နှာပြင်အထက် ပေ ၂၉၅၂ အမြင့် အရှေ့မြောက်ယဉ်စွန်းတန်း ၉၇ နှင့် ၂၀ ဒီဂရီအကြား အင်းလေးကန်သာ တည်ရှိပါသည်။

လောပိတတွင်ရှိသော (တစ်ချိန်ကအရှေ့တောင်အာရှတွင်ကြီးဆုံးဖြစ်ခဲ့ဖူးသည့်) ရေအားလျှပ်စစ်ဓါတ်ထုတ်လုပ်ရေးစက်ရုံ အတွက် အဓိကကျသော ရေအရင်းအမြစ် သဘာဝလှောင်ကန်လည်းဖြစ်သည်။

အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားသည်။ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြသည်။ လှေကို ခြေဖြင့်လှော်ခတ်သည်။ အင်းလေးဒေသ နန်ဟူးရွာရှိ ဖောင်တော်ဦးဘုရားသည်ထင်းရှားသည်။

အင်းလေးကန်သာ၏ ပထဝီဆိုင်ရာအခြင်းအရာ

ဧရိယာအားဖြင့် ၈၄ စတုရန်းမိုကျယ်ပြောသော ဤအရောင်တဖိတ်ဖိတ်နှင့် အင်းလေးကန်သာသည် မဲပြာမှောင်တောင်တန်းအား အဖြုရောင် ဘောင်ခပ်ထားသည့်အလား အလွန်ထင်ရှားတင့်တယ်စေ ပါသည်။ ရေနေကုန်းခြေမှာ မြောက်နှင့် အနောက်တန်းချက်ရှိပါသည်။ နွေရာသီတွင် ဤအင်းလေး၏ ဖျမ်းမျှအနက်မှာ ၇ ပေသာရှိရှာသည်။ အနက်ဆုံးအပိုင်းမှာ ၁၂ ပေသာ ရှိ၍ မိုးတွင်းကျမှ ဖျမ်းမျှှအထက် ၅ ပေ ပိုတက်လာတတ်ပါသည်။ ကန်သည် နမ်ပီလူးခေါ် ဘီလူးချောင်းတွင်းမှဖြတ်၍ တောင်ဖက်စွန်မှ စီးထွက်သွားပါသည်။

အင်းလေးကန်၏ အဆက်အစပ်ရှိသော ဒဏ္ဍာရီ ၂ ပုဒ်

အင်းလေးလူ့ရိပ်မြုံဝယ် ပျံ့နှံ့တည်တံ့နေဖို့ ယင်းဒဏ္ဍာရီ ၂ ပုဒ်ကို မျိုးဆက်ဆင့်ဆင့်ပြောခဲ့သည်မှာ ယနေ့ခေတ်မျိုးဆက်အထိတိုင်အောင်ပင် ဖြစ်ပါသည်။. အေဒီ ၁၀၄၄ က ပုဂံတွင် မြန်မာ့နန်းရိုးစခဲ့သော ပထမမြို့တည်နန်းတည်ဘုရင် အနော်ရထာ၏ မြစ်တော်ကြီး ဘုရင်အလောင်းစည်သူသည် တိုင်းပြည်တနံတလျား ခရီးသွားခဲ့သည်တွင် ထားဝယ် သားတို့လည်း နောက်တော်ပါးကပါကြဆို၏။ ထားဝယ်ဆိုသည်က အောက်မြန်မာနိုင်ငံကမ်းရိုးတန်းဒေသသား တိုင်းရင်းသားတစ်မျိုးဖြစ်သည်။ အင်းလေးကန်အရောက် ထားဝယ်သားတို့အား ထိုအရပ်၌ အခြေချနေထိုင်ကြဖို့ အရပ်တစ်ခု သတ်မှတ်ပြုပေးတော်မူခဲ့သည်။ အနေအထားက ထားဝယ်သားတို့ ယခင်သူတို့နေထိုင်ကြီးပြင်းခဲ့ရာ (တင်္နသာရီ) ကမ်းရိုးတန်းအရပ်နှင့် ရေမြေအနေအထားများစွာတူသည်ဟု ထင်ဖွယ်ရာရှိပါသည်။

ဘုရင်အလောင်းစည်သူ ဖောင်တော်ကျောက်ချရာ အင်းလေးကန်မဟာတွင် ဗုဒ္ဒရုပ်ပွား ၅ ဆူနှင့် ဖောင်တော်ဦးစေတီတည်တော်မူခဲ့သည်။ ယင်းဆင်းထုတော်တို့မှာ မာလာယုကျွန်းစွယ်သို့ ဘုရင်မင်း မြတ် ဖောင်စကြ်ာအရောက်တွင် ရရှိယူဆောင်ခဲ့ရာမှ ယင်းနယ်သစ်ဖွင့်ထားဝယ်သားတို့ ကိုးကွယ်ဖို့ပေးသနားခဲ့သည်ဆို၏။

ယနေ့ယခုတိုင်အောင်ပင် အင်းရေပြင်မြေပြင်အနက်၌ ကျွန်းတုံးကျွန်းသားအထပ်ထပ် မြင်နိုင်သေးသောနေရာကား ဘုရင်မင်းမြတ်၏ နန်းတော်စိုက်ရာ ဖြစ်ပုံရသည်ဟု ယနေ့ယခုတိုင် နေထိုင်လျက် ရှိနေကြသည့် ထားဝယ်သား သို့မဟုတ် အင်းသားတို့က ယုံကြည်ကြပါသည်။

နန်းပန်မြို့မှ တစ်မိုင်ခန့်အဝေး၌လည်း ခွဲခြမ်း မွေတော် သည်တော်နှင့် မွေတော်တဆူ အခြားအခြေစိုက်နေထိုင်ကြသူများ ကိုးကွယ်ကြဖို့ စိုက်ထူလှူတော်မူခဲ့သေးသည်။ ဘုရင်သည်လည်း ဤအရပ်၌ပင် တိုင်းသူပြည်သားတို့၏ အပူဇော်ကို ခံတော်မူသတဲ့။ အင်းသားတို့ကိုယ်၌က သူတို့အချင်းချင်း ဘုံပြောပုံဆိုပုံအသံအမူမှအစ တူကြ၍ အင်းသားတို့က သူတို့မှာ ထားဝယ်သားတို့၏ ဘိုးဘွားဘီဘင်ဟု ဆိုချင်ကြသည်။ နောက်ထပ် အငြင်းပွားသည့် ဒဏ္ဍာရီတစ်ခုက အင်းသားတို့ကိုယ်၌ ယုံကြည်ကြသည်မှာ ရေီးခေတ်မြန်မာနိုင်ငံ ပုဂံအစမှ သူတို့ဘိုးဘွားဘီဘင်အစဉ်လိုက် အင်းလေးဖက်သို့ ဆင်းသက်နေထိုင်ခဲ့ကြသည်မှာ ဘုရင်အလောင်းစည်သူ မရောက်မှီကတည်းကဖြစ်သည်ဟု ဆို၏။ ဘုရင်ရောက်အလာ အင်းသားတို့ကိုယ်၌က ဖောင်စင်္ကြာအတွက် ရေတပ်မတော်သားအဖြစ် အမှုထမ်းလိုပါကြောင်း ဆန္ဒလျောက်တင်လျှောက်ရာမှ သူတို့ကိုမြန်မာတံခွန် တောင်စွန်ရောက်အောင် လိုက်ပါလာပြီး ဘုရင်ကသနား၍ အခြေကျနေကြဖို့ ဒေသတစ်ရပ် ဖွင့်ခဲ့ရာ၊ ထိုမှနောင် ယခုတိုင်အောင် ထားဝယ်အမည်နှင့် တည်စဲရှိ၏။ ယနေ့တိုင်အောင် ဖော်ပြပါအသိရခက်သည့် ဒဏ္ဍာရီ ၂ ပုဒ်ကြောင့် ထားဝယ်နှင့် အင်းသားမည်သည်ကစကြောင်း မည်သူမှ ဆင်ခြေပေး မှတ်ချက်ပြု စေဒနာခြင်း မပြုကြတော့ချေ။


အင်းလေးနယ်သူနယ်သားလူအများ

ရှမ်းပြည်နယ်တွင် မျိုးနွယ်စုအမျုိုးမျိုးအတွင်း သက်မွေးသမှု စီးပွားရေးရာပြုကြရာ၌ အင်းသားတို့က အကျော်ဒေးယျ ပါးနပ်တီထွင်ညာဏ်ရွှင် ညာဏ်ပြည့်လုံ့လရှိပြီး ဇွဲသမ္ဘာရထက်သာလွန်သ၍ နှံ့နှံ့စပ်စပ်လုပ်တတ်ကြသည်။ မြန်မာတို့ပြောစမှတ်ရှိသည်မှာ အင်းသားတို့သည် မြေကြီးမှ ရွှေသီးများဖြစ်ထွန်းစေနိုင်သလို အင်းလေးရေပြင်ကို မြေပြင်ပြု၍ ဟင်းရ္ဂက်ဟင်းသီးတို့ကို စိုက်ပျိုးထုတ်လုပ်နိုင်ကြပါသတဲ့။ မြန်မာပြည် ဘွား အခြားလယ်သမားတို့ကဲ့သို့ပင် သူတို့ဘဝ ပဓါနရပ်ချက်မှုက စိုက်ပျိုးအခြေခံ ဘောဂဗေဒ နည်းပညာများပင် ဖြစ်ပါသည်။ ယင်းနည်းဗေဒတို့တွင် မြေပြင်စိုက်ပျိုးအလှစိုက်ခင်းနှင့် အပင်အလှဆင်ခြင်း အင်းလေးရေပြင်အထက် ကျွန်းမျောပြု၍ ဥယျာဉ်ဈေးကွက် ထူထောင်ခြင်းနှင့် မျိုးရိုးစဉ်လာတငါ ငါးဖမ်းလုပ်ငန်း လုပ်ခြင်း တို့ ပါဝင်ပါသည်။

လူမျိုး

အင်းလေးကန်တွင် နေထိုင်သောလူမျိုးများကိုအင်းသားလူမျိုးဟုခေါ်ပါသည်။

လူဦးရေနှင့် မျိုးနွယ်စုတိုင်းရင်းသားများ

အင်းလေးကန်ကိုခြံ၍ တည်သည့်နယ်ချင်းစပ် ၄ မြို့နယ် ကန်ရေပြင်အပါအဝင် ကျေးရွာတို့၌နေကြသူပေါင်းမှာ ၇ သောင်းဟု ခန့်မှန်းသည်။ ကန်းရိုးတလျောက်မို့ အင်းသားတို့ကလူများစု၊ ရှမ်းနှင့် ရော တောင်ရိုးပအို့ပ်တို့ကလည်း အနှံ့အပြား တောင်သူဟူလည်းခေါ်ကြ ဓနုကယား ဓနုံးသားအပြင် ဗမာတို့လည်းပါဝင်ကြသည်။

အင်းလေးနယ်၏ စားကောင်းသောက်ဖွယ်

အင်းအတွင်း ရေညှိရေမှော် ခူးဆွတ်ပြီးအပြန် အိမ်အရောက်တွင် အင်းလေးသူ၊အင်းလေးသားတို့ လွှေးလေ့ရှိသည်က ထမင်းချဉ်။ ယင်းက အဖောက်ချဉ်ထည့်ထားသည့်ထမင်း။ ယင်းတို့ ၂ ပြန် ကြော်ကြော်ထားသည့် တို့ဟူးကြော်နှင့်ဖြစ်ရာ အများနှစ်ခြိုက်သည့် ဒေသအစာဖြစ်ပါတော့သည်။ ငါးဖိန်းဆိုသည်က စားနေကျ အခြေခံအင်းငါးဖမ်းရနိုင်သည်က အများအပြား ထမင်းချဉ်နှင့်နယ်၍ ငါးချဉ်ထုပ်ဖြစ်ပြီး အာလူးနှင့်တွဲဖက်စားသောက်ကြသည်မှာ ဘယ်အခါမှမငြီးနိုင်ပါ။

အင်းလေးနယ်၏ ကုန်သွယ်မှု

အင်းလေးနယ်တဝိုက် ကုန်သွယ်ထိုက်သည့်အရာတို့က လက်လုပ်ကုန်စည်အဖြစ်များ၍ လက်နက်တံဆာ၊ ကိရိယာပစ္စည်း ထွင်းထုထားသည့် အလှဆင်ဝတ္တုအဝတ်အထည်နှင့် ဖက်လိပ်ခေါ် ဆေးလိပ်တို့မှာ ဒေသသုံးသက်သက်လည်းရှိ ဒေသအပနှင့်လည်း ကူးလူးဖို့ပါရှိပါသည်။ ယင်းတို့အနက် အတော်များများ အလားတူတို့ကို မြန်မာပြည်အရပ်ရပ်၌လည်း ဝယ်ရလုပ်ရနိုင်ပါသည်။ နေ့စဉ် အရောင်းအဝယ်မှာ ဒေသဈေးတွင် တွင်ကျယ်စွာလုပ်နိုင်၏။ သို့သော် ပျံကျဈေးဖြစ်၍ ဈေးနေရာပြောင်းသည်ကို အစဉ်အလာသမားတို့အတွက် အခက်အခဲရှိသိကြပါ၏။ ထို့ကြောင့် ပဥ္စမဈေးနေ့တိုင်း နောက်တဈေး မည်သည့်နေရာမှာဆိုသည်ကိို လှည့်လည်စဉ်ထားကာ ရေးဆွဲလိုက်နာကြပါ၏။ ဈေးနေ့ကျလျှင်ဖြင့် လှေငယ်ကိုယ်စီဖြင့် ရေပေါ်ဈေးအဖြစ် ကျန်၄ရက်ထက်ပိုမိုများပြားသည့် ပမာဏကို ခရီးသွားဧည့်သည်တို့အတွက် ရောင်းကြဝယ်ကြပါသည်။ အင်းလေးကန်သည် ရှေးရိုးစဉ်လာယက္ကန်းလုပ်ငန်းအတွက်လည်း ကျော်ကြားပါသည်။ ရှမ်းလွယ်အိပ်ခေါ် ပခုန်းလွယ်အိပ်မှာ မြန်မာအများနေ့စဉ်သုံး၍ ဤဒေသတွင်အထွက်များပါသည်။ ပိုးထည်ယက်ခြင်းကလည်း အများကြိုက် အရေးပါလက်မှုစက်မှုပညာလုပ်ငန်းတစ်ခုဖြစ်၍ အင်းလေးနယ်အတွင်းသာမက နိုင်ငံတနံတလျား လူသိများကြပါသည်။ ယင်းအရပ်ကုန်ထွက်တို့က လက်ရာကသန့် အဆင့်ကမြင့် လက်နှင့်ယက်လျှင်ပိုလှသည့်အဆင်၊ အင်းလေးဆင်ဟုလည်း ခေါ်ကြ။ ကျားမ မဟူသူသူငါငါတိုင်း ရင်တန်ဆာအဖြစ် ဆင်မြန်းကြသည်။ ယခုဆိုလျှင် ခရီးသွားရွှေဧည့်သည်နှင့် နိုင်ငံခြားဧည့်သည်တို့က အလှပစ္စည်း ပဏ္ဏာပစ္စည်းလို အသီးသီးဝယ်သွားလေ့ရှိကြပါသည်။

ထင်ရှားသောနေရာများ