ဝါဝါဝင်းရွှေ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"==ဝါဝါဝင်းရွှေ (..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
စာကြောင်း ၁ - စာကြောင်း ၁ -
==ဝါဝါဝင်းရွှေ (ရုပ်ရှင်သရုပ်ဆောင်)==
==ဝါဝါဝင်းရွှေ (ရုပ်ရှင်သရုပ်ဆောင်)==
ဝါဝါဝင်းရွှေသည် Phy, Chem, Bio ဘာသာတွဲယူသော ဆေးကျောင်းသူ ဖြစ်ပြီး တက္ကသိုလ် တက်နေရင်းမှ ၁၉၆၀ ခုနှစ်တွင် စတင်ပြီး ရုပ်ရှင် လောကကို ဝင်ရောက် လာသူ ဖြစ်သည်။ ထိုခေတ်တွင် ခေတ်ပညာတတ် မိန်းကလေး တစ်ယောက် သရုပ်ဆောင် လုပ်ခြင်းကို တအံ့တသြ ရှိခဲ့ကြဖူးသည်။
ဝါဝါဝင်းရွှေသည် Phy, Chem, Bio ဘာသာတွဲယူသော ဆေးကျောင်းသူ ဖြစ်ပြီး တက္ကသိုလ် တက်နေရင်းမှ ၁၉၆၀ ခုနှစ်တွင် စတင်ပြီး ရုပ်ရှင် လောကကို ဝင်ရောက် လာသူ ဖြစ်သည်။ ထိုခေတ်တွင် ခေတ်ပညာတတ် မိန်းကလေး တစ်ယောက် သရုပ်ဆောင် လုပ်ခြင်းကို တအံ့တဩ ရှိခဲ့ကြဖူးသည်။


“အစ်မက သုခုမ ရုပ်ရှင် ကုမ္ပဏီပိုင်ရှင် ဒေါ်နန်းရဲ့ သမီး ဖြစ်တဲ့ ခင်စန်းရီနဲ့ ကျောင်းနေဖက် သူငယ်ချင်းလေ။ သူတို့က ရုပ်ရှင်ခြံ ပိုင်ရှင်၊ ထုတ်လုပ်သူ ဖြစ်တော့ ရုပ်ရှင် ရိုက်တာကို မကြည့် ချင် အဆုံး ရှိနေ ကြတာပေါ့။
“အစ်မက သုခုမ ရုပ်ရှင် ကုမ္ပဏီပိုင်ရှင် ဒေါ်နန်းရဲ့ သမီး ဖြစ်တဲ့ ခင်စန်းရီနဲ့ ကျောင်းနေဖက် သူငယ်ချင်းလေ။ သူတို့က ရုပ်ရှင်ခြံ ပိုင်ရှင်၊ ထုတ်လုပ်သူ ဖြစ်တော့ ရုပ်ရှင် ရိုက်တာကို မကြည့် ချင် အဆုံး ရှိနေ ကြတာပေါ့။

၀၀:၅၄၊ ၁၆ ဒီဇင်ဘာ ၂၀၁၄ ရက်နေ့က မူ

ဝါဝါဝင်းရွှေ (ရုပ်ရှင်သရုပ်ဆောင်)

ဝါဝါဝင်းရွှေသည် Phy, Chem, Bio ဘာသာတွဲယူသော ဆေးကျောင်းသူ ဖြစ်ပြီး တက္ကသိုလ် တက်နေရင်းမှ ၁၉၆၀ ခုနှစ်တွင် စတင်ပြီး ရုပ်ရှင် လောကကို ဝင်ရောက် လာသူ ဖြစ်သည်။ ထိုခေတ်တွင် ခေတ်ပညာတတ် မိန်းကလေး တစ်ယောက် သရုပ်ဆောင် လုပ်ခြင်းကို တအံ့တဩ ရှိခဲ့ကြဖူးသည်။

“အစ်မက သုခုမ ရုပ်ရှင် ကုမ္ပဏီပိုင်ရှင် ဒေါ်နန်းရဲ့ သမီး ဖြစ်တဲ့ ခင်စန်းရီနဲ့ ကျောင်းနေဖက် သူငယ်ချင်းလေ။ သူတို့က ရုပ်ရှင်ခြံ ပိုင်ရှင်၊ ထုတ်လုပ်သူ ဖြစ်တော့ ရုပ်ရှင် ရိုက်တာကို မကြည့် ချင် အဆုံး ရှိနေ ကြတာပေါ့။

“အစ်မက အဒေါ် အပျိုကြီး အုပ်ထိန်းမှုနဲ့ နေရတာ။ အဒေါ်က ရုပ်ရှင် ဝါသနာပါ တယ်။ အစ်မကို ကျောင်းကြို ပြီးရင် ရုပ်ရှင်ဝင်ကြည့်တာပဲ။ မြန်မာကားကုန်သွား ရင် အင်္ဂလိပ်ကား ကြည့်တယ်။ အင်္ဂလိပ်ကား ကုန်သွားရင် အိန္ဒိယကား ကြည့်တယ်။ တစ်နေ့ကိုနှစ်ပွဲဆက်တိုက် ကြည့်တဲ့ အခါတွေလည်း ရှိတယ်။ ရုပ်ရှင် ဘယ်လောက်ကြည့် သလဲဆိုရင် အဲဒီခေတ်က ရုံပိုင်ရှင်တွေက အစ်မတို့ တူဝရီး ကို မှတ်မိ နေကြတဲ့ အထိပဲ။ ဒါကြောင့် မြန်မာရုပ်ရှင် ကားသစ်ကြည့်တဲ့ နေ့ဆိုရင် ကြော်ငြာဘုတ် ထဲက ဇာတ်ဝင် ဓာတ်ပုံလေးတွေကို အစ်မကို ပေးကြတဲ့ အထိပဲ။

အဲဒီပုံလေး တွေကို အိမ်မှာ သိမ်းထားပြီး သူတို့ လုပ်သလိုလုပ်၊ ရုပ်ရှင်ရူး ရူးတာပေါ့။ အစ်မ အဖေကတော့ အဒေါ်ကို ကြိမ်းတယ်။ ကျွန်တော့်သမီး ရုပ်ရှင် ဝါသနာ ပါသွားရင် ခင်ဗျား တာဝန်ပဲ လို့ အမြဲပြောတယ်။

“အစ်မခင်စန်းရီက တစ်နေ့မှာ ရုပ်ရှင်ရိုက်တာ လိုက်ကြည့်မလားလို့ မေးတယ်။ အစ်မက ကျောင်းဝတ်စုံနဲ့ မလိုက်ရဲဘူး၊ ဒါကြောင့် နောက်တစ်နေ့မှာ အိမ်ကနေ ထဘီ အနီလေးတစ်ထည် အပိုယူလာပြီး ကျောင်းဆင်းတော့ ထဘီလဲ ဝတ်ပြီး အစ်မ ခင်စန်းရီနဲ့ လိုက်သွားတယ်။ အိမ်ကိုတော့ ကျူရှင် ရှိတယ်လို့ ပြောခဲ့တာပေါ့။

“မှတ်မှတ်ရရ အဲဒီနေ့က သူတို့ခြံထဲမှာ ရေစီး တစ်ခါ ရေသာတစ်လှည့် ဇာတ်ကားကို ဒါရိုက်တာ ဦးချစ်ခင်က ရိုက်နေတာ။ အစ်မ တို့လည်း ဝင်သွားရော “ရိုက် မယ် ငြိမ်” ဆိုတဲ့ အသံ ထွက်လာတော့ အစ်မမှာ ကြောက်ပြီး တုန်သွားတာပဲ။ အစ်မ ခင်စန်းရီ ကလည်း နှုတ်ခမ်း ပေါ် လက်ထောင်ပြတာကြောင့် တစ်နေရာမှာ ငြိမ်ပြီး ကုပ်နေရတယ်။

“ရိုက်နေတဲ့ အခန်းက ကွပ်ပျစ်ကလေး တစ်ခုပေါ်မှာ အမေ ဒေါ်ဂျမ်းစိန်ရယ်၊ ဦးထွန်းဝေရယ်၊ ဒေါ်မြင့်မြင့်ခင်ရယ် စကား ပြောနေကြ တဲ့ အခန်း။ ရိုက်ပြီးသွားတော့ အစ်မ ခင်စန်းရီက ဒါရိုက်တာ ဦးချစ်ခင်ဆီ ခေါ်သွားပြီး ဆရာ ဒါကျွန်မ သူငယ်ချင်း ဝါဝါဝင်းရွှေလို့ မိတ်ဆက်ပေးတယ်။ ဦးချစ်ခင်က ဘာမှ မပြောဘဲ သေသေချာချာ ကြည့်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေတယ်။

“အစ်မက လူငယ်ဆိုတော့ ရုပ်ရှင်မင်းသမီး ဒေါ်မြင့်မြင့်ခင် နားသွားပြီး မိတ်ဆက် စကားတွေ ဘာတွေ ပြောတာပေါ့။ အခုခေတ် ကလေးတွေလိုတော့ အော်တို စာအုပ်တွေဘာတွေ မပါပါဘူး။

“တစ်ခါတုန်းကလည်း ကျောင်းကအပြန် အင်းလျား ကန်စောင်းမှာ အမေ ဒေါ်ကြည်ကြည်ဌေး ရုပ်ရှင်လာ ရိုက်နေတာတွေ့တော့ ကားကို ရပ်ခိုင်းပြီး သွားကြည့်ခဲ့ သေးတယ်။ အစ်မ ခင်စန်းရီတို့ဆီကို လိုက်ကြည့်ပြီး နောက်နှစ်ရက်၊ သုံးရက်နေတော့ အစ်မက “ဦးချစ်ခင်က ပြောနေတယ်။ ရုပ်ရှင် ရိုက်မလား၊ ညီမလေးရယ် စိုးရိမ်မိတယ် ဇာတ်ကားမှာ သရုပ်ဆောင်ရမယ်”တဲ့။ အစ်မက မလုပ်ရဲပါဘူး။ အိမ်ကသိရင် ဆူလိမ့်မယ်လို့ ငြင်းလိုက်ရတယ်။

“အစ်မစိတ်ထဲမှာ ဆရာဝန် ဖြစ်ချင်တယ် ဆိုတာက မိဘနှစ်ပါးကို လုပ်ကျွေးချင်တဲ့ ဆန္ဒ အဓိကပါ။ ဆယ်တန်းအောင်တော့ ဘာလုပ်ရင် ပိုက်ဆံများများ ရမလဲဆိုတာ စဉ်းစားတယ်။ ဆရာဝန်က ပိုက်ဆံရတယ် ဆိုတာကြောင့် ဆရာဝန် ဖြစ်အောင် ကြိုးစားပြီး မိဘတွေကို လုပ် ကျွေးမယ်ပေါ့။ ခုနစ်နှစ်တော့ ကြာမယ်ဆိုတာ သိထားတယ်။ အထူးကု ဖြစ်ဖို့ဆိုတာ အနည်းဆုံး ၁၄ နှစ်လောက် ကြာဦးမယ်။ အဲဒီလောက် အချိန်တွေ ဆိုရင် အဖေ့ အသက်တောင် မီနိုင်မယ် မထင်ဘူး။ အဖေက အမေထက် အသက်ကြီးတယ် လေ။ ဒါကြောင့် ပိုက်ဆံ အမြန်ဆုံး ရနိုင်မယ့် ရုပ်ရှင် လောကကို ဝင်ဖြစ်ခဲ့တာ” လို့ ပြောပြပါတယ်။

ရုပ်ရှင်လောကထဲကို ဝင်ရောက်လာတဲ့ ဝါဝါဝင်းရွှေဟာ ရန်ကုန်ရုပ်ရှင်မှ ရိုက်ကူးခဲ့တဲ့ စိတ် ဇာတ်ကား တစ်ကားတည်းနဲ့ မြန်မာ ရုပ်ရှင် လောကမှာ အောင်မြင်ကျော် ကြားတဲ့ မင်းသမီး တစ်လက် ဖြစ်သွား ခဲ့ပါတယ်။ စိတ် ဇာတ်ကားက မြိတ်မြို့မှ ရန်ကုန်မြို့သို့ အသွား ပြည်တော် အေးသင်္ဘောကြီးပေါ်မှာ ဆုံစည်းခဲ့ကြတဲ့ အမျိုးသား ကလေးတစ်ယောက်နဲ့ အမျိုး မီး ကလေးတစ်ယောက်တို့ ရဲ့အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။ အဲဒီတုန်းက ဝါဝါဝင်းရွှေနဲ့တွဲဖက်ပြီး ဆရာဝန်စာရေးဆရာ မောင်သင်က သရုပ်ဆောင် ခဲ့ပါတယ်။ ရန်ကုန်ရုပ်ရှင်နဲ့ သုံးကား ရိုက်ကူးပြီးတဲ့ နောက်မှာ ဝါဝါဝင်းရွှေဟာ ရုပ်ရှင်လောကရဲ့ ထိပ်ဆုံး တစ်နေရာကို လှမ်းတက် နိုင်ခဲ့ပါတယ်။ အောင်မြင် ကျော်ကြားတဲ့ ဇာတ်ကားပေါင်း များစွာကို ဦးဆောင် ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ မန္တလေး ရုပ်ရှင်က ရိုက်ကူး ခဲ့တဲ့ ဘုရားမှာ တစ်ခါဆုံတယ်၊ ကံ ဇာတ်ကားများမှာ သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ ကံ ဇာတ်ကားမှာ ဝါဝါဝင်းရွှေက ထွန်းဝေနဲ့ တွဲဖက် သရုပ်ဆောင်ပြီး ခရစ်ယာန်သီလရှင်ဝတ် သွားတဲ့ မိန်းကလေး တစ်ယောက်အဖြစ် ထူးထူးခြားခြား သရုပ်ဆောင်ခွင့် ရခဲ့ ပါတယ်။

ပြည်တော်အေး ရုပ်ရှင်မှ အဲဒီခေတ် အခါတုန်းက နာမည် အကြီးဆုံး ဝတ္ထုတစ်ပုဒ် ဖြစ်တဲ့ စာရေးဆရာ အောင်လင်းရဲ့ အရိုင်း စံပယ် ဝတ္ထုကို ဒါရိုက်တာ ဦးချစ်ခင်က ရုပ်ရှင်အဖြစ် ဖန်တီး ရာမှာ ရိုးသားပြီး တည်ငြိမ် အေးဆေးကာ မြန်မာဂီတကို ဝါသနာ ပါတဲ့ မိန်းကလေး “မ”နေရာက သရုပ်ဆောင်ခွင့်ရခဲ့တာပါ။

ဝါဝါဝင်းရွှေဟာ ဒါရိုက်တာကြီး ဦးသုခနဲ့လည်း ရိုက်ကူး ခဲ့ဖူးပါတယ်။ သိကြားစေ သက်သေညွှန်း ဆိုတဲ့ ဇာတ်ကားမှာ ဝင်းဦး၊ သန်းအောင်၊ ခင်သန်းနုတို့နဲ့ တွဲဖက်ပြီး သရုပ်ဆောင်ခွင့် ရခဲ့တာပါ။ ရုပ်ရှင်လောကရဲ့ အောင်မြင်မှု သရဖူဖြစ်တဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုကို ၁၉၆၅ ခုနှစ်မှာ ချစ်သမီး ဇာတ်ကားနဲ့ ပထမဆုံး အကြိမ် ရရှိခဲ့ပါတယ်။ အဲဒီနှစ်က ထူးချွန်ဆု သုံးဆုသာ ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ဇာတ်ဆောင်ဆု အနေနဲ့ ဝါဝါ ဝင်းရွှေ တစ်ဦးသာ ရရှိခဲ့တာပါ။

၁၉၆၉ ခုနှစ်မှာ ချောင်းကို ပစ်၍ မြစ်ကိုရှာ ရုပ်ရှင် ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာ သရုပ်ဆောင်သက် ၁၀ နှစ်ရှိပြီး ဖြစ်တဲ့ ဝါဝါဝင်းရွှေက ကိုယ်တိုင် ဒါရိုက်အဖြစ် စတင် ရိုက်ကူးပါတော့တယ်။ ပထမဦးဆုံး ရိုက်ကူးတဲ့ ချစ်သူဝိုင်းဝိုင်းလည် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ညွန့်ဝင်းကို အမျိုးသား ဇာတ်ဆောင်ဆု ဆွတ်ခူး ပေးနိုင်ခဲ့ပါတယ်။ ဒီကားမှာ ညွန့်ဝင်း ကို ရှိရင်းစွဲ အသက် အရွယ်ထက် ကြီးရင့်သွားအောင် မိတ်ကပ်ကို သူကိုယ်တိုင် လိမ်းခြယ် ပေးခဲ့တာပါ။ ဆံပင် အတိုများနဲ့ နှုတ်ခမ်းမွေး အဖြစ် ဖန်တီး ပေးခဲ့ပြီး ဆံပင်ကို နောက်ပြန်လှန် ဖြီးစေခဲ့ပါတယ်။

အဲဒီကစပြီး ဝါဝါဝင်းရွှေဟာ ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရုပ်ရှင်ဇာတ်ကား ပေါင်း ၁၇ ကားခန့်ကို ရိုက်ကူးခဲ့ပါတယ်။ နာမည်ကြီး ဖြစ်တဲ့ မယ်မင်းကြီးမ ဇာတ်ကားဟာ အအောင်မြင်ဆုံး ဇာတ်ကား ဖြစ်သလို ထိုင်းနိုင်ငံမှာ သွားရောက်ရိုက်ကူးခဲ့ တဲ့ မောင့်ဓာတုကလျာ ဆေးရောင်စုံဇာတ်ကားမှာလည်း ထင်ရှားတဲ့ ကားတစ်ကား ဖြစ်ခဲ့ပါတယ်။

မယ်မင်းကြီးမ ဇာတ်ကားအတွက် ထူးချွန်ဆုတွေ ရလိမ့်မယ်လို့ ပရိသတ်များ ခန့်မှန်းခဲ့ကြပေမယ့် လွဲခဲ့ ပါတယ်။ အဲဒါနဲ့ ပတ်သက် လို့ ဒေါ်ဝါဝါဝင်းရွှေက “အစ်မတို့ ခေတ်တုန်းက နှစ်တစ်နှစ်မှာ မြန်မာရုပ်ရှင် ဇာတ်ကားတွေက ၁၀ဝ ကျော် အထိ ပြကြတာဆိုတော့ အဲဒီကားတွေထဲက ဆုတစ်ဆု ရဖို့ဆိုတာ တော်တော် ခဲယဉ်းတယ်” လို့ ဆိုပါတယ်။

၁၉၇၁ ခုနှစ်မှာ အမျိုးသား သရုပ်ဆောင်ဖြစ်တဲ့ သန်းထွဋ်နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ သားကြီး ဝင်းထွဋ်ဝင်း၊ သားငယ် ဝါဇင်တို့ကို မွေးဖွားခဲ့ပါတယ်။ ရုပ်ရှင်ကားများမှာ ခေတ်တစ်ခေတ် ထူထောင်ခဲ့ ဖူးတဲ့ ဝါဝါဝင်းရွှေဟာ သရုပ်ဆောင် များစွာနဲ့ တွဲဖက်သရုပ် ဆောင်ခဲ့ဖူးသူ ဖြစ်ပြီး ကျော်ဆွေ၊ ထွန်းဝေ၊ ဝင်းဦး၊ ညွန့်ဝင်း၊ စိုးနိုင်၊ ဇော်ခင်၊ ဇော်ဝမ်း၊ တွံတေးသိန်းတန် အစရှိတဲ့ အမျိုးသား သရုပ်ဆောင် ပေါင်းများစွာနဲ့ ရုပ်ရှင်ကား ၂၀ဝ ကျော်မှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

၁၉၇၇ ခုနှစ်မှာ စာရေး ဆရာ မောင်သိန်းဆိုင်ရဲ့ ဝတ္ထု ကို ဒါရိုက်တာ အောင်မြင့် မြတ်ရိုက်ကူးခဲ့တဲ့ မိန်းကလေး ရှင်ရဲ့ဆန္ဒမှာ မုဆိုးမ၊ သမီး များရဲ့အမေ ငယ်ချစ်ကို ပြန်တွေ့ပေမယ့် သမီးတွေရဲ့ မျက်နှာကို ထောက်ထားပြီး ခေါင်းမညိတ်သာ ဖြစ်နေတဲ့ မိခင်ကောင်း တစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်ရာမှာ ပီပြင်မှု ရှိခဲ့တာကြောင့် တတိယ အကြိမ်မြောက် အမျိုးသမီး ဇာတ်ဆောင် ဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။

အသက်အရွယ် ရလာ ပေမယ့် ဝါသနာပါတဲ့ အနုပညာ လုပ်ငန်းကို မစွန့်လွှတ် နိုင်သေးဘဲ ကိုယ်ပိုင် ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ် ရေးအတွက် ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ် အမည်ရှိ ရုပ်ရှင် ဇာတ်ကားကို သရုပ်ဆောင်၊ ဒါရိုက်တာ အဖြစ် ရိုက်ကူး ထားပါတယ်။ ၂၀၁၀ ခုနှစ် အတွင်းမှာ ရုံတင်နိုင်လိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။

ဝါဝါဝင်းရွှေသည် ခင်ပွန်းသည် ဖြစ်သူ ဦးသန်းထွဋ်၊ သားများ၊ သမီးချွေးမ၊ မြေးမကလေးများနှင့်အတူ တက္ကသိုလ် ရိပ်သာလမ်း၊ ခြံ အမှတ်(၈၈)မှာ နေထိုင်လျက် ရှိပါသည်။