ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +... |
No edit summary |
||
စာကြောင်း ၁၈ - | စာကြောင်း ၁၈ - | ||
{{မြန်မာ့ ရာသီ}} |
{{မြန်မာ့ ရာသီ}} |
||
[[Category:သမိုင်း]] |
[[Category:သမိုင်း]] |
||
[[Category:နေ့ထူးနေ့မြတ်များ]] |
[[Category:နေ့ထူးနေ့မြတ်များ]] |
||
[[Category:ကမ္ဘာ့အထိမ်းအမှတ်နေ့များ]] |
|||
[[Category:အထိမ်းအမှတ်နေ့]] |
၁၆:၄၀၊ ၂၄ အောက်တိုဘာ ၂၀၁၄ ရက်နေ့က မူ
ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (သို့) ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ (World AIDS Day) ကို နှစ်စဉ် ဒီဇင်ဘာလ (၁)ရက်နေ့ဟု သတ်မှတ်ထားသည်။
ဆောင်ပုဒ်
Getting to Zero လုံးဝ ပပျောက်ရေး ဖြစ်ပါသည်။ ရောဂါကူးစက်ခံရသူ လုံးဝပပျောက်ရေးနှင့် ရောဂါကြောင့် သေဆုံးရသူ လုံးဝပပျောက်ရေးတို့ဖြစ်သည်။
သမိုင်း
၁၉၈၇ခုနှစ် ဩဂုတ်လအတွင်းတွင် ဂျနီဗာမြို့၊ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization)မှ ပြည်သူ့ပြန်ကြားရေးဝန်ထမ်းနှစ်ဦးဖြစ်သော ဂျိမ်းစ်ဘန်း (James Bunn) နှင့် သောမတ်စ်နက်တာ (Thomas Netter) တို့သည် အေအိုင်ဒီအက်စ် ခုခံအားကျဆင်းမှုကူးစက်ရောဂါအတွက် အထိမ်းအမှတ်နေ့သတ်မှတ်ရန် စိတ်ကူးမိကြသည်။ ထို့နောက် ထိုနှစ်ဦးမှ ကုလသမဂ္ဂ ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့(UNAIDS) ညွှန်ကြားရေးမှူး ဒေါက်တာဂျော်နသန်မန်း (Dr. Jonathan Mann) သို့ တင်ပြလိုက်သည်။ ဒေါက်တာမန်းမှလည်း သဘောကျ၍ အတည်ပြုပေးလိုက်သောကြောင့် ပထမဆုံးကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) ကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် စတင်ကျင်းပလိုက်သည်။ [၁]
အနီရောင်ဖဲကြိုး
၁၉၉၁နှစ်တွင် အနီရောင်ဖဲကြိုးကို အေအိုင်ဒီအက်စ် ခုခံအားကျဆင်းမှုကူးစက်ရောဂါ အသိနိုးကြားစေသော အပြည်ပြည်ဆိုင်ရာသင်္ကေတအဖြစ် သတ်မှတ်ခဲ့သည်။ ဤအနီရောင်ဖဲကြိုးလေးသည် ရောဂါသည်များကို ခွဲခြားဆက်ဆံခြင်းနှင့် ရှောင်ဖယ်ခြင်း ကင်းစေရန်အတွက်၊ ဤရောဂါဖြင့် သေဆုံးသွားသောလူများအတွက် အမှတ်တရရှိရန်အတွက်၊ ဤရောဂါကို အားလုံးစုပေါင်းတိုက်ဖျက်ရန်အတွက်၊ ရောဂါသည်များအပေါ်တွင် ဂရုတစိုက်ရှိမှုနှင့် စိုးရိမ်ပူပန်မှုများရှိကြောင်းကို ပြရန်အတွက်၊ ရောဂါသည်များကို တစိုက်မတ်မတ် အားပေးကူညီရန်အတွက်၊ ရောဂါသည်များအားလုံး စည်းလုံးညီညွတ်စေရန်အတွက် အစရှိသည့် လေးနက်သော အဓိပ္ပါယ်များဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့တွင် အမှတ်တရတပ်ဆင်ကြသည်။ [၂]