အစ္စလာမာဘတ်မြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"==အစ္စ​လာမ်​မာ​..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၄၁ - စာကြောင်း ၄၁ -
==ကိုး​ကား==
==ကိုး​ကား==
<references/>
<references/>

[[Category:အာရှရှိ မြို့များ]]

၀၇:၃၅၊ ၃၀ ဇူလိုင် ၂၀၁၄ ရက်နေ့က မူ

အစ္စ​လာမ်​မာ​ဗတ်​မြို့

အစ္စ​လာမ် မာ​ဗတ်​မြို့​သည် ပါ​ကစ္စ​တန် သမ္မတ​နိုင်ငံ​၏ မြို့တော်​သစ်​ဖြစ်​သည်။ ယခင် အနောက်​ပါ​ကစ္စ​တန်​မြောက်​ပိုင်း အနန့်​တ​နပ်​ခ​ရိုင်​တွင်​ရှိ​၍ မြောက်​လတ္တီ​တွဒ် ၃⁠၃ ံ ၄​၀'နှင့် အရှေ့ လောင်​ဂျီ​တွဒ် ၇​၃ ံ ၈' တို့ ဆုံ​ရာ​တွင် တည်​ရှိ​သည်။

ပါ​ကစ္စ​တန်​အစိုးရ အစဉ်​အဆက်​တို့ ရုံးစိုက်​ရာ တောင်​ဘက် ပင်လယ်​ကမ်း​ရိုး​တန်းပေါ်​ရှိ က​ရာ​ချိ​မြို့ သည် ၁​၉​၆​၀ ပြည့် နှစ်​မှ​စ​၍ မြို့တော်​အဖြစ်​မှ ရပ်ဆိုင်း​သွား​ခဲ့​ပြီး မြောက်​ဘက် ကုန်း​တွင်း​ပိုင်း​ရှိ တောင်​စခန်း မြို့​ဖြစ်​သော ရ​ဝါ​ပင်​ဒီ​မြို့​သို့ ယာယီပြောင်း​ရွှေ့​ရုံးစိုက်​သည်။ ပါ​ကစ္စ​တန်​သမ္မတ​အယွတ်​ခန် သည် ရ​ဝါ​ပင်​ဒီ​မြို့ မြောက်​ဘက် ၁​၀ မိုင်ကျော်​အကွာ​ရှိ ကျေးရွာ​ခြောက်​ရွာ​နေရာ​တွင် အစ္စ​လာမ်​မာ​ဗတ်​ဟူ​သော​အမည် ဖြင့် ၁​၉​၆​၁ ခု​နှစ်​တွင် မြို့​သစ် စတင်​တည်ဆောက်​ခဲ့​သည်။

မြို့​အင်္ဂါ​နှင့်​အညီ စနစ်​တ​ကျ အကွက်​ချ​၍ တည်ဆောက်​ခြင်း ဖြစ်​သည်။ ထို့​ကြောင့် အဆောက်အအုံ​များ​မှာ ဗိသုကာ​ပညာ လက်​စွမ်း​ပြ ခေတ်​မီ ထူးခြား​လှပ​ကြ​သည်။၁​၉​၆​၄ ခု​နှစ်​တွင် မြို့​လူ​ဦးရေ ငါး​သောင်း​ရှိ​လာ​သည်။ ၁​၉​၇​၆ ခု​နှစ် သန်းခေါင် စာရင်း​အရ လူ​ဦးရေ ၂​၃​၅​၀​ဝ​၀​ရှိ​နေ လေ​ပြီ။

မြို့​လူထု သောက်​သုံး​ရန်​အတွက် ရေ​ကို မြို့​လယ်​ရှိ ရ​ဝါ ရေ​လှောင်​ကန်​မှ လွှတ်​ပေး​သည်။ အစ္စ​လာမ် မာ​ဗတ်​မြို့​နှင့် ရ​ဝါ​ပင်​ဒီ​မြို့ နှစ်မြို့​အတွက် တစ်​နေ့​လျှင် ရေ​ဂါ​လံ ၁​၄ သန်း အထိ လွှတ်​ပေး​ရ​သည်။ ရ​ဝါ​ရေ ကန်​ကြီး​သည် အကျယ် စတုရန်း သုံး​မိုင်​ရှိ​၍ အလွန်​သာယာ​လှပ​သည်။

အစ္စ​လာမ်​မာ​ဗတ်​မြို့​သည် ပင်လယ်​ရေ​မျက်နှာပြင်​အထက် ပေ ၁​ယ​၆​၅​၁ မြင့်​၍ ပေါ့​ဝါး​ကုန်း​ပြင်​မြင့် ပေါ်​၌ တည်​ရှိ​သည်။ တောင်​ဖက်​တွင် ပန်​ဂျပ်​နယ် ဆား​တောင်တန်း၊ အနောက်​ဘက် တွင် အိန္ဒု​မြစ်၊ မြောက် ဘက်​တွင် ကသ္မီ​ရနယ် ဆိ​ရင်​နဂါး​မြို့ တို့ ရှိ​ကြ​သည်။

တောင်​ဘက်​ရှိ လာ​ဟို​မြို့​မှ အနောက်မြောက်​နယ်စပ် ပက်​ရှ​ဝါး မြို့​သို့​သွား​သော မီးရထားလမ်း​သည် အစ္စ​လာမ်​မာ​ဗတ်​မြို့​ကို ဖြတ်​၍​သွား​သည်။ မြို့​ပတ်ဝန်းကျင်​၌ ရှေး​ဟောင်း ဘုရား ကျောင်း​အို ကျောင်း​ပျက်​များ အနှံ့အပြား ရှိ​သ​ဖြင့်​၎င်း၊ လှပ သော စမ်း​တွင်း​နှင့် တူးမြောင်း​များ​ကြောင့်​၎င်း ကမ္ဘာ​လှည့်​ခရီး သည်​တို့ အလာ​များ​သည်။[၁]

ကိုး​ကား

  1. စွယ်​စံု​ကျမ်း​နှစ်​ချုပ်၊ ၁​၉​၇​၈