ဗဟိန်း၊ ကို: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး →‎ကိုး​ကား
အရေးမကြီးNo edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
[[File:KoBaHein.jpg|thumbnail|သခင်ဗ​ဟိန်း]]
==သခင် ဗ​ဟိန်း ( မြန်မာ ၁​၂​၇​၉ ၊ ၁​၃​၀​၈ )==
==သခင်ဗ​ဟိန်း ( မြန်မာ ၁​၂​၇​၉ ၊ ၁​၃​၀​၈ )==
ရန်ကုန်​တက္ကသိုလ်​ကျောင်းသား​များ​သမဂ္ဂ (တ​က​သ)ဥက္ကဋ္ဌ ကို​အောင်​ဆန်း (ဗိုလ်​ချုပ်​အောင်​ဆန်း) နုတ်​ထွက်​သွား​သ​ဖြင့် ကို​ဗ​ဟိန်း​သည် ဥက္ကဋ္ဌ တာဝန်​ကို ၁​၉​၃​၈ ခု​နှစ်​တွင် တာဝန်​ယူခဲ့​သည်။
ရန်ကုန်​တက္ကသိုလ်​ကျောင်းသား​များ​သမဂ္ဂ (တ​က​သ)ဥက္ကဋ္ဌ ကို​အောင်​ဆန်း (ဗိုလ်​ချုပ်​အောင်​ဆန်း) နုတ်​ထွက်​သွား​သ​ဖြင့် ကို​ဗ​ဟိန်း​သည် ဥက္ကဋ္ဌ တာဝန်​ကို ၁​၉​၃​၈ ခု​နှစ်​တွင် တာဝန်​ယူခဲ့​သည်။



၁၂:၄၈၊ ၂၂ ဇူလိုင် ၂၀၁၄ ရက်နေ့က မူ

သခင်ဗ​ဟိန်း

သခင်ဗ​ဟိန်း ( မြန်မာ ၁​၂​၇​၉ ၊ ၁​၃​၀​၈ )

ရန်ကုန်​တက္ကသိုလ်​ကျောင်းသား​များ​သမဂ္ဂ (တ​က​သ)ဥက္ကဋ္ဌ ကို​အောင်​ဆန်း (ဗိုလ်​ချုပ်​အောင်​ဆန်း) နုတ်​ထွက်​သွား​သ​ဖြင့် ကို​ဗ​ဟိန်း​သည် ဥက္ကဋ္ဌ တာဝန်​ကို ၁​၉​၃​၈ ခု​နှစ်​တွင် တာဝန်​ယူခဲ့​သည်။

ကို​ဗ​ဟိန်း​ကို ၁​၂​၇​၉ ခု ၊ ဝါဆို​လဆန်း (၉) ရက် ( ခရစ် ၁​၉​၁​၇ ခု ၊ ဇွန်​လ ၂​၇ ရက်)ဗုဒ္ဓဟူးနေ့၊ နံနက် (၇) နာရီ​အချိန်​တွင် အင်း​ဝ​မြို့ကိုင်း​တန်း ရပ်​၌ ဖွားမြင်​သည်။ အဖ ဦး​မှင် ၊ အမိ ဒေါ်​ဦး​တို့​၏ ပဉ္စမ​မြောက်​သား ဖြစ်​သည်။ မန္ဒ​လေး​မြို့ အေ​ဘီ​အမ် မိန်း​ကလေး​ကျောင်း၊ သကျ​သီ​ဟ ဘုရား​အနီး ဆရာ​ငုံ​ကျောင်း၊ မန္တလေးမြို့ ဗဟို​အမျိုးသား အထက်​တန်း​ကျောင်း​များ​တွင် ပညာ​ဆည်း​ပူး​ခဲ့​သည်။ ၁​၉​၃​၄ ခု​နှစ်​တွင် မန္တလေး ဥပစာ ကော​လိပ်​၌ စတင်​ပညာသင်​ကြား​ခဲ့​သည်။ ၁​၉​၃​၅-၃​၆ ခု​နှစ်​တွင် မန္တလေး ဥပစာ ကော​လိပ် ကျောင်းသား​များ သမဂ္ဂ​အမှုဆောင် ဖြစ်​ခဲ့​သည်။ ၁​၉​၃​၆ ခု ကျောင်းသား သပိတ်​တွင် စစ်ကိုင်း အစိုးရ အထက်​တန်း​ကျောင်း​သို့ သပိတ် သွား​တား​ရာ၊ ကျောင်း​အုပ်​ကြီး မစ္စတာ​ဒေါင်း​နှင့် စ​ကောက်​များ​က ဝိုင်း​ရိုက်​သ​ဖြင့် ဒဏ်ရာ​ရှိ​ခဲ့​သည်။ ၁​၉​၃​၆ -၃​၇ ခု​နှစ်​တွင် မန္တလေး ဥပစာ ကော​လိပ်​ကျောင်းသား​များ သမဂ္ဂ ဥက္ကဋ္ဌ​အဖြစ် ဆောင်ရွက်​ခဲ့​၍ အထက်​တန်း​ကို ပါဠိ​ဘာသာဂုဏ်​ထူး​ဖြင့် အောင်မြင်​ခဲ့​လေ​သည်။

ရန်ကုန်​တက္ကသိုလ်​တွင် ဆက်လက်​ပညာ​ဆည်း​ပူး​၍ ၁​၉​၃​၈-၃​၉ ခု​တွင် တ​က​သ အမှုဆောင်​အဖြစ် ရွေးချယ်​တင်​မြှောက်​ခြင်း ခံ​ရ​သည်။ တ​က​သ ဥက္ကဋ္ဌကို​အောင်​ဆန်း နှုတ်ထွက်​သွား​သော​အခါ တ​က​သ ဥက္ကဋ္ဌ​အဖြစ်​ထက် ဗ​က​သ ဥက္ကဋ္ဌ​အဖြစ် လူ​သိ​များ​ခဲ့​သည်။

၁​၉​၃​၈ ခု​နှစ်​၌ ရေနံ​မြေ သပိတ် ပေါ်ပေါက်​ခဲ့​သည်။ ရေနံ​မြေ သပိတ်​သမား​များ​သည် ရန်ကုန်မြို့သို့ ချီ​တက် ဆန္ဒ​ပြ​ရန်၊ နိုဝင်ဘာ​လ ၃​၀ ရက်​နေ့​တွင် ရေနံ​ချောင်း​မြို့​မှ ထွက်​ခဲ့​ကြ​သည်။ ဥက္ကဋ္ဌ ကို​ဗ​ဟိန်း​နှင့် ကို​ဗ​ဆွေ​တို့​သည် ရေနံ​ချောင်း​မြို့တွင် ပေါ်ပေါက်​လျက်​ရှိ​သော ကျောင်းသား သပိတ်​အရေး​နှင့် ရေနံ​မြေ​မှ ချီ​တက်​လာ​သော သပိတ်​သမား​များ အရေး​ကို စုံစမ်း​ရန်​ခရီး​ထွက်​ခဲ့​ကြ​သည်။ မကွေးမြို့၌ ရေနံ​မြေ​မှ ချီ​တက်​လာ​သော သပိတ်​သမား​များ​အား တရားဟော​နေ​စဉ်၊ အဖမ်း​ခံ​ခဲ့​ရ​လေ​သည်။ တရားဟော​နေ​စဉ်

မြင်းခွာ​တ​ချက်​ပေါက်​ရင် မီး​ဟုန်းဟုန်း တောက်​စေ​ရ​မယ်

လို့ ရဲရဲတောက်​စကား ပြော​ကြား​ခဲ့​ပါ​တယ်။ ကိုးကား အမှား - Invalid <ref> tag; refs with no name must have content သမဂ္ဂ ဥက္ကဋ္ဌ​နှင့် အတွင်း​ရေး​မှုး​အား ဖမ်းဆီး​သ​ဖြင့် ကျောင်းသား သပိတ် ပေါ်ပေါက်​ခဲ့​လေ​သည်။

ကျောင်းသား​များ​သည် အတွင်းဝန်​များ​ရုံး သို့ ချီ​တက် ဆန္ဒ​ပြ​ကြ​ရာ၊ ဂေါ်ရာ​စာ​သင်​များ​က မြင်း​နှင် တိုက်၊ နံပါတ်​တုတ်​နှင့် ရိုက်​သ​ဖြင့်၊ ဂျပ်​ဆင် ကော​လိပ်​မှ ကို​အောင်ကျော် ကျ​ဆုံး​ခဲ့​သည်။ ကျောင်းသား အများ​အပြား ဒဏ်ရာ ရ​ခဲ့​ကြ​သည်။ ကျောင်းသား၊ အလုပ်​သမား၊ လယ်သမား သပိတ်​ပေါင်း​စုံ စုစည်း​မိ​ကာ၊ ၁​၃​၀​၀ ပြည့် အရေးတော်​ပုံဟု သမိုင်း​ဝင် မှတ်တမ်း​တင်​ခဲ့​ကြ​ရ​သည်။ ကျောင်း​သူ၊ ကျောင်းသား​များ မြို့မ​သပိတ် စခန်း​တွင် အစာ​ငတ်​ခံ ဆန္ဒ​ပြ​ခဲ့​ကြ​သည်။ ဒေါက်​တာ​ဘမော် အစိုးရ ပြုတ်​ကျ​၍ ဦး​ပု အစိုးရ တက်​ပြီး၊ ကျောင်းသား သပိတ်​အရေး ပြီး​ဆုံး​ခဲ့​ရ​လေ​သည်။

ကို​ဗ​ဟိန်း​သည် ၁​၉​၃​၉ ခု​နှစ်​တွင် တက္ကသိုလ်​မှ ထွက်​၍ ဒို့​ဗမာ အစည်း​အရုံးသို့ ဝင်​ရောက်​လုပ်ဆောင်​ခဲ့​သည်။ ထို​အချိန်​မှ​စ​၍ သခင်​ဗ​ဟိန်း အမည်တွင်​ခဲ့​သည်။ ဒုတိယ​ကမ္ဘာ​စစ် ကြီး ဖြစ်လာ​တဲ့​အခါ မြေ​အောက် တော်​လှန်​ရေး လုပ်​ငန်း​များ​ကို ခေါင်းဆောင်​ပြီး ပြည်​သူ့​အရေးတော်​ပုံ စာ​တမ်း၊ မီးပွား​စာစောင်၊ ဗ​မာ့တော်​လှန်​မှု စာ​တမ်း​များ​ကို လျှို့​ဝှက် ရေးသား​ထုတ်​ဝေ ခဲ့​သည်။ ကိုးကား အမှား - Invalid <ref> tag; refs with no name must have content ၁​၉​၄​၀ ခု​နှစ်​တွင် ဖမ်းဆီး​ခံ​ခဲ့​ရ​ပြီး၊ အင်္ဂလိပ်​အပြေး​တွင် မန္တလေး​ထောင်​မှ သခင်​နု တို့​နှင့်​အတူ လွတ်မြောက်​ခဲ့​သည်။ ဂျပန်​ခေတ် ဒေါက်​တာ​ဘမော်အစိုးရ လက်ထက်​တွင်၊ နိုင်ငံ​ခြား​ရေး​ဌာန အတွင်းဝန် အဖြစ် ဆောင်ရွက်​ခဲ့​သည်။ [ဒုတိယ​ကမ္ဘာ​စစ်​မ​တိုင်​မီ တ​က​သ ဥက္ကဋ္ဌ​များ ၁] ဖက်​ဆစ်​တို့​ကို တော်​လှန် တိုက်ခိုက်​ရန် အတွက် တော်​လှန်​ရေး စစ်​တိုင်း​များ​ကို သတ်​မှတ်​ပြီး တိုင်း​အလိုက် စစ်​ရေး၊ နိုင်ငံ​ရေး ခေါင်းဆောင်​များ ကို ရွေးချယ် သတ်​မှတ်​ခဲ့​သည့် အခါ တိုင်း (၁) ပြည်၊ သာယာ​ဝ​တီ၊ ဟင်္သာတ​အရှေ့ အတွက် စစ်​ရေး ခေါင်းဆောင် အဖြစ် ဗိုလ်​ချုပ်​အောင်​ဆန်း ကို သတ်​မှတ်​ခဲ့​ပြီး နိုင်ငံ​ရေး ခေါင်းဆောင် အဖြစ် သခင်​ဗ​ဟိန်း​ကို ရွေးချယ် သတ်​မှတ်​ခဲ့​သည်။ ကိုးကား အမှား - Invalid <ref> tag; refs with no name must have content ၁​၉​၄​၅ ခု​နှစ် ဂျ​ပန်တော်​လှန်​ရေး​တွင် တောင်ငူ​ခ​ရိုင်​တွင် တာဝန်​ယူခဲ့​သည်။

ကို​ဗ​ဟိန်း​သည် ဗမာ​ပြည် ကွန်​မြူ​နစ်​ပါ​တီကို တည်ထောင်​သူ တစ်​ဦး​ဖြစ်​ပြီး၊ ၁​၉​၄​၆ ခု​နှစ် ကွန်​မြူ​နစ်​ပါ​တီ ပြောင်(တရားဝင်) ထူထောင်​သော အခါ​တွင် ဗ​ဟိုကော်​မ​တီ ဖြစ်​ခဲ့​သည်။ နောင်​တွင် ပေါ​လစ်​ဗျူ​ရို အဖွဲ့​ဝင် ဗမာ​ပြည် အလုပ်​သမား​များ သမဂ္ဂ(A.B.T.U.C)၏ ဥက္ကဋ္ဌ ဖြစ်​ခဲ့​လေ​သည်။ ၁​၉​၄​၆ ခု နိုဝင်ဘာ​လ ၂​၀ ရက်​နေ့​တွင် မန္တလေးမြို့ ပြည်​သူ့ ဆေး​ရုံ​ကြီး​တွင် ကွယ်​လွန် အနိစ္စရောက်​ခဲ့​သည်။ ပြည်ထောင်​စု မြန်မာ​နိုင်​ငံတော်​၏ လွတ်လပ်​ရေး မော်ကွန်း​ဝင် စာရင်း​တွင် ပထမ​အဆင့် ကျေ​ညာ​ပေး​ခြင်း ခံ​ခဲ့​ရ​သူ ဖြစ်​လေ​သည်။ [ဒုတိယ​ကမ္ဘာ​စစ်​မ​တိုင်​မီ တ​က​သ ဥက္ကဋ္ဌ​များ ၂] [၁]

ကိုး​ကား

ဖက်​ဆစ်တော်​လှန်​ရေး​နှင့် သခင်​ဗ​ဟိန်း၊ အောင်​မြင့်​ဦး (မဟာ​ဝိဇ္ဇာ)။ ၁ ၊ ၂​၀​၁​၂ တွင် ပြန်စစ်ပြီး။မေ ၂​၀​၁​၂ တွင် ပြန်စစ်ပြီး။

အိုး​ဝေ (၁​၉​၆​၀)။ ဒုတိယ​ကမ္ဘာ​စစ်​မ​တိုင်​မီ တ​က​သ ဥက္ကဌ​များ။ နှစ်လည်​စာစောင်၊။ zero width space character in |series= at position 8 (အကူအညီ); zero width space character in |last= at position 5 (အကူအညီ); zero width space character in |year= at position 2 (အကူအညီ); zero width space character in |title= at position 6 (အကူအညီ); |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)

  1. အိုး​ဝေ​မဂ္ဂဇင်း တွဲ ၁၊ အမှတ် ၁​၀ (၁​၉​၅​၉-၆​၀)စာ ၄​၁၊ ၄​၂။


ကိုးကား အမှား - <ref> tags exist for a group named "ဒုတိယ​ကမ္ဘာ​စစ်​မ​တိုင်​မီ တ​က​သ ဥက္ကဋ္ဌ​များ", but no corresponding <references group="ဒုတိယ​ကမ္ဘာ​စစ်​မ​တိုင်​မီ တ​က​သ ဥက္ကဋ္ဌ​များ"/> tag was found