ကရင်ဖြူလူမျိုး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"တောင်ပေါ်ကရင်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၁:၂၁၊ ၁၇ ဇူလိုင် ၂၀၁၄ ရက်နေ့က မူ

တောင်ပေါ်ကရင် တစ်မျိုး ဖြစ်ပြီး တောင်ငူခရိုင်ရှိ တောင်များတွင် အများဆုံး တွေ့ရသည်။ မြောက်ဘက် ရမည်းသင်းခရိုင်ရှိ တောင်များ နှင့် အရှေ့ဘက် ကယားပြည်နယ် အထိ ပျံ့နှံ့ နေထိုင်ကြသည်။ ပေါင်းလောင်းမြစ်ဝှမ်းရှိ လွယ်လုံ ဒေသ နှင့် ပျဉ်းမနား အရှေ့မြောက်ဘက် တောင်များတွင်လည်း တွေ့ရတတ်သည်။

ကရင်ဖြူ လူမျိုးတို့တွင် ဘွဲ ကရင်ကိုလည်း ထည့်သွင်းတတ်ကြသည်။ မဲပု ဟုလည်း ခေါ်ကြသည်။ အသွင်အပြင်မှာ တောင်သူနှင့် ပိုတူသည်။[၁]

ကိုးကား

  1. မောင်ပုဆိုးကြမ်း (၂၀၁၄)၊ တိုင်းရင်းသားလူမျိုးများ အဘိဓာန်၊ အလင်းသစ်စာပေ