ဘူးပင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q1277255 (translate me)
စာကြောင်း ၄၆ - စာကြောင်း ၄၆ -
Image:Bottle gourd seeds.jpg|ဗူးစေ့ခြောက်များ
Image:Bottle gourd seeds.jpg|ဗူးစေ့ခြောက်များ
Image:Lagenaria siceraria Clavata Group1SHSU.jpg|ဥယျာဉ်အတွင်းရှိ ဗူးပင်တစ်ပင်
Image:Lagenaria siceraria Clavata Group1SHSU.jpg|ဥယျာဉ်အတွင်းရှိ ဗူးပင်တစ်ပင်
File:Lagenaria siceraria var peregrina MHNT.BOT.2013.22.54.jpg|Lagenaria siceraria var peregrina <br> Museum specimen
Image:Gambia kora havard.jpg|တူရိယာတဖြစ်လဲ ဗူးသီး
Image:Gambia kora havard.jpg|တူရိယာတဖြစ်လဲ ဗူးသီး
Image:Calabash flower.jpg|ဗူးပွင့်
Image:Calabash flower.jpg|ဗူးပွင့်

၁၆:၄၈၊ ၁၃ ဒီဇင်ဘာ ၂၀၁၃ ရက်နေ့က မူ

ဗူးပင်
အင်္ဂလိပ်ဘာသာဖြင့်(Calabash)
/ Bottle Gourd
မျိုးရိုးခွဲခြားခြင်း
လောက:
အနွယ်ပင်
မျိုးပေါင်း:
Magnoliophyta
မျိုးရင်း:
Cucurbitaceae
မျိုးစု:
Cucurbitaceae
မျိုးစိတ်:
Lagenaria
မျိုးစိတ်သေး:
L. siceraria
ဒွိနာမ
Lagenaria siceraria or Lagenaria vulgaris

ဗူးပင်(Calabash) သည် လူတို့ စားသုံးရသော ဟင်းသီးဟင်းရွက်ပင် ဖြစ်၍ ရုက္ခဗေဒအလိုအားဖြင့် လဂျင်နေးရီးယား ဗာလဂါရစ်ဟု ခေါ်သည်။

ပေါက်ရောက်ရာဒေသ

အပူပိုင်းဒေသ အထူးသဖြင့် အတန်ငယ်ခြောက်သွေ့သော ဒေသတွင် စိုက်ပျိုးကြသည်။ ခြံဝင်းအနည်းငယ်ရှိသော အိမ်ယာများတွင် အိမ်တွင်းဟင်းခင်းအဖြစ် စင်ကလေးများ ထိုး၍ပင် စိုက်ပျိုးလေ့ ရှိကြသည်။

ကြန်အင်လက္ခဏာများ

ယင်းသည် နွယ်ပင်ဖြစ်၍ အကိုင်းအရွက်စသည်တို့၌ အမွေးနုကလေးများ ဖုံးနေသည်။ အသီးအနုတွင်လည်း အမွေးနုများ ပါရှိ၍ ရင့်လာသည်နှင့်တပြိုက်နက် အမွေးများ ပါးသွားသည်။ အရွက်သည် လက်ဝါးပုံ ကျယ်ပြန့်၍ နူးညံ့ထူထဲသည်။ အသီးသည် ပုလင်းပုံသဏ္ဍာန် အောက်ပိုင်းကား၍ လည်ဝကျဉ်းသည်။ အချို့ဗူးသီးသည် ပု၍ အချို့သည် ရှည်သည်။ ၂ ပေခန့်အထိ ရှည်သော ဗူးသီး ရှိသည်။ ဗူးပွင့်သည် အဖြူရောင်ဖြစ်၍ အချင်း ၂ လက်မခွဲခန့် ကျယ်သည်။

စားစရာတဖြစ်လဲ ဗူးသီး

ဗူးသီး၊ ဗူးရွက်၊ ဗူးညွန့်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ကြသည်။ ဗူးသီးအသားကို လှီး၍ ဆန့်မှုန့်၊ ပဲမှုန့်၊ ရွှေခြည်တို့ဖြင့် ကြော်သော ဗူးသီးကြော်သည် မြန်မာတို့၏ နာမည်ကျော် သရေစာတစ်မျိုး ဖြစ်သည်။ ဗူးသီးအသားကို လှီး၍ အခြောက်လှန်းပြီးနောက် ရာသီကုန်သည့်အခါ ယင်းကို ရေနွေးဖျော်၍ သုတ်စား ချက်စားကြသည်။ ဗူးသီး၊ ဗူးညွန့်၊ ဗူးရွက်တို့၏ အရသာသည် ချိုသည်။ နှုတ်ကို မြန်စေတတ်သည်။ ဓာတုရသကျမ်း အလိုအားဖြင့် ဗူးသီးသည် တောပင့်ကူ၏ အဆိပ်ကိုပင် လျင်စွာပယ်နိုင်သည်ဟု ဆိုသည်။ ဗူးသီးနှင့် ကျေးသား ရောစပ်၍ မစားသင့်ချေ။ အန္တရာယ်ဖြစ်စေတတ်သည်။

လူသုံးပစ္စည်းအဖြစ် အသုံးပြုပုံ

ဗူးသီးရင့်ရင့်ကို အတွင်းမှ အသားများ ခြစ်ထုတ်၍ ဗူးတောင်ခွံချည်း ကျန်သည့်အခါ အခြောက်လှန်းကာ ရေ၊ ထန်းရည် ထည့်၍ သယ်ယူရန် အသုံးပြုကြသည်။

ဓာတ်ပုံများ