ကုလားမျက်စိ: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး Bot: Migrating 8 interwiki links, now provided by Wikidata on d:q1377406 (translate me) |
|||
စာကြောင်း ၄၅ - | စာကြောင်း ၄၅ - | ||
File:Cardiospermum_halicacabum_08.jpg|Opened fruit showing seed arrangement |
File:Cardiospermum_halicacabum_08.jpg|Opened fruit showing seed arrangement |
||
File:Cardiospermum_halicacabum_09.jpg|Seeds |
File:Cardiospermum_halicacabum_09.jpg|Seeds |
||
File:Cardiospermum halicacabum MHNT.BOT.2009.13.7.jpg|Cardiospermum halicacabum - Museum specimen |
|||
</gallery> |
</gallery> |
||
== ကိုးကား == |
== ကိုးကား == |
||
<references/> |
<references/> |
၁၈:၅၉၊ ၂ အောက်တိုဘာ ၂၀၁၃ ရက်နေ့က မူ
ကုလားမျက်စိ | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
(unranked): | |
(unranked): | |
(unranked): | |
မျိုးစဉ်: | |
မျိုးရင်း: | |
မျိုးရင်းသေး: | |
မျိုးစု: | |
မျိုးစိတ်: | C. halicacabum
|
ဒွိနာမ | |
Cardiospermum halicacabum |
Balloon Vine Cherry (ကုလားမျက်စိ)
- Botany Term : Cardiospermum halicocabum Linn
- Species/Family : Sapindaceae
ပုံသဏ္ဌာန် : ပုံသဏ္ဍာန်-
အပင်
- တစ်နှစ်ခံအပင်နှင့် နှစ်နှစ်ခံပင်နှစ်မျိုးရှိသည်။ နှာမောင်းဖြင့် နွယ်တက်သည်။ အကိုင်းများသေးသွယ်၍ အစင်းများရှိသည်။ အမွေးပါးဖုံးလွှမ်းနေသည်။ သို့မဟုတ်အမွေးမဲ့၏။
အရွက်
- သုံးရွက်မြွှာပေါင်းဖြစ်၍ ရွက်လွှဲထွက်သည်။ အရွက် ၃ လက်မ ၄ လက်မ ရှည်၏။ ရွက်ညှာ ၁ လက်မခန့် ရှည်သည်။ ရွက်မြွှာများ လှံစွပ်ပုံရှိပြီး အဖျားအလွန်ချွန်၍ အောက်ခြေသို့ ရှူးသွား၏ ။ ရွက်နား လွှသွားဆန်၏။
အပွင့် -အဖြူရောင်သေးငယ်သည်။ အပြင်ဘက် ပွင့်ဖတ်ဝိုင်း၍ အဖျားချွန် ဘဲဥပုံ ဖြစ်သည်။ အတွင်းဘက် ပွင့်ဖတ်သည် အပြင်ဘက် ပွင့်ဖတ်ထက် ကြီးသည်။ ဝိုင်းသည်။ ပွင့်ချပ်ထိပ်ဘက် ဝိုင်း၏ ။ ဝတ်မှုန်ခံတိုင် အလွန်တိုသည်။
အသီး
- ထောင့် ၃ ထောင့် ရှိသည်။ ထောင့်များတွင် တောင်ပံရှိသည်။ အသီးရင့်မှည့်ပါက အက်ကွဲ၏ ။ အစေ့ ၃ စေ့ ရှိ၍ လုံးပြီး အနက်ရောင် ရှိသည်။ အပေါ်ပိုင်းတွင် အဖြူရောင် ရှိသည်။ နှလုံးပုံ အသားပိုပါသည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : ပဉ္စငါးပါး။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။သဘာ၀အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ : အာနိသင်
- မြန်မာဆေးကျမ်းများအလိုအရ ကုလားမျက်စိသည် ခါး၏။ ဆီးကို ရွှင်စေ၏ ၊ ညောင်းသော ရောဂါနှင့် သင့်၏။ သွေးကို လေးစေသည်။ ချွေးထွက်ခြင်းကြောင့် ဖြစ်သော ရောဂါများ ၊ ဆီးရောဂါများကို ပျောက်ကင်းစေ၏ ။ မြွေဆိပ်ကို ပယ်နိုင်၏ ။ အစာကြေ၍ နှုတ်မြိန်စေသည်။ အားကို တိုးစေသည်။
အသုံးပြုပုံ- ပဉ္စငါးပါး ၁။ကုလားမျက်စိပင်သည် အသက်ရှည်ဆေးအဖြစ် အလွန် ထင်ရှား၏။ ကုလားမျက်စိအညွန်များကို ပြုတ်တို့ခြင်းဖြင့် ဆီးရွှင် ဆီးကောင်းစေသည်။ ၂။ ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင် ကျို၍ အအေးခံပြီး သကြားထည့်သောက်ပါက ဆီးပူ ၊ ဆီးအောင့် ၊ ဆီးနည်း ၊ အသံဝင် ၊ အဖျား ၊ အညောင်းအကိုက် ရောဂါတို့ကို ပျောက်စေ၏။ ၃။ ပဉ္စငါးပါးကို ထန်းလျက်နှင့်ကျို၍ အအေးခံထားသောရေတွင် စမုန်မျိုးငါးပါးမှုန့် အဝတ်နှင့်ထုပ်စိမ်ထားပြီး ယင်းစိမ်ရေတွင် ဆားပုပ်အမှုန့်ထည့်၍ တစ်နေ့ ၃ ကြိမ်သောက်သော် ဆီးရောဂါအမျိုးမျိုး ၊ လေအောင့် အစာမကြေ ၊ မျက်စိရောဂါအမျိုးမျိုး ၊ နှလုံးရောဂါ ၊ သားအိမ်ရောဂါ ၊ဖောရောင် ညောင်းကိုက် ၊ မြင်းသရိုက်ရောဂါတို့ကို ပျောက်စေ၍ အားတိုးစေသည်။[၁]
ပုံများ
-
Flower-these are the plants blossoms
-
Unripe fruits
-
Opened fruit showing seed arrangement
-
Seeds
-
Cardiospermum halicacabum - Museum specimen