ဟားဘတ် ဟူးဗား: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး The file Image:USA.png has been removed, as it has been deleted by commons:User:Fastily: ''No license since 25 August 2013: you may re-upload, but please include a license tag''. ''Translate me!''
စာကြောင်း ၄၁ - စာကြောင်း ၄၁ -
|-
|-
|'''နိုင်ငံသား'''
|'''နိုင်ငံသား'''
|[[File:USA.png |25px ]] အမေရိကန် နိုင်ငံ
| အမေရိကန် နိုင်ငံ
|}
|}
= ဟားဘတ် ဟူးဗား (၁၈၇၄-၁၉၆၄) =
= ဟားဘတ် ဟူးဗား (၁၈၇၄-၁၉၆၄) =

၂၁:၃၁၊ ၄ စက်တင်ဘာ ၂၀၁၃ ရက်နေ့က မူ

ဟားဘတ် ဟူးဗား
Herbert Hoover


မွေးနေ့ ၁၀၊ ဩဂုတ်လ၊၁၈၇၄ခုနှစ်
မွေးရပ် ဝတ်စ်ဘရန့်ချ်မြို့အိုင်အိုဝါပြည်နယ်
ကွယ်လွန်နေ့ ၂၀၊ အောက်တိုဘာလ၊၁၉၆၄ခုနှစ်
ကွယ်လွန်ရပ် နယူးယောက်မြို့
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၃၁ဦးမြှောက်သမ္မတ
အလုပ်အကိုင် ထူးချွန်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးလုပ်ရှားမှု ၊ အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၄၊ မတ်၊ ၁၉၂၉- ၄၊ မတ်၊ ၁၉၃၃
ဒုတိယ သမ္မတ ချားလ်စ် ကာတိစ်
လွှဲအပ်သူ ခယ်လ်ဗင် ခူးလစ်ဂျ်
ဆက်ခံသူ ဖရန်ကလင် ဒီလာနို ရုစဗဲ့
နိုင်ငံသား အမေရိကန် နိုင်ငံ

ဟားဘတ် ဟူးဗား (၁၈၇၄-၁၉၆၄)

၃၁ဦးမြောက် အမေရိကန်သမ္မတ ဟားဘတ်ကလတ် ဟူးဗားအား ၁၈၇၄ခုနှစ်၊ ဩဂုတ်လ၊ ၁၀ရက်နေ့တွင် အိုင်အိုဝါပြည်နယ်၊ ဝတ်စ်ဘရန့်ချ်မြို့တွင်ဖွားမြင်သည်။ မိဘများမှာ ဂျက်ဆီကလတ်နှင့် ဟူးဒါးရန်း ဒေါ့မွန်သွန်း ဟူးဗားတို့ဖြစ်ကြသည်။ လူနီအင်ဒီယန်းနယ်မြေ(ယခု အိုကလာဟိုးမားပြည်နယ်) နှင့်အော်ရီဂွန်တို့တွင် ကြီးပြင်းခဲ့ပြီး ၁၈၉၅ခုနှစ်တွင် စတန်းဖို့ဒ်တက္ကသိုလ်မှ ဘူမိဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။ ထိုနောက် အမေရိကန် ဘူမိဗေဒအသင်းတွင် ခဏဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဩစတျေးလျ၊အာရှနှင့် ဥရောပတိုက်များတွင် လှည့်လည်ပြီး မိုင်းတွင်းအင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံရှိ နမ်မတူဘော်တွင်း သတ္တုတွင်းတွင်လည်း လာရောက်၍ လုပ်ကိုင်ဖူးသည်။ တရုတ်နိုင်ငံတွင် မိုင်းတွင်းအင်ဂျင်နီယာချုပ်အဖြစ် ရောက်ရှိစဉ်ကလည်း လက်သီးသူပုန်ထမှုကြီးဖြင့်လည်း ဆုံတွေ့ရဖူးသည်။ ထိုအရေးအခင်းတွင် ဒုက္ခသည်များအတွက် ရိက္ခာနှင့်ဆေးဝါးအသုံးအဆောင်များကို သယ်ယူရေးတွင်ပါဝင်ကူညီပေးခဲ့ဖူးသည်။ ထိုသို့ဖြင့် ထူးချွန်သည့် အင်ဂျင်နီယာအဖြစ်သာမက တက်ကြွသော လူသားချင်းစာနာသော လူမှုဝန်ထမ်းတစ်ဦးအဖြစ် လူသိများလာပြီးနောက် အမေရိကန်ကယ်ဆယ်ရေးကော်မတီ၏ လန်ဒန်အကြီးအကဲအဖြစ် (၁၉၁၄-၁၉၁၅)အတွင်းလည်းကောင်း၊ ဘယ်လ်ဂျီယမ်ရှိ အမေရိကန်ကယ်ဆယ်ရေးကော်မရှင်၏ အကြီးအကဲ (၁၉၁၅-၁၉၁၉)အဖြစ်လည်းကောင်း၊ အမေရိကန်စားနပ်ရိက္ခာအဖွဲ့အုပ်ချုပ်ရေးမှုး(၁၉၁၇-၁၉၁၉)အဖြစ်လည်းကောင်း၊ အမေရိကန်ကယ်ဆယ်ရေးဌာန အုပ်ချုပ်ရေးမှုး(၁၉၁၈-၁၉၂၃)အဖြစ်လည်းကောင်း တာဝန်များပေးအပ် ခြင်းခံရသည်။ သမ္မတဟာဒင်းနှင့် သမ်မတကူးလစ်ချ်တို့လက်ထက်များတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး သမိုင်းဆရာများအလိုအရ သမိုင်းတလျှောက်တွင် အထူးချွန်ဆုံး ကူးသန်းရောင်းဝယ်ရေးဝန်ကြီးလည်း ဖြစ်ပြန်သည်။ သမ္မတကူးလစ်ချ် အနားယူလျှင် ရီပါပလီကန်သမ္မတလောင်းအဖြစ် ၁၉၂၈ခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သည်။ သမ္မတသက်တမ်း အစပိုင်းအတွင်းတွင် ၁၉၂၉ခုနှစ် စီပွားပျက်ကပ်ကြီးကြောင့် အထိနာခဲ့ရပြီး ပြန်လည်ထူထောင်ရေးအစီအမံများကို အားသွန်ခွန်စိုက်ပြုလုပ်ခဲ့သည့်တိုင် ထိုဆိုးကျိုး၏ ရိုက်ခတ်မှုကြောင့် ၁၉၃၂ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပြိုင်ဖက်ဖြစ်သူ ဒီမိုကရက်တီပါတီ သမ္မတလောင်း ဖရန်ကလင် ဒီလာနို ရုစဗဲ့အား ရှုံးနှိမ့်ခဲ့ရသည်။

သမ္မတရာထူးမှ နုတ်ထွက်သည့်နောက်ပိုင်းတွင်လည်း ဟူးဗားအနေဖြင့် နိုင်ငံရေးလောကတွင် တက်ကြွစွာဆက်လက် လှုပ်ရှားခဲ့သည်။ ၁၉၄၆ခုနှစ် သမ်မတထရူးမင်းလက်ထက်တွင်လည်း ဥရောပစားနပ်ရိက္ခာအစီအစဉ်အတွက် ညှိနှိုင်းရေးမှုးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ၁၉၄၇-၁၉၄၉တွင် တစ်ကြိမ်၊ ၁၉၅၃-၁၉၅၅ခုနှစ်တွင် တစ်ကြိမ် Organization of the Executive Branch ကော်မရှင်၏ ဥက္ကဌဖြစ်ခဲ့သေးသည်။

၁၉၆၄ခုနှစ်၊ အောက်တိုဘာလ၊ ၂၀ရက်နေ့တွင် နယူးယောက်မြို့တွင် ကွယ်လွန်သည်။