ဝင်ရိုးစွန်းစူးစမ်းရှာဖွေခြင်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
အရေးမကြီး Bot: Migrating interwiki links, now provided by Wikidata on d:q7209082
စာကြောင်း ၁၉၇ - စာကြောင်း ၁၉၇ -
== ကိုးကား ==
== ကိုးကား ==
<references/>
<references/>

[[en:Polar exploration]]

၂၃:၁၃၊ ၁၆ ဩဂုတ် ၂၀၁၃ ရက်နေ့က မူ

ဝင်ရိုးစွန်းသို့ ။ ။ လူသူမရောက်ဘူးသေးသော ရေခဲအတိ ကန္တာရကြီးဖြစ်နေသည့် ဝင်ရိုးစွန်းဒေသများသို့ စွန့်စွန့်စားစား သွားရောက် ရှာဖွေခြင်းသည်ကား သာမန်လူသားတို့၏ စွမ်းဆောင်နိုင်မူမဟုတ်ဘဲ ရဲစွမ်း သတ္တိနှင့်ပြည့်စုံသူ ယောကျာ်းအာဇာနည်တို့၏ အလုပ်သာဖြစ်တော့သည်။ လူတို့၏ စွန့်စားမှုအမျိုးမျိုးတွင် ဤစွန့်စားမှုကို ထိပ်တန်းမှ စာရင်းတင် လောက်ပေသည်။ ခရစ်နှစ် ၈ဝဝ ကျော် ၉ဝဝ ခန့်က အဂ‡လန်ပြည့်ရှင် အဲလဖရက်ဘုရင်၏အဆွေတော် နော်ဝီဂျန်လူမျိုး အော့ တားဆိုသူလက် ထက်မှအစပြု၍ ဝင်းရိုးစွန်းဒေသများသို့ သွားရောက်ရှာဖွေမှုများ စခဲ့သည် ဟုဆိုသည်။

အော့တားသည် အာတိတ်စက်ဝိုင်းအတွင်းရှိ ပင်လယ်ဖြူကို ဦးစွာ ပထမတွေ့ရှိသူဖြစ်သည်။ အီရစ်ဆိုသူမှာ သူ့ထက်ပင်နှံ့စပ်သော နော်ဝီဂျန်လူ မျိုးတစ်ဦးဖြစ်၍ သူသည် ဂရင်းလန်းကျွန်းကြီးကို ၉၈၃ ခုနှစ်တွင် တွေ့ရှိခဲ့ လေသည်။ ထိုသတင်းများသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့သွားပြီးနောက် စွန့်စားလိုသူများ ပေါ်ထွက်လာကြတော့၏ ဂျာမနီ၊ 0x100သစတြီးယား၊ အီတလီ၊ နော်ဝေး၊ အဂ‡လန်၊ ပေါတူဂီ၊ အမေရိကန်၊ ရုရှ၊ ဆွီဒင်နိုင်ငံတို့မှ အသီး အသီးထွက်ပေါ်လာပြီးလျှင် အစိုးရကသော်လည်းကောင်း၊ တိုင်းသူပြည်သား များကသော်လည်းကောင်း စရိတ်ကြေးငွေ ထောက်ပံ့ကြလေသည်။ ထိုသို့ စွန့်စွားသွားရောက်ကြသူများစွာပေါ်ထွက်လာခဲ့ ကြသည့်အ နက် ထင်ရှားသူများအား အစဉ်အတိုင်းဖော်ပြရမည်ဆိုလျှင် အယ်လစ်ဇဗက် ဘုရင်မကြီးလက်ထက်၌ မာတင်ဖရိုးဗစ်ရှားဆိုသူသည် ဝင်ရိုးစွန်းဒေသများ သို့သွားရောက်စဉ် အမေရိကတိုက် အာတိသမုဒ္ဒရာဘက်တွင် ပင်လယ်အော် သစ်တစ်ခုကိုတွေ့ရှိခဲ့၍ ထိုပင်လယ်အော်ကို သူ၏အမည်ဖြင့် ဖရိုးဗစ်ရှား ပင်လယ်အော်ဟု ခေါ်တွင်စေခဲ့သည်။

ထို့နောက်တွင် ဒိန်းလူမျိုး ဗဲရင်း၊ အဂ‡လိပ်လူမျိုး ဒေးဗစ်ဗက်ဖင် နှင့် ဟင်နရီဟဒ်ဆန်တို့ဖြစ်ကြလေသည်။ ဟဒ်ဆန်သည် ဟဒ်ဆန်ပင်လယ်အော်ကိုတွေ့ရှိပြီးလျှင် အမည်ပေးခဲ့သူဖြစ် သည်။ ထိုအခါက မြောက်ဝင်ရိုးစွန်းအထိ ပေါက်ရောက်ခြင်းမရှိကြသေး သော်လည်း ဝင်ရိုးစွန်းအရပ်ဟုခေါ်သည့် အာတိတ်စက်ဝိုင်း ဒေသအတွင်းသို့ လည်းကောင်း၊ အနီးအနားသို့လည်းကောင်း ပေါက်ရောက်ခဲ့ကြလေပြီ။ သို့ ရာတွင် ဗဟုသုတနည်းပါးလျက် သိပ္ပံပညာမှာထွန်းကားခြင်း မရှိသေးသည့် ပြင် သဘေ‡ာများကိုလည်း သွားရမည့်ခရီးဒဏ်ကို ခံနိုင်ရည်ရှိအောင် တည် ဆောက်နိုင်ခြင်းမရှိသေးသဖြင့် အသွားအလာမှာအလွန်ခက်ခဲလေသည်။

ဤသို့ အခက်အခဲများကြားမှာပင် ကပ္ပတိန် ဂျွန်ရော့စ ဆိုသူ သည် ဗူးသိယကျွန်းဆွယ် အနောက်ဘက်ကမ်း၌ရှိသော မြောက်ဘက်သံ လိုက်ဝင်ရိုးစွန်းသို့ရောက်ရှိခဲ့လေသည်။ ထို့နောက် ဆာဂျွန်ဖရန်ကလင်သည် အနောက်မြောက်ဖြတ်လမ်းကိုရှာဖွေရန် သုံးနှစ်တိုင်တိုင် ဆင်းရဲဒုက္ခအမျိုးမျိုး နှင့်ရင်ဆိုင်ခဲ့ရပြီးနောက် ဗူးသိယန်ကမ်းခြေ၌ပင် သဘေ‡ာပျက်၍ ဇာတ်သိမ်း ခဲ့ရှာ၏။ ထို့နောက် ကပ္ပတိန်ရောဗတ်မက္ကလျူး ခေါင်းဆောင်သောအဖွဲ့ သည် ဗန့်ကုန်းမြေဒေသအနီးတွင် သဘေ‡ာပျက်၍ ရေခဲပြင်ပေါ်၌ မျောပါ သွားရာ နောက်တစ်သုတ်ရှာဖွေစွန့်စားသူများက ကယ်ဆယ်နိုင်ခဲ့သဖြင့် အသက်ချမ်းသာရာရပြီးလျှင် ၁၈၅၄ ခုနှစ်တွင် အဂ‡လန်သို့ ပြန်လည်ရောက် ရှိခဲ့၏။ သူသည် သဘေ‡ာခရီးစဉ်ဖြင့် မဟုတ်စေကာမူ အနောက်မြောက်ဖြတ် လမ်းကိုတွေ့ရှိခဲ့ကာ ရေခဲပြင်ပေါ်မှ တစ်စိတ်တစ်ဒေသအားဖြင့် ဖြတ်၍လာခဲ့ ကြရသဖြင့် သူ၏စွန့်စားမှုကိုချီးကျူးသည့်အနေဖြင့် ရွှေဒဂ‡ါးပေါင် ၁ဝယဝဝဝ နှင့်တကွ ဆာဘွဲ့ကို ချီးမြှင့်ခြင်းကိုခံခဲ့ရသည်။

ဤသည်တို့ကား ၁၉ ရာစုနှစ်အတွင်း စွန့်စားရှာဖွေမှုများဖြစ်လေ သည်။ ထို့နောက် ဥရောပတိုက် မြောက်ဘက်စွန်းနယ်များနှင့် ဆိုက်ဗီးရီး ယားနယ်များသို့ ရှာဖွေကြပြီးလျှင် စဗစ်ဗားဂျင်း၊ ဖရန့်ဂျိုးဇက်လန်၊ နိုဗယာ ဇင်းမလယားကျွန်းများ၏ မြေပုံကြမ်းများကို ရေးဆွဲနိုင်သည့်အခြေသို့ပင် ရောက်ရှိခဲ့၏။ မြောက်ဝင်ရိုးစွန်းသို့ရောက်ရန် စွန့်စားသူများအနက် ရှေးဦး စွာထင်ရှားသူမှာ နော်ဝီဂျန်လူမျိုး သိပ္ပံပညာရှင် ဖရစ်တယော့နန်းဆန်ဖြစ်၍ သူ၏အတ္ထုပ္ပတ္တိကိုမှတ်သားထိုက်ပေသည်။

ရေခဲတုံးများ ဖိည|ပ်ခြင်းခံနိုင်၍ ရေခဲပြင်နှင့်တွေ့က သဘေ‡ာကို အလိုအလျောက်ရေပေါ်သို့ ပေါ်တက်လာအောင် နည်းသစ်ထွင်၍ နန်းဆန် သည် သဘေ‡ာတစ်စင်းတည်ဆောက်ပြီးသော် ၁၈၉၃ ခုနှစ်တွင် ဆိုက်ဗီးရီး ယားပြည်၏ မြောက်ဘက်၌ရှိသော ရေခဲပြင်ဒေသသို့အဖော် ၁၃ ယောက်နှင့် အတူ ထွက်ခွာသွားရာ သုံးနှစ်တိုင်တိုင် ရေခဲထဲတွင်မျောပါလျက် ရှိခဲ့လေ သည်။ အာရှကမ်းခြေမှ အာတိတ်သမုဒ္ဒရာကိုဖြတ်၍ မျောပါလာသော သစ် တုံးများသည် နောက်ဆုံး၌ ဂရင်းလန်းကျွန်းနှင့်ဥရောပတိုက်အကြား မြောက် အတ္တလန္တိတိသမုဒ္ဒရာသို့ ရောက်လာသည်ကိုထောက်သဖြင့် မိမိသဘေ‡ာသည် လည်း မြောက်ဝင်ရိုးစွန်းသို့ရောက်သွားလိမ့်မည်ဟု ဒေါက်တာနန်းဆန် တွေး ဆချက်မှာ မှန်ကန်သောတွေးဆချက်ဖြစ်သော်လည်း သူတို့၏သဘေ‡ာသည် မြောက်ဝင်ရိုးစွန်းသို့ရောက်အောင် မျောပါ၍မသွားသဖြင့် ထင်ကြေးနှင့် မကိုက်ဘဲဖြစ်ခဲ့၏။ ထို့ကြောင့် ဒေါက်တာနန်းဆန်သည် သဘေ‡ာကိုထားခဲ့ ပြီးသော် အဖော်တစ်ယောက်ကိုခေါ်ကာ ဝင်ရိုးစွန်းကိုရှာဖွေရန် ထွက်ခွာသွား ရာ ဝင်ရိုးစွန်းသို့မရောက်သော်လည်း မြောက်လတ္တီတွဒ် ၈၆ ဒီဂရီ ၁၄မိနစ် အရပ်သို့တိုင်အောင်ရောက်ခဲ့လေသည်။

ထို့ထက် မိနစ် ၂ဝ ခန့်တိုး၍ မြောက်လတ္တီတွဒ် ၈၆ ဒီဂရီ ၃၄ မိနစ်သို့ရောက်ခဲ့သူများမှာ နောက်လေးနှစ်အကြာတွင်သွားရောက်သော အဗ ရုဇီးမြို့စား ခေါင်းဆောင်သည့် အီတာလျံလူမျိုးဖွဲ့ဖြစ်လေသည်။ မတွေ့မနေဟူသော ဇွဲဖြင့် ဆက်လက်ရှာဖွေကြသူများအနက် ဆွိလူမျိုး မီးပုံးပျံသမား အက်(စ)အေအန်ဒရီးဆိုသူ၏ အတ္ထုပ္ပတ္တိကလေးမှာ စိတ်ဝင်စားဖွယ်ကောင်းသည့်အပြင် သနားဖွယ်လည်းကောင်းလေသည်။ နန်း ဆန်သဘေ‡ာလွှင့်သွားပြီးနောက် လေးနှစ်မျှအကြာ ၁၈၉၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် သူသည် အဖော်နှစ်ယောက်နှင့်အတူ စပစ်ဗားဂျင်းကျွန်းမှ မြောက်ဝင်ရိုးစွန်းသို့မှန်းဆကာ မီးပုံးပျံဖြင့်တက်လေ၏။ သို့သော် ထိုလူစု၏ အကြောင်းကို နှစ်ပေါင်း ၃ဝ ကျော် ကြာမြင့်သည့်တိုင်အောင် မကြားရ တော့ဘဲ ၁၉၃ဝ ပြည့်နှစ်တွင်မှ ဝှိုက်ကျွန်းပေါ်မှ သူတို့၏ အရိုးစုအကြွင်းအ ကျန်များကို တွေ့ရလေတော့သည်။

ဇွဲကောင်းကောင်းကြိုးစားက နောက်ဆုံးတွင် အောင်မြင်ရမြဲဖြစ် သည့်အတိုင်း အမေရိကန်လူမျိုး ရောဗတ်ပီယားရီသည် ၁၈ နှစ်တိုင်တိုင် ကြိုးစားခဲ့ပြီးနောက် နောက်ဆုံးတွင် လိုအပ်သောပန်းတိုင်သို့ ကောင်းစွာ ရောက်ရှိခဲ့ပြီးလျှင် ၁၉ဝ၉ ခုနှစ်တွင် မိမိနေရင်းဌာနသို့ ပြန်နိုင်ခဲ့လေသည်။ သို့သော် အခြားအမေရိကန် တစ်ဦးဖြစ်သူ ဒေါက်တာအက်(ဖ)အေကွတ် ဆိုသူက မိမိသည်ပီယားရီထက် တစ်နှစ်ကျော် အလျင်စော၍ မြောက်ဝင်ရိုးစွန်းသို့ရောက်ခဲ့ကြောင်း ပြောဆိုလေသည်။ သို့ရာတွင် နောက်ဆုံး၌ ပီယားရီ၏ ရောက်ရှိခြင်းကိုသာ အသိအမှတ်ပြုကြလေသည်၊

တောင်ဝင်ရိုးစွန်းရှိရာ အန္တာတိတ်ဒေသကား ဥရောပတိုက်နှင့် များစွာကွာလှမ်းသည့်အပြင် ပြင်းထန်ဆိုးရွားလှသောရာသီဥတရှိခြင်းကြောင့် တစ်ကြောင်း၊ အလွန်မြင့်မားသောရေခဲတောင်တန်းကြီးများ ဝိုင်းရံကာဆီး လျက်ရှိခြင်းကြောင့်တစ်ကြောင်းကြောင့် တောင်ဝင်ရိုးစွန်းသို့ ရုတ်တရက် မရောက်နိုင်ဘဲရှိခဲ့၏။ ၁၇၇၂ ခုနှစ်မှစ၍ ရှာဖွေခဲ့ကြသော ကပ္ပတိန်ဂျိမ်း ကွတ်၊ ထို့နောက် အမေရိကန် ရေတပ်ဗိုလ်မှူးကြီး ချားဝီလကီ၊ ထို့နောက် ဆာဂျိမ်းရော့ စသောပုဂ္ဂိုလ်များ၏ စွန့်စားမှုကြောင့် အတော်အတန် ပေါက် ရောက်ခဲ့ကြပြီးလျှင် ၁၉ ရာစုနှစ် ကုန်လွန်သွားခဲ့လေသည်။ ထို့နောက် ၁၉ဝ၂ ခုနှစ်တွင် ဗြိတိသျှ ရေတပ်ဗိုလ်မှူးကြီး ရောဗတ်စကော့ဆိုသူသည် အန္တာတိတ်ကုန်းမြေဒေသပေါ်သို့ ရောက်ရှိခဲ့လေသည်။ ထိုဒေသ၌ အလွန် မြင့်မားသော တောင်ကြီးများနှင့် အံ့ဖွယ်ကောင်းလောက်သော ရေခဲမြစ်ကြီး များကိုတွေ့ခဲ့ရလေသည်။ နောက်ခုနစ်နှစ်မျှကြာပြန်သော် တောင်ဝင်ရိုးစွန်း နှင့် ၉၇ မိုင်မျှသာဝေးသော နေရာအထိ ဆာအားနက်ရှက်ကယ်လတန်သည် ပေါက်ရောက်ခဲ့လေသည်။

၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကပ္ပတိန် စကော့ သည် တောင်ဝင်ရိုးစွန်းသို့ အောင်မြင်စွာရောက်ရှိသွား၏။ ဤကားသူ၏ ဒုတိယအကြိမ်ထပ်မံကြိုးစားမှုဖြစ်၏။ သို့ရာတွင် နော်ဝီဂျန်လူမျိးအား မန် ဆင်ဆိုသူသည် မိမိထက် တစ်လအလျင်စော၍ ရောက်ရှိပြီးဖြစ်နေသည်ကို သိရှိရလေသည်။ ဝင်ရိုးစွန်းမှ သဘေ‡ာရှိရာသို့အပြန်၌ စကော့နှင့် သူ၏လူစု မှာတစ်ယောက်မကျန် သေကြေပျက်စီးကြလေသည်။ သို့ဖြင့် အားမန်ဆင် သည် တောင်ဝင်ရိုးစွန်းသို့ ရောက်သူအဖြစ်ဖြင့် ဂုဏ်ယူနိုင်လေတော့သည်။

တောင်ဝင်ရိုးစွန်းသို့ အားမန်ဆင်ရောက်ရှိပုံမှာ ကပ္ပတိန် နန်းဆန် မြောက်ဝင်ရိုးစွန်းသို့သွားစဉ်က အသုံးပြုခဲ့သော ဖရမ်းသဘေ‡ာဖြင့် ရော့ပင် လယ်ရှိ ဝေလငါးပင်လယ်အော်တွင် ဆောင်းခိုပြီးနောက် နွေဦးပေါက်သော အခါ ရိက္ခာထောက်စခန်း သုံးခုချထားကာ တောင်ဝင်ရိုးစွန်းကို ကာဆီး ထားသည့် ပေ ၁ဝယဝဝဝ ခန့်မြင့်သော ရေခဲကုန်းပြင်မြင့်ကြီးကို တက် ရောက်ကျော်လွှားပြီးလျှင် ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တောင်ဝင်ရိုးစွန်းသို့ ရောက်ရှိခဲ့လေသည်။ သုံးရက်ကြာမျှ တောင်ဝင်ရိုးစွန်း တွင် ကြည့်ရှုလေ့လာပြီးနောက် နေရင်းဌာနသို့ ပြန်နိုင်ခဲ့လေသည်။ ထို့နောက် ဝင်ရိုးစွန်းများသို့ သွားခြင်းသည် ခေတ်စား လျက်ပင် ရှိသေး၏။ ၁၉၂၆ ခုနှစ်၌ အမေရိကန်ရေတပ်အရာရှိ ရစ်ချတ်ဗတ်ဆိုသည် မေလ ၉ ရက်နေ့တွင် စပစ်ဗားဂျင်းကျွန်းမှ မြောက်ဝင်ရိုးစွန်းသို့ ပျံသန်းရာ တွင် အသွားအပြန် မိုင် ၁ယ၆ဝဝ ခန့်ရှိ၍ ၁၅ နာရီခွဲ အချိန်ကြာခဲ့၏။

ထို့နောက် သုံးရက်မျှအကြာတွင် အားမန်ဆင် သည် အီတာလျံလူမျိုးတစ်ဦးမောင်းနှင်သော လေသဘေ‡ာဖြင့် မြောက်ဝင်ရိုး စွန်းသို့ ပျံသန်းပြန်လေသည်။

ထို့နောက် ၁၉၂၈ ခုနှစ်တွင် ကပ္ပတိန်ဆာ ဟျူးဗတ်ဝီလကင် ဆိုသူသည် မြောက်ဝင်ရိုးစွန်းသို့ပျံသန်းခဲ့၏။ နိုဗိုင်သည် ၁၉၂၈ ခုနှစ်၊ မေ လ၌ မြောက်ဝင်ရိုးစွန်းသို့ရောက်ရှိခဲ့သော်လည်း အပြန်ခရီးတွင် လေသဘေ‡ာ ပျက်၍ လူရှစ်ယောက်သေကြေပျက်စီးရ၏။ အားမန်ဆင်နှင့် အဖော်ငါး ယောက်တို့သည် ထိုသူများအားလိုက်၍ကယ်ဆယ်ရာတွင် သေ ဆုံးပျက်စီးရ ပြန်လေသည်။

ယခုအခါတွင် ဥရောပတိုက်မှ အရှေ့နိုင်ငံများသို့ လမ်းရိုးလမ်းစဉ် အတိုင်း ပနားမားတူးမြောင်း သို့မဟုတ် ဆူးအက် တူးမြောင်းများကိုဖြတ် ကာ ကျယ်ဝန်းသော သမုဒ္ဒရာကြီးများကိုကျော်၍ သွားကြရလေသည်။ အကယ်၍ လေယာဉ်ဖြင့် ကမ္ဘာ့ထိပ်ဖျား မြောက်ဝင်ရိုးစွန်းကို ကျော်၍သွား နိုင်လျှင် လမ်းသည် များစွာတို၍သွားပေမည်။

လေယာဉ်ပျံတစ်စင်းသည် ဂရင်းလန်းနှင့် စပစ်ဗားဂျင်းကျွန်းအ ကြားမှ မြောက်ဝင်ရိုးစွန်းပေါ်သို့ ဖြတ်ပြီးနောက် ဗဲရင်းရေလက်ကြားကို ကျော်၍ တောင်ဘက်သို့ပျံလိုက်လျှင် ဂျပန်၊ တရုတ် စသောနိုင်ငံများသို့ အချိန်သက်သာစွာနှင့် ရောက်ပေမည်။ ဥရောပတိုက်အနောက်ဖျားသည် ဤ သို့ဖြင့် အရှေ့ပိုင်းနိုင်ငံများနှင့် ပို၍နီးကပ်လာပေမည်။ ဤသို့ ဖြတ်လမ်းများ ကိုတွေ့ရှိမှုသည် အချိန်တိုခြင်း၊ စရိတ်ကုန်သက်သာခြင်း၊ တစ် နိုင်ငံနှင့်တစ် နိုင်ငံ ကူးလူးဆက်ဆံရန်ပို၍လွယ်ကူခြင်း စသည်တို့ကြောင့်လည်း လူ့အ သက်နှင့် စရိတ်ကြေးငွေကို ပဓာနမထားဘဲ ဤမျှလောက် အားတက်သရော သွားရောက်ရှာဖွေကြခြင်းဖြစ်လေသည်။ ယခုအခါ မြောက်ဝင်ရိုးစွန်းကို ဖြတ်ကျော်သည့် လေယာဉ်လမ်းကို အသုံးပြုနေကြပြီဖြစ်၏။ ဆာဟျူးဗတ်ဝီလကင်သည် ၁၉၂၈ ခုနှစ်မှ ၁၉၃ဝ ပြည့်နှစ် အတွင်း မြောက်ဝင်ရိုးစွန်းကိုစုံစမ်းရာမှ တောင်ဝင်ရိုးစွန်းဘက်သို့ ပြောင်းရွှေ့ စုံစမ်းပြန်ရာ လေယာဉ်ပျံနှင့်ပျံသန်းရာတွင် ကမ်းခြေသစ်မိုင် ၃ဝဝ ကို တွေ့ ခဲ့လေသည်။ ထိုနည်းအတူ နော်ဝေးနိုင်ငံနှင့် 0x100သစတြေသျှတိုက်တို့မှလည်း စွန့်စားရှာဖွေသူများသည် လေယာဉ်ပျံများဖြင့် ပျံသန်းကာ လူသူမရောက် သေးသောထိုဒေသများမှ နယ်သစ်များတွေ့ရှိကာ မိမိတို့နိုင်ငံအတွက် အသီး အသီး သတ်မှတ်နိုင်ခဲ့ကြလေသည်။

အန္တာတိတ်ဒေသရှာဖွေမှုများမှာ ၁၉၂၈ ခုနှစ်မှစ၍ ရှေးကထက် တိုးတက်လာပြီးလျှင် အမေရိကန်ရေတပ်ဗိုလ်ချုပ်တစ်ဦးဖြစ်သော ရစ်ချတ် ဗတ်ဆိုသူသည် ပေါင်နှစ်သိန်းကျော်အကုန်ခံကာ နှစ်နှစ်တိုင်တိုင် စူးစမ်းရှာ ဖွေခဲ့၏။ ၁၉၂၉ ခုနှစ် နိုဝင်ဘာလ၌ အဖော်သုံးဦးနှင့်အတူ တောင်ဝင်ရိုး စွန်းဒေသပေါ်သို့ လေယာဉ်ပျံဖြင့် မိုင်ပေါင်း ၁၆ဝဝ ခန့်ခရီးကို ၁၉နာရီနှင့် ပျံသန်းခဲ့၏။ သို့ဖြင့် ထိုဒေသ၏မြေပုံအကြမ်းကို ရေးဆွဲနိုင်ပြီးလျှင် အမေရိ ကန်နိုင်ငံအတွက် စတုရန်းမိုင် တစ်သိန်းခွဲခန့်ရှိ နယ်ပယ်သစ်များကို သိမ်းသွင်းနိုင်ခဲ့လေသည်။

ကနေဒါနိုင်ငံက မိမိ၏နိုင်ငံ မြောက်ဖက်ကမ်းခြေနှင့် ဝင်ရိုးစွန်း အတွင်းရှိကုန်းမြေအားလုံးကို မိမိပိုင်ဆိုင်ကြောင်းနှင့် အခိုင်အမာ ကြေညာခဲ့ ၏။ အမေရိကန်ပြည်ထောင်စု၊ ဒိန်းမတ်၊ နော်ဝေးနိုင်ငံတို့ကလည်း ကျယ်ဝန်းသောဒေသ အသီးအသီးကို မိမိတို့ပိုင်ဟုကြေညာကြ၏။ ဤသည် တို့အနက် ရုရှနိုင်ငံ၏ပိုင်နက်မှာ အကျယ်ဝန်းဆုံးဖြစ်သည်ကို တွေ့ရလေ သည်။

၁၉၃၇ ခုနှစ်ကပင် ရုရှားလူမျိုးတစ်စုသည် မြောက်ဝင်ရိုးစွန်းအနီး တွင် ဝိုင်ယာလက်စကားပြောစက် စခန်းတစ်ခုကိုဖွင့်လှစ်ခဲ့လေသည်။ သို့ဖြင့် အာတိတ်သမုဒ္ဒရာ ကမ်းခြေတစ်ဝိုက်သည် ကူးသန်းရောင်းဝယ်ရေး အမြင် ဖြင့်လည်းကောင်း၊ စစ်ပရိယာယ်အမြင်ဖြင့်လည်းကောင်း၊ ဗဟုသုတဆိုင်ရာ သုတေသနလုပ်ငန်းအမြင်ဖြင့်လည်းကောင်း၊ ကမ္ဘာပေါ်တွင် အရေးကြီးဆုံးဒေ သများအနက် တစ်ခုအပါအဝင်ဖြစ်လာခဲ့လေသည်။ ထို့ကြောင့်လည်း နိုင်ငံ အတွက် စွန့်စားရှာဖွေသူ အာဇာနည်သူရဲကောင်းများသည် မိမိတို့၏အသက် ကိုပဓာနမထားကြဘဲ ထိထိရောက်ရောက်သွားရောက် ရှာဖွေကြခြင်းဖြစ်လေ သည်။

[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)