ဗိုလ်ချုပ်အောင်ဆန်းပြတိုက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
Replaced content with "{{stub}}"
စာကြောင်း ၁ - စာကြောင်း ၁ -
{{stub}}
{{stub}}
ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)သည်မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အမှတ်(၂၂)၊ ဦးပိုင်အမှတ်(၄၈) ပေါ်တွင်ရှိပြီး ပြတိုက်ဝန်း အကျယ်မှာ အရှေ့- အနောက် ၁၅၀ ပေ၊ တောင်-မြောက် ၂၂၀ ပေ ရှိပါသည်။ နေအိမ်ပြတိုက် အကျယ်မှာ ၄၅ ပေ × ၃၆ ပေ ရှိပြီး သွပ်နှင့်ဝါးသက်ကယ်မိုး၊ သစ်တိုင်ပျဉ်ကာ ၂ ထပ်အိမ် ဖြစ်သည်။
လက်ရှိနေအိမ်နေရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဖခင် ဦးဖာ၊ ဒေါ်စု လက်ထက် ကတည်းကပင် ဆောက်လုပ်နေထိုင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ၁၄ နှစ်သားအထိ နတ်မောက်မြို့၊ ဒီပင်္ကရာကျောင်းတိုက် ဆရာတော်ဦးသောဘိတကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ဗိုလ်ချုပ် အသက် ၁၄ နှစ်တွင် အစ်ကိုဖြစ်သူ ဦးဘဝင်းမှ ရေနံချောင်းမြို့၊ အမျိုးသားအထက်တန်းကျောင်းသို့ ခေါ်ယူ ပညာသင်ကြားပေးသည့် ၁၉၂၉ ခုနှစ်အထိ ယင်းနေအိမ်တွင် နေထိုင်ခဲ့ပါသည်။ မိခင်ဖြစ်သူ ဒေါ်စုကွယ်လွန်ပြီး ၁၉၄၉ ခုနှစ်နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုဖြစ်သူ ဦးနေအောင် မိသားစုက ဆက်လက်နေထိုင်ခဲ့သည်။ ၁၉၇၀ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ဦးနေအောင် ကွယ်လွန်ပြီးနောက် သားဖြစ်သူ ဦးအောင်မြင့်သိန်းက ဆက်လက်နေထိုင်ခဲ့ပါသည်။၁၉၇၃ ခုနှစ်တွင် ဗိုလ်ချုပ်၏အစ်ကို ဦးအောင်သန်း၊ ဦးဘဝင်း၏ဇနီး ဒေါ်ခင်စော၊ ဗိုလ်ချုပ်၏ဇနီးဒေါ်ခင်ကြည်တို့က အဆိုပါနေအိမ်ကြီးအား နိုင်ငံတော်သို့လှူဒါန်းရန် တိုက်တွန်း ခဲ့ကြသဖြင့် ဦးအောင်မြင့်သိန်းက အရင်းနှီးဆုံး မိသားစုဝင်တစ်ဦးအနေဖြင့် ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့တွင် လှူဒါန်းခဲ့ရာ ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းခဲ့ပါသည်။၁၉၇၄ ခုနှစ်၊ ဧပြီလ(၈)ရက်နေ့တွင် နတ်မောက်တစ်မြို့လုံး မီးလောင်ခဲ့ရာ အဆိုပါ အိမ်လည်း မီးလောင်ကျွမ်းခဲ့ပါသည်။ မီးလောင်ကျွမ်းပြီးနောက် ရပ်ကွက်အတွင်း နေအိမ်များအား ပြန်လည်နေရာချထားရာတွင် ဗိုလ်ချုပ်၏ ဆွေမျိုးများက ယင်းတို့မြေကွက်များကို ပြန်မယူတော့ဘဲ နိုင်ငံတော်သို့လှူဒါန်းလိုက်သဖြင့် လက်ရှိအကျယ်အဝန်းအတိုင်း ဖြစ်လာပါသည်။ ၁၉၇၅ ခုနှစ်တွင် နတ်မောက်မြို့နယ် ပြည်သူ့ဆောက်လုပ်ရေးဌာနမှ ပုံစံတူပြန်လည်ဆောက်လုပ်ပေးခဲ့ရာ ၁၉၈၃ ခုနှစ်တွင် ပြီးစီးခဲ့ပြီး မြို့နယ်ပြည်သူ့ကောင်စီသို့ လွှဲပြောင်းပေးခဲ့ပါသည်။ မြို့နယ်ပြည်သူ့ကောင်စီမှ တစ်ဆင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန် ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါသည်။ ၁၉၈၃ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် အဖြစ် ဖွင့်လှစ်ခဲ့ပါသည်။ အခြားယဉ်ကျေးမှုပြတိုက်များနည်းတူ တနင်္လာနေ့၊နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် အများပြည်သူအား နေ့စဉ်ပုံမှန် ပြန်လည်ဖွင့်လှစ် ပြသလျက်ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁)ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ အမှတ်(၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနလက်အောက်ရှိ အထိမ်းအမှတ်ပြတိုက်တစ်ခုဖြစ်ပါသည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်သည် (၁-၁-၁၉၆၀) ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက် ၏အုပ်ချုပ်မှု လက်အောက်သို့ရောက်ရှိပြီး (၁၉-၇-၁၉၆၂)နေ့မှစ၍ အထိမ်းအမှတ်ပြတိုက် တစ်ခုအဖြစ် အာဇာနည်နေ့များတွင်ရက်သတ္တပတ်အထူးပြပွဲအဖြစ်ပြသခဲ့ပါသည်။ယခုအခါ တနင်္လာနေ့နှင့်ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် နေ့စဉ်ဖွင့်လှစ်ပြသပါသည်။

၀၄:၄၃၊ ၃၁ မေ ၂၀၁၃ ရက်နေ့က မူ