သန်းစိန်၊ ဦး၊ သီရိပျံချီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာကြောင်း ၈၃ - စာကြောင်း ၈၃ -
:(ဂ) [[မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာပုညကုသလအသင်း]] (ဘီဘီအမ်အေ)
:(ဂ) [[မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာပုညကုသလအသင်း]] (ဘီဘီအမ်အေ)
:(ဃ) ရာမခရစ်ရှနားဘုရားကျောင်းအဖွဲ့ (အာရ်အမ်အက်စ်) တို့ဖြစ်သည်။
:(ဃ) ရာမခရစ်ရှနားဘုရားကျောင်းအဖွဲ့ (အာရ်အမ်အက်စ်) တို့ဖြစ်သည်။



== နိုင်ငံခြားခရီးစဉ်များ ==
== နိုင်ငံခြားခရီးစဉ်များ ==

၁၃:၂၃၊ ၈ မေ ၂၀၁၃ ရက်နေ့က မူ

ဒီဇင်ဘာလ ၂၂ ရက် ၁၉၁၁ - ဩဂုတ်လ ၈ ရက် ၁၉၉၉
{{{အမည်(မြန်မာအက္ခရာ)}}}
သီရိပျံချီဦးသန်းစိန်၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)
ကိုယ်ရေး အချက်အလက်
အမည်ရင်း သန်းစိန်
မွေးရက် ဒီဇင်ဘာလ ၂၂ ရက် ၁၉၁၁
မိဘများ ဦးဘမောင် နှင့် ဒေါ်မြ
လူမျိုး ဗမာ
နိုင်ငံသား မြန်မာ
ဘာသာ ဗုဒ္ဓဘာသာ
ကြင်ဖော် ဒေါ်သိန်းနှစ် (၁၉၅၆ ကွယ်လွန်)
ကွယ်လွန်ရက် ဩဂုတ်လ ၈ ရက် ၁၉၉၉


သီရိပျံချီဦးသန်းစိန်သည် ရန်ကုန်မြို့ ပုဇွန်တောင်ရပ်နေ အဖ ဦးဘမောင်နှင့် အမိ ဒေါ်မြတို့မှ ၁၉၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် (၁၂၇၃ ခုနှစ် ပြာသိုလဆန်း ၃ ရက်) သောကြာနေ့တွင် မွေးဖွားသော တဦးတည်းသော သားဖြစ်သည်။ ငယ်စဉ်ကပင် မိဘနှစ်ပါးလုံး ကွယ်လွန်သွားကြသဖြင့် အဒေါ် ၃ ယောက်၏ အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းခဲ့သည်။

အခြေခံပညာကို ရန်ကုန်မြို့ ဗိုလ်တထောင်ရပ်ရှိ ခရစ်ယာန်သာသနာပြု စိန့်ဗားနဘတ်(စ)ကျောင်းတွင် စတင်သင်ကြားခဲ့သည်။ ထိုကျောင်း၌ ၄ တန်း တက်နေစဉ် ဖြစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားများသပိတ်တွင် ပါဝင်ခဲ့သည်။ ထို့နောက် ပုဇွန်တောင်ရပ် ဆားလမ်း ဘုန်းတော်ကြီးတိုက်တွင် အမျိုးသားပညာရေးကောင်စီက စတင်ကြီးမှူး ဖွင့်လှစ်သော အမျိုးသား (နေရှင်နယ်) ကျောင်းတွင် ဆက်လက် ပညာသင်ခဲ့သည်။ ထိုမှတဖန် ရန်ကုန် မက်သဒစ်အထက်တန်းကျောင်း၌ အင်္ဂလိပ် မြန်မာ ၁၀ တန်းအထိ ပညာသင်ကြားနေစဉ်၊ အိန္ဒိယနိုင်ငံ အထောက်အကူတပ်၏ ရန်ကုန်တပ်ရင်း (The Rangoon Battalion, Auxiliary Force, India) တွင် အပျော်တမ်း ပါဝင်ခဲ့သည်။

ငယ်ရွယ်စဉ်အချိန်မှစ၍ မြန်မာ့လွတ်လပ်ရေးနှင့် ဗုဒ္ဓသာသနာတော်ရေးအတွက် မနားမနေ ကြိုးပမ်း ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံတော်က လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)နှင့် သီရိပျံချီ ဘွဲ့တံဆိပ်များဖြင့်လည်းကောင်း၊ ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူလျာဒက်က ဆင်ဖြူရှင်ဘွဲ့တံဆိပ်တော်ဖြင့်လည်းကောင်း ချီးမြှင့်ဂုဏ်ပြုခဲ့သည်။ ဦးနေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ပေးအပ်ခဲ့သော နိုင်ငံ့ဂုဏ်ရည် ဘွဲ့ကိုမူ အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့သည်။


နိုင်ငံရေးဆောင်ရွက်ချက်များ အကျဉ်းချုပ်

  • ၁၉၂၀ ခုနှစ် (အသက် ၉ နှစ်အရွယ်) တွင် ဖြစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၏ ပထမကျောင်းသားသပိတ်တွင် အားပေး ပါဝင်ခဲ့သည်။
  • ၁၉၃၁ ခုနှစ် ဒိုင်အာခီ - ဟုမ္မရူး (ဝံသာနု) ခေတ်မှစ၍ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ရာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေးအရေးတော်ပုံကြီးတလျောက် တို့ဗမာအစည်းအရုံးဗမာ့ထွက်ရပ်ဂိုဏ်းပြည်သူ့အရေးတော်ပုံ ပါတီ (နောင် ဗမာပြည်ဆိုရှယ်လစ်ပါတီ)၊ ဖက်ဆစ်တော်လှန်ရေး၊ မြေပေါ် မြေအောက် လှုပ်ရှားမှုကြီးများတွင် ထက်မြက်စွန့်စား ပါဝင်ဆောင်ရွက်ခဲ့သည်။
  • ၁၉၄၆-၄၇ ခုနှစ်တွင် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၊ ဒု-ဥက္ကဌ သခင်နု ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည်။
  • ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက် ရန်ကုန်ခရိုင် ဖဆပလအဖွဲ့ချုပ် အတွင်းရေးမှူး၊ ဗမာပြည်ဆိုရှယ်လစ်ပါတီဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ရန်ကုန်ခရိုင် ပါတီအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
  • ၁၉၅၂ ခုနှစ် ပါတီရွေးကောက်ပွဲနှင့် ၁၉၅၆ ခုနှစ် ပါလီမန်ရွေးကောက်ပွဲများတွင် ဟံသာဝတီခရိုင် တွံတေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး အမျိုးသားစီမံကိန်းဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနများတွင် ပါလီမန်အတွင်းဝန်အဖြစ် တာဝန်ပေးအပ်ခံရသည်။
  • ၁၉၅၈ ခုနှစ် သန့်ရှင်းဖဆပလ အဖွဲ့ချုပ် အလုပ်အမှုဆောင်၊ ၁၉၆၀ ခုနှစ် သိမ်ဖြူမဲဆန္ဒနယ် သန့်ရှင်းဖဆပလ (နောင် ပြည်ထောင်စုပါတီ) အမတ်အဖြစ် ရွေးကောက် တင်မြှေက်ခံရသည်။
  • ၁၉၆၀ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ သိမ်ဖြူအရှေ့ပိုင်းမဲဆန္ဒနယ် (တာ​မွေမြို့နယ်နှင့် ရန်ကင်းမြို့နယ်) မှ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး၊ ပြည်သူ့လွှတ်တော် ဆော်ဩရေးမှူးချုပ်နှင့် သာသနာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။
  • ၁၉၆၂-၆၃ ခုနှစ်များတွင် တကြိမ်၊ ၁၉၆၇ ခုနှစ်တွင် တကြိမ်၊ နှစ်ကြိမ်တိုင် နိုင်ငံရေးအကျဉ်းသားအဖြစ် ထိန်းသိမ်းခံရသည်။
  • ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ဦးနု ခေါင်းဆောင်သော စင်ပြိုင်အစိုးရ အဖွဲ့ဝင်အဖြစ် ပုဒ်မ ၁၀(ခ) ဖြင့် နေအိမ်၌တားဆီးမိန့် (အကျယ်ချုပ်) ထုတ်ပြန်ခံရပြီး ၁၉၉၂ ခုနှစ် ဧပြီလ ၂၅ ရက်တွင် တားဆီးခံရမှုမှ လွတ်မြောက်သည်။
  • တားဆီးခံရမှုမှ လွတ်မြောက်ချိန်မှစ၍ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင် ဦးဆောင်သည့် ဝါရင့်နိုင်ငံရေး ပုဂ္ဂိုလ်ကြီး ၂၃ ဦးအစုတွင် တက်ကြွစွာ ပါဝင်လျက် အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ကွယ်လွန်ချိန်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။


ဗုဒ္ဓသာသနာရေးဆောင်ရွက်ချက်များ အကျဉ်းချုပ်

  • ၁၉၃၀ ခုနှစ် မေလ ၅ ရက် ငလျင်ကြောင့် ရွှေတိဂုံစေတီတော် ပိန္နဲတိုင် ကျိုးခဲ့ရာ ရန်ကုန်တမြို့လုံးရှိ ဘာသာရေး၊ သာသနာရေးအသင်းအဖွဲ့စုံ စုပေါင်း ဖွဲ့စည်းခဲ့သည့် ရွှေတိဂုံစေတီတော် စောင့်ရှောက်ရေးအဖွဲ့ကြီး အကျိုးဆောင်အတွင်းရေးမှူးအဖြစ် ၁၉ နှစ်သားအရွယ်တွင် ဆောင်ရွက်၍ စေတီတော်ကြီး ပိန္နဲတိုင်အပါအဝင် ဘက်စုံ မွမ်းမံ ပြုပြင် တည်ဆောက်မှုများ ပြုခဲ့သည်။
  • ၁၉၅၀ ခုနှစ်တွင် နောင်အခါ သီရိမင်္ဂလာကမ္ဘာအေးစေတီ တည်ထား ကိုးကွယ်ရာနှင့် ဆဋ္ဌသင်္ဂါယနာတင် မဟာပါသနလှိုဏ်ဂူတော်ကြီး တည်ထားရာ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေကို ဝန်ကြီးချုပ်ဦးနု၏ တာဝန်ပေးချက်အရ နေရာရှာဖွေသည့်အဆင့်မှ စေတီတော် ပန္နက်ချခြင်းအလယ်၊ လှိုဏ်ဂူတော်ကြီး တည်ဆောက် ပြီးစီးသည့် အဆုံးတိုင် ကိုယ်ရောစိတ်ပါ မြှုပ်နှံပါဝင် ဆောင်ရွက်ခဲ့သည်။
  • သီရိမင်္ဂလာကမ္ဘာအေးစေတီ ဂေါပကအဖွဲ့တွင် ဆယ်စုနှစ်များစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။
  • ၁၉၅၅ ခုနှစ်တွင် တရုတ်ပြည် ပီကင်းမြို့မှ ရန်ကုန်မြို့သို့ ဗုဒ္ဓဘာသာဝင်များ ဖူးမျှော် ကြည်ညိုနိုင်ရေးအတွက် ဗုဒ္ဓမြတ်စွာ အံတော်ကို တာဝန်ယူ ပင့်ဆောင်ခဲ့သည်။
  • ၁၉၅၆ ခုနှစ် ဝန်ကြီးချုပ် ဦးနု ပဓာနဒါယကာအဖြစ် ကြီးမှူး ဆောင်ရွက်ခဲ့သည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးနှင့် သာသနာနှစ် ၂၅၀၀ ပြည့် အထိမ်းအမှတ် အောင်ပွဲသဘင်ကြီးကို ၁၉၅၆ ခုနှစ် မေလ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ရာ အောင်ပွဲကျင်းပရေး ဗဟိုအဖွဲ့အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။
  • ၁၉၆၀ ခုနှစ် နိုင်ငံတော်အစိုးရက ဖွဲ့စည်းတာဝန်အပ်နှင်းခဲ့သော ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော်ဘာသာ၊ သာသနာအဖြစ် သတ်မှတ်ရေးဆိုင်ရာ အကြံပေးအဖွဲ့၏ အတွင်းရေးမှူး (၁) အဖြစ် အစီရင်ခံစာ အပြည့်အစုံ တင်ပြနိုင်သည်အထိ ဆောင်ရွက်ခဲ့သည်။
  • ၁၉၈၀ ခုနှစ်တွင် ဥက္ကဌကြီး ဦးနု ဦးဆောင်၍ ဩဂုတ်လ ၂၀ ရက်တွင် ဖွဲ့စည်းခဲ့သော ပိဋကတ်ဘာသာပြန်အဖွဲ့တွင် အမှုဆောင်အဖြစ် တက်ကြွစွာ ပါဝင်ခဲ့သည်။
  • လွတ်လပ်ရေးအကြိုကာလ ၁၉ နှစ်သားအရွယ်မှ ကွယ်လွန်ချိန်အထိ အကျိုးတော်ဆောင်၊ ဥက္ကဌ၊ နာယက စသည့် ထိပ်တန်း တာဝန်ကြီးများ၌ ရွေးကောက် တင်မြှောက် တာဝန်ပေးအပ်ခံရသည့် ဘာသာရေးအဖွဲ့အစည်းများမှာ -
(က) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ် (အေဘီဘီအေ)
(ခ) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ)
(ဂ) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာပုညကုသလအသင်း (ဘီဘီအမ်အေ)
(ဃ) ရာမခရစ်ရှနားဘုရားကျောင်းအဖွဲ့ (အာရ်အမ်အက်စ်) တို့ဖြစ်သည်။

နိုင်ငံခြားခရီးစဉ်များ


အလှူစာရင်း

၁။ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာမှန် ပြည်နိဗ္ဗာန်သို့ ရောက်ကြရန် ရည်စူးလျက် အထူးထူးသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ဆည်းပူးခဲ့ကြရာဝယ် ဗုဒ္ဓပဋိဗိမ္ဗ ရုပ်ပွားတော်မြတ်အသီးသီးကို အကြိမ်ကြိမ် အနေကဇာတင်ရာတွင် စပ်ဆိုင်ရာ ကုသိုလ်တို့ကို ပူဇော်လှူဒါန်းသည့် ဗုဒ္ဓာဘိသေကာယတ္တသိသေသဒါန။ ၂။ တွံတေးမြို့နယ် မငေးရွာ- ရွာဦးစေတီတော်တွင် တန်ဆောင်း ဆောက်လှူသည့် မာဠဒါန။ ၃။ သံယာတော်အရှင်မြတ်တို့အား အကျိုးငါးပါး ထူးခြားစွာ ရရှိနိုင်စေရန် ကထိန်သင်္ကန်းလှူဒါန်းသည့် ကထိနဒါန။ ၄။ ပိဋကတ္တယဆေက၊ လဇ္ဇီပေသလ၊ သိက္ခါကာမ ဖြစ်တော်မူသော တွံတေးမြို့နယ် မငေးဂိုဏ်းအုပ် ဆရာတော်ဘုရားကြီး ဒုတိယအကြိမ် ဥပသမ္ပဒကံဆောင်ရာတွင် ဒါယကာခံယူ လှူဒါန်းသည့် ဥပသမ္ပဒါနုဂ္ဂဟ သာသနဒါယဇ္ဇဒါန။ ၅။ ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘဟု ဗုဒ္ဓမိန့်ကြား မြတ်စကားကို မှတ်သားလိုက်နာသောအားဖြင့် ဆွေမျိုးသားချင်း ၂ ဦးကို ရဟန်းဘောင်သို့ရောက်အောင် ချီးမြှင့်လှူဒါန်းသည့် ဥပသမ္ဗဒါနဂ္ဂဟဒါန။ ၆။ ပဌမအကြိမ် ပရပုတ္တ ကိတိ္တမ သားရတနာ ၅ ဦးတို့ကို၎င်း၊ ဒုတိယအကြိမ် ဆွေမျိုးသားချင်း ၇ ဦး တို့ကို၎င်း၊ တတိယအကြိမ် ဆွေမျိုးသားချင်း ၁ ဦး တို့ကို၎င်း၊ စတုတ္တအကြိမ် မြေးချစ်ရတနာ ၇ ဦးကို၎င်း မြင့်မြတ်သော ရှင်သာမဏေအဖြစ်သို့ သွတ်သွင်း ချီးမြှင့်သည့် သာမဏေရ ပဗ္ဗဇ္ဇာနုဂ္ဂဟ သာသနဒါယဇ္ဇဒါန။ ၇။ သမီးချစ်ရတနာများကို ကဏ္ဏဝိဇ္စုန နားသမင်္ဂလာ ဆင်ယင်ရာဝယ် ရတနာသုံးပါး ဦးထိပ်ထား၍ ခမ်းနား သိုက်မြိုက်စွာ လှူဒါန်းသည့် ကဏ္ဏဝိဇ္စုနာယတ္တဒါန။ ၈။ မြေး ၃ ဦးတို့အား ဦးခေါင်းဆေးခြင်း အမည်မှည့် ကင်ပွန်းတပ်ခြင်းမင်္ဂလာ သုံးကြိမ်ပြုလုပ်ရာတွင် လှူဒါန်းခဲ့သော ကေသစ္ဆဒေန နမဏရဏာယတ္တဒါန။ ၉။ ဖြစ်လေရာရာ နှစ်ဖြာကိုယ်စိတ် အေးမည့်ဟိတ်ကို နိမိတ်အောင်ဓာတ် ရည်စူးလတ်၍ ရွှေထီးတော်မြတ်ကို လှူဒါနးသည့် သုဝဏ္ဏဆတ္တဒါန။ ၁၀။ တွံတေးမြို့ ရွှေဆံတော်စေတီကို ကိုယ်တိုင်ပါဝင်ကြီးမှူး၍ ပြန်လည်တည်ဆောက်ရာတွင် အလှူတော်ငွေ လှူဒါန်းခဲ့သည့် စေတိယပဋိသင်္ခရဏဒါန။ ၁၁။ ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးစေတီ၊ ပြည်မြို့ အံတော်ရှင်ပုညစေတီ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သကျမာရဇိန်စေတီ၊ ပူတာအိုမြို့ ရှစ်မျက်နှာကပ်ကျော်စေတီ၊ ချင်းပြည်နယ် ဖလန်းမြို့ ဆုတောင်းပြည့်စေတီ၊ တီးတိန်မြို့ ရန်အောင်ဝေဠုဝန်စေတီ အသစ်များ တည်ထား ကိုးကွယ်ရာတွင် ပါဝင်ဆောင်ရွက် လှူဒါန်းခဲ့သည့် နဝစေတီယပတိဋ္ဌာနဒါန။ ၁၂။ တွံတေးမြို့ ရွှေဆံတော်စေတီနှင့် ဓနုတ်စေတီတော်တို့တွင် သီဟိုဋ္ဌ်ကျွန်းနှင့် မဇ္ဈိမဒေသမှ ပင့်ဆောင်လာသော မဟာဗောဓိပင်တော်များကို ပလ္လင်တော်နှင့်တကွ စိုက်ပျိုးလှူဒါန်းသည့် မဟာဗောဓိရုက္ခရောပနဒါန။ ၁၃။ တွံတေးမြို့ ရွှေဆံတော်စေတီ၏ ငှက်ပျောဖူးကို အသစ်ပြုပြင်မွမ်းမံ လှူဒါန်းသည့် စေတိယ ပဋိသင်္ခရဏဒါန။ ၁၄။ တွံတေးမြို့ ရွှေဆံတော်စေတီ၏ ငှက်ပျောဖူးအတွင်း၌ ဌာပနာရန် ငွေစေတီ၊ သစ်ကနက် ရုပ်ပွားတော်၊ ဇလပ်နီရုပ်ပွားတော်တို့ကို သရီရဓာတ်တော်များနှင့်တကွ ဌာပနာသွင်းကာ ဗုဒ္ဓပဋိဗိမ္ဗကဗ္ဘ စေတိယဂဗ္ဘနှင့် သရီရဓာတုဂဗ္ဘအဖြစ် လှူဒါန်းပူဇော်သည့် ဗုဒ္ဓဝိဟာရဒါန။ ၁၅။ တွံတေးမြို့ ရွှေဆံတော်စေတီနှင့် အခြားစေတီတော်၊ ရုပ်ပွားတော်တို့အား ရွှေသင်္ကန်းကပ်လှူသည့် သုဝဏ္ဏစီဝရဒါန။ ၁၆။ ရန်ကုန်မြို့ ကမ္ဘာအေးစေတီ အရှေ့ဘက်စောင်းတန်း အခန်းလှူဒါန်းသည့် သောပါနဒါန။ ၁၇။ ရန်ကုန်မြို့ ကမ္ဘာအေးစေတီ မဟာရာမ်တံတိုင်း အခန်းလှူဒါန်းသည့် ပါကာရဒါန။ ၁၈။ ရန်ကုန်မြို့ ကမ္ဘာအေးစေတီ ယင်ပြင်တော် အုတ်ထိုင်ခုံ လှူဒါန်းသည့် ဣဋ္ဌကနိသီဒနဒါန။ ၁၉။ မင်းဘူးမြို့ ရွှေစက်တော်ဘုရား တန်ဆောင်းမျက်နှာကြက် အခန်းလှူဒါန်းသည့် မာဠဝိတာနဒါန။ ၂၀။ ဗုဒ္ဓပမုခ အဋ္ဌအရိယာ သံဃာမခြား ကောင်းကျိုးပွားနိုင်သည့် ၄၇-ပါးသော သမ္မုတိသံဃာတော် အရှင်မြတ်တို့အား (ကွယ်လွန်သူ ဒေါ်သိန်းနှစ်၏သက်စေ့ကို ရည်စူး၍) လှူဘွယ်ဝတ္တု အစုစုတို့ဖြင့် လှူဒါန်းသည့် ဥဒ္ဒိဿဒါန။ ၂၁။ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” ဟူသော ဒေသနာတော်နှင့်အညီ အမြတ်ဆုံး အလှူတော်ဖြစ်သည့် (ဆဋ္ဌသံဂါယနာမူ) နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကို လှူဒါန်းသည့် ဓမ္မဒါန။ ၂၂။ အယုတ်၊ အလတ်၊ အမြတ်မရွေး ထမင်းဟင်းတို့ဖြင့် ဆန်တင်းအစိတ်၊ မုံ့ဟင်းခါးပိဿါချိန် ၅၀၀၊ ကျွေးမွေးလှူဒါန်းသည့် စတုဒိသာဒါန။ ၂၃။ ပဲခူးမြို့ ရွှေမော်ဓောစေတီတော်၊ ရန်ကုန်မြို့ ကမာ္ဘအေးစေတီတော်နှင့် အခြားစေတီတော်များတွင် ငွေဆွဲလွဲများ လှူဒါန်းသည့် ရဇတဃဏ္ဍဒါန။ ၂၄။ တွံတေးမြို့ စင်္ကြန်ကျောင်းတိုက်တွင် ကျောင်းတိုက်ကြီး၏ ဝင်းထရံပေါက် အုတ်တံတိုင်းနှင့် သံတံခါးကြီးများ လှူဒါန်းသည့် ပါကာရဒွာရဒါန။ ၂၅။ ကချင်ပြည်နယ် ပူတာအိုမြို့တွင် သိမ်သမုတ်ရန် အလှူငွေ လှူဒါန်းသည့် သီမာသမ္မုတိဒါန။ ၂၆။ တွံတေးမြို့နယ် မငေးရွာ ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ရေးအတွက် အလှူငွေ လှူဒါန်းသည့် ဇိဏ္ဏကာဝါသ ပဋိသင်္ခရဏဒါန။ ၂၇။ တွံတေးမြို့နယ် မငေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နတ်လမ်းအခန်းလှူဒါန်းသည့် စင်္ကမဝိဟာရဒါန။ ၂၈။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်ကြီး ဆောက်လုပ်ရန် အလှူငွေ ထည့်ဝင်လှူဒါန်းသည့် အာဝါသဒါန။ ၂၉။ အကြိမ်များစွာ ဘုရားကိုးဆူ ကပ်လှူပူဇော်သည့် နဝဗုဒ္ဓပူဇနဒါန။ ၃၀။ ရခိုင်ပြည်နယ် သံတွဲမြို့ ရွှေဆံတော်စေတီ၊ ရန်ကုန်မြို့ ဗိုလ်တထောင်စေတီ၊ ပဲခူးမြို့ ရွှေမော်ဓောစေတီ၊ တောင်ငူမြို့ ရွှေဆံတော်စေတီ၊ ရန်ကုန်မြို့ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား အစရှိသည့် စေတီတော်များ ပျက်စီး၍ တည်ဆောက်ရာတွင် ပါဝင်လှူဒါန်း ပြန်လည် ပြုပြင်ခဲ့သော စေတိယပဋိသင်္ခရဏဒါန။ ၃၁။ တွံတေးမြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တံတိုင်းအစိတ်အပိုင်း ပြုလုပ်လှူဒါန်းသည့် ပါကာရဒါန။ ၃၂။ စာပြန်ပွဲကြီးများတွင် ပါဝင်လှူဒါန်း ချီးမြှင့်သည့် ဓမ္မပူဇာ သုဝဏ္ဏလဉ္စနဒါန။ ၃၃။ သံဃာတော်အရှင်မြတ်တို့အား သင်္ကန်း၊ ခြင်ထောင်၊ စောင်၊ အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါ စသည်တို့ကို အကြိမ်ကြိမ် ဆက်ကပ်လှူဒါန်းသည့် စီဝရမုခပုဉ္စ နာဒိဒါန။ ၃၄။ သံဃာတော်အရှင်မြတ်တို့အား ဆွမ်းဘောဇဉ်တို့ဖြင့် အကြိမ်ကြိမ်ဆက်ကပ်လှူဒါန်းသည့် ပိဏ္ဍပါတဒါန။ ၃၅။ ဆဋ္ဌသံဂါယနာနှင့် သာသနာရေး သာသနာမူကိစ္စအဝဝတို့တွင် ပါဝင်လှူဒါန်းခဲ့သော ဆဋ္ဌသံဂီတျာ ယတ္တာဒိဒါန။ ၃၆။ ထေရာဝါဒ နိုင်ငံများဖြစ်ကြသော သီဟိုဠ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လောနိုင်ငံတို့အပြင် မဇ္စိုမဒေသအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံရှိ ဒေသအရပ်ရပ်သို့ သွားရောက်၍ ကုသိုလ်ကောင်းမှု အစုစု ပြုလုပ် လှူဒါန်းခဲ့သော အန္တောရဋ္ဌ၊ ဗဟိရ​ဌေသု ဗဟုကတဒါန

ကိုးကားချက်

  • သီရိပျံချီဦးသန်းစိန် ရေးသားခဲ့သော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှ ကျန်ရစ်သူမိသားစု၏ ခွင့်ပြုချက်ဖြင့် ထုတ်နှုတ် တင်ပြသည်။ ပြင်ဆင်ဖြည့်စွက်လိုလျှင် ဓူဝံစာပေ [၁] ကို ဆက်သွယ်အကြောင်းကြားရန် လိုအပ်သည်။
  • ဓူဝံစာပေ၏ ခွင့်ပြုချက်မရှိပဲ မပြင်ဆင်ရန် တားမြစ်သည်။

ဓါတ်ပုံများ

လွတ်လပ်ရေးနေ့အခမ်းအနားမှတ်တမ်း (၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်)
ဆိုဗီယက်ပြည်ထောင်စုခရီးစဉ်မှတ်တမ်း (၁၉၆၀ နိုဝင်ဘာလ ၂၁ ရက်)
တရုတ်နိုင်ငံခရီးစဉ်မှတ်တမ်း