တင့်ဆန်း: တည်းဖြတ်မှု မူကွဲများ
အရေးမကြီးNo edit summary |
အရေးမကြီး →ကိုယ်ရေးဖြစ်စဉ် |
||
စာကြောင်း ၃၅ - | စာကြောင်း ၃၅ - | ||
စစ်ပြီးသောအခါ တင့်ဆန်းတို့ မိသားစု လှည်းကူးသို့ ပြောင်းခဲ့သည်။ တင့်ဆန်းသည် စာကြည့်တိုက် လုပ်ငန်း၊ အာရှလူငယ် လုပ်ငန်းများတွင် တတ်နိုင်သမျှ ဝင်ရောက် လုပ်ဆောင်သည်။ သူ၏ ပထမဆုံး ပုံနှိပ်စာမှာ ဒီးဒုတ်ဂျာနယ်တွင် ဖော်ပြခံရသည့် "ရီပြာပြာ" ကဗျာ ဖြစ်သည်။ ကလောင် အမည်မှာ တင့်ဆန်း (လှည်းကူး) ဖြစ်သည်။ ထို့နောက် ဒီးဒုတ်ဂျာနယ်သို့ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများ ရေးပို့ခဲ့သည်။ ထိုမှတဆင့် "လယ်ကူလီ" ဝတ္ထုကို စာပေဒေသာသို့ ပို့သည်။ ရှုမဝသို့ လွှဲပြောင်းပေးခြင်း ခံရသည်။ အယ်ဒီတာ ဦးကြီးမောင် (ငွေဥဒေါင်း) ထံမှ ရွေးချယ်ထားကြောင်း ကလောင်အမည် တင့်ဆန်း (လှည်းကူး) မှ လှည်းကူးကို ဖြုတ်လိုက်ကြောင်း ပြန်စာရရှိသည်။ ထိုအချိန်မှစ၍ သူသည် တင့်ဆန်း ဖြစ်လာရသည်။ |
စစ်ပြီးသောအခါ တင့်ဆန်းတို့ မိသားစု လှည်းကူးသို့ ပြောင်းခဲ့သည်။ တင့်ဆန်းသည် စာကြည့်တိုက် လုပ်ငန်း၊ အာရှလူငယ် လုပ်ငန်းများတွင် တတ်နိုင်သမျှ ဝင်ရောက် လုပ်ဆောင်သည်။ သူ၏ ပထမဆုံး ပုံနှိပ်စာမှာ ဒီးဒုတ်ဂျာနယ်တွင် ဖော်ပြခံရသည့် "ရီပြာပြာ" ကဗျာ ဖြစ်သည်။ ကလောင် အမည်မှာ တင့်ဆန်း (လှည်းကူး) ဖြစ်သည်။ ထို့နောက် ဒီးဒုတ်ဂျာနယ်သို့ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများ ရေးပို့ခဲ့သည်။ ထိုမှတဆင့် "လယ်ကူလီ" ဝတ္ထုကို စာပေဒေသာသို့ ပို့သည်။ ရှုမဝသို့ လွှဲပြောင်းပေးခြင်း ခံရသည်။ အယ်ဒီတာ ဦးကြီးမောင် ([[ငွေဥဒေါင်း]]) ထံမှ ရွေးချယ်ထားကြောင်း ကလောင်အမည် တင့်ဆန်း (လှည်းကူး) မှ လှည်းကူးကို ဖြုတ်လိုက်ကြောင်း ပြန်စာရရှိသည်။ ထိုအချိန်မှစ၍ သူသည် တင့်ဆန်း ဖြစ်လာရသည်။ |
||
တင့်ဆန်းတို့ မိသားစုသည် လှည်းကူးတွင် စီးပွားရေး လုပ်ငန်းများ အဆင်မပြေသဖြင့် |
တင့်ဆန်းတို့ မိသားစုသည် လှည်းကူးတွင် စီးပွားရေး လုပ်ငန်းများ အဆင်မပြေသဖြင့် [[ရန်ကုန်မြို့]]သို့ ပြောင်းရွှေ့ခဲ့ကြသည်။ တင့်ဆန်းသည် မြင်းလှည်း စပယ်ယာ၊ သံဖြူသမား၊ ဆံပင်ညှပ် အလုပ်သမား စသည်ဖြင့် အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့သည်။ |
||
ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်သော "ပုလဲငွေရည်ဦး" ကို စုံထောက် ဦးဆန်နီ၏ ခေတ်ပြင်စာပေမှ ထုတ်ဝေသည်။ |
ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်သော "ပုလဲငွေရည်ဦး" ကို စုံထောက် ဦးဆန်နီ၏ ခေတ်ပြင်စာပေမှ ထုတ်ဝေသည်။ စုံထောက်မဂ္ဂဇင်းတွင် တနေ့ နှစ်ကျပ်စား၊ အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ထို့ပြင် သိမ်းမဂ္ဂဇင်းတွင်လည်း အယ်ဒီတာအဖြစ် ခြောက်လခန့် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ |
||
တင့်ဆန်းသည် စုံထောက်မဂ္ဂဇင်းနှင့် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းတို့တွင် အယူသည်းမှု ဆန့်ကျင်ရေး ကပ္ပိယ စုံထောက် ဝတ္ထုတိုများကို ရေးသားခဲ့သည်။ ပြားခြောက်ဆယ်တန်ခေတ် (၁၉၆၀-၆၁) တွင် ပြားခြောက်ဆယ်တန် ဝတ္ထု ဆယ်အုပ်ခန့် ထုတ်ဝေခဲ့သည်။ |
တင့်ဆန်းသည် စုံထောက်မဂ္ဂဇင်းနှင့် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းတို့တွင် အယူသည်းမှု ဆန့်ကျင်ရေး ကပ္ပိယ စုံထောက် ဝတ္ထုတိုများကို ရေးသားခဲ့သည်။ ပြားခြောက်ဆယ်တန်ခေတ် (၁၉၆၀-၆၁) တွင် ပြားခြောက်ဆယ်တန် ဝတ္ထု ဆယ်အုပ်ခန့် ထုတ်ဝေခဲ့သည်။ |
||
တပေါင်း ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးခဲ့သည်။ တင့်ဆန်းသည် ၁၉၉၅ ခုနှစ်၊ မတ်လ ၂ ရက် ကြာသပတေးနေ့တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ |
တပေါင်း ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးခဲ့သည်။ တင့်ဆန်းသည် ၁၉၉၅ ခုနှစ်၊ မတ်လ ၂ ရက် ကြာသပတေးနေ့တွင် ရန်ကုန်မြို့ [[မြောက်ဥက္ကလာပ]] နေအိမ်၌ ကွယ်လွန်ခဲ့သည်။ |
||
== ရေးသား ပြုစုခဲ့သော စာအုပ်များ == |
== ရေးသား ပြုစုခဲ့သော စာအုပ်များ == |
၁၈:၄၉၊ ၆ မေ ၂၀၁၃ ရက်နေ့က မူ
တင့်ဆန်း (၁၉၁၇-၁၉၉၅) | |
---|---|
အမည်ရင်း | ဦးသက်ထွန်း |
အမည်ကွဲ | တင့်ဆန်း (လှည်းကူး) |
မွေးသက္ကရာဇ် | ၁၆၊ ၈၊ ၁၉၁၇ |
ကွယ်လွန် | ၁၉၉၅ ခုနှစ်၊ မတ်လ ၂ ရက် ကြာသပတေးနေ့ |
နိုင်ငံသား | မြန်မာနိုင်ငံ |
အလုပ်အကိုင် | လျှို့ဝှက်သည်းဖို စာရေးဆရာ |
မွေးရပ်ဇာတိ | လှည်းကူးမြို့နယ်၊ ဖောင်ကြီးရွာ |
မိဘ | ဦးဘိုးအောင် + ဒေါ်ဝါနု |
စာရေးဆရာတင့်ဆန်း (၁၉၁၇-၁၉၉၅)သည် ကပ္ပိယ စုံထောက်ကြီး ဦးဖြူသီးကို အသက်သွင်းခဲ့သူ ဖြစ်သည်။ စုံထောက်ဝတ္တု လျှို့ဝှက်သဲဖိုဇာတ်လမ်းများရေးသားခဲ့သည်။ စုံထောက်ဖျောက်ဆိပ် အသက်၉နှစ် ဝတ္တုကိုရေးခဲ့သည်။
ကိုယ်ရေးဖြစ်စဉ်
တင့်ဆန်းကို ၁၂၇၉ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ (၁၆၊ ၈၊ ၁၉၁၇) တွင် ဦးဘိုးအောင်၊ ဒေါ်ဝါနုတို့က ဖောင်ကြီးရွာအနီး ဥယျာဉ်ချောင်းဘေးရှိ လယ်တဲတွင် ဖွားမြင်သည်။ ဖခင်ဘက်မှ လယ်သမား မျိုးရိုးဖြစ်ပြီး မိခင်ဘက်မှာ ကုန်သည်မျိုးရိုး ဖြစ်သည်။
တင့်ဆန်းသည် အတန်းကျောင်းတွင် တလကျော်ကျော်မျှသာ နေဖူးသည်။ ဘုန်းကြီးကျောင်းတွင်သာ ပညာ သင်ကြားခဲ့ရသည်။ ၁၆ နှစ် အရွယ်တွင် မိခင် ဆုံးသည်။ တင့်ဆန်းသည် ဖခင်နှင့် နှစ်ယောက်တည်း လယ်ထဲတွင် နေရသည်။ အိမ်ထောင် ထိန်းသိမ်းမှု တာဝန်ကို ထမ်းဆောင်ရသည်။
စစ်ပြီးသောအခါ တင့်ဆန်းတို့ မိသားစု လှည်းကူးသို့ ပြောင်းခဲ့သည်။ တင့်ဆန်းသည် စာကြည့်တိုက် လုပ်ငန်း၊ အာရှလူငယ် လုပ်ငန်းများတွင် တတ်နိုင်သမျှ ဝင်ရောက် လုပ်ဆောင်သည်။ သူ၏ ပထမဆုံး ပုံနှိပ်စာမှာ ဒီးဒုတ်ဂျာနယ်တွင် ဖော်ပြခံရသည့် "ရီပြာပြာ" ကဗျာ ဖြစ်သည်။ ကလောင် အမည်မှာ တင့်ဆန်း (လှည်းကူး) ဖြစ်သည်။ ထို့နောက် ဒီးဒုတ်ဂျာနယ်သို့ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးများ ရေးပို့ခဲ့သည်။ ထိုမှတဆင့် "လယ်ကူလီ" ဝတ္ထုကို စာပေဒေသာသို့ ပို့သည်။ ရှုမဝသို့ လွှဲပြောင်းပေးခြင်း ခံရသည်။ အယ်ဒီတာ ဦးကြီးမောင် (ငွေဥဒေါင်း) ထံမှ ရွေးချယ်ထားကြောင်း ကလောင်အမည် တင့်ဆန်း (လှည်းကူး) မှ လှည်းကူးကို ဖြုတ်လိုက်ကြောင်း ပြန်စာရရှိသည်။ ထိုအချိန်မှစ၍ သူသည် တင့်ဆန်း ဖြစ်လာရသည်။
တင့်ဆန်းတို့ မိသားစုသည် လှည်းကူးတွင် စီးပွားရေး လုပ်ငန်းများ အဆင်မပြေသဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။ တင့်ဆန်းသည် မြင်းလှည်း စပယ်ယာ၊ သံဖြူသမား၊ ဆံပင်ညှပ် အလုပ်သမား စသည်ဖြင့် အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့သည်။
ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်သော "ပုလဲငွေရည်ဦး" ကို စုံထောက် ဦးဆန်နီ၏ ခေတ်ပြင်စာပေမှ ထုတ်ဝေသည်။ စုံထောက်မဂ္ဂဇင်းတွင် တနေ့ နှစ်ကျပ်စား၊ အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ထို့ပြင် သိမ်းမဂ္ဂဇင်းတွင်လည်း အယ်ဒီတာအဖြစ် ခြောက်လခန့် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။
တင့်ဆန်းသည် စုံထောက်မဂ္ဂဇင်းနှင့် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းတို့တွင် အယူသည်းမှု ဆန့်ကျင်ရေး ကပ္ပိယ စုံထောက် ဝတ္ထုတိုများကို ရေးသားခဲ့သည်။ ပြားခြောက်ဆယ်တန်ခေတ် (၁၉၆၀-၆၁) တွင် ပြားခြောက်ဆယ်တန် ဝတ္ထု ဆယ်အုပ်ခန့် ထုတ်ဝေခဲ့သည်။
တပေါင်း ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးခဲ့သည်။ တင့်ဆန်းသည် ၁၉၉၅ ခုနှစ်၊ မတ်လ ၂ ရက် ကြာသပတေးနေ့တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပ နေအိမ်၌ ကွယ်လွန်ခဲ့သည်။
ရေးသား ပြုစုခဲ့သော စာအုပ်များ
၁။ ပုလဲငွေရည်ဦး ၁၉၅၃
၂။ မမိုးဖြူ ၁၉၅၆
၃။ မောင့်ဇလပ်ဖြူ ၁၉၆၀
၄။ သီတာအောင် ၁၉၆၀
၅။ ရွှေဇင်မမ ၁၉၆၀
၆။ ကိုယ့်ချစ်သူ ၁၉၆၀
၇။ ကြော့မှူးခင် ၁၉၆၀
၈။ မေ့ချင်ပြီကောကိုရယ် ၁၉၆၁
၉။ တပါးသူရင်ခွင်ဝယ် ၁၉၆၁
၁၀။ ဒီသောင်မြေ ၁၉၆၁
၁၁။ မသိပြင်ပြင် ၁၉၆၁
၁၂။ သမိုင်းကပြောလိမ့်မည် ၁၉၆၁
၁၃။ မိုးစဲစတစ်ည ၁၉၆၁
၁၄။ မိုးသို့ မြေနှယ် ၁၉၆၁
၁၅။ မောင့်တမျက်နှာ တရွာထင် ၁၉၆၁
၁၆။ လှမျက်ခြယ် ၁၉၆၁
၁၇။ ရင်ဝယ်သိမ့်သိမ့် ၁၉၆၂
၁၈။ အသက်သခင် သစ္စာရှင် ၁၉၆၂
၁၉။ ညို့မှာလည်း အသဲနဲ့ ကိုယ့်မှာလည်း နှလုံးသားနဲ့ ၁၉၆၂
၂၀။ မုန်တိုင်းလွင်ပြင် ၁၉၆၂
၂၁။ ငမိုးရိပ်မှ ငမိုးရိပ်သို့ ၁၉၆၂
၂၂။ မော်လေဦးတော့ မိနိုင် ၁၉၆၃
၂၃။ စာပေလှုပ်ရှားမှု (ဗန်းမော်တင်အောင်နှင့် တွဲ၍) ၁၉၆၃
၂၄။ တိမ်းလွယ် ညွတ်လွယ် သည်အရွယ် ၁၉၆၄
၂၅။ နုနုကြမ်းကြမ်း ခရီးလမ်း ၁၉၆၄
၂၆။ ကျွန်းငွေသောင်ယံမှာ ၁၉၆၄
၂၇။ ညာဘယ်သွဲ့သွဲ့ ၁၉၆၅
၂၈။ သမိုင်းက ပြောလိမ့်မည် ၁၉၆၅
၂၉။ အမုံ ၁၉၆၅
၃၀။ တယောက်ချင်း ၁၉၆၅
၃၁။ မြူခြေဝေ့ဝေ့ ၁၉၆၅
၃၂။ မိုးရိပ်တိမ်တောင် ၁၉၆၅
၃၃။ စာရေးဆရာတယောက် ၁၉၆၅
၃၄။ ကပ္ပိယစုံထောက် ပျောက်စေဆရာလေး ၁၉၆၅
၃၅။ တနေ့ ပြန်၍တွေ့ကြရာဝယ် ၁၉၆၅
၃၆။ ရင်မငြိမ်းသော ယဉ်ငြိမ်း ၁၉၆၆
၃၇။ အထည်ကြီးပျက် ၁၉၆၆
၃၈။ တပေါင်း ၁၉၆၆
၃၉။ ဘယ်တလှမ်း ညာတလှမ်း ၁၉၆၇
၄၀။ အငတ်မခံ ၁၉၆၇
၄၁။ နုနုငယ်ငယ် ၁၉၆၈
၄၂။ ရင်တဖိုဖို ကပ္ပိယစုံထောက် ၁၉၆၈
၄၃။ ကိုယ်တို့ ဝတ္ထုတိုများ ၁၉၆၈
၄၄။ ဆောင်းနှင့်နွေမိုး ၁၉၆၈
၄၅။ ခရာ ၁၉၆၉
၄၆။ ချစ်လိုက်ကြစတမ်း ဆိုလျှင် ၁၉၆၉
၄၇။ ငွေကြယ်လေးများ ပြောစေချင် ၁၉၆၉
၄၈။ ထနောင်းရိပ်က ကြိုနေမယ် ၁၉၇၀
၄၉။ အပြိုင် (မောင်သိန်းဆိုင်နှင့် တွဲ၍) ၁၉၇၀
၅၀။ လှသည် လျှင်သည် ရဲသည် ၁၉၇၀
၅၁။ ညိုပြာဝါရွှေ ၁၉၇၁
၅၂။ တိုးတိုးလေ ပြောချင်သည် ၁၉၇၁
၅၃။ နန်းကြော့ခိုင် ၁၉၇၁
၅၄။ မခေါ်ဘဲလာသော ဧည့်သည် ၁၉၇၁
၅၅။ လမ်းပေါ်က မရွှေချော ၁၉၇၁
၅၆။ တံခါးရွက်ကို တွန်းလိုက်ပါ ၁၉၇၂
၅၇။ ပုံပြင်မလေး အေးဝင်းမော် ၁၉၇၂
၅၈။ ချောလည်းချောတဲ့ ဘေဘီ ၁၉၇၂
၅၉။ ချစ်တယ်ဆိုတာ အလွယ်လေးပါ ၁၉၇၂
၆၀။ ကသစ်အိမ် ၁၉၇၃
၆၁။ ကပ္ပိယစုံထောက်ကြီး ဦးဖြူသီး ၁၉၇၃
၆၂။ ညာမှားမွှေးသော မစပယ် ၁၉၇၃
၆၃။ ကပ္ပိယစုံထောက်ကြီး ဦးဖြူသီးနှင့် စပယ်ပွင့်ဂိုဏ်း ၁၉၇၄
၆၄။ လေအရိုင်းနှင့် တိမ်မှိုင်းအုံ့ရီ ၁၉၇၃
၆၅။ ကပ္ပိယစုံထောက်ကြီး ဦးဖြူသီးနှင့် မိန်းမလှကလေးများ ၁၉၇၄
၆၆။ အနတ္တဂေဟာ ၁၉၇၄
၆၇။ ရေပြင်မှသည် တောင်တန်းဆီသို့ ၁၉၇၄
၆၈။ တိမ်းမူးညွတ်ကြင် ၁၉၇၄
၆၉။ မဟော်ဂနီခန်းမ ၁၉၇၅
၇၀။ နဂါးပတ်ကျော့ကွင်းနှင့် တူသောမိန်းကလေး ၁၉၇၅
၇၁။ ကပ္ပိယစုံထောက်ကြီး ဦးဖြူသီးနှင့် ဈာန်ရဘိုးတော် ၁၉၇၅
၇၂။ ကြံကြံဖန်ဖန် ရန်ကုန်သူ ၁၉၇၅
၇၃။ ယောနကတိုင်းသား ၁၉၇၆
၇၄။ ကပ္ပိယစုံထောက်ကြီး ဦးဖြူသီးနှင့် မြစိမ်းဧကရီ ၁၉၇၆
၇၅။ သီဟိုဠ်ပြန် ဆပဒမထေရ် ၁၉၈၆
၇၆။ ကပ္ပိယစုံထောက်ကြီး ဦးဖြူသီးနှင့် ညောင်ပင်တဈေ ဝတ္ထုတိုများ ၂၀၀၂
၇၇။ ကပ္ပိယစုံထောက်ကြီး ဦးဖြူသီးနှင့် မြစိမ်းဒေဝီ ၂၀၀၃
၇၈။ ဆည်းဆာနဲ့ ရေလှိုင်း
၇၉။ ရေမြေဆုံးတိုင် မမေ့နိုင် [၁]
ကိုးကား
- ↑ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)'