ဆိုဒါ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Bot: Migrating 25 interwiki links, now provided by Wikidata on d:q2027844 (translate me)
အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q2027844 (translate me)
စာကြောင်း ၄၆ - စာကြောင်း ၄၆ -


<!--[[de:Soda]]-->
<!--[[de:Soda]]-->

[[fa:سودا (ابهام‌زدایی)]]

၁၉:၅၉၊ ၁၇ မတ် ၂၀၁၃ ရက်နေ့က မူ

ဆိုဒါ

ဆိုဒီယမ်ပါသော ဒြဗ်ပေါင်းများကို ဆိုဒါဟူ၍ ခေါ်ဝေါ် လေ့ရှိသည်။ ဆိုဒီယမ်ဒြဗ်ပေါင်းများကို ဆိုဒီယမ် ကလိုရိုက်ဟု ခေါ်သောရိုးရိုးအိမ်သုံးဆားမှ ထုတ်ယူကြသည်။ လူသိများသော ဆိုဒီယမ်ဒြဗ်ပေါင်း တစ်ခုမှာ ဆိုဒီယမ် ကာဗွန်နိတ်ဖြစ်သည်။ ဆိုဒီယမ် ကာဗွန်နိတ်ကို ဝါရှင်ဆိုဒါ (အဝတ်လျှော်ဆော်ဒါ) ဟူ၍လည်းခေါ်သည်။ ဆိုဒီယမ် ကာဗွန်နိတ်သည် ပုံဆောင်ခဲကဲ့ သို့၎င်း၊ အဖြူရောင်အမှုန့်ကဲ့သို့၎င်း ရှိသည်။ အယ်လကာလီ သတ္တိ ထက်မျက်သည်။ အက်ဆစ်တန်ခိုး ပြယ်စေနိုင်သည်ဟု ဆိုလိုသည်။ ဆိုဒီယမ်ကာဗွန်နိတ်ကို ဖန်ထည်လုပ်ငန်း၊ ဆပ်ပြာ လုပ်ငန်း၊ စက္ကူလုပ်ငန်းတို့တွင် အမြောက်အများ အသုံးပြုကြ သည်။ ထို့ပြင် ပိုးသတ်ဆေးအဖြစ်၎င်း၊ ချေးချွတ်ဆေးအဖြစ် ၎င်း အသုံးပြုကြသေးသည်။

လူသုံးများသော အခြားဆိုဒါတစ်မျိုးမှာ ဆိုဒီယမ် ဗိုင်ကာ ဗွန်နိတ်ဖြစ်သည်။ ဆိုဒီယမ် ဗိုင်ကာဗွန်နိတ်သည် အစား အသောက်စီမံရာ၌၎င်း၊ ဆေးဝါးဖေါ်စပ်ရာ၌၎င်း အသုံးပြုကြ သည်။ အထူးအားဖြင့် ပေါင်မုံ့၊ ဗီစကွတ်စသော မုံ့များဖုတ်ရာ ၌ အသုံးပြုရသော ဗိတ်ကင်းပေါင်ဒါထဲ၌ ဆိုဒီယမ် ဗိုင်ကာဗွန် နိတ်ပါသည်။ ဆိုဒီယမ် ဗိုင်ကာဗွန်နိတ်ပါသောကြောင့် ပေါင်မုံ့၊ ဗီစကွတ်ဖုတ်ရာ၌ မုံ့သည် ကျစ်မသွားဘဲ၊ ပွတတ်လာ ခြင်းဖြစ် သည်။ ဆိုဒီယမ် ဗိုင်ကာဗွန်နိတ်ကို ဝမ်းသက်ဆေး ဖေါ်စပ်ရာ၌ လည်း အသုံးပြုကြသည်။ ထိုဆေးသည် အစာအိမ်အတွင်း၌ အက်ဆစ် လွန်ကဲခြင်းကို သက်သာစေနိုင်သည်။

ဆိုဒီယမ် ဟိုက်ဒရောက်ဆိုက်ခေါ် ဆိုဒါတစ်မျိုးလည်း ရှိသေးရာ၊ ထိုဆိုဒါကို ကော့စတစ်ဆိုဒါဟု အများအားဖြင့် ခေါ်သည်။ ကော့စတစ်ဆိုဒါကို ဆပ်ပြာလုပ်ငန်း၊ ဒန်လုပ်ငန်း၊ စက္ကူလုပ်ငန်း၊ ပိုးတုလုပ်ငန်း၊ ဆိုဆေးလုပ်ငန်း၊ အရောင်ချွတ် ဆေးလုပ်ငန်း၊ ရေနံချက်လုပ်ငန်းတို့တွင် အမြောက်အများ အသုံးချကြသည်။

ထိုဆိုဒါများအပြင် အရပ်အခေါ်အားဖြင့် ဆိုဒါရေဟူ၍ လည်း ရှိသေးသည်။ ထိုဆိုဒါရေထဲ၌ ဆိုဒါပါ၍ ဆိုဒါဟု ခေါ်ဝေါ်ခြင်းမဟုတ်ပေ။ ထိုဆိုဒါရေကို စတင်စီမံစဉ်က ဆိုဒီ ယမ် ကာဗွန်နိတ်နှင့် အက်ဆစ်တို့မှ ထုတ်ယူသော ဓာတ်ငွေ့ ဖြင့် စီမံရသောကြောင့် ဆိုဒါရေဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဆိုဒါရေသည် ဖိအားဖြင့် ကာဗွန် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထည့်သွင်းထားသော ရေပင်ဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက် ပါရှိသောကြောင့် ဆိုဒါရေသည် ဆူတက်တတ်ခြင်းဖြစ်သည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)