ကျောက်စုန်းတောက်ခြင်းနှင့် ပိုးစုန်းတောက်ခြင်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီး Bot: Migrating 18 interwiki links, now provided by Wikidata on d:q614893 (translate me)
စာကြောင်း ၁၄ - စာကြောင်း ၁၄ -


[[Category:ဗဟုသုတ]]
[[Category:ဗဟုသုတ]]

[[cs:Fotoluminiscence]]
[[de:Photolumineszenz-Spektroskopie]]
[[en:Photoluminescence]]
[[et:Fotoluminestsents]]
[[fa:نورتابناکی]]
[[fi:Fotoluminesenssi]]
[[fr:Photoluminescence]]
[[it:Fotoluminescenza]]
[[ja:フォトルミネセンス]]
[[lv:Fotoluminiscence]]
[[mk:Фотолуминисценција]]
[[nn:Fotoluminescens]]
[[pl:Fotoluminescencja]]
[[ru:Фотолюминесценция]]
[[sl:Fotoluminiscenca]]
[[sr:Фотолуминисценција]]
[[uk:Фотолюмінесценція]]
[[zh:光致发光]]

၁၈:၅၄၊ ၈ မတ် ၂၀၁၃ ရက်နေ့က မူ

နေသည်လည်းကောင်း၊ ရေနံဆီမီးသည်လည်းကောင်း၊ လျှပ်စစ်မီးသည်လည်းကောင်း အလင်းရောင်ကို အသီးသီးပေးကြ၏။ ထိုပစ္စည်းတို့သည် အလင်းတစ်ခုတည်းကိုသာ မဟုတ်ဘဲ အပူကိုလည်း တပါတည်း ထုတ်ပေးကြသည်။ သို့ရာတွင် ပိုးစုန်းကြူးနှင့် ညကြည့်နာရီများကို ကြည်မည်ဆိုလျှင် အပူကိုမပေးဘဲ အလင်းတစ်ခုတည်းကိုသာ ပေးတတ်သည့် ပစ္စည်းများလည်း ရှိကြောင်းကို သတိမူမိကြပေလိမ့်မည်။

ကယ်လဆီယမ်ဆာလဖိုဒ်၊ စထရွန်ရှီယမ် ဆာလဖိုဒ်နှင့် ဗေရီယမ်ဆာလဖိုဒ် စသော တွင်းထွက်သတ္တုများကို အလင်းရောင်၌ ပထမခံယူပြီးနောက် မှောင်ထဲ၌ထားလျှင် လင်းလျက်နေတတ်သည်။ ထိုပစ္စည်းများနှင့် အလားတူလင်းသည့် ဗက်တီးရီးယား၊ ပိုးစုန်းကြူး၊ တီစုန်း၊ ကင်းစုန်းတို့ကဲ့သို့သော ကုန်းသတ္တဝါ ၊ ရေသတ္တဝါများလည်း အများပင် ရှိသည်။ ဤအလင်းမျိုး ဖြစ်ပေါ်လာပုံ အကြောင်းမှန်ကို အတိအကျ မသိရသေးချေ။ သို့ရာတွင် အထက်ပါပစ္စည်းတို၏ လင်းပုံမှာ ဖော့စဖော့ရပ်ခေါ် ဒြပ်စင်ကို အမှောင်ထဲ၌ထားလျှင် စိမ်းလဲ့လဲ့ အဖြူရောင်ဖြင့် လင်းပုံမျိုးအတိုင်း ဖြစ်သဖြင့် ထိုအလင်းမျိုးကို ဖေါ့စဖေါ့ ရက်စင်း(ကျောက်စုန်းတောက်ခြင်း)ဟူ၍ ယေဘူယျအားဖြင့် ခေါ်စမှတ် ပြုကြသည်။

တစ်ဖန် ပစ္စည်းတစ်ခုမှ မိမိဖာသာ အလိုအလျောက် ထုတ်ပေးသည့်အလင်းမျိုးကို လူမီနက်စင်း (ပိုးစုန်းတောက်ခြင်း)ဟူ၍လည်း ခေါ်ပြန်ရာ ဤဖော့စဖော့ ရက်စင်းနှင့် လူမီနက်စင်း ဝေါဟာရ နှစ်လုံးကို အရောရော အနှောနှော သုံးစွဲလေ့ရှိကြသည်။ သို့ရာတွင် ထိုဝေါဟာရတို့၏ အဓိပ္ပါယ်ချင်းမှာ မတူပေ။ အတိအကျဆိုလျင် ဖော့စဖော့ရက်စင်းမှာ အထက်တွင် ဖော်ပြခဲ့သော တွင်းထွက်သတ္တုတို့ကဲ့သို့ အလင်းရောင်ကို ဖြစ်စေ၊ အခြားအလင်းဓာတ်ရောင်ခြည်တစ်မျိုးမျိုးကို ဖြစ်စေ၊ ပထမခံယူပြီးနောက်မှ အမှောင်ထဲ့၌ အပူရှိန်ကင်းစွာဖြင့် ဆက်လက်၍ လင်းနိုင်သော သတ္တိကိုသာ ဆိုလိုပေသည်။ ပိုးစုန်းကြူးကဲ့သို့ သက်ရှိသတ္တဝါတို့၏ ကိုယ်တွင်းမှ ထွက်သော အလင်းမှာမူ ထိုအလင်းနှင့် ခြားနား၍ ထိုအလင်းကို အမှန်စင်စစ် လူမီနက်စင်းဟူ၍ ခေါ်ရာ၏။

ပိုးစုန်းကြူးမှ အလင်းရောင်ပေးသေ အစိတ်အပိုင်းတွင် လူဆီဖာရင်နှင့် လူဆီဖာရေ့ဟုခေါ်သော ပစ္စည်းနှစ်မျိုးပါဝင်သည်။ လူဆီဖာရင်သည် လေနှင့် ရေ ရရှိသော နေရာတွင် အောက်ဆီဂျင်နှင့်ပေါင်းပြီးနောက် အလင်းရောင်ကို ဖန်တီးထုတ်ပေးသည်။ လူဆီဖာရေ့ကမူ အင်ဇိုင်းတစ်မျိုးဖြစ်၍ အလင်းရောင်ဖြစ်ပေါ်ရေးအတွက် အားပေးသည်။ တစ်ခါတစ်ရံ ပင်လယ်ပြင်၌ အစုလိုက်အအုပ်လိုက်ဖြစ်စေ၊ တစ်ကောင်ချင်းဖြစ်စေ၊ အလင်းရောင်ထွက်နေသည့် ငါးနှင့် အခြားရေသတ္တဝါများကို တွေ့ရတတ်ရာ၊ ထိုသို့ အလင်းရောင်ထွက်ခြင်းမှာ ထိုသတ္တဝါတို့ ကိုယ်ပေါ်တွင် တွယ်ကပ်နေသော အလင်းရောင်ပေးနိုင်သည့် ဗက်တီးရီးယားများကြောင့် ဖြစ်သည်။ အဆိုပါ ဗက်တီးရီးယားများကို ရေထဲ၌ အတွေ့ရများ၍ ဤကဲ့သို့ ကိုယ်ပိုင်အလင်းရောင်ပေးနိုင်သည့် ဗက်တီးရီးယားပေါင်းမှာ အားလုံး ၂၈ မျိုးခန့် ရှိသည်ဟု သိရသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း