ဂျိမ်း ကယ်လဟန်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - ga:James Callaghan
အရေးမကြီး Bot: Migrating 52 interwiki links, now provided by Wikidata on d:q9576 (translate me)
စာကြောင်း ၈၀ - စာကြောင်း ၈၀ -


[[Category:ဗြိတိသျှ ဝန်ကြီးချုပ်များ‎]]
[[Category:ဗြိတိသျှ ဝန်ကြီးချုပ်များ‎]]


[[af:James Callaghan]]
[[ar:جيمس كالاهان]]
[[arz:جيمس كالاهان]]
[[be:Джэймс Калаган]]
[[bg:Джеймс Калахан]]
[[bn:জেমস ক্যালাহান]]
[[ca:James Callaghan]]
[[cs:James Callaghan]]
[[cy:James Callaghan]]
[[da:James Callaghan]]
[[de:James Callaghan]]
[[el:Τζέιμς Κάλαχαν]]
[[en:James Callaghan]]
[[eo:James Callaghan]]
[[es:James Callaghan]]
[[eu:Leonard James Callaghan]]
[[fa:جیمز کالاهان]]
[[fi:James Callaghan]]
[[fr:James Callaghan]]
[[fy:James Callaghan]]
[[ga:James Callaghan]]
[[gd:James Callaghan]]
[[gl:James Callaghan]]
[[gv:James Callaghan]]
[[he:ג'יימס קלהאן]]
[[io:James Callaghan]]
[[it:James Callaghan]]
[[ja:ジェームズ・キャラハン]]
[[ko:제임스 캘러헌]]
[[la:Iacobus Callaghan]]
[[lt:James Callaghan]]
[[lv:Džeimss Kelahans]]
[[mr:जेम्स कॅलाघन]]
[[ms:James Callaghan]]
[[nl:James Callaghan]]
[[nn:James Callaghan]]
[[no:James Callaghan]]
[[oc:James Callaghan]]
[[pl:James Callaghan]]
[[pnb:جیمز کالاہان]]
[[pt:James Callaghan]]
[[ro:James Callaghan]]
[[ru:Каллаган, Джеймс]]
[[simple:James Callaghan]]
[[sv:James Callaghan]]
[[tg:Ҷеймс Калаҳан]]
[[th:เจมส์ คัลลาฮาน]]
[[tr:James Callaghan]]
[[tt:Джеймс Каллаган]]
[[uk:Джеймс Каллаган]]
[[yo:James Callaghan]]
[[zh:詹姆斯·卡拉漢]]

၁၈:၁၃၊ ၈ မတ် ၂၀၁၃ ရက်နေ့က မူ

ဖိုင်:78P09811.JPG
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဂျိမ်းကယ်လဟန်

ကယ်လဟန်၊ ဂျိမ်း

(ခရစ် ၁၉၁၂ ဖွား) ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၇၆ ခုနှစ် ဧပြီလ ၅ ရက်နေ့မှစ၍ ခန့်အပ်ခံရသော ဂျိမ်းကယ်လဟန်သည် ၁၉၁၂ ခု မတ်လ ၁၂ ရက်နေ့တွင် ပို့စမောက်မြို့၌ ဖွားမြင်သည်။ အခြေခံပညာကို မူလတန်းကျောင်းနှင့် ပို့စမောက်မြောက်ပိုင်း သဒ္ဒါသင်ကျောင်းတို့တွင် သင်ယူနေပြီး ပြည်တွင်းအခွန်ရုံး၌ ၁၉၂၉ ခုနှစ်တွင် အကောက်ခွန် အရာရှိအဖြစ် ထမ်းရွက်သည်။

ထိုနောက် ဌာနခွဲ အတွင်းရေးမှူး၊ တွဲဖက်အတွင်းဝန်တို့အဖြစ် ၁၉၃၆ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ထမ်းရွက်သည်။ ထိုကာ လပိုင်းအတွင်း၌ ကယ်လဟန်သည် လုပ်သားပညာပေး အသင်းမှနေ၍ စက်မှုလက်မှု သမိုင်းဘာသာရပ်ကို သင်ကြားပေးခဲ့သည်။

ကယ်လဟန်သည် ၁၉၄၂ ခုနှစ်တွင် သာမန် သင်္ဘောသား တစ်ဦး အဖြစ် ဘုရင့်ရေတပ်မတော်တွင် လုပ်အားပေးသည်။ နောက်ပိုင်း၌ ရေကြောင်း လုပ်အားပေး အရန်တပ်တွင် ဗိုလ်အဖြစ် ခန့်အပ်ခံရကာ ထိုစဉ်က သီဟိုဠ်ဟု တွင်သော သီရိလင်္ကာကျွန်းတွင် စခန်းချနေသည့် အရှေ့အိန္ဒိယ ကျွန်းစု ရေတပ်စုတွင် အလုပ်ဝင်လုပ်ရသည်။ ထိုမှ ရေကြောင်း အုပ်ချုပ်မှုရုံးတွင်လည်း တာဝန်ယူရပြန်သည်။

ဗြိတိန်နိုင်ငံရှိလေဘာပါတီသို့ ၁၉၃၁ ခုနှစ်ကတည်းက ကယ်လဟန် ဝင်ရောက်ခဲ့သည်။ ၁၉၄၄ ခုနှစ် တွင် လေဘာပါတီ အမတ်လောင်း အဖြစ် လျာထားခံရပြီး နောက်နှစ်တွင် ပါလီမန်အမတ်အဖြစ် အရွေး ခံခဲ့ရသည်။

အမတ်ဖြစ်လာချိန်၌ (နောင်တွင် ဓနသဟာယ) ဟုတွင်သည့် ဒိုမီနီယံရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဂျွန်ပတ်ကား ၏ ပါလီမန်အတွင်းဝန်အဖြစ် ခေတ္တ ဆောင်ရွက်ရသည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာလအတွင်း အစိုးရ အပြောင်းအလဲ ဖြစ်ချိန်တွင် ကယ်လဟန်ကို သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးဌာန၏ ပါလီမန်အတွင်းဝန်အဖြစ် ခန့်အပ်သဖြင့် မီးရထားလုပ်ငန်းကို နိုင်ငံပိုင် သိမ်းယူရာ၌ ပါဝင် ဆောင်ရွက်ခဲ့သည်။ လမ်းအန္တရာယ် ကာကွယ်ရေး ကော်မတီသစ်၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ဗြိတိန်နိုင်ငံရှိ လမ်းများပေါ်တွင် မျဉ်းကျား စသည်များ ရှေးဦးစွာ ပေါ်လာခဲ့သည်မှာ သူ၏ ဆောင်ရွက်မှုပင်ဖြစ်သည်။ ၁၉၅ဝ-၅၁ ခုနှစ် အတွင်းတွင် မစ္စတာကယ်လဟန်သည် ရေကြောင်းအုပ်ချုပ်မှုရုံးတွင် ဘဏ္ဍာရေးအတွင်းဝန် အဖြစ်လည်း ဆောင်ရွက်ခဲ့ရသည်။

ကယ်လဟန်သည် ပါလီမန်အမတ်ဖြစ်စ ကာလပိုင်း၌ အစိုးရအဖွဲ့၏ အတိုက်အခံဘက်မှ နေလာသူ ဖြစ်သည်။ ကယ်လဟန်သည် ၁၉၄၅-၄၆ ခုနှစ်များ၌ ရုရှနိုင်ငံသို့၎င်း၊ ၁၉၄၇ ခုနှစ်၌ ပါလီမန် ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ်ဖြင့် အာဖရိက အနောက်ပိုင်း နိုင်ငံများသို့၎င်း ရောက်ခဲ့သည်။

၁၉၅၂ ခုနှစ်တွင် မစ္စတာကယ်လဟန်သည် အမေရိကန်ပြည်ထောင်စု ရှိ ဟေဗာဖို့ကောလိပ်၌ ကထိကအဖြစ် စာပေပို့ချသည်။ ၁၉၅၇ ခုနှစ် တွင်မူ မြောက်ပိုင်း ရိုဒီးဇီးယား၊ တောင်ပိုင်း ရိုဒီးဇီးယား (ယခု ဇင်ဗာဗွေ) နှင့် နီယာစာလန် (ယခု မာလဝီ) တိုင်းပြည်များ သို့ ဓနသဟာယ အဖွဲ့ဝင်နိုင်ငံ များ၏ ပါလီမန်ကိုယ်စားလှယ် အဖွဲ့ဝင်တစ်ဦးအဖြစ် လှည့်လည်ရသည်။ ၁၉၆၁ ခုနှစ်၌ နယူဇီလန် နိုင်ငံ မြောက်ပါလမာစတန်၌ ကျင်းပသည့် ချာသန်ဟောက်စ ဓနသဟာယဆက်ဆံမှု ညီလာခံသို့ တက်ရောက်သည်။

ထိုအတွင်း သူသည် ဩစတြေးလီးယား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့သို့ ရောက်ရှိခဲ့သည်။ မစ္စတာကယ်လဟန်သည် ၁၉၆၄ မှ ၆၇ ခုနှစ်များ အတွင်း လေဘာအစိုးရအဖွဲ့များ လက်ထက်တွင် ငွေတိုက်စိုး ဖြစ်လာသည်။ ၁၉၆၇ ခုနှစ် နိုဝင်ဘာလတွင် ပြည်ထဲရေးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၇၄ ခုနှစ် မတ်လအတွင်း လေဘာပါတီ အစိုးရလက်ထက်တွင် နိုင်ငံခြားရေးနှင့် ဓနသဟာယအဖွဲ့ရေးရာ ဝန်ကြီးဖြစ်၍ ဥရောပဘုံဈေး အဖွဲ့အတွင်း ဗြိတိန်နိုင်ငံ ဝင်ရောက်ရန် စည်းကမ်း သတ်မှတ်ချက်များအပေါ် ပြန်လည်ညှိနှိုင်းရာ၌ အဓိကနေရာမှ ပါဝင်ခဲ့၏။

၁၉၇၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက် ခံရပြီးနောက် ကယ်လဟန်သည် ရိုဒီးဇီးယား၊ တောင်အာဖရိက၊ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အိုင်ယာလန် သူပုန်ပြဿနာ စသည် များကို တက်ကြွစွာ ကိုယ်တွယ် ဖြေရှင်းခဲ့သည်။ ဝန်ကြီးချုပ် ကယ်လဟန်သည် ၁၉၇၃ ခုနှစ် စက်တင်ဘာလက အိုင်ယာလန်နိုင်ငံ နှင့် စပ်လျဉ်းသော ကွဲခြားနေသော အိမ်များ အမည်ရှိ စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)၊ အပိုင်း(ခ)