လုစ်-ဂျူလီယန်-ဂျိုးဇက် ကာဆာဗျန်ကာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - it:Luc-Julien-Joseph Casabianca
အရေးမကြီး Bot: Migrating 4 interwiki links, now provided by Wikidata on d:q732192 (translate me)
စာကြောင်း ၁၇ - စာကြောင်း ၁၇ -


[[Category:နိုင်ငံတကာ စစ်ခေါင်းဆောင်များ‎]]
[[Category:နိုင်ငံတကာ စစ်ခေါင်းဆောင်များ‎]]

[[de:Louis de Casabianca]]
[[en:Luc-Julien-Joseph Casabianca]]
[[fr:Luc-Julien-Joseph Casabianca]]
[[it:Luc-Julien-Joseph Casabianca]]

၁၇:၄၇၊ ၈ မတ် ၂၀၁၃ ရက်နေ့က မူ

ဖိုင်:01p15811.jpg
ဂျာကိုးမိုး၏ ဖခင် လူဝီဒါကာဆာဗျန်ကာ

ကာဆာဗျန်ကာ အယ် (ခရစ် ၁၇၅၅-၁၇၉၈)

လူဝီဒါ ကာဆာဗျန်ကာသည် ကော်စီကားကျွန်းသား ဆွေကြီးမျိုးကြီးမှ ဆင်းသက်သူဖြစ်သည်။ ၁၇၅၅ ခုနှစ်တွင် ကော်စီကားကျွန်း၌ ဖွားမြင်၍ ငယ်စဉ်ကပင် ပြင်သစ်ရေတပ်တွင် ဝင်ရောက် အမှုထမ်းခဲ့သည်။ ၁၇၉၈ ခုနှစ်တွင် ဗြိတိသျှ ရေကြောင်း ဗိုလ်ချုပ် နယ်လဆင်၏ သင်္ဘောတပ်နှင့် ပြင်သစ် ရေတပ်တို့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရသော နိုင်းမြစ်တိုက်ပွဲ၌ ပြင်သစ် ရေကြောင်းဗိုလ်ချုပ်၏ သင်္ဘောဖြစ်သည့် လာအိုရီယင့် သင်္ဘောကို ကပ္ပတိန်အဖြစ် ဦးစီးအုပ်ချုပ်ခဲ့ရသည်။

ကာဆာဗျန်ကာသည် အထက်ပါတိုက်ပွဲ၌ သူ၏ ၁ဝနှစ် အရွယ် သားကလေး ဂျာကိုးမိုးကို သူနှင့်အတူ သင်္ဘောပေါ်သို့ ခေါ်လာခဲ့သည်။ တိုက်ပွဲတွင် နယ်လဆင်၏ သင်္ဘောတပ်က အရေးသာ၍ ပြင်သစ် သင်္ဘောများမှာ အဆက်မပြတ် ပစ်ခတ် ခြင်းခံရရာ၊ ပြင်သစ်သင်္ဘောတပ်ကို အုပ်ချုပ်သူ ရေကြောင်း ဗိုလ်ချုပ်ဗရူးဝီးမှာ ကျည်သင့်ကျဆုံး၍ ကာဆာဗျန်ကာမှာလည်း ဒဏ်ရာရသွားလေသည်။ သို့ရာတွင် ကာဆာဗျန်ကာသည် ပြင်သစ် သင်္ဘောတပ်ကို ကွပ်ကဲကာ ဆက်လက်၍ တိုက်မြဲ တိုက်နေ၏။

စိုးရိမ်စရာ ဖြစ်လာသောအချိန်တွင် သူ၏ သား ကလေး ဂျာကိုးမိုးအား ကုန်းပတ်တနေရာသို့ ပို့ပြီးလျှင် 'ငါ့သား သည်နေရာက ဘယ်မှ မသွားနှင့်'ဟု မှာထားခဲ့ လေသည်။ လာအိုရီယင့်သင်္ဘော ကြီးမှာ နယ်လဆင်၏ရေတပ်က ဝဲယာညှပ်၍ ပစ်ခတ်ခြင်းကြောင့် နောက်ဆုံးတွင် မီးစွဲလောင် လေတော့သည်။ သို့သော် ကာဆာဗျန်ကာသည် ထိုအချိန်အထိ အလျှော့မပေးသေးဘဲ ဆက်လက်၍ တိုက်ခိုက်ယင်း ကျဆုံး သွားလေသည်။

သူ၏သားကလေး ဂျာကိုးမိုး ဖခင်၏ မှာထားချက်ကို မပျက်မကွက် လိုက်နာပေသည်။ သင်္ဘောကုန်းပတ် တစ်ခု လုံးသို့ မီးတဖြည်းဖြည်း ကူးစက်တောက်လောင်လာသော်လည်း၊ သူ၏ဖခင်ထံမှ အခွင့်မရသဖြင့် ထားခဲ့သောနေရာမှ ခြေ တစ်လှမ်းမျှ မရွှေ့ဘဲ၊ နောက်ဆုံး၌ သင်္ဘောပေါ်ရှိ ယမ်းတိုက်ပေါက်ကွဲရာတွင် အသက်ဆုံးရှုံးခဲ့၏။ ထိုကြေကွဲ မှတ်သားဖွယ်အဖြစ် အပျက်ကား ၁၇၉၈ ခု ဩဂုတ်လ ၁ ရက် နေ့တွင် ဖြစ်ပွားခဲ့လေသည်။

ကာဆာဗျန်ကာ သားအဖ၏ ဖြစ်အပျက်ကို ကဗျာလင်္ကာ အများအပြား ဖွဲ့နွဲ့ခဲ့ကြသည်။ ယင်းတို့အနက် မစ္စက်ဟယ်မန်း ၏ 'ကာဆာဗျန်ကာ'ကဗျာကို လူသိများကြပေသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)