တာတာရစ် အက်ဆစ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.5.4) (ရိုဘော့က ပေါင်းထည့်နေသည် - uk:Винна кислота
အရေးမကြီး Bot: Migrating 37 interwiki links, now provided by Wikidata on d:q194322 (translate me)
စာကြောင်း ၁၆ - စာကြောင်း ၁၆ -
== ကိုးကား ==
== ကိုးကား ==
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

[[ar:حمض الطرطريك]]
[[bg:Винена киселина]]
[[ca:Àcid tàrtric]]
[[cs:Kyselina vinná]]
[[cy:Asid tartarig]]
[[da:Vinsyre]]
[[de:Weinsäure]]
[[el:Τρυγικό οξύ]]
[[en:Tartaric acid]]
[[eo:Tartrata acido]]
[[es:Ácido tartárico]]
[[fa:اسید تارتاریک]]
[[fi:Viinihappo]]
[[fr:Acide tartrique]]
[[gl:Ácido tartárico]]
[[he:חומצה טרטרית]]
[[hu:Borkősav]]
[[id:Asam tartarat]]
[[it:Acido tartarico]]
[[ja:酒石酸]]
[[ko:타타르산]]
[[lv:Vīnskābe]]
[[mk:Винска киселина]]
[[ml:ടാർട്ടാറിക് അമ്ലം]]
[[nl:Wijnsteenzuur]]
[[pl:Kwas winowy]]
[[pt:Ácido tartárico]]
[[ro:Acid tartric]]
[[ru:Винная кислота]]
[[sh:Vinska kiselina]]
[[sk:Kyselina vínna]]
[[sr:Vinska kiselina]]
[[sv:Vinsyra]]
[[te:టార్టారిక్ ఆమ్లం]]
[[tr:Tartarik asit]]
[[uk:Винна кислота]]
[[zh:酒石酸]]

၁၇:၄၃၊ ၈ မတ် ၂၀၁၃ ရက်နေ့က မူ

တာတာရစ် အက်ဆစ်သည် စပျစ်သီး၊ လိမ္မော်သီးစသော သစ်သီးများ၏အရည်တွင် ပါရှိသည်။ ဓာတုဗေဒသဘောအား ဖြင့် ကာဗွန်၊ ဟိုက်ဒရိုဂျင်အောက်စီဂျင်ဓာတ်တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော အရောင်ကင်း၍ အလင်းပေါက်သည့် ပုံဆောင်ခဲများဖြစ်၏။ တာတာရစ်အက်ဆစ်ကို သုံးမျိုးသုံးစား ခွဲခြားထားသော်လည်း၊ ဓာတုသင်္ကေတ ပုံသေရေးနည်းမှာ (C4H6O6)ဟု တစ်မျိုးတည်းပင် ဖြစ်သည်။ ထိုအက်ဆစ်ကို အခြားသော သစ်သီးများမှလည်း အနည်းအကျဉ်းရနိုင်၏။ သို့ရာတွင် စပျစ်ရည်မှ အများဆုံးရရှိလေသည်။

စပျစ်ရည်ကို စည်ထဲတွင်ထည့်ထားစဉ် ကဇော်ပေါက်လာ သောအခါ၊ စည်အတွင်းဖက်၌ မာသာချိုးများ တက်လာသည်။ ထိုချိုးမှာ 'အာဂေါ' သို့မဟုတ် 'ပိုတက်ဆီယမ် တားထရိတ် အက်ဆစ်'ဟု ခေါ်သော ဓာတ်ဆားဖြစ်သည်။ ဤဓာတ်ဆားကို ရေတွင်ဖျော်ပြီးလျှင် တစ်ဖန်ပြန်၍ ပုံဆောင်ခဲဖြစ်စေသောအခါ၊ အနည်းငယ် သန့်လာသော ပုံဆောင်ခဲကိုရသည်။ ထိုတာတာ တွင် ရှိနေသေးသော အညစ်အကြေးများကို ထုတ်ပြီးလျှင် ပို၍ သန့်အောင် ပြုလုပ်သောအခါ၊ 'တာတာအဆီဖတ်'ဟုတွင်သော ပစ္စည်းကိုရလေသည်။ 'တာတာအဆီဖတ်'သည် အလွန်အဖိုး ထိုက်တန်၍ အသုံးဝင်၏။ ဤအဆီဖတ်ကို ဆိုဒီယမ် ဗိုင်ကာ ဗွန်နိတ်နှင့်ရောစပ်၍ ပေါင်မုံ့ ကိတ်မုံ့များ ဖုတ်ရာတွင် ပွထစေသော ဗိတ်ကင်းပေါင်မှုန့်ကို ပြုလုပ်ရ၏။

ဆိုဒါထိုပြင် အဘယဆေးဖေါ်စပ်ရာ၌လည်း အသုံးပြု၏။ ဆေးဆိုင်များတွင် အများအစားရောင်းချသော တာတာရစ်အက်ဆစ်နှင့် အခြား ဓာတ်ဆားများကို ဤအဆီဖတ်မှ ထုတ်ယူကြလေသည်။ ထိုအဆီဖတ်မှ ရသည့် အထူးထင်ရှားသော ဓာတ်ဆားနှစ်မျိုးမှာ 'ရိုရှယ်ဆား'ဟုခေါ်သော ဆိုဒီယမ် ပိုတက်ဆီယမ် တားထရိတ် ဓာတ်ဆားနှင့် 'တာတာ အီမက်တစ်'ဟုခေါ်သော ပိုတက်ဆီယမ် အန်တီမိုနိုင်တားထရိတ် ဓာတ်ဆားတို့ဖြစ်ကြသည်။ တာတာကို ဖြစ်စေ၊ တာတာအဆီဖတ်ကိုဖြစ်စေ ဆာလဖျူရစ် အက်ဆစ်နှင့် စီမံသောအခါ၊ တာတာ ရစ်အက်ဆစ်ကိုရ၏။ တာတာရစ်အက်ဆစ်ကို သရက်ထည် အပွင့်ရိုက်ခြင်း၊ ဆေးဆိုးခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း၊ ဘယဆေးဖေါ်စပ်ခြင်းတို့တွင်လည်းကောင်း၊ အဖျောယမကာနှင့် အရက်စသည်တို့တွင် အနံ့အရသာ ကောင်းမွန်စေသော ပစ္စည်းအဖြစ်ဖြင့်လည်းကောင်း အသုံးပြုလေသည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)