စနစ်တကျစီစဉ်ထားသော ဒုစရိုက်မှု: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - be:Арганізаваная злачыннасць
အရေးမကြီး Bot: Migrating 41 interwiki links, now provided by Wikidata on d:q46952 (translate me)
စာကြောင်း ၂၇ - စာကြောင်း ၂၇ -


[[Category:ဥပဒေ]]
[[Category:ဥပဒေ]]

[[ar:جريمة منظمة]]
[[arz:منظمات اجراميه]]
[[be:Арганізаваная злачыннасць]]
[[bg:Организирана престъпност]]
[[bs:Organizirani kriminal]]
[[cs:Organizovaný zločin]]
[[da:Organiseret kriminalitet]]
[[de:Organisierte Kriminalität]]
[[en:Organized crime]]
[[eo:Organizita krimo]]
[[es:Crimen organizado]]
[[et:Organiseeritud kuritegevus]]
[[fa:جرایم سازمان‌یافته]]
[[fi:Järjestäytynyt rikollisuus]]
[[fr:Crime organisé]]
[[he:פשע מאורגן]]
[[hi:संगठित अपराध]]
[[hr:Organizirani kriminal]]
[[hu:Szervezett bűnözés]]
[[it:Criminalità organizzata]]
[[ja:組織犯罪]]
[[lt:Organizuotas nusikalstamumas]]
[[nl:Georganiseerde misdaad]]
[[no:Organisert kriminalitet]]
[[pl:Przestępczość zorganizowana]]
[[pt:Crime organizado]]
[[ro:Crima organizată]]
[[ru:Организованная преступность]]
[[sco:Organisit creeme]]
[[sh:Organizovani kriminal]]
[[simple:Organized crime]]
[[sk:Podsvetie (skupina)]]
[[sl:Organizirani kriminal]]
[[sq:Banda kriminale]]
[[sr:Организовани криминал]]
[[sv:Organiserad brottslighet]]
[[tr:Organize suç]]
[[uk:Організована злочинність]]
[[vi:Tội phạm có tổ chức]]
[[zh:黑社會]]
[[zh-min-nan:Cho͘-chit hoān-choē]]

၁၅:၅၀၊ ၈ မတ် ၂၀၁၃ ရက်နေ့က မူ

ဖိုင်:OrganizedCrime.1.jpg
အယ်လ်ကာပုန်း၊ စနစ်တကျစီစဉ်ထားသော ဒုစရိုက်မှုနှင့် များသောအားဖြင့် ပတ်သက်လေ့ရှိသည့်မျက်နှာ

စနစ်တကျစီစဉ်ထားသော ဒုစရိုက်မှု သို့မဟုတ် ဒုစရိုက် အဖွဲ့အစည်းများသည် လူမျိုးပေါင်းစုံပါဝင်သော အုပ်စုဖွဲ့ခြင်းတစ်ခုဖြစ်ပြီး ဒုစရိုက်လုပ်ငန်းများ ပြုလုပ်ရန် ဗဟိုချုပ်ကိုင်မှုအလွန်မြင့်မားပြီး တရားမဝင်သော လုပ်ဆောင်ချက်တွင်ပါဝင်ရန် ရည်ရွယ်သည်။ အများအားဖြင့် ငွေကြေး အကျိုးအမြတ် တစ်စုံတစ်ရာရရှိရန် ရည်ရွယ်သည်။ ဖွဲ့စည်းထားသော ဒုစရိုက်ထိန်းချုပ်ရေးအက်ဥပဒေ (ယူအက်စ်၊ ၁၉၇၀)သည် စနစ်တကျစီစဉ်ထာေးသာ ဒုစရိုက်မှုအား “ဥပဒေနှင့်ဆန့်ကျင်သောလုပ်ဆောင်ချက်များ [...] အလွန်တရာဖွဲ့စည်းပုံကောင်း၍ စည်းကမ်းကျနသောအဖွဲ့အစည်း [...]” ဟုသတ်မှတ်သည်။

မာဖီးယား

မာဖီးယား သည် ကမ္ဘာပေါ်ရှိ ဒုစရိုက် အဖွဲ့အစည်းများ အရေအတွက်ကို ဖော်ပြရာတွင် အသုံးပြုသော အခေါ်အဝေါ်ဖြစ်သည်။ ပထမဦးစွာ အမည်ဖြင့်ဖော်ပြမည်ဆိုလျှင် ဆိုင်ဆီလီယံ မာဖီးယား ဖြစ်ပြီး အီတလီအခြေပြုဖြစ်သည်။ ၄င်း၏အဖွဲ့ဝင်များကို ကိုဆာ နိုဆထရာ ဟုသိကြသည်။ အမေရိကန် ပြည်ထောင်စုတွင် “မာဖီးယား”ကို ယေဘုယျအားဖြင့် အမေရိကန် မာဖီးယား ဟုညွှန်းဆိုကြသည်။ အခြားသော မာဖီးယားကဲ့သို့ အင်အားကြီးမားသော အဖွဲ့အစည်းများကို ဖော်ပြရမည်ဆိုလျှင် ရုရှား မာဖီးယား၊ တရုတ် ထရိုင်ယက်၊ အယ်လ်ဘေးနီးယန်း မာဖီးယား၊ ဘော့စ်နီးယန်း မာဖီးယား၊ အိုင်းရစ် လူဆိုးဂိုဏ်း၊ ဂျပန် ယာကူဇာ၊ နီရာပိုလီတန် ကာမောရား၊ ကာလာဘရိုင်ယန် အင်ဒရန်ဟီတာ၊ အင်ဒီယန်း မာဖီးယား၊ ယူနီဝမ်း ကောစ်၊ ဆာဗီးယန်း မာဖီးယား နှင့် ဘူလ်ဂေးရီးယန်း မာဖီးယား တို့ဖြစ်ကြသည်။ ဒေသအတွင်းတွင်ဖွဲ့စည်းထားသော မာဖီးယား အဖွဲ့အစည်းများ ကမ္ဘာအရပ်ရပ်၌ရှိကြပြီး မည်သည့်တိကျသော လူမျိုးရေးနောက်ကြောင်းနှင့်မျှ အဆက်အသွယ်မရှိကြပါ။ အချို့သော ဒုစရိုက် အဖွဲ့အစည်းများဖြစ်ကြသည့် အကြမ်းဖက် အဖွဲ့အစည်းများသည် နိုင်ငံရေးအရင်းခံများ ဖြစ်ကြသည်။လူဆိုးဂိုဏ်းများ စည်းကမ်းတကျရှိခဲ့မည်ဆိုလျှင် စနစ်တကျရှိသည်ဟုဆိုရန် လုံလောက်သည်။ စနစ်တကျစီိစဉ်ထားသော လူဆိုးဂိုဏ်း သို့မဟုတ် ဒုစရိုက်သားများကို ဆူပူသောင်းကျန်းသောလူအုပ်စုဟုလည်း ညွှန်းဆိုနိုင်သည်။ ဖွဲ့စည်းတည်ဆောက်ထားသည့် အဖွဲ့တစ်ဖွဲ့အနေဖြင့် ဒုစရိုက်လုပ်ငန်းများနှင့် ပတ်သက်နေမှုဆိုင်ရာ အက်ဥပဒေကို အမေရိကန် ပြည်ထောင်စုတွင် တရားမဝင်လုပ်ငန်းအဖြစ် ညွှန်းဆိုသည်။

လူ့အခွင့်အရေး ဥပဒေ

အခြားအဆိုဖြစ်သော ဒုစရိုက်အဖွဲ့အစည်းသည် လူ့အခွင့်အရေး ဥပဒေ တွင်ပါရှိပြီး လူသားမျိုးနွယ်ကို ဆန့်ကျင်သော ဒုစရိုက်မှုတွင် အပြစ်ရှိကြောင်းတွေ့ရှိရသည့် အဖွဲ့အစည်းအဖြစ် ညွှန်းဆိုသည်။ အဖွဲ့အစည်းတစ်ခုသည်ဒုစရိုက်အဖွဲ့အစည်းအဖြစ်ဆုံးဖြတ်ခံထားရလျှင် တစ်ဦးတစ်ယောက်မှသက်သေသာဓကနှင့်ပြသရုံဖြင့် ၄င်းအဖွဲ့အစည်းနှင့်သက်ဆိုင်သူတစ်ဦးတစ်ယောက်သည်လည်းကောင်း၊ ထိုတစ်ဦးတစ်ယောက်သာမက တစ်ဦးချင်းအလိုက် ဥပဒေနှင့်ဆန့်ကျင်သောလုပ်ဆောင်ချက်များကို ကျူးလွန်ခြင်းဖြစ်သည်။ စနစ်တကျစီစဉ်ထားသော ဒုစရိုက် အဖွဲ့အစည်းဆိုင်ရာ ဤယူဆချက်သည် နူရမ်ဘတ် အမှုစစ်ဆေးခြင်းသို့ ပါဝင်လာခဲ့သည်။ များစွာသော ပြည်သူ့ကဏ္ဍ အဖွဲ့အစည်း၊ နာဇီဂျာမဏီ၏ အဖွဲ့အစည်းများဖြစ်ကြသော အက်စ်အက်စ် SS နှင့် ဂတ်စတာပို တို့သည် ဒုစရိုက် အဖွဲ့အစည်းများအဖြစ် တရားစီရင်ခံခဲ့ကြရသည်။ ထိုစဉ်အခါ ဂျာမန်စစ်တပ် အထက်တန်းဗိုလ်ချုပ် များမှာ တရားစွဲဆိုခံခဲ့ကြရသော်လည်း တရားစီရင်ခြင်းမှ တရားသေကင်းလွတ်ခဲ့ကြသည်။ စနစ်တကျစီစဉ်သော ဒုစရိုက် အဖွဲ့အစည်းဆိုင်ရာယူဆချက်သည် ဆက်လက်အငြင်းပွားဖွယ်ရာဖြစ်သည်။ နူရမ်ဘတ်တွင် အမှုစစ်ဆေးသည့်အချိန်မှစ၍ လူ့အခွင့်အရေးဥပဒေတွင် အသုံးမပြုတော့ပေ။

သဘောထားရေးရာနှင့်ဆိုင်သောဒုစရိုက်မှု

ထို့အပြင် ဓလေ့ထုံးစံအရ စနစ်တကျစီစဉ်သော ဒုစရိုက်မှုသည် ဒုစရိုက်မှုများဖြစ်ကြသည့် အယောင်ဆောင်မှု၊ လိမ်လည်မှု၊ ရိုက်စား၊ တရားမဝင်လုပ်ငန်းများတွင် တိုက်ရိုက်ပါဝင်ပတ်သက်သည်ဟု ထည့်သွင်းစဉ်းစားသည်။ အခြား တရားမဝင်လုပ်ငန်းလုပ်ကိုင်သူ လွှမ်းမိုးမှုနှင့် အလွှဲသုံးစားပြုလုပ်သော အဖွဲ့အစည်းများ အက်ဥပဒေ (ရီကို) ဖော်ပြထားသည်မှာ အက်ဥပဒေများသည် ငွေကြေးပိုမိုများပြားလာစေရန် တွန်းအားပေးသည်သာမက ဓလေ့ထုံးစံအရမဟုတ်သော စနစ်တကျစီစဉ်သော ဒုစရိုက်မှုသည် နိုင်ငံရေး သို့မဟုတ် သဘောထားရေးရာနှင့်ဆိုင်သော အမြတ်အစွန်းရရှိမှု သို့မဟုတ် လက်ခံထားရှိမှုတို့တွင်လည်း ပါဝင်ပတ်သက်သည်။ ထိုကဲ့သို့သော အဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့အစည်းများဟု မကြာခဏ တံဆိပ်တပ်ခံရပြီး ၄င်းအဖွဲ့များကို အယ်လ်ကိုင်ဒါ၊ သတ္တဝါ လွတ်မြောက်ရေး စစ်မျက်နှာ၊ ကမ္ဘာမြေ လွတ်မြောက်ရေး စစ်မျက်နှာ၊ ဟားမတ်စ်၊ ဟဇ်ဘိုလာ၊ အိုင်းရစ် ရီပါပလီကန် တပ်မတော်၊ လာရှ်ခါရေး တွိုင်ဗာ၊ ကိုလံဘီယာ လက်နက်ကိုင်တော်လှန်ရေး စွမ်းအားစုများ၊ ဆင်ဘိုင်အိုးနီးစ် လွတ်မြောက်ခြင်း တပ်မတော်၊ တာလီဘန် နှင့် ဝယ်လ်သာမန်း မြေအောက်လှုပ်ရှားမှု များကဲ့သို့ သတ်မှတ်သည်။

သိသာထင်ရှားသော လုပ်ဆောင်ချက်များ

စနစ်တကျစီစဉ်ထားသော ဒုစရိုက်မှုသည် အကြမ်းဖက်လုယက်ခြင်း သို့မဟုတ် ခိုးယူခြင်းနှင့် အယောင်ဆောင်မှု လုပ်ဆောင်ချက်များဖြစ်ကြသော ကုန်ကားများ ပြန်ပေးဆွဲခြင်း၊ ကုန်ပစ္စည်းများ ဓားပြတိုက်ခြင်း၊ အယောင်ဆောင် ဒေဝါလီခံမှု (“ပျက်စီးသွားခြင်း” ဟုလည်းဆိုသည်)၊ အယောင်ဆောင် အာမခံ သို့မဟုတ် အယောင်ဆောင် မတည်ငွေ (ပြည်တွင်း အရောင်းအဝယ်)။ ထိုမှတစ်ဆင့် စီးပွားရေးလုပ်ငန်းများကို မကြာခဏ အကြမ်းဖက်သည်။ စနစ်တကျစီစဉ်သော ဒုစရိုက်အဖွဲ့များသည် ကားခိုးမှု (“ဖျက်သောဆိုင်များ”တွင် တစ်စစီ ဖြုတ်ရောင်းခြင်း သို့မဟုတ် နိုင်ငံခြားသို့တင်ပို့ရန်) အနုပညာပစ္စည်းခိုးမှု၊ ဘဏ်ဓားပြတိုက်ခြင်း၊ ဖောက်ထွင်းမှု၊ ရတနာပစ္စည်းခိုးယူမှု၊ ကွန်ပြူတာမှ သတင်းအချက်အလက်များ ဝင်ရောက်ခိုးယူမှု၊ အယောင်ဆောင် အကြွေးဝယ်ကဒ်၊ စီးပွားရေး သူလျှိုလုပ်ငန်း၊ အလွဲသုံးစားပြုခြင်း၊ ကိုယ်ပိုင်အမှတ်အသား ခိုးယူမှု၊ လုံခြုံရေး အယောင်ဆောင် (“ပို့သည်နှင့် စွန့်သည်” ငွေရှာရန် ဥပဒေနှင့်ဆန့်ကျင်သော အစီအစဉ်) တို့ကို တစ်ဦးချင်းသော်လည်းကောင်း အကြမ်းဖက်ကြသည်။ အချို. စနစ်တကျစီစဉ်သော ဒုစရိုက်အဖွဲ့များသည် လူမျိုး၊ နိုင်ငံ သို့မဟုတ် ဒေသတွင်း အစိုးရများအား လိမ်လည်မှုတို့ကို ကုလားဖန်ထိုးထားသော ဈေးပြိုင် လူထုစီမံကိန်းများ၊ ငွေတုပြုလုပ်ခြင်း၊ မှောင်ခိုအရောင်းအဝယ် သို့မဟုတ် အခွန်မဆောင်သော အရက်များထုတ်လုပ်ခြင်း (ပုလင်းသွတ်ခြင်း) သို့မဟုတ် စီးကရက် (ဗူးသွတ်ခြင်း)နှင့် ရွှေ့ပြောင်းလုပ်သားများကို အခွန်များရှောင်ရန် ကူညီပေးခြင်းဖြင့် ပြုလုပ်သည်။

စနစ်တကျစီစဉ်သော ဒုစရိုက်အဖွဲ့များသည် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးအခန်းကဏ္ဍမှ အကျင့်ပျက် ပြည်သူ့အမှုဆောင် အရာရှိများကို ၄င်းတို့၏လုပ်ဆောင်ချက်များ ရှောင်ရှားနိုင်ရန် သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းနှင့် စွဲချက်တင်ခြင်းတို့နှင့် ပတ်သက်သော အနည်းဆုံးကြိုတင်သတိပေးမှုများရရှိရန် ရှာဖွေထားကြသည်။စနစ်တကျစီစဉ်သော ဒုစရိုက်အဖွဲ့များသည် အမျိုးမျိုးသော ဥပဒေနှင့်ဆန့်ကျင်သည့် အလွန်မြင့်သော အတိုးနှုန်းဖြင့် ငွေတိုးချစားခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်စာပို့၍ အကျပ်ကိုင်ခြင်း၊ ဗုံးဖောက်ခွဲခြင်းများ၊ လောင်းကစားဒိုင် ပြုလုပ်ခြင်းနှင့် တရားမဝင် လောင်းကစားခြင်း၊ အယုံသွင်းပြီး တစ်ပတ်ရိုက်ခြင်း၊ မူပိုင်ခွင့် ချိုးဖောက်ခြင်း၊ ဉာဏ်ပညာဖြင့် တီထွင်ဖန်တီးထားသောအရာကို အတုပြုလုပ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ လက်နက်အရောင်းအဝယ် ပြုလုပ်ခြင်း၊ ဆီမှောင်ခို၊ လူခန္ဓာကိုယ်တွင်းအင်္ဂါများကို ရောင်းဝယ်ခြင်း၊ ကြေးစားလူသတ်ခြင်း၊ ကိုယ်ပိုင်အမှတ်အသားအချက်အလက်များ တရားမဝင်ပြုလုပ်ခြင်း၊ အဆိပ်အတောက်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများကို တရားမဝင် စွန့်ပစ်ခြင်း၊ နြူကလီးယား ပစ္စည်းများကို တရားမဝင်ရောင်းဝယ်ခြင်း၊ စစ်လက်နက် မှောင်ခို၊ နြူကလီးယားလက်နက် မှောင်ခို၊ နိုင်ငံကူးလက်မှတ် အတုအယောင်၊ တရားမဝင်ရွှေ့ပြောင်းခြင်းကို ကူညီခြင်းနှင့် လုပ်အားခသက်သာသော အလုပ်သမား၊ လူမှောင်ခို၊ အန္တရာယ်ရှိသော တိရစ္ဆာန်မျိုးစိတ်များကို ရောင်းဝယ်ခြင်းနှင့် လူကုန်ကူးခြင်း အစရှိသော ဥပဒေနှင့် ဆန့်ကျင်သော ဝန်ဆောင်မှုများနှင့် ကုန်ပစ္စည်းများကို ပေးကြသည်။ စနစ်တကျစီစဉ်သော ဒုစရိုက်အဖွဲ့များသည် အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းများဖြစ်ကြသော တရားမဝင်အလုပ်သမား ကုန်ကူးခြင်းလုပ်ငန်းများအပါအဝင် လောင်းကစားရုံများတွင် အခွန်ရှောင်ခြင်း၊ ပြည်တွင်းရောင်းဝယ်မှု၊ စက်မှုလုပ်ငန်းများတွင် လက်ဝါးကြီးအုပ် တည်ထောင်ထားသော အမှိုက်သိမ်းခြင်း၊ ဆောက်လုပ်ရေးနှင့် ဘိလပ်မြေလောင်းခြင်း၊ ကုလားဖန် လေလံဆွဲခြင်း၊ အဖော်အချွတ်ပါသော လုပ်ငန်းများ၊ ငွေကြေးခဝါချခြင်း၊ နိုင်ငံရေး အဂတိလိုက်စားမှု၊ ဗိုလ်ကျခြင်းနှင့် သဘောထားရေးရာနှင့်ဆိုင်သော အာဏာဖြင့်နှိပ်ကွပ်မှုများ ပြုလုပ်ကြသည်။

ရည်ညွှန်းကိုးကား