ဖီးလစ် ဂျွန်ဆင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - el:Φίλιπ Τζόνσον
အရေးမကြီး r2.7.3) (Robot: Modifying ko:필립 존슨 to ko:필립 존슨 (건축가)
စာကြောင်း ၅၂ - စာကြောင်း ၅၂ -
[[ja:フィリップ・ジョンソン]]
[[ja:フィリップ・ジョンソン]]
[[ka:ფილიპ ჯონსონი]]
[[ka:ფილიპ ჯონსონი]]
[[ko:필립 존슨]]
[[ko:필립 존슨 (건축가)]]
[[lt:Philip Johnson]]
[[lt:Philip Johnson]]
[[nl:Philip Johnson]]
[[nl:Philip Johnson]]

၁၃:၁၁၊ ၅ မတ် ၂၀၁၃ ရက်နေ့က မူ

ဖိုင်:Phillip Johnson.jpg
ဖီးလစ်ဂျွန်ဆင်

နှစ်ဆယ်ရာစု ဗိသုကာပညာရပ်အကြောင်းကို ပြောမည်ဆိုလှျင် ဖီးလစ်ဂျွန်ဆင်၏ အကြောင်းမပါလှျင် မပြည့်စုံ နိုင်ပေ။ ထူထဲသောမျက်မှန်ကိုင်း အနက်ရောင်ကြီးနှင့် သူ၏ပုံရိပ်မှာ အမေရိကန် ဗိသုကာလောက၏ ထင်ရှားသော အမှတ်အသားအဖြစ် ဆယ်စုနှစ် အတော်ကြာတည်ရှိခဲ့သည်။ သူ၏ သက်တမ်း တစ်လှျောက်တွင် အမေရိကန်နိုင်ငံတစ်ဝန်း၌ ထင်ရှားသော အဆောက်အအုံများစွာကို ဒီဇိုင်းထုတ်ခဲ့ပြီး အင်တာနေရှင်နယ်စတိုင်လ်၊ ပို့စ်မော်ဒန်နစ်ဆင် နှင့် ဒီကော်စထရပ်တီဗီဆင် စသော အယူအဆများ အမေရိကန် ဗိသုကာနယ်ပယ်၌ ဖြစ်ပေါ် လာစေရန် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။

ဖီးလစ်ဂျွန်ဆင် ကို (၁၉၀၆) ခုနှစ်တွင် အိုဟိုင်းယိုးပြည်နယ်၊ ကလစ် လန်း ၌ မွေးဖွားခဲ့သည်၊ ဟားဗတ်တက္ကသိုလ်၌ သမိုင်း နှင့် အတွေး အခေါ် ဘာသာရပ်များကို လေ့လာခဲ့ပြီး သူ၏ ကျောင်းသားဘဝ တစ်လှျောက် ဥရောပကို အကြိမ်ကြိမ် ခရီးထွက်ခဲ့သည်၊ ထိုခရီးစဉ်များတွင် ပါသီနွန် အပါအဝင် ရှေးဟောင်း အဆောက်အအုံများစွာ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ဗိသုကာပညာရပ်ကို တဖြည်းဖြည်း စိတ်ဝင်စားလာခဲ့သည်။

(၁၉၂၈) ခုနှစ်တွင် ဂျွန်ဆင်သည် ဂျာမန်ဗိသုကာပညာရှင် မီးစ်ဗင်ဒါရိုးနှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် မီးစ်သည် (၁၉၂၉) ဘာစီလိုနာပြပွဲအတွက် ဂျာမန်ပါဗီလီယန် ကို ဒီဇိုင်းထုတ်နေချိန်ဖြစ်သည်။ ယင်းတွေ့ဆုံမူသည် ဂျွန်ဆင်၏ ဘဝ အတွက် များစွာအရေးပါခဲ့ပြီး သူ၏ဗိသုကာမျက်စိကို ဖွင့်ပေးခဲ့သည်။ (၁၉၃၀)ခုနှစ်တွင် ဗိသုကာ သမိုင်း ဘာသာ ရပ်ဖြင့် ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ထိုနောက် နယူးယောက်မြို့ရှိ ခေတ်သစ်အနုပညာပြတိုက် တွင် ဗိသုကာ ဌာနကို ဖွင့်လှစ်ကာ ထိုဌာန၏ ပထမဦးဆုံး ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သည်။

(၁၉၃၂) ခုနှစ်၌ ဂျွန်ဆင်သည် သူ၏ မိတ်ဆွေနှစ်ဦးနှင့်အတူ “The International Style: Architecture since 1922†ဟူသောအမည်ဖြင့် ပြပွဲတစ်ခုကို ခင်းကျင်းပြသခဲ့သည်၊ ထိုပြပွဲတွင် မီးစ်ဗင်ဒါရိုး၊ လီကော်ဗူးဆေး၊ ဝေါ်တာဂရိုးပီးယတ်စ် စသော ဥရောပ ဗိသုကာ အကျော်အမော်တို့၏ လက်ရာများပါဝင်ခဲ့ပြီး အမေရိကန်လူထုကို မော်ဒန်ဗိသုကာလက်ရာ နှင့်စတင်မိတ်ဆက်ပေးခဲ့သည်။

(၁၉၄၀) ခုနှစ်တွင် ဂျွန်ဆင်သည် ဟားဗတ်သို့ နောက်တစ်ကြိမ် ပြန်သွားကာ မာဆယ်ဗရူးဝါး၏ လက်အောက်တွင် ဗိသုကာပညာရပ်ကို ဆည်းပူးခဲ့သည်၊ (၁၉၄၃) တွင် ဗိသုကာဘွဲ့ရရှိခဲ့ပြီး မက်ဆာချူးဆက်ပြည်နယ် ကိန်းဘရစ်ချ်မြို့ တွင် (၁၉၄၆) ခုနှစ်အထိ ဗိသုကာအဖြင့် အသက်မွေးခဲ့သည်။ ထိုနောက် နယူးယောက်မြို့သို့ ပြန်လာပြီး Moma တွင် ဗိသုကာဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။

ဂျွန်ဆင်၏ ပထမဦးဆုံးနှင့် အကျော်ကြားဆုံးလက်ရာမှာ ကော်နယ်တီကပ်ပြည်နယ်၊ နယူးကင်နန်ရှိ သူ၏ကိုယ်ပိုင်အိမ် မှန်အိမ် (Glass House) ဖြစ်သည်၊ အိမ်၏လေးဘက်လေးရံကို မှန်ချပ်များဖြင့် ကာရံထားပြီး အခင်းကို အုတ်နီခဲ ခင်းကာ မြေပြင်မှ ဆယ်ပေခန့် မြှင့်ထားသည်။ အတွင်းခန်းကို ဗိရိုပုလေးများဖြင့် ပိုင်းခြားထားသည်၊ အုန်နံရံများဖြင့် ကာရံထားသော ရေချိုးခန်းသည် တစ်အိမ်လုံးတွင် ကြမ်းပြင်မှ မျက်နှာကျက်အထိရောက်သည့် တစ်ခုတည်းသော အရာဖြစ်သည်။ မီးစ်ဗင်ဒါရိုး၏ ဖရန့်ဝေါ့ဟောက်စ်ကို အခြေခံထားသည့် ထိုမှန်အိမ်လေးသည် နှစ်ဆယ်ရာစု မော်ဒန်ဗိသုကာလောက၏ အကျော်ကြားဆုံးလက်ရာများတွင် တစ်ခုအပါအဝင်ဖြစ်သည်၊

ဂျွန်ဆင်၏ ထင်ရှားသော နောက်ထပ်လက်ရာတစ်ခုသည် သုံးဆယ့် ကိုးထပ်အမြင့်ရှိသည့် ဆီးဂရန် အဆောက်အအုံ ဖြစ်သည်၊ ထိုအဆောက်အအုံကို မီးစ်ဗင်ဒါရိုးနှင့်အတူတဲ့၍ ဒီဇိုင်းထုတ်ခဲ့သည်၊ အဆောက်အအုံ၏ အချိုးအစားကျနမူ၊ အသုံးပြုသည့် တည်ဆောက်ရေးပစ္စည်း၏ လှပ ခမ်းနားမူတို့ကြောင့် နယူးယောက် တိုင်းစ် သတင်းစာမှာ နှစ်ဆယ်ရာစု၏ အရေးပါဆုံး အဆောက်အအုံအဖြစ် မှတ်ချက်ပေးခဲ့သည်။ ထိုအဆောက်အအုံ ဆောက်လုပ် ပြီးစီး သွား သည် နှင့်အတူ ဂျွန်ဆင်၏ ဗိသုကာပညာရှင်ဘဝတွင် အပြောင်းအလဲအဖြစ် အရွယ်အစား ကြီးမားသော ပရော့ဂျက်ကြီးများကို လုပ်ကိုင် လာခဲ့ရတော့သည်။

ဂျွန်ဆင်၏ အစောပိုင်းလက်ရာများတွင် မီးစ်၏ လွှမ်းမိူးမူများရှိခဲ့သော်လည်း နောက်ပိုင်းတွင် အင်တာနေရှင်နယ် စတိုင်လ် ကို ငြီးငွေ့လာဟန်ရှိသည်၊ crystalline structure များ၊ အရောင်ပြန်သည့်မှန်ချပ်များကို အသုံးပြုကာ ဒီဇိုင်းပြုလုပ်လာသည်။ ပစ်(ခ်)ဘတ်မြို့ရှိ PPG Place နှင့် ကယ်လီဖိုးနီးယားပြည်နယ် Garden Grave ရှိ Crystal Cathedral တို့မှာထင်ရှားသည့် လက်ရာများဖြစ်သည်။

(၁၉၆၇) ခုနှစ်မှစ၍ ဂျွန်ဘားဂီး နှင့်အတူတွဲကာ IDS Tower အပါအဝင် Office Tower အများအပြားကို ဒီဇိုင်း ထုတ် ခဲ့သည်။

(၁၉၈၄) ခုနှစ်တွင် ဂျွန်ဆင်နှင့်ဘားဂီးတို့သည် AT & T Building ကို ဒီဇိုင်းထုတ်ခွင့်ရခဲ့သည်၊ အဆောက်အအုံတွင် အသုံးပြုထားသည့် Stone Cladding များနှင့် အဆောက်အအုံ၏ ထိပ်ပိုင်းပုံသဏ္ဍာန် (Broken-pediment top) တို့ကြောင့် ဆောက်လုပ်ပြီးပြီးချင်းမှာပင် ဝေဖန်အငြင်းပွားစရာဖြစ်ခဲ့သည်။ အသုံးပြုသည့် ပစ္စည်းများသည် အဆောက်အအုံ၏ အသုံးပြုပုံ၊ စတွက်ချာ ဖွဲ့စည်းပုံတို့နှင့် မလိုက်ဖက်ပဲ အလှအပအတွက် သက်သက်သာဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်၊ ဝေဖန်သူတစ်ချို့ကမူ ထိုအဆောက်အအု့ကို ပထမဦးဆုံး ပို့စ်မော်ဒန်နစ်ဆင် အဆောက်အအုံအဖြင့် ရူမြင်ကြသည်။ ထိုခေတ်၏ ဗိသုကာအတွေးအခေါ်ကို ပြောင်းလဲစေခဲ့သော အဆောက်အအုံလည်းဖြစ်သည်။

ဂျွန်ဆင်သည် (၁၉၇၈) တွင် အေအိုင်အေ၏ ရွှေတံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရပြီး (၁၉၇၉) ခုနှစ်တွင် ပရစ်စကာဆုကို ပထမဦးဆုံးရရှိခဲ့သူလည်းဖြစ်သည်။

ဖီးလစ်ဂျွန်ဆင်သည် (၂၀၀၅) ခုနှစ် ဇန်နဝါရီလတွင် သူ၏ကျော်ကြားသော မှန်အိမ်၌ပင် ကွယ်လွန်ခဲ့သည်၊ ကွယ်လွန်ချိန်တွင် သူ၏အသက်သည် (၉၈) နှစ်ရှိခဲ့ပြီဖြစ်ပါသည်။ [၁]

ကိုးကား

  1. ဗိသုကာ စာမျက်နှာ