ကရာတေးဒို: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - min:Karate
အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - ky:Каратэ
စာကြောင်း ၉၇ - စာကြောင်း ၉၇ -
[[ko:공수도]]
[[ko:공수도]]
[[ku:Karate]]
[[ku:Karate]]
[[ky:Каратэ]]
[[la:Karate]]
[[la:Karate]]
[[lt:Karatė]]
[[lt:Karatė]]

၁၄:၁၈၊ ၃ မတ် ၂၀၁၃ ရက်နေ့က မူ

ဖိုင်:Karatedo.jpg
ဖိုင်:Tonystanshikodachi.jpg
ကာရာတေးဒို

ကာရာတေးဒိုကို တစ်နည်းအားဖြင့် ကာရာတေးဟုလည်း ခေါ်ဆိုနိုင်သည်။ ဂျပန်ဘာသာစကားလုံးကို မြန်မာအသံထွက်ဖြင့် ခေါ်ဆိုထားခြင်းဖြစ်သည်။ မူရင်းဂျပန်ဘာသာ အသံထွက်အတိုင်းရေးပါက ခါရာ့တဲဒို (ခါရာ့တဲ)ဟု ရေးသားနိုင်ပါသည်။ စကားလုံးတစ်လုံးစီကို ဘာသာပြန်ကြည့်ပါက-

  • ခါရာ့ မှာ ဗလာ ဖြစ်၍၊
  • တဲ မှာ လက်၊
  • ဒို မှာ နည်းလမ်း၊ဗျူဟာ ဟု အဓိပ္ပါယ်ရပါသည်။

ဖြစ်ပေါ်လာပုံ

၁၄၂၉-၁၈၇၉ ခုနှစ်များအတွင်း ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် စတင်ခဲ့သော ခြေထောက်ဖြင့် တိုက်ခိုက်ခြင်း နည်းပညာကို အခြေခံသည့် ဂျပန်ရိုးရာ ကိုယ်ခံပညာ တစ်ရပ်ဖြစ်သည်။ ကာရာတေး ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ရှင်းလင်းချက် အမျိုးမျိုးရှိပါသည်။ ယေဘူယျအဖြစ် လူသိများသော ရှင်းလင်းချက်မှာ အိုကီနာဝါဒေသ၏ တိုက်ခိုက်ရေးပညာမှ “လက်”ပိုင်းဆိုင်ရာ နည်းဗျူဟာတွင် တရုတ်ရိုးရာ ကိုယ်ခံပညာကို ပေါင်းစပ်ထားခြင်းဖြင့် တီထွင်အဆင့်မြှင့်ထား သည်ဟု ယူဆနိုင်သည်။ ဂျပန်နိုင်ငံ၏ တိုင်းရှောခေတ် (၁၉၁၂-၁၉၂၆) အတွင်း အိုကီနာဝါကျွန်းမှ အခြားခရိုင်များသို့ ပြန့်နှံ့လာခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ပြီးသောအချိန်တွင်မူ ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့သွားခဲ့ပါသည်။ ယခုအခါ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တိုက်ခိုက်ရေးအတွက်၎င်း၊ ကိုယ်ခံပညာအဖြစ်၎င်း၊ အားကစားပညာအဖြစ်၎င်း လူတိုင်းနှင့် ရင်းနှီးသော ပညာတစ်ရပ်အဖြစ် နေရာယူထားပါသည်။ လူသိများသော ကာရာတေး အမျိုးအစားနှစ်မျိုးမှာ ပြိုင်ပွဲစည်းကမ်းကိုလိုက်၍ ရိုးရာ ကရာတေး ကစားနည်း ဖြစ်သည့် “စွန်းဒိုမဲ” ခေါ်သော ထိန်းသိမ်းမှု ကစားနည်းနှင့် တိုက်ရိုက်တိုက်ခိုက်သည့် full contact karate ကစားနည်းဖြစ်သည်။ အကာအကွယ်ပစ္စည်းသုံးသော ကာရာတေး ကစားနည်းမျိုးလည်း ရှိပါသေးသည်။

ယခုလက်ရှိတွင် ကာရာတေးကို တိုက်ရိုက်တိုက်ခိုက်သောနည်းကို အဓိကထားပြီး ၊ မူလစတင်ခဲ့သော “အိုကီနာဝါ” ကာရာတေးကို “တိုရိတဲ” ဟုခေါ်သည့် သွယ်ဝိုက်သော တိုက်ခိုက်နည်း၊ ပစ်ပေါက်နည်းတို့ ထည့်သွင်းထားပါသည်။ ရှေးယခင်က ကာရာတေးအပြင် တုတ်ရှည်၊ ဓားရှည်၊ မြန်မာပြည်တွင် နံချပ်ကူ ဟု လူသိများသော တုတ်ချောင်းတိုနှစ်ချောင်းကို ကြိုးနှင့်ဆက်ထားသည့် လက်နက်များကိုလည်း အသုံးပြု လာကြပါသည်။ ယခုခေတ်တွင်မူ ရှေးရိုးရာတွင် နည်းပညာသစ်များကို ထပ်မံပေါင်းစပ်ကာ ပိုမိုတိုးတက်သော ကစားကွက်များကို တီထွင်လာလျှက်ရှိနေပါသည်။

ပညာအဆင့်အရောင်နှင့် ဘွဲ့တံဆိပ် သင်္ကေတ

လိမ္မော်ရောင်ခါးပတ်

ကာရာတေးပညာ အဆင့်သတ်မှတ်ခြင်းစနစ်နှင့် အရောင်သတ်မှတ်ခြင်းစနစ်ကို ကိုးကားနိုင်ရန် မိတ်ဆက်တင်ပြလိုပါသည်။ ၁၉၂၄ ခုနှစ်တွင် ဂျပန်နိုင်ငံ ကာရာတေးလောက၏ ကာရာတေးပညာရှင်ဖြစ်သော ဖူနာ့ကိုရှိ၊ ဂိချင်း (အမျိုးသား) 船越義珍 မှ ပထမဦးဆုံး ထုတ်ပြန်သတ်မှတ်ခဲ့သည်ဟု ဆိုကြသည်။ ပထမတွင် ခါးပတ်နက်၊ ခါးပတ်ဖြူ ကို စတင်သတ်မှတ်ခဲ့ပြီး ခါးပတ်နက်ကို ပညာအဆင့်ရှိသူအဖြစ်၎င်း၊ ခါးပတ်ဖြူကို ပညာသင်စသူအဖြစ်၎င်း ခွဲခြားခဲ့သည်။ခါးပတ်နက်တွင် အဆင့်လိုက်သတ်မှတ်ခွဲထားပါသေးသည်။ ထိုအဆင့်ကို ခါးပတ်အနက်တွင်ပါသော လိုင်းများ(ဒန်ဟုခေါ်သည်- ၉ ဒန်သည်အမြင့်ဆုံးဖြစ်သည်) ကို ကြည့်ခြင်းဖြင့်သိရှိနိုင်သည်။

ဖိုင်:Shotokan Karate Masters.JPG
ကရာတေးနည်းပြချုပ်များ
ဖိုင်:Shotokan Karate Style.JPG
ရှိုတိုကန် ကာရာတေး စတိုင်
ဖိုင်:Kyokushinkai Kan Karate.JPG
ကျိုကုရှင်ကိုင်း ကာရာတေး စတိုင်
ဖိုင်:International Karate Organization (Myanmar).JPG
မြန်မာ ကရာတေး ကလပ်

ခါးပတ်နက်နှင့် ခါးပတ်ဖြူအကြားတွင် ခါးပတ်ညိုကိုလည်း သတ်မှတ်ခဲ့သည်။ ထပ်မံ၍ ခါးပတ်ညိုအောက်တွင် ထိုအချိန်က ခလေးများအတွက် ရည်ရွယ်ပြီး အစိမ်း၊ အဝါ၊ အပြာစသော အရာင်များကိုလည်း သတ်မှတ်လာခဲ့ရာမှ ယခုအချိန်တွင်မူ ယေဘူယျပုံစံ ပညာအဆင့်များ ဖြစ်လာကြသည်။ ပညာအဆင့်သတ်မှတ်ခြင်းစနစ်နှင့် အရောင်သတ်မှတ်ခြင်းစနစ်တို့သည် အသင်းအဖွဲ့ ဂိုဏ်းဃဏ ပေါ်မူတည်၍ ကွဲပြားမှုရှိနိုင်သော်လည်း ရိုးရာ၊ ကရာတေးပညာအတွက် ဂျပန်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်သတ်မှတ်မှုရှိသည်။

ဘွဲ့တံဆိပ် သတ်မှတ်မှုတွင်လည်း မိမိ၏ အသင်းအဖွဲ့ကို လိုက်၍ ဟန်းရှိ 範士 (အဆင့်၈အထက်) ၊ ကျောရှိ 教士 ( ဟန်းရှိ အောက်၊ ရလ်းမ်ရှိ အထက် )၊ ရလ်းမ်ရှိ 錬士 ( အဆင့်၆အထက်) ဟုသတ်မှတ်ထားသည်။ ဘွဲ့တံဆိပ်ကို အသုံးမပြုသော အသင်းအဖွဲ့များလည်းရှိသည်။

မြန်မာနိုင်ငံ ရှိ ကရာတေး ကလပ်များတွင် အများအားဖြင့် အဖြူ၊ အဝါ၊ အစိမ်း၊ အညို၊ အနက် ဟု ခါးပတ် အရောင်ကို အနိမ့်မှ အမြင့်သို့ ၅ ဆင့် သတ်မှတ်လေ့ ရှိကြသည်။ သို့သော်လည်း အချို့သော ကရာတေး ကလပ်များတွင် အဖြူ၊ အဝါ၊ လိမ္မော်၊ အစိမ်း၊ အပြာ၊ အညို၊ အနက် ဟူ၍ ခုနှစ်ဆင့် သတ်မှတ်လေ့ ရှိကြသည်။

ကာရာတေးဝတ်စုံ

ရိုးရာ၊ ကာရာတေးဝတ်စုံသည် အပေါ်ဝတ်အင်္ကျီလက်မှာ လက်ကောက်ဝတ်အထိ ရှည်သည်။ နွေရာသီတွင် အပူချိန် မည်မျှပင်ဖြစ်စေကာမူ အင်္ကျီလက်ကိုမတင်ခြင်းအား ခွင့်မပြု။ သို့သော် လေ့ကျင့်သည့်အချိန်တွင် ဆရာ၏ခွင့်ပြုမှုပေါ် မူတည်သည်။ အင်္ကျီအောက်ဘက်နားတွင် တွဲချုပ်ထားသော ကြိုးပါသဖြင့် ၊ ကော်လာနှစ်ဘက်ကို ညီအောင်စေ့ပြီး နောက်တွင် အောက်နားရှိကြိုးကို ချည်လိုက်ပါက အောက်အနားများ ကိုညီညာသွားစေသည်။

ဘောင်းဘီ၏အရှည်မှာ ခြေမျက်စိအထိဖြစ်သည်။ အသင်းအဖွဲ့များ ကိုယ်စားပြုသော အမှတ်တံဆိပ်များကိုလည်း ကပ်ချုပ်ထားခြင်းမျိုးလည်း ရှိသည်။ ကာရာတေး လေ့ကျင့်ကွင်းကိုမသွားပဲ ကာရာတေးဝတ်စုံများကို ဝယ်ယူဆင်မြန်းနိုင်သည်။ full contact ကာရာတေးဝတ်စုံ သည် တစ်ထောင်ဆစ် မဖုံးတဖုံး လက်အရှည်ရှိသောအင်္ကျီ လက်တစ်ဆက်တည်း ပုံစံမျိုးဖြစ်သည်။ ဘောင်းဘီသည် ကြမ်းပြင်ကို ထိလောက်သည်အထိ ရှည်ရှည်ဖားဖား ပုံစံဖြစ်သည်။ ဝတ်စုံတွင် အသင်းအမှတ်တံဆိပ် လိုဂိုများ ပုံနှိပ်ထားပြီး လေ့ကျင့်ကွင်းကိုသွားရောက်မှသာ ဝယ်ယူဆင်မြန်းနိုင်သည်။

ကာရာတေးပညာ ဂျပန်နိုင်ငံမှ အခြားနိုင်ငံများသို့ပျံ့နှံ့မှု

ကိုရီးယားနိုင်ငံသို့ ကာရာတေး ပညာပျံ့နှံ့ ခဲ့ပုံ။ ။ ကိုရီးယားနိုင်ငံတွင် ရှေးအခါက ကွန်စုဒိုး ဟု၎င်း၊ တမ်စုဒိုး ဟု၎င်းခေါ်ခဲ့ကြသော ကရာတေးသည် ကိုရီးယားမူ၊ ကိုရီးယားဟန် ပြောင်းလည်း တီထွင်ခဲ့ရာမှ ခြေဖြင့်ကန်သော ပညာကို အလေးပေးကာ တယ်ကွန်ဒိုး (မြန်မာဘာသာဖြင့် တိုက်ကွမ်ဒိုဟုခေါ်သော) ဟုခေါ်သော ကိုယ်ခံပညာ အသစ်အဖြစ် ပေါ်ပေါက်လာခဲ့တော့သည်။ ၁၄ အောင်စ အလေးချိန်ရှိသော လက်အိပ်နှင့် မျက်နှာဖုံးကို ဝတ်ဆင်အသုံးပြုသော ကာရာတေးအသစ် K-1 သည်လည်း ယခုတစ်လော ရေပန်းစားလာသည့် ပြိုင်ပွဲကစားနည်း တစ်ခုလည်းဖြစ်သည်။ ၁၉၄၀ ခုနှစ်လယ်ပိုင်း နောက်ကျကျ အချိန်များတွင် စတင်ပျံ့နှံ့လာသော တိုက်ကွမ်ဒို ကို တီထွင်သူ ကိုရီးယားပညာရှင်များသည် ဂျပန်နိုင်ငံတွင် ကရာတေးပညာကို သင်ယူလေ့ကျင့်ခဲ့သူများဖြစ်သည်။ ထို့ကြောင့် တိုက်ကွမ်ဒို ၏ မူလရင်းမြစ်ကို ရှာဖွေကြည့်မည်ဆိုလျှင် ကာရာတေး ပညာသာဖြစ်နေကြောင်းတွေ့ရှိရမည် ဖြစ်သည်။

အမေရိကသို့ ကာရာတေးပညာ ပျံ့နှံ့ခဲ့ပုံ။ ။အိုကီနာဝါနှင့် ဂျပန်နိုင်ငံပင်မကျွန်းတွင် ကာရာတေး ပညာသင်သွားကြသော အမေရိကန်စစ်သားများ က မိမိတို့နိုင်ငံသို့ပြန်ပြီးနောက်၊ လေ့ကျင့်ကွင်းဖွင့်က သင်ပေးခြင်းဖြင့် အမေရိကန်နိုင်ငံတွင် ကာရာတေးပညာ ပျံ့နှံ့ခဲ့သည်ဟုဆိုကြသည်။ ပထမဦးဆုံး ကာရာတေးဆရာမှာ အများက “ အမေရိကန် ကာရာတေးဖခင်ကြီး ” ဟုခေါ်ကြသော ရောဘတ် ထရီအတ်စ် (၁၉၂၃-၁၉၈၉)ဖြစ်သည်။ ထရီအတ်စ် သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဆော်လမွန်ကျွန်းတွင် အိုကီနာဝါကျွန်းသား ကာရာတေးပညာရှင် မိုတိုဘု ချိုးကိ ၏ တပည့်ဖြစ်သော တရုပ်လူမျိုးတစ်ယောက်ထံမှ သင်ယူခဲ့သည်။ ၁၉၄၂ခုနှစ်တွင် အာရီဇိုးနားပြည်နယ် ဖီးနစ်စ် ကာရာတေးလေ့ကျင့်ကွင်း ကိုဖွင့်လှစ်ခဲ့သည်။ သို့သော်လည်း မည်သူက ကာရာတေးကို အမေရိကသို့ ပထမဦးဆုံး မိတ်ဆက်ခဲ့သည်ကိုမူ အခြားအဆိုများလည်းရှိ၍ ယနေ့တိုင် အငြင်းပွါးနေကြဆဲဖြစ်သည်။

ဥရောပသို့ ကာရာတေးပညာ ပျံ့နှံ့ခဲ့ပုံ။ ။ ၁၉၆၀နှစ်နောက်ပိုင်းကာလတွင် ဂျပန်နိုင်ငံမှ ကာရာတေးပညာရှင်များ စေလွှတ်ခြင်းဖြင့် ဥရောပတွင် ကာရာတေးပညာ ပျံ့နှံ့ခဲ့ရသည်။ အီဝါ့တဲ့ ဇာတိ ကာနာဇာဝါ ဟီရိုးခါ့ဇု ကို ဂျာမဏီနှင့် အင်္ဂလန်နိုင်ငံတို့၏ ကာရာတေးနည်းပြအဖြစ်၎င်း၊ ဟီဂါ့ရှိအွန်းနာ့ မိုရိအို ကို ပေါ်တူဂီနိုင်ငံ၏ ကာရာတေးနည်းပြအဖြစ်၎င်း အသိအမှတ်ပြုကြသည်။ ယခင်ဆိုဗီယက်နိုင်ငံ တွင် ၁၉၆၀နှစ်နောက်ပိုင်း မော်စကိုတက္ကသိုလ်တွင် ကာရာတေးကိုအသင်းရှိခဲ့သည်။ သို့သော်လည်း ၁၉၇၃ခုနှစ်တွင် ဆိုဗီယက်အစိုးရက ကာရာတေးပညာအပါအဝင် အခြားကိုယ်ခံပညာများကိုပါ ရုတ်တရက် တားမြစ်ပိတ်ပင် ခဲ့သည်။ ရုရှား ကိုယ်ခံပညာဟု လူသိများသော “စမ်ဘို” sambo ကို စတင်ကစားလာခဲ့ကြသည်။ သို့သော်လည်း ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲပြီးနောက် ရုရှားနိုင်ငံတွင် ကာရာတေးကို ပြန်လည်ကစားလာခဲ့ကြပါသည်။

မြန်မာနိုင်ငံသို့ ကာရာတေးပညာ ပျံ့နှံ့ခဲ့ပုံ။ ။ ၁၉၆၅ ခုနစ် နောက်ပိုင်းကာလတွင် ဂျပန် ကာရာတေး ပညာရပ်သည် မြန်မာနိုင်ငံသို့လည်း ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။ ဒဂုံ ကာရာတေးအသင်း၊ အဆာဟိ ကာရာတေး အသင်း၊ ဟိုက်ကာရီ ကာရာတေးအသင်း၊ ယူနိုက်တက် ကာရာတေးအသင်း၊ အိုကီနာဝါ ကာရာတေး အသင်း၊ တိုက်ဂါး ကာရာတေးအသင်း၊ အိုယားမား ကာရာတေး အသင်း၊ ဘားမား ကာရာတေးအသင်း၊ အက်ဆက် ကာရာတေးအသင်း၊ တန်ဆိုင်း ကာရာတေးအသင်း၊ ဖူနာကိုရှိ ဂီချင်း ကာရာတေး အသင်း၊ ဆိုရှိကိ ကာရာတေးအသင်း စသော ကာရာတေး အသင်းဖွဲ့များ ပေါ်ပေါက်ခဲ့သည်။ ရှိုတိုကန် ကာရာတေး စတိုင်နှင့် ကျိုကုရှင်ကိုင်း ကာရာတေး စတိုင် တို့ကို အဓိကထားပြီး ကစားကြသည်။ တက္ကသိုလ် ကောလိပ်များ၊ အထက်တန်းကျောင်းများ၊ တပ်မတော်နှင့်ရဲတပ်ဖွဲ့ တို့တွင် ကာရာတေး သင်တန်းများ ပေါ် ထွန်းခဲ့သည်။ ဆရာကြီး ဦးကျော်ညွန့်၊ ဆရာကြီး ဦးစိုးတင့်၊ ဆရာကြီး ဦးသောင်းဒင်၊ ဆရာ ဦးမြင့်ကြည်၊ ဆရာ ဦးစံနီ၊ ဆရာ ဦးဝင်းနိုင်၊ ဆရာ ဦးတင်ဝင်းအောင် (ခေါ်) ဆရာ ဦးဖိုးသာအောင်၊ ဆရာ ဦးစိုးဝင်း (မြန်မာနိုင်ငံ ကာရာတေးဒို အဖွဲ့ချုပ် အတွင်းရေးမှူး)၊ ဆရာ ဦးဂေးလ်မို စိုးမင်း၊ ဆရာ ဦးမောင်မောင်ဦး၊ ဆရာ ဦးနေဝင်း၊ ဆရာ ဦးမင်းလွင်၊ ဆရာ ဦးစိုးဝင်း နှင့် ဆရာ ဦးမြင့်ကြွယ် စသော ဆရာများသည် ထင်ရှားခဲ့သည်။ ဦးမြင့်ကြွယ် ရေးသားပြုစုခဲ့သော ကာရာတေး Thesis: Kihon (基本, きほん), Kata (型 or 形), Kumite (組手) " The 3 Ks process of Karate" အား ၁၉၈၁ ခုနစ်တွင် ဂျပန်ကာရာတေး အဖွဲ့ (J.K.A) ၏ နည်းပြချုပ် ဆရာကြီး မာဆာတိုရှိ နာကာရားမားက အသိမှတ်ပြု လက်ခံခဲ့သည်။

ကိုးကား