ဂရီနေဒါနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - ba:Гренада
အရေးမကြီး r2.7.2) (Robot: Modifying ga:Grenada (Tír) to ga:Greanáda
စာကြောင်း ၁၃၅ - စာကြောင်း ၁၃၅ -
[[frr:Grenaada]]
[[frr:Grenaada]]
[[fy:Grenada]]
[[fy:Grenada]]
[[ga:Grenada (Tír)]]
[[ga:Greanáda]]
[[gd:Greanada]]
[[gd:Greanada]]
[[gl:Granada - Grenada]]
[[gl:Granada - Grenada]]

၁၅:၀၆၊ ၂၇ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

ဂရီနေဒါ
Grenada
ဆောင်ပုဒ်: “Ever Conscious of God We Aspire, Build and Advance as One People”[၁]
နိုင်ငံတော် သီချင်း: Hail Grenada
ဂရီနေဒါနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
စိန့်ဂျော့ရှ်မြို့
အမျိုးအစားပါလီမန် ဒီမိုကရေစီ နှင့် စည်းမျဉ်းခံ ဘုရင်စနစ်
အစိုးရ
• ဘုရင်မ
အဲလိဇဘက် ၂
• ဘုရင်ခံချုပ်
Carlyle Glean
• ဝန်ကြီးချုပ်
တေးလ်မန်း သောမတ်စ်
တည်ထောင်
• လွတ်လပ်ရေး
(ယူကေမှ)
ဖေဖော်ဝါရီ ၇၊ ၁၉၇၄
ဧရိယာ
• စုစုပေါင်း
၁၃၂.၈ စတုရန်းမိုင် (၃၄၄ km²) (အဆင့်: ၂၀၃)
• ရေထု (%)
၁.၆
လူဦးရေ
• ခန့်မှန်း
၁၁၀,၀၀၀ (အဆင့် - ၁၈၅)
• သိပ်သည်းမှု
၈၂၈.၃/စတုရန်းမိုင် ( ၃၁၉.၈/km² ) (အဆင့် - ၄၅)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၁.၀၉၈ ဘီလီယံဒေါ်လာ [၂]
• Per capita
US $၁၀,၆၅၇ [၂]
HDI ၀.၈၁၃ (အမြင့်)
အမှား။ မရေရာသော HDI တန်ဖိုး · ၇၄
ငွေကြေးအရှေ့ကာရစ်ဘီယံ ဒေါ်လာ
အချိန်ဇုန်-၄
တယ်လီဖုန်းကုဒ်+၁-၄၇၃
Internet TLD.gd


ဂရီနေဒါနိုင်ငံ သည် အတ္တလန္တိတ် သမုဒ္ဒရာ နှင့် ကာရစ်ဘီယံ ပင်လယ်အကြားရှိ အနောက်အိန္ဒိယ ကျွန်းစုတွင် ပါဝင်သော ဝင်းဝါဒ်ကျွန်းစု၏တောင်ဘက် အစွန်ဆုံးကျသည့် နိုင်ငံ ဖြစ်သည်။ ဘဲဥပုံသဏ္ဌာန်ရှိသော ဂရီနေဒါနိုင်ငံသည် ထရီနီဒတ်ကျွန်း၏ မြောက်ဘက် မိုင်ကိုးဆယ်အကွာနှင့် စိန်ဗန်းဆင့်ကျွန်း၏ အနောက်တောင်ဘက် ခြောက်ဆယ့်ရှစ်မိုင်ခန့် အကွာတွင် တည်ရှိသည်။ ယင်းတို့အနက် ကာရီယာကူကျွန်းသည် အကြီးဆုံးကျွန်း ဖြစ်သည်။ အရှေ့မှ အနောက်သို့ ၁၂ မိုင် ကျယ်ဝန်းပြီး မြောက်မှ တောင်သို့ ၂၁ မိုင်မျှ ရှည်လျားသည်။

အကျယ်အဝန်းအားဖြင့် ၁၃၃ စတုရန်းမိုင် ဖြစ်သည်။ ၂၀၀၅ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၁၁ဝ,၀ဝဝ ခန့်ရှိသည်။

ကျွန်း၏ ထူးခြားသော ပထဝီသဘာဝ တစ်ခုမှာ တောင်တန်း၏ အလယ်ဗဟို အမြင့်ပေ ၁,၇၄ဝ တွင် ဂရင်းအီတန်ရေအိုင် ရှိသည်။ ယင်းမှာ မီးတောင်သေ၏ ထိပ်ဝဖြစ်ပြီး ၃၆ ဧကမျှ ကျယ်ဝန်းသည်။

ရာသီဥတုမှာ မျှတသော အပူပိုင်းပင်လယ်ဒေသ ရာသီ ဥတုအတွင်း ကျရောက်သဖြင့် ဇန်နဝါရီလမှ မေလအထိ နွေဥတုဖြစ်၍ ကျန်သောလများတွင် မိုးသေးမိုးဖွဲများ မကြာခဏ ရွာသွန်းလေ့ရှိသည်။

မြို့တော်မှာ စိန့်ဂျော့ရှ်မြို့ဖြစ်၍ ကျွန်း၏ အနောက်တောင် ကမ်းခြေတွင် တည်ရှိပြီး ဆိပ်ကမ်းကောင်းမြို့ ဖြစ်သည်။ လူဦးရေ ၆,၆၃၄ ခန့်ရှိသည်။ ဂရီနေဒါကျွန်းတွင် ယခုအခါ အာဖရိကတိုက် ဥရောပတိုက်သားများနှင့် ကရစ်အင်ဒီးယန်းများမှ ဆင်းသက် လာသည့် အဆက်အနွယ်များ နေထိုင်ကြသည်။ အများစုမှာ အာဖရိက နီးဂရိုးလူမျိုးများဖြစ်ပြီး ဥရောပ အာဖရိက ကပြား များနှင့် လူဖြူအနည်းငယ်တို့ ဖြစ်သည်။ အင်္ဂလိပ်ဘာသာသည် ရုံးသုံးဘာသာ ဖြစ်သည်။ ထက်ဝက်ကျော်သော လူဦးရေမှာ ဗရင်ဂျီခရစ်ယန်ဝင်များ ဖြစ်သည်။ဂရီနေဒါနိုင်ငံသည် အပူပိုင်းဒေသ သီးနှံများဖြစ်သော ကိုကိုး၊ ဇာတိဖ္ပိုလ်၊ ငှက်ပျော၊ အုန်း၊ ရှောက်၊ သံပုရာနှင့် ကြံတို့ကို အဓိကထား၍ စိုက်ပျိုးကြသည်။ ဝါ၊ လေးညှင်း၊ သစ်ကြံပိုး၊ ကော်ဖီနှင့် ဖူးစားပြောင်းကိုလည်း စိုက်ပျိုးကြသည်။

ဂရီနေဒါနိုင်ငံ၏ သစ်တော လေးပုံသုံးပုံခန့်မှာ အစိုးရပိုင် ဖြစ်သည်။ ရေနံနှင့် ဓာတ်ငွေ့ရှာဖွေရေးကို ကမ်းလွန် ပင်လယ်တွင် စမ်းသပ် ရှာဖွေလျက်ရှိသည်။ လှပသော ရှုခင်း၊ ကောင်းမွန်သော ရာသီဥတု၊ သာယာသော ဆိပ်ကမ်းသာများ ကမ်းခြေများနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သောကြောင့် ကမ္ဘာ့လှည့် ခရီးသည် များ မျက်စိကျ၊ ခြေချရာဒေသအဖြစ် ကျော်ကြားသည်။

ဂရီနေဒါနိုင်ငံသည် ပါလီမန်ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံ ဖြစ်သည်။ ၁၉၆၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘုရင်ခံတစ်ဦး၊ ဝန်ကြီးအဖွဲ့နှင့် လွှတ်တော်နှစ်ရပ် ထားရှိ သည်။

ဂရီနေဒါကျွန်းကို ၁၄၉၈ ခုနှစ်တွင် ခရစ္စတိုဖာ ကိုလံဘတ်က စတင်တွေ့ရှိပြီး ကွန်စက်စီယွန်ကျွန်းဟု အမည်ပေးခဲ့သည်။ ထိုကျွန်းရှိ တောင်ကုန်းများတွင် စပိန်နိုင်ငံ ဂရီနေဒါပြည်နယ်မှ တောင်ကုန်းများနှင့် အသွင်သဏ္ဌာန်တူသဖြင့် စပိန် သင်္ဘောသားများက ဂရီနေဒါကျွန်းဟု အမည်ပြောင်းလဲ ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။ ၁၆၅ဝ ပြည့်နှစ်တွင် ပြင်သစ်ပိုင် မာတီနစ်ကျွန်းမှ ဘုရင်ခံ ဒူပါကေးက ထိုကျွန်းကို ဝယ်ယူပြီးလူ ၂ဝဝ နှင့် အခြေချ နေထိုင်ခဲ့သည်။ ဒေသခံ ကရစ်တို့က ထိုသူတို့ကို အပြင်းအထန် ခုခံတွန်းလှန်ခဲ့သဖြင့် ပြင်သစ်က စစ်အင်အား နှင့် နှိမ်နင်းရသည်။

ဗြိတိန်နှင့် ပြင်သစ်တို့ ဖြစ်ပွားသော ခုနစ်နှစ်စစ်ပွဲအတွင်း ဂရီနေဒါကျွန်းကို ဗြိတိသျှတို့က သိမ်းပိုက်ရရှိလိုက်ရာ ၁၇၆၃ ခုနှစ် ပဲရစ်စာချုပ်အရ တရားဝင် လွှဲပြောင်းပေးလိုက်ရ သည်။ ၁၇၇၉ ခုနှစ်တွင် အဆိုပါကျွန်းကို ပြင်သစ်တို့က ပြန်လည် သိမ်းယူခဲ့သော်လည်း ၁၇၈၃ ခုနှစ်တွင် ဗာဆိုင်းစာချုပ်အရ ဗြိတိသျှတို့အား ပြန်လည် ပေးအပ်ခဲ့ရပြန်သည်။ ထိုအချိန်မှစ၍ ဂရီနေဒါကျွန်းသည် ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့သည်။

၁၉၇၂ ခု ဖေဖော်ဝါရီလတွင် ဂရေနဒါနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ရာတွင် အီရစ် မက်သယူး ဂိုင်ရီ ဦးဆောင်သော ဂရေနဒါ ညီညွှတ်ရေးပါတီက အနိုင်ရခဲ့ သဖြင့် မစ္စတာ အီရစ်မက်သယူးဂိုင်ရီ ဝန်ကြီးချုပ် ဖြစ်လာ သည်။ ထို့နောက် အီရစ်မက်သယူးဂိုင်ရီသည် ၁၉၆၇ ခုနှစ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် အချို့အချက်များ ပြင်ဆင်၍ လွတ်လပ်သော ဂရေနဒါနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် အတည်ပြုခဲ့သည်။

၁၉၇၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ မှစ၍ ဂရေနဒါနိုင်ငံသည် ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင်နိုင်ငံ အဖြစ်ဖြင့် လွတ်လပ်ရေးကို ရရှိခဲ့သည်။ ဝန်ကြီးချုပ် အီရစ်မက်သယူးဂိုင်ရီသည် အိမ်နီးချင်း နိုင်ငံများက လွတ်လပ်ရေး အခမ်းအနားသို့ သပိတ်မှောက်ကာ တက်ရောက်ခြင်း မပြုကြသော်လည်း လွတ်လပ်ရေး အထိမ်းအမှတ် ပွဲတော်ကို ငါးရက်ကြာမျှ ဆူပူမှုမရှိဘဲ အေးချမ်းစွာ ကျင်းပနိုင်ခဲ့ပေသည်။ သို့သော် ဆန့်ကျင်ဖက် အင်အားစုများ၏ လှုပ်ရှားမှုသည် ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သဖြင့် ဂရေနဒါနိုင်ငံ အခြေအနေ ပုံမှန် ပြန်လည် ရောက်ရှိစေရန် အစိုးရအနေဖြင့် ကြိုးပမ်းနေရဆဲ ဖြစ်သည်။

၁၉၇၄ ခု စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂ၏ ၁၃၈ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာသည်။[၃]

ကိုးကား

  1. Government of Grenada Website။ 2007-11-01 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Grenada။ International Monetary Fund။ 2011-04-21 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)