အော်စကာဆု: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.3rc2) (ရိုဘော့က ပေါင်းထည့်နေသည် - fo:Oscar-virðislønin
အရေးမကြီး r2.7.1) (Robot: Modifying bs:Oskar to bs:Oscar
စာကြောင်း ၅၆ - စာကြောင်း ၅၆ -
[[bg:Награди на филмовата академия на САЩ]]
[[bg:Награди на филмовата академия на САЩ]]
[[bn:একাডেমি পুরস্কার]]
[[bn:একাডেমি পুরস্কার]]
[[bs:Oskar]]
[[bs:Oscar]]
[[ca:Oscar]]
[[ca:Oscar]]
[[ckb:خەڵاتی ئۆسکار]]
[[ckb:خەڵاتی ئۆسکار]]

၁၈:၅၄၊ ၂၆ ဖေဖော်ဝါရီ ၂၀၁၃ ရက်နေ့က မူ

၂၀၀၉ ခုနှစ် အော်စကာ ဆုပေးပွဲ မစမှီ မြင်ကွင်းတစ်ရပ်

အော်စကာဆုဟု လူသိများသည့် အမေရိကန် ရုပ်ရှင် အကယ်ဒမီဆု (Academy Awards) သည် အမေရိကန် ရုပ်ရှင်အနုပညာအသင်း (Academy of Motion Picture Arts and Sciences, AMPAS) က ကမ္ဘာတဝှမ်းရှိ ရုပ်ရှင်လောကမှ ထူးချွန်ပြောင်မြောက်သူများအား ချီးမြှင့်သည့် ရုပ်ရှင်ထူးချွန်ဆု တစ်ရပ်ဖြစ်သည်။[၁] ယင်းဆုများတွင် အကောင်းဆုံး ဒါရိုက်တာ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား၊ အကောင်းဆုံး နိုင်ငံခြားဘာသာ ဇာတ်ကား စသည်ဖြင့် ပါဝင်သည်။

ပထမဦးဆုံးသော အော်စကာဆုပေးပွဲ အခမ်းအနားကို ၁၉၂၉ ခုနှစ် မေ ၁၆ ရက်နေ့၌ ဟောလိဝုဒ် (Hallwood) ရှိ ရူးစဗက်ဟိုတယ်တွင် ကျင်းပခဲ့သည်။ ၂၀၀၂ ခုနှစ်မှစ၍ ဆုပေးပွဲကို ကိုဒက်ခ် ပြဇာတ်ရုံ (Kodak Theatre) ၌ အမြဲတမ်း ကျင်းပသွားမည် ဖြစ်သည်။ အော်စကာသည်လည်း အမေရိကန် မီဒီယာလောကတွင် ကျင်းပသည့် သက်တမ်း အကြာမြင့်ဆုံး ဆုပေးပွဲ တစ်ရပ်ဖြစ်သည်။

အပ်နှင်းသည့်ဆုများ

လက်ရှိဆုများ

  • အကောင်းဆုံး အမျိုးသားဇာတ်ဆောင် (Best Actor in a Leading Role) - ၁၉၂၈ မှ ယနေ့
  • အကောင်းဆုံး အမျိုးသားဇာတ်ပို့ (Best Actor in a Supporting Role) - ၁၉၃၆ မှ ယနေ့
  • အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် (Best Actress in a Leading Role) - ၁၉၂၈ မှ ယနေ့
  • အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ (Best Actress in a Supporting Role) - ၁၉၃၆ မှ ယနေ့
  • အကောင်းဆုံး ကာတွန်းကား (Best Animated Feature) - ၂၀၀၁ မှ ယနေ့
  • အကောင်းဆုံး ကာတွန်းကားတို (Best Animated Short Film) - ၁၉၃၁ မှ ယနေ့
  • အကောင်းဆုံး အနုပညာ ညွှန်းကြားမှု (Best Art Direction) - ၁၉၂၈ မှ ယနေ့
  • အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံ (Best Cinematography) - ၁၉၂၈ မှ ယနေ့
  • အကောင်းဆုံး ဇာတ်ဝတ်ဇာတ်စား ဒီဇိုင်း (Best Costume Design) - ၁၉၄၈ မှ ယနေ့
  • အကောင်းဆုံး ဒါရိုက်တာ (Best Director) - ၁၉၂၈ မှ ယနေ့
  • အကောင်းဆုံး မှတ်တမ်းတင် ရုပ်ရှင် (Best Documentary Feature) - ၁၉၄၃ မှ ယနေ့
  • အကောင်းဆုံး မှတ်တမ်းတင် ရုပ်ရှင်ကားတို (Best Documentary Short Subject) - ၁၉၄၁ မှ ယနေ့
  • အကောင်းဆုံး တည်းဖြတ် (Best Film Editing) - ၁၉၃၅ မှ ယနေ့
  • အကောင်းဆုံး နိုင်ငံခြားဘာသာ ဇာတ်ကား (Best Foreign Language Film) - ၁၉၄၇ မှ ယနေ့
  • (Best Live Action Short Film) - ၁၉၃၁ မှ ယနေ့
  • အကောင်းဆုံး မိတ်ကပ် (Best Makeup) - ၁၉၈၁ မှ ယနေ့
  • အကောင်းဆုံး ရုပ်ရှင်တေးဂီတ (Best Original Score) - ၁၉၃၄ မှ ယနေ့
  • အကောင်းဆုံး ရုပ်ရှင်သီချင်း (|Best Original Song) - ၁၉၃၄ မှ ယနေ့
  • အကောင်းဆုံး ဇာတ်ကား (Best Picture) - ၁၉၂၈ မှ ယနေ့
  • အကောင်းဆုံး အသံတည်းဖြတ် (Best Sound Editing) - ၁၉၆၃ မှ ယနေ့
  • အကောင်းဆုံး အသံနှောမှု (Best Sound Mixing) - ၁၉၃၀ မှ ယနေ့
  • (Best Visual Effects) - ၁၉၃၉ မှ ယနေ့
  • အကောင်းဆုံး မှီငြမ်းဇာတ်ညွှန်း (Best Writing - Adapted Screenplay) - ၁၉၂၈ မှ ယနေ့
  • အကောင်းဆုံး မူလဇာတ်ညွှန်း (Best Writing - Original Screenplay) - ၁၉၄၀ မှ ယနေ့

ဆုပေးပွဲ ပထမဆုံးနှစ်တွင် အကောင်းဆုံး ဒါရိုက်တာဆုအား ဒရာမာနှင့် ဟာသအဖြစ် နှစ်မျိုးခွဲပေးခဲ့သည်။ အလားတူပဲ အကောင်းဆုံး ဇာတ်ဝင်တေးသွားဆုကိုလည်း နှစ်မျိုးခွဲ ပေးခဲ့သည်။ ၁၉၃၀ မှ ၆၀ ခုနှစ်အတွင်း အနုပညာ ညွှန်ကြားမှု၊ ဓာတ်ပုံနှင့် ဇာတ်ဝတ်ဇာတ်စား ဒီဇိုင်းဆုများကိုမူ အဖြူအမဲနှင့် ရောင်စုံအဖြစ် သီးခြားအပ်နှင်းခဲ့သည်။

ကိုးကား

  1. About the Academy Awards။ Academy of Motion Picture Arts and Sciences။ 2007-04-13 တွင် ပြန်စစ်ပြီး။